ယုံကြည်သူအသစ်များကိုအသင်းတော်အတွင်းဧရာနှောပါဝင်မှုပြုစေခြင်း
ကလေးများကဲ့သို့ စောင့်ရှောက်ခြင်းခံယူရန် - “ထိုအခါတပည့်တော်တို့သည် ချဉ်းကပ်၍ ယေရှုအား ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ ကြီးမြတ်ပါသနည်းဟုမေးလျှောက်ကြသော်၊ သူငယ်တစ်ယောက်ကိုခေါ်တော် မူ၍ တပည့်တော်တို့အလယ်၌ထားပြီးမှ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့မရောက်ရကြ။ ထိုကြောင့် အကြင်သူသည် သူငယ်ကဲ့သို့မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌သာ၍ကြီးမြတ်လိမ့်မည်။ အကြင်သူသည် ငါ့မျက်နှာ ကိုထောက်၍ ဤကဲ့သို့သောသူငယ်တစ်စုံတစ်ယောက်ကိုလက်ခံ၏။ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုယုံကြည်သောဤသူငယ်တစ်စုံတစ်ယောက် ကို အကြင်သူသည်မှားယွင်းစေ၏။ ထိုသူသည် လည်ပင်း၌ကြိတ်ဆုံကျောက် ကိုဆွဲ၍ နက်နဲသောပင်လယ်၌နှစ်မြုပ်ခြင်းကိုခံရလျှင် အနေသာ၍ကောင်း ၏။” [Ev 340.2]EvBur 439.1
“သူငယ်များ” ကိုကလေးငယ်ဟု ခရစ်တော်မဆိုလိုပါ။ “ငါ့ကို ယုံကြည်သောနုနယ်သူများ” ဟုဆိုလိုပါသည်။ သူ့နောက်သို့လိုက်ရာ၌ ဗဟုသုတမရရှိသေးသောသူများ၊ ကောင်းကင်နိုင်ငံအရာများကိုရှာဖွေရာ၌ ကလေးငယ်များကိုပို့ဆောင်သကဲ့သို့ ပို့ဆောင်ရန်လိုအပ်နေသူများကိုဆိုလိုပါ သည်။ Manuscript 60, 1904. [Ev 341.1]EvBur 439.2
ယုံ ကြည်ခြင်း၌သစ်လွင်သူများသို့ အကြံပြုချက် - ယေရှုခရစ်၌ အမှန်တရား ၏အသိဉာဏ်ကိုရရှိသောသင့်အား ကျွန်ုပ်ပြောလိုပါသည်။ သင်သည် ယုံကြည် ခြင်း၌နုနယ်ပြီး သင်သည် ဘုရားရှင်နှင့်နှိမ့်ချစွာလျှောက်လှမ်းရန်နှင့် မိမိ၏ တပည့်တော်များကို အထူးသဖြင့် ခရစ်တော်ပေးသောလေးနက်စွာအာရုံပြုခြင်း နှင့်ပြောဆိုခြင်းသင်ခန်းစာများအပေါ်တည်ရှိနေခြင်းအားဖြင့် နေ့စဉ်ခရစ်တော် ၏ကျောင်း၌သင်ယူရန် များစွာလိုအပ်နေပါသည်။ သင်၏လမ်းခရီးနှင့် နည်းစနစ်များအားလုံးတို့သည် ဘုရားသခင်၏လမ်းများနှင့်အလိုတော်အတိုင်း ခိုင်မြဲ၍ နီးကပ်စွာဆက်နွှယ်လျက်ရှိနေရန် စိတ်နှလုံး လုံးလုံးနှိမ့်ချခြင်း၊ မိမိ ကိုယ်ကိုအားမကိုးခြင်း၊ ပညာနှင့်ပြည့်ဝသော ဘုရားရှင်ထံပညာကိုရှာဖွေရယူ ခြင်းများပြုခြင်းဖြင့် သင်၏အသက်တာ၌ရှုပ်ထွေးခြင်းမရှိစေရန် သင်လျှောက်လှမ်း အသက်ရှင်ရပါမည်။ [Ev 341.2]EvBur 439.3
