Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောင်မြင်၍ စိတ်ဝင်စားဖွယ်ကောင်းသောကြော်ငြာခြင်းနည်းစနစ်များ

    ကျွန်ုပ်တို့၏အလုပ်သည် ကျွန်ုပ်တို့၏ကြော်ငြာမှုအပေါ်မူတည်သည်။ ကျွန်ုပ်တို့အလုပ်၏စာရိတ္တနှင့်အရေးကြီးခြင်းသည် ပရိသတ်ရှေ့၌ပြသသည့် ကြိုးစားမှုများအပေါ်မူတည်သည်။ ကြိုးစားမှုပျော့ညံ့လွန်းပါက ကျွန်ုပ်တို့ တင်ဆက်သောသတင်းစကားကို လူတို့သည် တန်ဖိုးထား၍ဂရုစိုက်ကြမည် မဟုတ်ပါ။ Historical Sketches, p. 200. (1886) [Ev 128.2]EvBur 145.1

    ကောင်းသောကြော်ငြာချက် — စည်းဝေးအတွက်ကောင်းသောကြော်ငြာခြင်း ကို ပြုလုပ်ရန်လိုအပ်ခြင်းသည် မှန်ကန်ပါသည်။ ထိုနောက် ခိုင်မာသော လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြရမည်။ သို့သော် အမှုဆောင်တိုင်း၏ အင်အားပါဝင်ရမည်။ ပြင်ပပေါ်လွင်မှုအားဖြင့်မဟုတ်ဘဲ ဘုရားရှင်အပေါ် အမှီပြုပြီး သူ့ထံသို့အကူအညီအတွက်ကြိုးစားဆုတောင်းခြင်း၊ သူ၏နှုတ်ကပတ် တော်ကို နာခံခြင်းရှိရမည်။ Testimonies, vol. 9, p. 110. (1909) [Ev 128.3]EvBur 145.2

    လူတို့ ကို ဟောပြောရန်နည်းစနစ်များတီထွင်ခြင်း - လူတို့အားဟောပြောရန် နည်းစနစ်များကိုတီထွင်နိုင်သည့် ဖြူစင်သောနှလုံးသားရှိသည့်အမှုဆောင်များ ကို လိုအပ်ပါသည်။ ကမ္ဘာပေါ်၌ အမှန်တရားကိုအတားအဆီးရှိစေသည့် မနှစ်သက်စရာများအားဖြိုဖျက်ရန် ဆောင်ရွက်ကြရမည်။ Letter 152, 1901. Ev_129.1] EvBur 145.3

    ဖြန့်ဝေသောစာများမှအကြောင်းအရာများ - လူတို့သည် ကျွန်ုပ်တို့၏ယုံကြည် ချက်များကို မှားယွင်းစွာကိုယ်စားပြု၍ ကျမ်းစာအမှန်တရားကဲ့သို့သွန်သင် သောကြောင့် ကောင်းသောအကြံအစည်များဖြစ်သည့် ဖြေရှင်းချက်အကြောင်း အရာများကို ဖြန့်ဝေသောစာပေထဲ၌ ထည့်သွင်းရေးသားရန်လိုအပ်ပါသည်။ သို့မှသာ လူတို့သည် အမှန်တရားကိုတွေ့မြင်ရန် နိုးကြားလာကြလိမ့်မည်။ နေရာတိုင်း၌ မျိုးစေ့ကြဲရန်စွမ်းရည်ရှိသူများကို ဘုရားသခင်ပေါ်ထွန်းစေမည်။ အရေးကြီးသောအမှန်တရားများအားဖြင့် အလင်းကြီးကိုဘုရားသခင်ပေးထား ပါသည်။ ၎င်းတို့ကို ကမ္ဘာသို့ကြားသိစေရမည်။ Letter 1, 1875. [Ev 129.2]EvBur 146.1

