Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မှားယွင်းသောဖြူစင်ခြင်းနှင့်သန့်ရှင်းခြင်း

    “ယုံကြည်ခြင်းတစ်ခုတည်းသာ” ဟူသည့်ယုံကြည်ခြင်းအယူဝါဒကိုသတိပြုပါ - မှားယွင်းသောအယူဝါဒအမျိုးမျိုးနှင့် ကျွန်ုပ်တို့တွေ့ဆုံရမည်ဖြစ်ပြီး ခရစ်တော် ပြောခဲ့သောစကားနှင့်အကျွမ်းတဝင်ဖြစ်ခြင်း၊ သူ၏ညွှန်ကြားချက်ကိုလိုက်လျှောက် ခြင်းမပြုပါက ကျွန်ုပ်တို့လမ်းလွဲကြပါလိမ့်မည်။ ဤအယူဝါဒများအထဲ၌ အန္တရာယ်အပေးနိုင်ဆုံးအယူဝါဒမှာ မှားသောဖြူစင်သန့်ရှင်းခြင်းဖြစ်သည်။ ဘုရားသခင်၏ပညတ်တော်ကိုချိုးဖောက်ပြီး မိမိကိုယ်ကိုသန့်ရှင်းသည်ဟုပြော သောသူများရှိကြသည်။ သူတို့၌အပြစ်မရှိဟု ခိုင်မာစွာပြောဆိုခြင်းကိုလက်ခံ ရန်မသင့်ပါ။ [Ev 595.2]EvBur 785.1

    အခြားပြောဆိုမည့်အယူဝါဒသည် ကျွန်ုပ်တို့အားလုံးပြုလုပ်ရမည့် အရာမှာ ခရစ်တော်ကိုသာယုံကြည်ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များတို့ ကိုဖြေလွှတ်ပြီဟုယုံကြည်ရန်နှင့် ကျွန်ုပ်တို့အပြစ်ဖြေလွှတ်ခြင်းခံရပြီးသည်နောက် ကျွန်ုပ်တို့အပြစ်မပြုလုပ်နိုင်တော့ပါ။ ဤအရာသည် မာရ်နတ်၏ထောင်ချောက် ဖြစ်သည်။ ကျွန်ုပ်တို့ခရစ်တော်ကိုယုံကြည်ရမည်မှာ မှန်ပါသည်။ သူသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် တစ်ခုတည်းသောမျှော်လင့်ခြင်းဖြစ်သည်။ သို့သော် ကျွန်ုပ်တို့တစ်ဦးစီ၏ကယ်တင်ခြင်းကို ဝါကြွားသောစိတ်ဖြင့်မဟုတ် ဘဲ ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် ယုံကြည်ခြင်း၌နေ့စဉ်လုပ်ဆောင်ကြရ မည်မှာလည်း မှန်ပါသည်။ ကျွန်ုပ်တို့သည် သူ၏အမှုတော်အတွက် ကျွန်ုပ် တို့၌ရှိသောတန်ခိုးရှိသမျှကိုအသုံးပြုပြီး အကောင်းဆုံးကျွန်ုပ်တို့လုပ်ဆောင်ပြီး သည့်နောက် ကျွန်ုပ်တို့သည် အကျိုးမရှိသောအစေခံများကဲ့သို့ မိမိတို့၏ ကိုယ်ကို ထင်မှတ်ရဦးမည်ဖြစ်ပါသည်။ ဘုရားရှင်၏တန်ခိုးသည် ကျွန်ုပ် တို့၏ကြိုးစားမှုနှင့်ပေါင်းစည်းပြီး ဘုရားရှင်ထံသို့ ယုံကြည်ခြင်းလက်ဖြင့် တိုးဝင်ချဉ်းကပ်ပါက ခရစ်တော်သည် ကျွန်ုပ်တို့အား သူ၏ပညာနှင့်သူ၏ ဖြောင့်မတ်ခြင်းကို ခွဲဝေပေးလိမ့်မည်။ ထိုသို့အားဖြင့် သူ၏ကျေးဇူးတော် ကြောင့် ကျွန်ုပ်တို့သည် ခိုင်ခံ့သောအုတ်မြစ်အပေါ်မှာ တည်ဆောက်နိုင်လိမ့် မည်။ Manuscript 27, 1886. [Ev 595.3]EvBur 785.2

