Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြင်ပဗဟိုဌာနများ

    ပြင်ပဗဟိုဌာနများမှ - မြို့ များကိုသတိပေးနိုင်ရန် မြို့ပြင်၌သတိပေးစခန်း များကိုဆောက်လုပ်ခြင်းသည် ဘုရားရှင်၏စီမံကိန်းတစ်ခုဖြစ်ပြီး ဘုရားရှင် အတွက် အောက်မေ့ဖွယ်ရာများကိုလည်း ၎င်းနေရာများ၌ထူထောင်သွားရမည်။ သတိပေးစကားကြားနာနိုင်ရန်နှင့် မြို့များအထဲ၌ထိုးဖောက်နိုင်ရန် သြဇာအရှိန် အဟုန်ရှိရမည်။ Review and Herald, April 14, 1903. [Ev 76.4]EvBur 79.4

    စွန်းထင်းသောဩဇာအတွက်အတားအဆီးတစ်ခုသဖွယ် - မြို့ များကိုသတိပေး ရန် ကောင်းသောစီမံကိန်းများကို ကျွန်ုပ်တို့ပြုလုပ်ရမည်ဖြစ်ပြီး၊ တစ်ချိန်တည်း ၌ ကျွန်ုပ်တို့၏သားသမီးများတို့နှင့် ကျွန်ုပ်တို့၏ကိုယ်ကို ဤနေရာများတို့၌ ရှိနေသော ညစ်ညမ်းကူးစက်တတ်သည့် မကောင်းသောစာရိတ္တသြဇာမှကာကွယ် ရကြမည်။ Life Sketches, p. 410. (1915) [Ev 76.5]EvBur 80.1

    တန်ဖိုးနည်းသောတောအရပ်ပိုင်ဆိုင်မှုများ - ကျွန်ုပ်တို့သည် ကြိုးစား၍ တန်ဖိုးနည်းသောမြို့ပြင်နေရာတစ်ခုကိုဝယ်ယူပြီး ဤမြို့ပြင်နေရာကိုဗဟိုပြုကာ မြို့တွင်းသို့လုပ်ဆောင်နိုင်ရန် မြွေကဲ့သို့လိမ္မာပြီး၊ ချိုးငှက်ကဲ့သို့အဆိပ်ကင်းရ မည်။ Special Testimonies, Series B, No. 14, p. 7. (1902) [Ev 77.1]EvBur 80.2

    မြို့များသို့ လွယ်ကူစွာထိုးဖောက်နိုင်ရန် - ဤကဲ့သို့မြို့များကို နီးကပ်လွယ်ကူ စွာထိုးဖောက်၍လုပ်နိုင်သောအလုပ်များဖြစ်သည့် အမှုဆောင်များအတွက် သင်တန်းကျောင်းများဆောက်လုပ်နိုင်ရန်၊ အမှန်တရားကိုမသိရှိသေးသော ဖျားနာသူများကိုကုသနိုင်မည့်နေရာရရှိရန်အတွက် သူတစ်ပါးကိုအသိမပေးဘဲ တိတ်တဆိတ်ရှာဖွေဝယ်ယူနိုင်မည့် ကောင်းသောဆုံးဖြတ်ချက်ချနိုင်သူများကို တာဝန်ပေးကြပါစို့။ သင့်လျော်သောအဆောက်အဦများဆောက်လုပ်နိုင်ရန် ပိုင်ရှင်မှလှူဒါန်းသည့်အနေဖြင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့လူများအထဲမှ လှူဒါန်းသောငွေဖြင့် ထိုက်တန်သည့်အဖိုးငွေဖြင့်သော်လည်းကောင်း ဝယ်ယူ နိုင်မည့် မြို့ကြီးများနှင့်မနီးမဝေးနေရာမျိုးကို ရှာဖွေကြရမည်။ ဆူညံသည့် မြို့တွင်း၌ အဆောက်အဦကိုဆောက်လုပ်ခြင်းမပြုပါနှင့်။ Medical Ministry, pp. 308, 309. (1909) [Ev 77,2]EvBur 80.3

    မြို့ကြီးထဲ၌နေထိုင်ရန်မဟုတ်၊ လုပ်ကိုင်ရန်သာ - လူများကြားလိုသည်ဖြစ် စေ၊ မကြားလိုသည်ဖြစ်စေ အမှန်တရားကိုကျွန်ုပ်တို့ပြောရမည်။ မြို့များထဲ၌ စုံစမ်းခြင်းနှင့်ပြည့်ဝလျက်ရှိသည်။ ကျွန်ုပ်တို့၏လူငယ်လူရွယ်များ စုံစမ်း သွေးဆောင်မှုများနောက်သို့မလိုက်မပါစေရန် ကျွန်ုပ်တို့၏လုပ်ငန်းကိုစီမံ သင့်သည်။ [Ev 77.3] the biEvBur 80.4

    မြို့ပြင်မှနေ၍ များများအတွက်အလုပ်လုပ်ရမည်။ ဘုရားသခင်၏ စေတမန်ပြောဆိုခဲ့သည်မှာ “မြို့များကိုသတိမပေးဘဲနေရမည်လား။ သတိပေး ရမည်။ သို့သော် မြို့ထဲနေခြင်းအားဖြင့်မဟုတ်၊ မြို့ပြင်မှနေ၍ ဤကမ္ဘာပေါ် ဘာဖြစ်လာမည့်အကြောင်း သတိပေးရမည်။” Letter 182, 1902. [Ev 77.4]EvBur 81.1

    နောက်ပြုသကဲ့သို့ - ဘုရားသခင်၏ပညတ်တော်ကိုစောင့်ရှောက်သော သားသမီးများအဖြစ် ကျွန်ုပ်တို့သည် မြို့များမှထွက်ခွာသွားရကြမည်။ ဧနောက် ကဲ့သို့ မြို့များအထဲမှာမနေဘဲ မြို့ များအတွက်အလုပ်လုပ်ရမည်။ Manuscript 85, 1899.EvBur 81.2

    လောတနှင့်နောက်မှသင်ခန်းစာများ - လူမျိုးထဲ၌အပြစ်ဒုစရိုက်များပြား သောအခါ သောဒုံမြို့တွင်း၌နေထိုင်သော လောတကြားရသကဲ့သို့ မြို့တွင်းနေ လူများတို့သည် သတိပေးသံနှင့်ညွှန်ကြားသံများကို အမြဲကြားရကြပါလိမ့်မည်။ ဆိုးသွမ်းညစ်ညမ်းသောမြို့တွင်း၌ မနေထိုင်ခဲ့ပါက၊ လောတသည် မိမိ၏ မိသားစုများကို ဆိုးသွမ်းမှုများမှကာကွယ်နိုင်ပါလိမ့်မည်။ မြို့နှင့်ဝေးကွာသော နေရာ၌နေထိုင်ကြပါက သောဒုံမြို့သူမြို့သားများနည်းတူ လောတမိသားစုတို့ သည် ပြုလုပ်ကြမည်မဟုတ်ပါ။ ဘုရားရှင်နှင့်အတူလမ်းလျှောက်သောဧနောက် သည် သောဒုံမြို့ထဲ၌နေသောလောတကဲ့သို့ ဆိုးသွမ်းညစ်ညမ်းသောအရာအမျိုးမျိုး နှင့်ပြည့်ဝသည့် မြို့တွင်း၌နေထိုင်ခြင်းမပြုပါ။ Manuscript 94, 1903. [Ev 78.1]EvBur 81.3