    စီးပွားရေးသမားများအတွက်အထူးကောင်းသောကြော်ငြာခြင်း - စိတ်ဝင်စားမှု ကြီးမားစွာဖြင့် ဘုရားသခင်သည် ဤကမ္ဘာကြီးကိုကြည့်နေသည်။ အမှုတော် အတွက် လူတို့၏ဆောင်ရွက်နိုင်စွမ်းကို သူမှတ်သားထားသည်။ ခေတ်အဆက်ဆက် ကိုကြည့်ပြီး ဘုရားသခင်သည် သူ၏အမှုဆောင်များကိုရေတွက်ကာ မိမိတို့ ၏ရှေ့၌လမ်းကိုပြင်ဆင်ပေးလျက်ရှိသည်။ ထိုနောက် သူပြောဆိုသည်မှာ၊ “ကမ္ဘာသို့ငါ၏စေတမန်များကိုစေလွှတ်မည်။ သူတို့သည် အမှောင်ထုထဲ၌ အလင်းကြီးကိုတွေ့ရလိမ့်မည်။ ခရစ်တော်၏အမှုတော်၌ပါဝင်ပြီး သူတို့၏ စွမ်းရည်ကို ငါ၏နာမဘုန်းတော်ထင်ရှားရန်အတွက် အသုံးပြုလိမ့်မည်။ သူတို့ သည် ငါ့အတွက်ဇွဲနှင့်ဆက်ကပ်ထမ်းဆောင်ကြမည်။ သူတို့၏ကြိုးစားမှုအား ဖြင့် ထောင်ပေါင်းများစွာသောလူတို့သည် အမှန်တရားကိုအရှိန်အဟုန်ဖြင့် ကြားရကြပြီး၊ ဝိညာဉ်မျက်စိအလင်းမရှိသောသူများတို့သည် အလင်းကိုရရှိ ကြပြီး ငါ၏ကယ်တင်ခြင်းကိုမြင်ရကြလိမ့်မည်။” [Ev 129.3]EvBur 146.2

    ပြေးသောသူဖတ်နိုင်ရန် အမှန်တရားကိုထင်ရှားစွာဖော်ပြရလိမ့်မည်။ လူတို့၏စိတ်ကိုဆွဲဆောင်နိုင်ရန် လမ်းများကိုတီထွင်ရပါလိမ့်မည်။ ယခုအသုံး ပြုနေသောနည်းစနစ်သည် ယခင်အချိန်၌အသုံးပြုခဲ့သည့်နည်းစနစ်နှင့်ကွာခြား ပေလိမ့်မည်။ သို့သော် ဤကဲ့သို့ပြုခြင်းဖြင့် မည်သူမျှဝေဖန်မှုအားဖြင့် လမ်းကို မကာဆီးထားစေပါနှင့်။ Review and Herald, Sept. 30, 1902. [Ev 129.4]EvBur 146.3

    ပုံနှိပ်တိုက်ကိုအသုံးပြုခြင်း - ကျွန်ုပ်တို့သည် ကောင်း၍လက်ခံနိုင်သော နည်းလမ်းတိုင်းကိုအသုံးပြုခြင်းဖြင့် အလင်းကိုလူတို့ရှေ့၌ယူဆောင်လာရမည်။ ပုံနှိပ်တိုက်ကိုအသုံးပြုပြီး ကြော်ငြာချက်အမျိုးမျိုးကိုပြုလုပ်ကာ လူတို့၏အာရုံ ကို ကျွန်ုပ်တို့ထံသို့ဆွဲယူစေပါ။ ဤအရာသည် မလိုအပ်သောအရာဟု ကျွန်ုပ်တို့မထင်သင့်ပါ။ လမ်းထောင့်တိုင်း၌ ကိစ္စအမျိုးမျိုးသို့ အာရုံကိုဆွဲဆောင် သည့်ဆိုင်းဘုတ်ကြီးများရှိနေသည်ကို သင်တွေ့ရလိမ့်မည်။ တချို့တို့သည် အလွန်မေးခွန်းထုတ်ဖွယ်ရာကောင်းသော ပုဂ္ဂိုလ်၏အရုပ်ကို သင်တွေ့ ရပါလိမ့် မည်။ ထိုကြောင့် အသက်၏အမှန်တရားအလင်းကိုရရှိထားသော ကျွန်ုပ်တို့ အနေဖြင့် လူထုကြီးကိုအမှန်တရားထံသို့ မိမိတို့၏အာရုံကိုဆွဲယူနိုင်ရန် ညံ့ဖျင်း သောကြိုးစားမှုဖြင့်ဆောင်ရွက်ခြင်းကို ကျေနပ်၍နေမည်လား။ [Ev 130.1]EvBur 147.1