    သန့်ရှင်းခြင်း၏တိမ်သော (မလေးနက်သော) ယုံကြည်ချက်တစ်ခု - ခရစ်တော် နောက်သို့လိုက်သောသူတို့သည် အမှန်တရား၏စည်းမျဉ်းဥပဒေအပေါ် အသက်ရှင်ကြရမည်။ သူတို့သည် အမှန်တရားမှယုံကြည်ခြင်း၊ သန့်ရှင်းခြင်း နှင့်ပတ်သက်ပြီး သမ္မာကျမ်းစာမှမည်ကဲ့သို့သွန်သင်သည်ကို နားလည်ရန် လိုအပ်သည်။ သူတို့သည် ဤအသိတရား၌ ကောင်းမွန်စွာတည်နေရမည် ဖြစ်ပြီး သန့်ရှင်းခြင်း၏အယူဝါဒအပေါ်မှနေပြီး မှားသောအဆင့်များသို့ ရွေ့လျား၍မရပါ။ သို့သော် သူတို့သည် ကောင်းကင်မှပေးသောစည်းမျဉ်း ဥပဒေ၏လက်တွေ့လှုပ်ရှားခြင်းကို သူတို့၏အသက်တာ၌ ပြသနိုင်ရပါလိမ့် မည်။ ဘုရားသခင်၏လူတို့သည် စစ်မှန်သောအရာနှင့် မှားသောအရာနှစ်ခု ကို ခွဲခြားသိရှိနိုင်ကြရပါမည်။ [Ev 596.1]EvBur 786.1

    လူတချို့တို့သည် သန့်ရှင်းခြင်းရှိသည်ဟုယုံကြည်ကြပြီး ဘုရားသခင် ၏ပြည့်စုံသောသူများဟုပြောကြကာ ဘုရားသခင်၏ကတိတော်များမှ အခွင့် အရေးကိုတောင်းဆိုလျက်နှင့် ဘုရားသခင်၏ပညတ်တော်များကိုမလိုက်လျှောက် သောသူများဖြစ်ကြပါသည်။ [Ev 596.2]EvBur 786.2

    လက်ရှိအမှန်တရား၏အလင်းကို တစ်ခါမျှမရရှိဘဲ ခရစ်တော်၏ ကျေးဇူးတော်ကြောင့် မိမိတို့နားလည်သမျှပညတ်တော်တို့ကို စောင့်ရှောက် သောသူများ များစွာရှိနေသည်မှာမှန်ပါသည်။ မိမိတို့ရရှိသည့်အလင်းတရား အပေါ် အကောင်းဆုံးအသက်ရှင်ကြသောသူတို့သည် တမန်တော်ယောဟန် အပြစ်တင်စီရင်သည့်လူတန်းစားထဲ၌ မပါဝင်ပါ။ သူပြောဆိုသောစကား များသည် ယေရှု၌ယုံကြည်ခြင်းအပေါ်ဝါကြွားပြီး သန့်ရှင်းခြင်းရှိသောသူများဟု မိမိတို့ကိုယ်ကိုပြောဆိုလျက်နှင့် ဘုရားသခင်၏ပညတ်တော်မှတောင်းဆိုချက် များတို့ကို ပေါ့ဆစွာအလေးထားသောသူများအတွက်သာလျှင်ဖြစ်ပါသည်။ ယေရှု၏မေတ္တာကို သူတို့ပြောဆိုကြသောအခါ၊ သူတို့၏မေတ္တာသည် သူတို့ အားနားထောင်ခြင်းသို့ပို့ဆောင်သည့်တိုင်အောင် မနက်ရှိုင်းပါ။ သူတို့သီးနေ သောအသီးသည် မည်ကဲ့သို့သောအပင်မျိုးဖြစ်ကြောင်းကို ဖော်ပြလျက်ရှိသည်။ သူတို့၏ယုံကြည်ခြင်းသည် စစ်မှန်သောယုံကြည်ခြင်းမဟုတ်ကြောင်း သက်သေ ထူလျက်ရှိသည်။ သို့သော် ဤဘာမျှမဟုတ်သောသူများ၊ ဘုရားသခင်၏ ကတိတော်များတို့ကို ရပိုင်ခွင့်မရှိသောသူများတို့သည် သူ၏ကောင်းချီးမင်္ဂလာ အားလုံးတို့ကို ရဲရင့်စွာတောင်းဆိုလျက်ရှိသည်။ သူတို့သည် မည်သည့်အရာ ကိုမပေးဘဲ၊ အရာအားလုံးကိုတောင်းဆိုနေကြသည်။ “ဘုရားသခင်မိန့်တော် မူသည်ကား” ဟူသော ဘုရားရှင်၏စကားကိုကြားနိုင်ရန်ငြင်းဆန်ကြပြီး မိမိ တို့၏နားကိုပိတ်ထားကြပါသည်။ သို့သော် မိမိတို့၏ကိုယ်ကိုသန့်ရှင်းသည် ဟုယုံကြည်ပြီး အများသောသူတို့ကိုလှည့်ဖြားကာ မိမိတို့၏အခြေအမြစ်မရှိ သော ယောင်ဆောင်သည့်ယုံကြည်ခြင်းအားဖြင့် ဝိညာဉ်များစွာတို့ကိုလမ်းလွဲ စေကြပါသည်။ Gospel Workers, pp. 226, 227. (1892) [Ev 596.3]EvBur 786.3