ကလေးအရွယ်မှစ၍ သင်ယူခြင်းစိတ်နှလုံးထဲ၌ နှစ်ပေါင်းများစွာ စွဲလမ်းနေခဲ့သည့်အမှားများတို့ကိုဖယ်ရှားပစ်ရန် မည်မျှခက်ခဲကြောင်းကို ကျွန်ုပ် တို့မည်သည့်အခါမျှမမေ့သင့်ပါ။ ဤကမ္ဘာကြီးသည် ကောင်းကင်မဟုတ်ကြောင်း၊ စိတ်ပျက်စရာများစွာကိုရင်ဆိုင်ရမည်ဖြစ်ပြီး အောင်မြင်ရန်ရှိနေကြောင်း ကျွန်ုပ် တို့စိတ်ထဲ၌ အမြဲမှတ်ထားရမည်ဖြစ်သည်။ သို့သော် အမှောင်ထဲ၌ရှိနေသူ များအပေါ် ကျွန်ုပ်တို့သည် သည်းခံခြင်း၊ ကြင်နာခြင်းနှင့်သနားညှာတာခြင်း စိတ်ကို အမြဲထားရှိသင့်သည်။ အကယ်၍သူတို့အားအလင်းကိုမြင်ရန်ပို့ဆောင် ပါက ပြင်းထန်စွာငြင်းခုံခြင်းအားဖြင့်မဖြစ်စေရဘဲ၊ သင့်ကိုယ်တိုင်၏နှလုံးသား ထဲ၌ ခရစ်တော်၏ကျေးဇူးတော်ကြောင့် ပေါ်လွင်သောသင့်ကိုယ်တိုင်၏ခိုင်မာ သည့်စာရိတ္တအားဖြင့်သာဖြစ်စေရမည်။ သို့သော် ခရစ်တော်၏နူးညံ့သိမ်မွေ့ ခြင်းအားဖြင့် ဖြစ်စေရမည်။ များစွာသောဆုတောင်းခြင်းဖြင့် ဝိညာဉ်များအတွက် သင်လုပ်ဆောင်ရမည်။ အကြောင်းမှာ ဤနည်းလမ်းသည် လူတို့၏နှလုံးသား များကိုရယူနိုင်သော တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ၎င်းသည် သင်၏ အလုပ်မဟုတ်ဘဲ၊ သင့်အနား၌ရှိပြီး လူတို့၏စိတ်နှလုံးကိုပြုပြင်ပေးသော ခရစ်တော်၏အလုပ်ဖြစ်သည်။ [Ev 341.3]EvBur 440.1
သင့်ကိုယ်တိုင်၏နှလုံးသားထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းရရှိပြီး က သင့်ကိုယ်တိုင်၏စိတ်ထဲ၌ ဇဝေဇဝါမဖြစ်စေရန်ဆုံးဖြတ်ပါ။ သို့မှသာ သင့်ကိုယ်တိုင်၏မိသားစုကိုခေါ်ဆောင်ရန် လွယ်ကူသောအလုပ်တစ်ခုဖြစ်ပေ လိမ့်မည်။ သို့သော် စိတ်နှလုံးဥယျာဉ်ကိုလျစ်လျူရှုထားသောအခါ၊ ဝါကြွား သောအဆိပ်ပင်များ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း၊ ကိုယ့်ကိုကိုယ်ပြည့်စုံသူဟု ထင်ခြင်း စသည့်အပင်များတို့သည် စိတ်နှလုံးထဲ၌နေရာယူကာ ပေါက်ပွား ကြီးပြင်းလာပါလိမ့်မည်။ ကျွန်ုပ်တို့ကိုယ်စီဆုတောင်းခြင်းအားဖြင့် စောင့်ရှောက် ကြရပါမည်။ [Ev 342.1]EvBur 440.2
အိမ်ထောင်ရေးအသက်တာ၌ ကျွန်ုပ်တို့ဆောက်တည်ခဲ့သည့်စာရိတ္တ များစကားပြောလိမ့်မည်။ အကယ်၍ အိမ်ထောင်မိသားစုအသိုက်အဝန်း၌ မေတ္တာကြိုးဖြင့်ချည်နှောင်ထားပါက ဘုရားသခင်၏ကောင်းကင်တမန်များ အိမ်ထောင်ထဲ၌အမှုထမ်းဆောင်ပေးပါလိမ့်မည်။ အကယ်၍ ကောင်းသော အုပ်ချုပ်မှုသည် အိမ်ထောင်ထဲ၌ ကြင်နာခြင်း၊ သိမ်မွေ့ခြင်း၊ သည်းခံခြင်း များတို့နှင့် ခိုင်မာသောစည်းမျဉ်းဥပဒေဖြင့်ပေါင်းစည်းလျက်ရှိပါက အိမ်ထောင် ရှင်သည် စိတ်ချရသောအိမ်ထောင်ဦးစီးသူဖြစ်ပေလိမ့်မည်။ သူသည် မိသားစု ရှိနေပြီး သူကိုယ်တိုင်ဘုရားသခင်၏ယဇ်ပလ္လင်ပေါ်၌ မိသားစုတို့နှင့်အတူ ကိုသန့်ရှင်းသောကြိုးများဖြင့်ပေါင်းစည်းထားကာ ဘုရားသခင်သူတို့နှင့်အတူ မိမိကိုယ်ကိုပေါင်းစည်းထားလိမ့်မည်။ ၎င်းမိသားစုသည် မည်ကဲ့သို့သော အလင်းမျိုးကို မည်မျှကြီးမားစွာထွန်းလင်းပါလိမ့်မည်နည်း။ [Ev 342.2]EvBur 441.1
