Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခြားဘာသာရေးအဖွဲ့အစည်းများတို့၏ဓမ္မအမှုဆောင်များ

    အခြားယုံကြည်ခြင်း၌ရှိသောဓမ္မဆရာများတို့နှင့်နီးကပ်စွာနေပါ - ကျွနု်ပ်တို့၏ ဓမ္မဆရာများတို့သည် အခြားဘာသာရေးဂိုဏ်းဂဏဓမ္မဆရာများတို့နှင့် နီးကပ် စွာရှိနိုင်ရန် နည်းလမ်းရှာဖွေသင့်သည်။ သူတို့အတွက်သော်လည်းကောင်း၊ သူတို့နှင့်အတူသော်လည်းကောင်း ခရစ်တော်သူတို့အတွက်ဆုတောင်းပေး သကဲ့သို့ဆုတောင်းပါ။ အရေးကြီးသောတာဝန်တစ်ခုသည် သူတို့အတွက် ဖြစ်သည်။ ခရစ်တော်၏စေတမန်များကဲ့သို့ ကျွန်ုပ်တို့သည် သိုးစု၏ဤသိုးထိန်း များအပေါ်လေးနက်၍ အထူးစိတ်ဝင်စားမှုဖော်ပြသင့်ပါသည်။ Testimo- nies, vol. 6, p. 78. (1900) [Ev 562.1]EvBur 738.3

    အခြားဓမ္မဆရာများအတွက်အရေးကြီးသောလုပ်ဆောင်ခြင်း - ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမဟုတ်သော ဓမ္မဆရာများအတွက် ပညာသားအပါဆုံးနှင့်အကောင်း ဆုံး လုပ်ဆောင်ပေးသင့်ကြသည်။ အခြားအသင်းတော်များတို့၏ဓမ္မဆရာ များအားဖြင့် မှားသောလမ်းသို့ပို့ဆောင်ခြင်းခံရမည်ကိုစိုးရိမ်ခြင်းထက် ပို၍ အခြားကိစ္စကိုဂရုမပြုသောသူများစွာရှိသည်။ အသက်ပေးနိုင်သောနှုတ်ကပတ် တော်ကို လွဲမှားစွာအဓိပ္ပါယ်ကောက်ယူရန် ပညာပေးခံခဲ့ရသော ဤရိုးသား သည့်ဓမ္မဆရာများတို့အတွက် သစ္စာရှိပြီးဘုရားကိုကြောက်ကာ ဘုရားသခင်၌ ခရစ်တော်အားဖြင့် မိမိတို့၏အသက်တာကိုအပ်နှံသော စိတ်အားထက်သန် သည့်အမှုဆောင်များတို့မှ ဆုတောင်းလုပ်ဆောင်ပေးသွားကြရမည်ဖြစ်သည်။ [Ev 562.2]EvBur 739.1

    ဤဓမ္မဆရာများတို့အတွက် ကျွန်ုပ်တို့၏ဓမ္မဆရာများသည် မိမိတို့ ၏အထူးသောအလုပ်တစ်ခုအဖြစ် လုပ်ဆောင်သွားကြရမည်။ သူတို့နှင့်အငြင်း ပွားခြင်းမပြုရပါ။ သို့သော် သူတို့၏သမ္မာကျမ်းကို လက်ထဲ၌ကိုင်စေပြီး လေ့လာရန် သူတို့အားတိုက်တွန်းပါ။ ဤကဲ့သို့ပြုပါက ယခုမှားယွင်းသော သတင်းစကားဟောပြောနေသည့် ဓမ္မဆရာများစွာတို့သည် ဤအချိန်၌အမှန် တရားကိုဟောပြောနိုင်လိမ့်မည်။ Letter 72, 1899. [Ev 562.3]EvBur 739.2

    အဘယ်ကြောင့် သူတို့ ကို လျစ်လျူရှုသင့်ပါသနည်း - ကျဉ်းမြောင်းသော စီမံကိန်းများကြောင့် ကျွန်ုပ်တို့၏လူတို့သည် များစွာဆုံးရှုံးခဲ့ရပြီး၊ ပို၍ထက်မြက် သောပညာအဆင့်အတန်းမြင့်သူများတို့ကို ဝင်ရောက်၍မချဉ်းကပ်နိုင်ရခြင်း ဖြစ်သည်။ အများအားဖြင့် မယုံကြည်သောသူများတို့ကို စိတ်ဝင်စားရန် လုပ်ဆောင်ကြရာ၌ အနည်းငယ်သာအကျိုးရရှိခဲ့သည်။ ဘာသာရေးစိတ်အား ထက်သန်မှုကြောင့် တချို့သောသူတို့သည် လမ်းလမ်းပြီးခွဲထွက်ကြသည်ကို သူတို့၏မျက်စိအောက်၌ လုံးလုံးမြင်တွေ့ကြရသည်။ ကောင်းသောလုပ်ဆောင် ခြင်းနည်းစနစ်လိုအပ်နေသောကြောင့် ကျွန်ုပ်တို့များစွာဆုံးရှုံးခဲ့ရသည်။ ကြိုးစား မှုတိုင်းတို့၌ လုပ်ဆောင်ခြင်းအတွက် ကောင်းသောအကျင့်စာရိတ္တနှင့်ဂုဏ်သိက္ခာ ကို ပေးဆောင်သင့်ကြသည်။ [Ev 562.4]EvBur 739.3