    မှားသောအယူဝါဒ- သင်ယုံကြည်သည့်အရာသည်ဘာမျှထူးခြားမှုမရှိ - မိမိတို့၏ ဘာသာရေးသည် အယူဝါဒအပေါ်၌သာလျှင်တည်နေသောသူများစွာရှိသည်။ သူတို့အတွက်ပျော်ရွှင်သောစိတ်လှုပ်ရှားမှုတစ်ခုသည် သူတို့အတွက်ဘုရားတရား ကြည်ညိုခြင်းဖြစ်သည်။ သူတို့ပြောကြသည်မှာ၊ “ယေရှုထံသို့လာပါ။ သူ့ကို ယုံကြည်ပါ။ သင်၏ယုံကြည်ခြင်း၌ ရိုးသားမှုမရှိသရွေ့ သင်၏ယုံကြည် ခြင်းကို ခြားနားခြင်းမပြုလုပ်နိုင်ပါ။” သူတို့သည် စစ်မှန်သောအပြစ်၏စာရိတ္တ ကို အပြစ်သားတို့အားနားလည်ရန် ရှာဖွေပြုလုပ်ပေးခြင်းမရှိပါ။ [Ev 597.1] မာရ်နတ်သည် ဘုရားသခင်၏ပညတ်တော်ကို ကျူးလွန်သူအားလုံး တို့အား မိမိတို့၏ကိုယ်ကို သန့်ရှင်းသူများဟုခေါ်ကြရန် သူအလိုရှိသည်။ ဤအရာသည် သူကိုယ်တိုင်ပြုလုပ်ခဲ့သောအရာဖြစ်သည်။ လူတို့သည် မိမိတို့ ၏ယုံကြည်ခြင်းကို မှားသောအယူဝါဒအပေါ်နှင့် ဘာသာရေးစိတ်အားထက်သန် မှုအပေါ်တည်နေခြင်းကို သူကျေနပ်လျက်ရှိသည်။ အကြောင်းမှာ ထိုသို့သော သူတို့အား ဝိညာဉ်များတို့ကိုလှည့်ဖြားခြင်း၌ ကောင်းသောသူ၏ရည်ရွယ်ချက် ဖြင့် သူအသုံးပြုနိုင်သောကြောင့်ဖြစ်သည်။ သန့်ရှင်းသူများဟု မိမိတို့၏ ကိုယ်ကိုသတ်မှတ်ပြီး မာရ်နတ်၏အလုပ်ကို ကူညီထောက်ပံ့သောသူများစွာ ရှိသည်။ သူတို့သည် ခံစားချက်ကိုများစွာပြောကြသည်။ ဘုရားသခင်ကို ချစ်ကြောင်းပြောကြသည်။ သို့သော် သူတို့၏မေတ္တာကို ဘုရားသခင်အသိ အမှတ်မပြုပါ။ အကြောင်းမှာ၊ ရန်သူမာရ်နတ်၏သွေးဆောင်ခြင်းအလုပ်တစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ဤပုဂ္ဂိုလ်များတို့ကိုအလင်းပေး ပါသည်။ သို့သော် လက်ခံရန်သူတို့ငြင်းဆန်ကြသည်။ လိမ်လည်လှည့်ဖြား ခြင်းအဖအားဖြင့် သူတို့သည် နားမထောင်ခြင်း၏အကျိုးဆုလာဘ်ကို ရရှိ ကြလိမ့်မည်။ Review and Herald, June 26, 1900. [Ev 597.2]EvBur 787.1