ကောင်းမွန်စွာပြုမူသောထိုအိမ်ထောင်သည် အမှန်တရားအတွက် ကောင်းသောငြင်းခုံခြင်းကိုပေးနိုင်သည့်အရာတစ်ခုဖြစ်ပြီး ၎င်းအိမ်ထောင်၏ အိမ်ထောင်ဦးစီးသည် အသင်းတော်၏လုပ်ငန်းကို မိမိ၏အိမ်ထောင်၌ မိမိ အိမ်ထောင်မိသားစုအသိုက်အဝန်း၌ ရင်းနှီးချစ်ခင်မှုဖော်ပြရန် လိုအပ်သည့် ၏မိသားစုကိုထိန်းသိမ်းအုပ်ချုပ်နိုင်သကဲ့သို့ အုပ်ချုပ်နိုင်ပါလိမ့်မည်။ သို့သော် နေရာတွင် ပြင်းထန်ခြင်း၊ ကြမ်းတမ်းခြင်းရှိနေပါက အသင်းတော်၏အုပ်ချုပ် မှုနှင့်စီမံကွပ်ကဲမှုတွင် ကျဆုံးခြင်းအမှန်ရှိမည်မှာသေချာပါသည်။ အိမ်ထောင် မိသားစုအတွင်းစည်းလုံးခြင်း၊ အသင်းတော်အတွင်းစည်းလုံးခြင်းတို့သည် ခရစ်တော်၏အပြုအမူနှင့်ကျေးဇူးတော်ကို တရားဟောချက်များနှင့်ငြင်းခုံခြင်း များတို့ထက် ပို၍ဖော်ပြနိုင်ပါသည်။ ကျွန်ုပ်တို့ရရှိသောအမှန်တရား၊ တိုးတက် သည့်အမှန်တရားသည် ကျွန်ုပ်တို့၏ကိုယ်တိုင်စိတ်နှလုံးသားထဲ၌ သည်းခံ ခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းများဖြင့်ထင်ရှားစေနိုင်ပြီး ၎င်းကြွယ်ဝသောအသီးအပြွတ်များ ကျွန်ုပ်တို့၌တည်ရှိနေခြင်းကြောင့် ကျွန်ုပ် တို့သည် စစ်မှန်သောစပျစ်နွယ်ပင်၏အကိုင်းအခက်များဖြစ်ကြောင်း ပေါ်လွင် ထင်ရှားစေပြီး ကယ်တင်ခြင်း၏တန်ခိုးသြဇာကို လူတို့၏စိတ်နှလုံးထဲ၌ သက်ရောက်စေနိုင်ပါသလား။ Letter 6b, 1890. [Ev 342.3]EvBur 441.2
သူတို့ ၏အထဲ၌အမြစ်တွယ်ခြင်းရှိစေရန် - အမှုဆောင်အသက်တာ၏ ဆွဲဆောင်မှုအားဖြင့် အသင်းတော်ကိုခိုင်မြဲအောင်ထိန်းသိမ်းနိုင်ရန်မှာ ဘုရားသခင် ၏ရည်ရွယ်ချက်မဟုတ်ပါ။ သူတို့၏ကိုယ်တိုင်အထဲ၌ အမြစ်တွယ်ခြင်းရှိနေ ရပါမည်။ ဧဝံဂေလိသတင်းစကားများ၊ သတိပေးစကားများ၊ တတိယကောင်းကင် တမန်သတင်းစကားတို့သည် အသင်းဝင်သူများကိုယ်တိုင်မှ ဟောပြောကြရ မည်။ Manuscript 83, 1897. [Ev 343.1]EvBur 442.1
မိမိကိုယ်ကိုခရစ်ယာန်ဟုပြောဆိုသောသူတိုင်း ဘုရားသခင်နှုတ်ကပတ် တော်၏လမ်းညွှန်မှုနှင့်အညီ မိမိကိုယ်တိုင်ဆောင်ရွက်ရမည့်တာဝန်ကို သယ်ဆောင်ရလိမ့်မည်။ ပေးထားသောခရစ်တော်၏အသက်တာပုံစံကို ကိုယ်တိုင်လိုက်လျှောက်ခြင်းအတွက်နှင့် ဖြူစင်သန့်ရှင်းသောအကျင့်စာရိတ္တ တစ်ခုကိုရရှိရေးအတွက် လုပ်ဆောင်သောသူတစ်ဦးစီအပေါ် ဘုရားသခင် တာဝန်ယူလျက်ရှိပါသည်။ Manuscript 63, 1907. [Ev 343.2]EvBur 442.2