    ဓမ္မဆရာများနှင့်သြဇာရှိသောသူများတို့ကို ဝင်ရောက်ထိုးဖောက်နိုင် ရန် ပညာများစွာလိုသည်။ သူတို့သည် ကျွန်ုပ်တို့၏လူများအနီးအနား၌ရှိ နေလျက်နှင့် အဘယ်ကြောင့်သူတို့ကိုလျစ်လျူရှုနေကြရပါသနည်း။ ဤပုဂ္ဂိုလ် များတို့သည် မိမိတို့အားဘုရားသခင်အပ်နှံထားသော စွမ်းရည်အတိုင်းအတာ ရှိသည့်အလျောက် ဘုရားသခင်အတွက်လုပ်ဆောင်ရန်တာဝန်ရှိပါသည်။ များစွာပေးခြင်းခံရသူတို့အား များစွာပြန်လည်၍တောင်းဆိုခြင်းခံရလိမ့်မည်။ ဤအဆင့်အတန်းမြင့်သူများတို့ကို မည်ကဲ့သို့ချဉ်းကပ်နိုင်ရန်သင်ယူရာတွင် ပညာအတွက်ကျွန်ုပ်တို့ပို၍လေ့လာရန်နှင့် ပို၍ဆုတောင်းရန်မသင့်ပေဘူးလား။ အကယ်၍ ဤပုဂ္ဂိုလ်များတို့သည် စစ်မှန်သောပြောင်းလဲခြင်းရှိပါက အခြား သူများတို့ကိုတစ်ဆင့်အောင်မြင်ရန် ဘုရားသခင်၏လက်ထဲ၌ ပြုပြင်ခြင်းခံရ မည်ဖြစ်သောကြောင့် ဤဝိညာဉ်များတို့ကိုရရှိရန် ပညာနှင့်ပါးနပ်မှုကို အသုံးမပြုသင့်ပေဘူးလား။ အကယ်၍ ကြီးမားသောစွမ်းရည်ကို ဘုရားသခင် ပေးအပ်ထားသည့်ဝိညာဉ်များတို့အား ခရစ်တော်နှင့်အမှန်တရားထံသို့ပို့ဆောင် နိုင်ပါက သူတို့အားဖြင့် ကျွန်ုပ်တို့၏ သြဇာသည် အမြဲကျယ်ပြန့်ပြီး ကောင်းကျိုးအတွက် များစွာသောတန်ခိုးတစ်ခုဖြစ်လာပါလိမ့်မည်။ [Ev 562.5]EvBur 740.1

    အမှုတော်ဆောင်များဆောင်ရွက်ရန် ယခုတိုင်အကုန်အစင်နားမလည် နိုင်သော ဘုရားသခင်၌အလုပ်တစ်ခုရှိပါသည်။ ဓမ္မဆရာများနှင့်ကမ္ဘာ့ပညာရှိ များတို့သည် လက်ရှိအမှန်တရား၏အလင်းဖြင့် စစ်ဆေးခြင်းခံရကြမည်။ တတိယကောင်းကင်တမန်သတင်းစကားသည် သူတို့ရှေ့၌အမြော်အမြင်ပြည့်စုံ စွာ ၎င်း၏စစ်မှန်သောဂုဏ်သိက္ခာဖြင့်ဖော်ပြကြရမည်။ ဘုရားသခင်နှင့်ဆိုင် သည့်အရာကို အကောင်းဆုံးစိတ်အားထက်သန်စွာရှာဖွေခြင်း၊ အကောင်းဆုံး စေ့စေ့စပ်စပ်လေ့လာခြင်းပြုရမည်။ အကြောင်းမှာ ဘုရားသခင်၏အမှုတော် ကို စီမံကိန်းချမှတ်ရာ၌ ပို၍မြင့်သောစင်မြင့်ပေါ်သို့ထားရှိနိုင်ရန် စိတ်နှင့်ဆိုင် သောတန်ခိုးများကို အသုံးပြုကြရပါမည်။ ထိုအရာသည် အမြဲဖြစ်သင့်သော အရာဖြစ်သော်လည်း လူတို့၏ကျဉ်းမြောင်းသောအတွေးအခေါ်များနှင့် ကန့်သတ် ထားသောစီမံကိန်းသည် ၎င်းကိုနိမ့်ကျစေပါသည်။ Review and Herald, Nov. 25, 1890. [Ev 563.1]EvBur 740.2