    အခြားအမှားက ပညတ် တော်မလို တော့ပါ - ခရစ်တော်သည် သူ၏တပည့် တော်များကိုသတိပေးပါသည်။ “အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသောမိစ္ဆာပုရောဖက်တို့ကို သတိနှင့်ရှောင် ကြလော့။” မှားသောသိုးထိန်းများတို့သည် မိမိတို့၏အယူဝါဒများကိုဟောပြော သောအခါ လှည့်ဖြားခြင်းမခံရရန် သူသည် ကျွန်ုပ်တို့အားသတိပေးနှိုးဆော် ပါသည်။ ခရစ်တော်အသေခံပြီးသည်နှင့် ပညတ်တော်ကိုစောင့်ရန်မလိုတော့ ပါဟု ဤပုဂ္ဂိုလ်များပြောကြပါသည်။ ဘုရားသခင်၏စကားကိုနားထောင်ရန် ငြင်းဆန်ပြီး မိမိတို့၏ကိုယ်ကို သန့်ရှင်းသည်ဟုပြောသောဤသူတို့ကို ကျွန်ုပ် တို့ယုံမည်လား၊ ပညတ်တော် (၁၀) ပါးကိုစောင့်စရာမလိုတော့ကြောင်း ဘုရားသခင်သူတို့ကိုပြောသည်ဟု သူတို့ပြောကြပါသည်။ သို့သော် ဤကဲ့သို့ ဘုရားသခင်သူတို့ကိုပြောပါသလား။ မပြောပါ။ ဘုရားသခင်သည် လိမ်ညာ ခြင်းမပြုပါ။ [Ev 597.3]EvBur 788.1

    လိမ်လည်ခြင်း၏ဖခင်မာရ်နတ်သည် ဤနည်းအတိုင်း အာဒံကို လှည့်ဖြားခဲ့သည်။ အာဒံအား ဘုရားသခင်၏စကားကိုနားထောင်ရန်မလို ကြောင်း၊ အကယ်၍ ပညတ်တော်ကိုလွန်ကျူးပါကလည်း သေရမည်မဟုတ် ကြောင်းသူပြောခဲ့ပါသည်။ သို့သော် အာဒံကျဆုံးခဲ့ပြီး၊ သူ၏အပြစ်အားဖြင့် ဤကမ္ဘာကြီးပေါ်သို့ ဒုက္ခနှင့်ဝမ်းနည်းပူဆွေးခြင်းရေတံခါးကို သူဖွင့်လိုက်ပါ သည်။ တစ်ဖန် ကာဣနကိုစာတန်ပြောသည်မှာ၊ သိုးသငယ်ကိုပူဇော်ပြီး ဘုရားသခင်၏အမိန့်တော်ကိုနာခံခြင်းအားဖြင့် လိုက်လျှောက်ဖော်ပြရန်မလိုပါ ဟု သူ့အားပြောပါသည်။ ကာဣနသည် လှည့်ဖြားသူ၏စကားကိုနားထောင် ခဲ့သည်။ ဘုရားသခင်သည် သူ၏ပူဇော်ခြင်းကိုလက်မခံပါ။ သို့သော် သူ၏ ညီအာဗေလ၏ပူဇော်ခြင်းကို ဘုရားသခင်နှစ်သက်ကြောင်းဖော်ပြသည်ကို သူတွေ့ ရသောအခါ၊ ကာဣနသည်ဒေါသထွက်ပြီး သူ၏ညီကိုသတ်လိုက် ပါသည်။ [Ev 598.1]EvBur 789.1