    စိတ်ဝင်စားလာသူများအနေဖြင့် ရေပန်းစားသောဓမ္မဆရာများထံမှ ရှုပ်ထွေးခြင်းနှင့်မှားယွင်းစွာဟောပြောခြင်းများကို ရင်ဆိုင်ရလိမ့်မည်။ ထိုအခါ ဤအရာများနှင့်ပတ်သက်၍ မည်ကဲ့သို့ဖြေဆိုရမည်ကို သူတို့မသိပါ။ အမှန် တရားကို အသက်ပါသောတရားဟောဆရာအနေဖြင့် ကျစ်လျစ်ပြည့်စုံစွာပုံနှိပ်၍ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိရပါလိမ့်မည်။ လက်တွေ့ကျနိုင်သရွေ့ အရေးကြီး သောတရားဟောချက်များကို စခန်းစည်းဝေးပွဲများအတွက် သတင်းစာထဲ၌ ထည့်သွင်းပုံနှိပ်စေပါ။ ဤကဲ့သို့ပြုလုပ်ခြင်းအားဖြင့် အမှန်တရားသည် လူနည်းစု တို့၏နှလုံးသားထဲသို့ လက်ခံနိုင်ပါလိမ့်မည်။ သို့သော် အမှန်တရားကို မှားယွင်းစွာဖော်ပြပါက လူတို့သည် ဓမ္မဆရာဟောပြောသောအရာများကိုသာ လျှင် သိရသောအခွင့်အရေးရကြပါလိမ့်မည်။ [Ev 130.2]EvBur 147.2

    သင်၏အလင်းကို အိမ်ထဲ၌ရှိကြသောသူများ အလင်းရရှိရန်အတွက် ဖယောင်းတိုင်၏တိုင်ပေါ်၌ထွန်းညှိထားပါ။ အကယ်၍ အမှန်တရားကိုကျွန်ုပ် တို့အားပေးထားပါက ၎င်းအမှန်တရား၏အလင်းကို ရိုးသားသောနှလုံးသား ရှိသူများသိရှိ၍ ဝမ်းမြောက်စေရန် သူတို့အားရှင်းလင်းစွာပြောပြရပါလိမ့်မည်။ Testimonies, vol. 6, pp. 36, 37. (1900) [Ev 130.3]EvBur 147.3

    စိတ်လှုပ်ရှားမှုနှင့် အချက်ပေးခြင်းကိုရှောင်ရှားခြင်း - ကျွန်ုပ်သည် သင်တို့ ၏အစည်းအဝေးမှ အလန့်တကြားသတိပေးချက်များတို့အပေါ် စိတ်ဝင်စား ခြင်းမရှိပါ။ တစ်ဖက်သတ်ဆန်လွန်းသည်။ သတိပေးစကားစာသားကိုဖော်ပြ ရာမရောက်ပါ။ ဆိုးသွမ်းသောမြို့ကြီးများကိုဖျက်ဆီးရန်အတွက် အဆင်သင့် ရှိသောအခါ ဘုရားသခင်သည် မိမိ၏လူများတို့ကိုအသိပေးပါသည်။ သို့သော် ဤဆိုးသောမြို့များတို့သည် ထာဝရအသက်နှင့်ယှဉ်သောသတိပေးစကားကို ကြားရ၍ လက်ခံသောအခွင့်အရေးရရှိပြီး နောက်ပိုင်းမှသာ ဤအခြင်းအရာ ဖြစ်ပေလိမ့်မည်။ [Ev 130.4]EvBur 148.1

