အပြစ်သားများအတွက်လုပ်ဆောင်ခြင်း
ကျွန်ုပ်တို့၏နယ်မြေရှိအပြစ်သားများ - ပျင်းရိသူ၊ ဆေးရွက်ကြီးသုံးစွဲသူ၊ အရက်သောက်သုံးသူများစွာရှိပါသည်။ သို့သော် အမှန်တရားသည် သူတို့ ထဲသို့ရောက်ရမည်။ အမှန်တရားသည် အထူးသဖြင့် ဩစတြေးလျ၌ အံ့ဩ ဖွယ်ရာများပြုလုပ်သည်ကိုတွေ့ ရပြီး ကြီးမားသောအရာများကို ဆက်လက်လုပ် ဦးမည်ဖြစ်သည်။ ယေရှုခရစ်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် လက်ရှိအမှန် တရားသည် ခရစ်တော်ကိုလက်ခံသူများ၌သာ တည်ရှိရမည်မဟုတ်ပါ။ ကမ္ဘာ ကြီးကိုကယ်ရန် ခရစ်တော်အသေခံခဲ့ပြီး၊ ကျွန်ုပ်တို့သည် ပို၍စိတ်အားထက်သန် စွာ မိမိတို့၏တာဝန်ကိုထမ်းဆောင်ကြရမည်။ အပြစ်သားများကို ကျွန်ုပ် တို့၏လုပ်ငန်းခွင်အဖြစ် သတ်မှတ်ရမည်။ သူတို့အားဘုရားရှင်ဂရုပြုလျက် ရှိသည်။ မည်သည့်ဝိညာဉ်ကိုမျှ အမှောင်ထုထဲ၌ချန်ထားခြင်းမပြုရပါ။ Letter 76, 1899.EvBur 745.1
တချို့နိမ့်ကျသောချမ်းသာသူများကယ်တင်ခြင်းခံစားရရန် - ကျွန်ုပ်တို့၏မြို့ ကြီးများတို့သည် ရေမလွှမ်းမိုးမီအချိန်၌ရှိခဲ့သောအခြေအနေသို့ လျင်မြန်စွာ ရောက်ရှိနေပါသည်။ “မြေကြီးပေါ်မှာလူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံ အစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိတော်မူလျှင်။” ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေသော အပြစ်များတို့ကို ခမ်းနားထည်ဝါသောအိမ်များတို့၌နေထိုင်ကြသောသူများ ကျင့်သုံးနေကြသော်လည်း၊ ဤနေရာ၌နေထိုင်ကြသောသူတချို့တို့သည် နောက်ဆုံးသောခိုင်မာသည့်သတင်းစကားဟောကြားခြင်းဖြင့် သူတို့သည် ယုံကြည်၍ ပြောင်းလဲလာကြလိမ့်မည်။ [Ev 567.1]EvBur 746.1
မကုန်ခန်းနိုင်သော သူ၏ကျေးဇူးတော်သိုလှောင်ရုံမှ ဘုရားသခင် သည် သူ့ထံသို့လာသောသူအားလုံးတို့အားပေးမည်ဖြစ်ပါသည်။ အပြစ်ရှိပြီး ဆုတ်ယုတ်ကျဆင်းနေသောလူသားများအပေါ်ကြည့်ရှုလျက် သူ၏သန့်ရှင်းသော ဝိညာဉ်တော်ကို လူအားလုံးတို့အပေါ်သွန်းလောင်းချပေးမည်ဟု သူကြေညာ ခဲ့ပါသည်။ အခြေ၌အထူးအမှန်တရားများကို တစ်ခါမျှမကြားရသေးသော သူများစွာတို့သည် တုန်လှုပ်ချောက်ချားစေသော အရေးကြီးသည့်သတင်းစကား ကို သူတို့နားထောင်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံစားကြရပါသည်။ [Ev 567.2]EvBur 746.2
ဘုရားသခင်သည် ထူးခြားသောလှုပ်ရှားမှုသြဇာရရှိမည့်သူများ၊ အလားအလာမရှိဆုံးသောနေရာဒေသများသို့ အမှန်တရားကိုသယ်ဆောင်မည့် သူများတို့ကို ပေါ်ထွက်လာစေမည်၊ “မဟုတ်ဘူး” ဟုတစ်ကြိမ်ကပြောခဲ့ပြီး၊ ယခု“ဟုတ်ကဲ့” ဟုပြောသောသူများဖြစ်ပါသည်။ တစ်ကြိမ်ကရန်သူများဖြစ် ခဲ့သောလူတချို့တို့သည် တန်ဖိုးရှိသောကူညီမစသူများဖြစ်လာပြီး မိမိတို့၏ ငွေကြေးအားဖြင့်လည်းကောင်း၊ မိမိတို့၏သြဇာအားဖြင့်သော်လည်းကောင်း အမှုတော်ကိုတိုးတက်စေလိမ့်မည်။ Review and Herald, Sept. 30, 1902. [Ev 567.3]EvBur 746.3