    ကျွန်ုပ်တို့ကြားရသောအသံသည် စစ်မှန်၍အသက်ရှင်သော ဘုရားရှင် ၏အသံဖြစ်ပါသလား၊ သို့မဟုတ် ဖောက်ပြန်သောသူ၏အသံဖြစ်နေသလား ဟူသောအသံနှစ်မျိုးကို ခွဲခြားသိရှိပြီး၊ မည်သည့်အသံကိုဂရုစိုက်လက်ခံရမည် ကို ကျွန်ုပ်တို့ကိုယ်တိုင်သိရှိရန်လိုသည်။ [Ev 598.2]EvBur 789.2

    ပုံဆောင်ထားသောအရာသည် ခရစ်တော်သေခြင်းအားဖြင့်ပြည့်စုံသွား သောအခါ သိုးသငယ်ပူဇော်ခြင်းပြီးဆုံးသွားပါသည်။ ဝိနည်းအထုံးအဖွဲ့ဥပဒေ မရှိတော့ပါ။ သို့သော် ကပ်တိုင်အားဖြင့် ပညတ်တော် (၁၀) ပါးတည်မြဲခဲ့ ပါသည်။ ဧဝံဂေလိတရားသည် ပညတ်တော်ကိုမပယ်ဖျက်ခဲ့ပါ။ တစ်ခုကိုမျှ တန်ဖိုးမလျော့စေပါ။ ခုတိုင်း၌ သန့်ရှင်းခြင်းကိုတောင်းဆိုလျက်ရှိသေးပါသည်။ ၎င်းသည် ဘုရားသခင်ကိုယ်တိုင်ပဲ့တင်သံဖြင့် လူတိုင်းအားမြင့်ရာသို့တက်လှမ်း ပါဟု ခေါ်ဖိတ်နေပါသည်။ သန့်ရှင်းခြင်းရှိကြပါ။ ဆက်လက်၍ပိုပြီးသန့်ရှင်း ခြင်းရှိပါ။ Review and Herald, June 26, 1900. [Ev 598.3]EvBur 789.3

    အချိန်မီသတိပြုစရာတစ်ခု - ကျွန်ုပ်တို့လူတစ်စုအဖြစ် ဆန့်ကျင်သည့် အမှားထဲသို့ကျရောက်နေကြပါသည်။ ကျွန်ုပ်တို့သည် ပညတ်တော်၏တောင်းဆို ချက်ကိုဝန်ခံပြီး လူတို့အားနားထောင်ရမည့်တာဝန်ကို သွန်သင်ပေးကြပါသည်။ အရာခပ်သိမ်းပေးခြင်းကို ကျွန်ုပ်တို့ယုံကြည်ကြသော်လည်း ပေးသကဲ့သို့ယူ ရမည်ကို ကျွန်ုပ်တို့မမြင်ပါ။ ခရစ်တော်၌တည်ရန် ဝိညာဉ်ကိုစောင့်ထိန်းသည့် ထိုကိုးစားခြင်း၊ ထိုယုံကြည်ခြင်းရှိရန် ကျွန်ုပ်တို့ပျက်ကွက်နေကြသည်။ ကျွန်ုပ် တို့များစွာတောင်းဆိုရမည်ဖြစ်သော်လည်း ကျွန်ုပ်တို့အနည်းငယ်သာတောင်းဆို ကြသည်။ အကြောင်းမှာ ဘုရားသခင်၏ကတိတော်များသည် အကန့်အသတ် မရှိခြင်းကြောင့်ဖြစ်သည်။ [Ev 598.4]EvBur 790.1