    ယခုကျွန်ုပ်တို့၏အလုပ်သည် နှုတ်ကပတ်တော်ဖော်ပြသကဲ့သို့ လူတို့ ၏စိတ်ကို အလင်းနှင့်ပညာပေးရန်ဖြစ်သည်။ အမှန်တရားဝင်ရောက်နိုင်ရန် ယခုတံခါးများဖွင့်လျက်ရှိသည်။ အမှန်တရားကိုတစ်ခါမျှမကြားရသေးသော သူတို့ထံသို့ သွားရောက်ဟောပြောရန် သင့်ကိုယ်ကိုပြင်ဆင်ပါ။ ပုံပမာနှင့် ပုံစံအမျိုးမျိုးအားဖြင့် ခရစ်တော်ဆောင်ရွက်ခဲ့သကဲ့သို့ အမှန်တရားကိုရှင်းပြ ပါ။ အသင်းလူကြီးတစ်ဦး၏ဇယားကားချပ်အားဖြင့် အမှန်တရားကိုရှင်းပြ ခြင်းသည် အကျိုးရှိပေလိမ့်မည်။ ဤအရာများအားဖြင့်ပြောဆိုခြင်းသည် လူတို့၏စိတ်ကိုဆွဲဆောင်မှုဖြစ်စေပါ။ တစ်ယူသန်သောလှုပ်ရှားမှုအားဖြင့် လူတို့ကိုအားပေးမှုမပြုပါနှင့်။ မာရ်နတ်သည် ဤနည်းလမ်းကိုအသုံးပြုပြီး တပည့်တော်များတို့ကိုရှာဖွေဆွဲဆောင်လျက်ရှိသည်။ အကယ်၍ဖြစ်နိုင်ပါက ရွေးချယ်ထားသောသူများကိုပင် လှည့်ဖြားနိုင်လျှင်လှည့်ဖြားသွားမည်ဖြစ်ပါသည်။ Letter 17, 1902. [Ev 131.1]EvBur 148.2

    ထိတ်လန့်ဖွယ်အသိပေးခြင်းများ - ထိတ်လန့်ဖွယ်အသိပေးခြင်းများတို့ လုပ်ငန်းတိုးတက်မှုကိုအန္တရာယ်ဖြစ်စေသည်။ Review and Herald, July 5, 1906. [Ev 131.2]EvBur 148.3

    သင့်အတွက်နှင့်နယူးရော့မြို့ ၏လုပ်ငန်းအတွက် ကျွန်ုပ်တို့ဆုတောင်း ပေးနေကြောင်း သင့်အားကျွန်ုပ်ကတိပြုပါသည်။ သို့သော် ထိတ်လန့်ဖွယ် သတိပေးခြင်းများကို သင်၏အစည်းအဝေး၌မပြုလုပ်ပါနှင့်။ အကယ်၍ယခု နယူးရော့မြို့၌ အယူသီးခြင်းလိုင်းတံပိုးရိုက်ခတ်ပါက လူတို့၏စိတ်နှလုံးထဲ၌ မာရ်နတ်အလုပ်လုပ်ပြီး လုပ်ငန်းဦးဆောင်ခြင်းကို မည်သူမျှကိုင်တွယ်၍ရ တော့မည်မဟုတ်ပါ။ ယခုကျွန်ုပ်တို့လိုအပ်သောအရာသည် စိတ်လှုပ်ရှားခြင်း မဟုတ်ပါ။ လူတို့အားပညာပေးရန်အတွက် အေးအေးဆေးဆေး၊ တည်တည် ငြိမ်ငြိမ်ဖြင့် ဆက်ကပ်လုပ်ဆောင်ခြင်းဖြစ်သည်။ Letter 17, 1902. [Ev 131.3]EvBur 149.1