အပြစ်သားများအတွက်အလုပ် - ဤရှမာရိအကြောင်းအရာကဲ့သို့ လူတို့ အားမိမိတို့ရှိရာအရပ်၌ ကူညီမစခြင်းကဲ့သို့သော အမှန်တရားကိုဟောပြော ခြင်းသည် လုပ်ငန်း၏အရည်အသွေးကို ဤထက်ဖော်ပြနိုင်သည့်အခြားအလုပ် မရှိပါ။ အသင်းတော်မှသတိမမူခဲ့သည့် ဆင်းရဲသောအပြစ်သားများတို့ကို သေချာစွာကယ်တင်ရမည့်အလုပ်သည် အမှန်တရားအမြဲရောက်ရှိနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့လူသားများအဖြစ် ခြားနား သောစနစ်များကို ကျွန်ုပ်တို့အထဲ၌အခြေချရန်လိုအပ်ပြီး ဤကဲ့သို့သောအလုပ် မျိုးကိုဆောင်ရွက်ခြင်းအားဖြင့် အမှုဆောင်များတို့၏ပတ်လည်ရှိ ဝိညာဉ်အတွက် လုံးလုံးထူးခြားသောအခြေအနေကို ဖန်တီးပေးလိမ့်မည်။ အကြောင်းမှာ သန့်ရှင်း သောဝိညာဉ်တော်ဆက်သွယ်မှုဖြင့် ဘုရားသခင်၏အမှုတော်၌ ဆောင်ရွက် နေကြသောသူများတို့သည် ပျက်စီးကြရမည့်ဝိညာဉ်များတို့ကိုမြှင့်တင်ပေးရန်၊ ခွန်အားပေးရန်နှင့်ကယ်တင်ရန်တို့၌ ကောင်းကျိုးအတွက်တန်ခိုးတစ်ခုဖြစ်မည် ဖြစ်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ Manuscript 14a, 1897. [Ev 567.4EvBur 747.1
စွန့်ပစ်ထားသူအဖြစ်လူတို့ ကိုမထားရ - လူတို့သည် စွန့်ပစ်ထားခြင်းမခံ ကြရစေရန် အမှန်တရားကိုဟောပြောရာ၌ ကျွန်ုပ်တို့၏ငွေကြေးများနှင့် ကျွန်ုပ် တို့သြဇာ၏စွမ်းရည်များတို့ကို အသုံးပြုကြရပါမည်။ အကယ်၍ဆောင်ရွက်ရန် ဘုရားသခင်ပေးထားသောအလုပ်ကိုဆောင်ရွက်ကြပါက အမှန်တရားသည် နည်းလမ်းအမျိုးမျိုးဖြင့် ဤအဆင့်အတန်းရှိလူအများတို့၏ထံသို့ ရောက်ရှိ ပါလိမ့်မည်။ သို့သော် ဤလုပ်ငန်း၏အမျိုးအစားများကို ကျွန်ုပ်တို့လျစ်လျူရှု ခြင်းမပြုဘဲ ကျွန်ုပ်တို့အားရှေ့သို့ဆက်လက်ဆောင်ရွက်ရန် ဘုရားသခင်အထူး ညွှန်ကြားထားပါသည်။ အဆင့်အတန်းအားလုံးအတွက် ဆောင်ရွက်ကြရမည်။ [Ev 568.1]EvBur 747.2
အကယ်၍ စွန့်ပစ်ခြင်းခံရသောသူများနှင့်အပြစ်သားများတို့အတွက် လုပ်ဆောင်သောသူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့သောစိတ်ဖြင့်လုပ်ဆောင် ကြပြီး မိမိတို့လုပ်ဆောင်သောသူတို့အား အမှန်တရားကိုနားလည်စေရန် အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်ကြပါက ဝိုင်းပယ်ထားခြင်းခံရသောဤ လူအများတို့သည် ဘုရားသခင်၏သားသမီးများကဲ့သို့ သူတစ်ပါးခွဲခြားသိမြင် နိုင်လိမ့်မည်။ Letter 143, 1904. [Ev 568.2]EvBur 748.1
ဝိုင်းပယ်ထားသူများအတွက်အမှုဆောင်များတို့ ကိုရွေးချယ်ခြင်း - ဝိုင်းပယ်ထား ခြင်းခံရသူများအတွက် အလုပ်လုပ်ရာတွင် အထူးသတိပြုရပါမည်။ ကျွန်ုပ် တို့၏မြို့ကြီးများရှိ အနိမ့်ဆုံးသောနေရာများတို့၌ ပျိုရွယ်မောင်မယ်များတို့ကို မစေလွှတ်သင့်ပါ။ ပျိုရွယ်မောင်မယ်များတို့၏မြင်ကွင်းနှင့်ကြားနာနိုင်သည့် နေရာများတို့၌ ဆိုးသွမ်းမှုများတို့ကိုမရှိစေပါနှင့်။ သခင့်အတွက်ပျိုရွယ်သူများ ပြုလုပ်နိုင်သောအရာများစွာရှိသည်။ အကယ်၍ သူတို့သည် စောင့်မျှော်၍ ဆုတောင်းကြပြီး ဘုရားသခင်ကိုကိုးစားကြမည်ဖြစ်ပါက ဗဟုသုတရှိအမှုဆောင် များတို့၏ဦးဆောင်မှုအောက်၌ အကောင်းဆုံးသောအလုပ်အမျိုးမျိုးကိုလုပ်ဆောင် နိုင်ရန် မိမိတို့၏ကိုယ်ကိုပြင်ဆင်ထားနိုင်လိမ့်မည်။ Medical Ministry, p. 312. (1901) [Ev 568.3]EvBur 748.2