    ယုံကြည်ခြင်းပျက်ကွက်သောကြောင့် ဘုရားသခင်၏ပညတ်တော် တို့ကိုနားထောင်ရန် ရှာကြံသောသူအများတို့သည် ငြိမ်သက်ခြင်းနှင့်ဝမ်းမြောက် ခြင်းအနည်းငယ်သာရှိပြီး အမှန်တရားကိုနားထောင်ခြင်းအားဖြင့် ရရှိသည့် သန့်ရှင်းခြင်းကို မှန်ကန်စွာသူတို့မဖော်ပြနိုင်ကြပါ။ သူတို့သည် ခရစ်တော် ၌ခိုင်မြဲစွာတည်နေခြင်းမရှိကြပါ။ များစွာသောသူတို့သည် မိမိတို့၌ဗဟုသုတ မရှိကြောင်း ခံစားနေကြရပါသည်။ သူတို့၌မရှိသည့်အရာတချို့ကို သူတို့ လိုချင်ကြသည်။ ထိုကြောင့် တချို့တို့သည် သန့်ရှင်းခြင်းကိုပေးနိုင်မည့် အစည်းအဝေးများသို့တက်ရောက်ကြပြီး ဘုရားသခင်၏ပညတ်တော်ကိုချိုးဖောက် သောသူတို့၏ခံစားခြင်းများတို့နှင့် ဆွဲယူခြင်းခံရပြီးဝမ်းမြောက်ကြပါသည်။ [Ev 599.1]EvBur 790.2

    ပညတ်တော်တောင်းဆိုခြင်းနှင့်ဆက်နွှယ်ပြီး ကျွန်ုပ်တို့သည် ယုံကြည် ခြင်းကိုဟောပြောခြင်း၊ ခရစ်တော်၏ချစ်ခြင်းမေတ္တာကိုတင်ဆက်ခြင်းပြုရန် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ အကြောင်းမှာ၊ ၎င်းအရာနှစ်ခုမှ တစ်ခုပျက်ကွက် ခြင်းကြောင့် မှန်ကန်စွာနားမလည်နိုင်သောကြောင့်ဖြစ်သည်။ ဟောပြောခြင်း တိုင်းတွင် ခရစ်တော်ဖော်ပြခဲ့သည့် အပြစ်သား၏တစ်ခုတည်းသောမျှော်လင့် ရာဖြစ်သည့် ဘုရားသခင်၏မေတ္တာသည် ၎င်း၏တချို့သောတန်ခိုးနှင့်တန်ဖိုး ရှိခြင်းကို လူတို့သိရှိသည့်အထိတည်ရှိသင့်သည်။ အကယ်၍ ပြုသင့်သကဲ့သို့ ပြုကြပါက ဤလူတို့သည် ပညတ်တော်ကိုသွန်သင်ကြသော်လည်း နောင်တ ရခြင်း၊ ယုံကြည်ခြင်းနှင့်ပြောင်းလဲခြင်းတို့ကို မယုံကြည်ကြပါဟုပြော၍ရမည် မဟုတ်ပါ။ ဤအကြောင်းအရာကို ၎င်းတို့အား ဘုရားသခင်ရောစပ်သကဲ့သို့ ရောစပ်ရန်ကျွန်ုပ်တို့အလိုရှိသည်။ သို့မှသာ အမှန်တရားကိုစာတွေ့ သက်သက် မဟုတ်ဘဲ စာရိတ္တပြောင်းလဲပေးနိုင်သောတန်ခိုးတစ်ခုကဲ့သို့ ၎င်း၏ပြည့်စုံခြင်း ဖြင့် ဟောပြောနိုင်ပါလိမ့်မည်။ ထိုအခါ ဝိညာဉ်တော်ဖော်ပြခြင်းနှင့် တန်ခိုး ဖြင့်ဟောပြောနိုင်ပါလိမ့်မည်။ ထိုနောက် သမ္မာကျမ်းစာ၏ယုံကြည်ချက်များကို လက်ခံသောသူတို့သည် ကျေနပ်ရောင့်ရဲကြပေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ် တော်၏အသက်ပါသည့် ခိုင်ခံ့သောတန်ခိုးကို သူတို့ခံစားကြရလိမ့်မည်။ Gospel Workers, pp. 227, 228. (1892)EvBur 790.3