    အမှန်တရားကိုလူတိုင်းလက်မခံပါ - အကောင်းဆုံးစိတ်အားထက်သန်စွာ ဖြင့်ကြိုးစားပြီး အမှန်တရားကိုကြီးမားသောတာဝန်ပေးအပ်ခြင်းခံရသူတို့ထံသို့ ယူဆောင်သွားပြီးနောက် အကယ်၍သူတို့အမှန်တရားကိုလက်မခံပါက စိတ်မပျက်ပါနှင့်။ ခရစ်တော်လက်ထက်၌ ၎င်းအတိုင်းဖြစ်ခဲ့ပါသည်။ သင်၏ စနစ်တကျစီမံကိန်းများနှင့် ဘုရားမွေ့လျော်သောအပြောအဆိုအားဖြင့် သင့်လုပ်ငန်း၏ဂုဏ်သိက္ခာကို စောင့်ထိန်းရန်သတိပြုပါ။ သင်၏အဆင့်အတန်း ကိုမြှင့်တင်ရာတွင် မြင့်လွန်းသည်ဟုမထင်ပါနှင့်။ Letter 12, 1887. [Ev 563.2]EvBur 741.1

    အခြားအသင်းတော်များ၌စကားပြောခြင်း - အခြားအသင်းတော်များ၌ သင်စကားပြောရန် အခွင့်အရေးရရှိပါလိမ့်မည်။ သင်၏အခွင့်အရေးများကို တိုးတက်ရန်ပြုလုပ်ရာတွင် ခရစ်တော်၏စကားဖြစ်သော “မြွေလိုလိမ္မာပြီး ချိုးငှက်ကဲ့သို့အဆိပ်ကင်းပါ” ကိုသတိရပါ။ ပုတ်ခတ်ပြောဆိုသောစကားများ အားဖြင့် ရန်သူ၏အာဃာတစိတ်ကို မနှိုးဆွစေပါနှင့်။ အမှန်တရား၏တံခါး ကိုသင်ပိတ်လိုက်မည်ဖြစ်သည်။ ပြတ်သားသောသတင်းစကားကို သင်ပြောဆို ရမည်။ သို့သော် ရန်ငြိုးထားခြင်းမဖြစ်ပေါ်စေရန်ကာကွယ်ပါ။ သင်၌ကယ် ရန် ဝိညာဉ်များစွာရှိနေသည်။ ကြမ်းတမ်းသောအမူအရာကိုချုပ်တည်းပါ။ သင်တွေ့ဆုံရသောသူအားလုံးတို့အား ခရစ်တော်၏အကြောင်းကိုပြောရာတွင် ကယ်တင်ခြင်းသို့ရောက်သည့်တိုင် သင့်စကားနှင့်အပြုအမူ၌ လိမ္မာပါးနပ်ခြင်း ရှိပါ။ သင်၏ခြေကို ငြိမ်သက်ခြင်းနှင့်လူတို့အားကောင်းရာသို့မေတ္တာပို့သော ဧဝံဂေလိပြင်ဆင်ခြင်း၏ဖိနပ်ဝတ်ဆင်နေခြင်းကို လူအားလုံးတို့အားတွေ့မြင် စေပါ။ အကယ်၍ ခရစ်တော်၏ဝိညာဉ်အားဖြင့် ပံ့ပိုးလျက်ရှိသောအလုပ် ထဲသို့ ကျွန်ုပ်တို့ဝင်ရောက်လုပ်ကိုင်ပါက အံ့ဖွယ်အကျိုးကို ကျွန်ုပ်တို့မြင်ရ လိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် အမှုတော်ကိုရှေ့သို့တိုးတက်ရန် ဖြောင့်မတ်ခြင်း၊ ကရုဏာနှင့်မေတ္တာဖြင့်သယ်ဆောင်ပါက ကျွန်ုပ်တို့၏လိုအပ် ချိန်တွင် အမအစရောက်ရှိလာလိမ့်မည်။ အမှန်တရားသည် အောင်ပွဲခံပြီး အောင်မြင်ခြင်းကိုသယ်ဆောင်သွားရလိမ့်မည်။ Manuscript 6, 1902. [Ev 563.3]EvBur 741.2