ဓမ္မဆရာများကို ဘုရားနေရာ၌ထားရန်မဟုတ်ပါ - အသစ်ယုံကြည်လာသူများ တို့ကို လုပ်ငန်း၌ဗဟုသုတရှိသူများထံအကြံယူရန် သင်ကြားသင့်သော်လည်း ဓမ္မဆရာကို ဘုရားနေရာ၌ထားရန် သင်ကြားခြင်းမပြုသင့်ပါ။ ဓမ္မဆရာများ တို့သည် လူသားများဖြစ်ကြသောကြောင့် အားနည်းခြင်းများနှင့်ပြည့်ဝလျက် ရှိသည်။ ခရစ်တော်တစ်ဦးတည်းသာလျှင် လမ်းပြရန်အတွက် ကျွန်ုပ်တို့ အားကိုးရပါမည်။ Testimonies, vol. 7, p. 20. (1904) [Ev 343.3]EvBur 442.3
ယုံကြည်သူအသစ်များကိုတည်မြဲစေရန်အချက်များ - ဓမ္မဆရာများတို့သည် ဤအရေးကြီးသောလုပ်ငန်းများဖြစ်သည့် ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းအလုပ်၊ ဝိညာဉ်ဆုကျေးဇူးများအကြောင်း၊ စနစ်တကျပေးကမ်းစွန့်ကြဲခြင်းအကြောင်း များနှင့် သာသနာ့လုပ်ငန်း၏ကြီးမားသောအလုပ်များတို့ကို မကြာခဏဂရုမစိုက် ဘဲနေတတ်ကြပါသည်။ သူတို့၏လုပ်ဆောင်မှုများအောက်၌ လူများစွာတို့ သည် အမှန်တရား၏စာတွေ နည်းစနစ်အကြောင်းအရာများတို့ကို နှစ်သက် ကြမည်ဖြစ်သော်လည်း အချိန်ကြာလာသောအခါ၊ အများသောသူတို့သည် ဘုရားသခင်၏စမ်းသပ်ခြင်းကိုမခံမရပ်နိုင်ကြောင်း တွေ့ရှိရပါသည်။ [Ev 343.4]EvBur 443.1
အကယ်၍ အမှန်တရား၏သတင်းစကားသယ်ဆောင်သူသည် သစ္စာ ရှိစွာ၊ သေချာစွာဖြင့် ဤယုံကြည်သူများတို့ကို ဤလိုအပ်သည့်အကြောင်း အရာအားလုံးနှင့်ပတ်သက်၍ ပညာပေးမည်ဖြစ်ပါက သူ၏လုပ်ဆောင်မှုများ အောက်၌ အသင်းတော်သို့ဝင်ရောက်လာသူအရေအတွက်နည်းမည်ဖြစ်သည့် တိုင် မည်မျှပို၍ကောင်းလိမ့်မည်နည်း။EvBur 443.2
ဓမ္မဆရာများတို့သည် ဘုရားသခင်၏အလုပ်နှင့်ဆက်နွှယ်နေ သောသူတို့သယ်ဆောင်နေရသည့်တာဝန်များသည် အရေးကြီးကြောင်းကို သူ့လက်အောက်ရှိလူအားလုံးတို့အပေါ်သြဇာသက်ရောက်လျက် သူတို့၏စိတ် ထဲတွင် စိတ်ဝင်စားခြင်းရှိစေရမည်။ ဘုရားသခင်၏လုပ်ငန်းဌာနတိုင်း၌ သူတို့ ၏ကူညီမှုကိုလိုအပ်နေပြီး သူတို့ကိုယ်တိုင်ပါဝင်လုပ်ဆောင်ကြရန် သူတို့အား သွန်သင်ပို့ချပေးသင့်သည်။ သာသနာ့နယ်မြေကြီး၌ပါဝင်လုပ်ဆောင်ရန် လူတိုင်းအတွက်တံခါးဖွင့်လျက်နေပြီး ဤအချက်နှင့်ပတ်သက်၍ လှုံ့ဆော် ပေးခြင်းကို မကြာခဏတစ်ကြိမ်ပြီးတစ်ကြိမ်ပြုလုပ်ပေးရပါမည်။ နှုတ်ကပတ် တော်ကိုကြားနာရသောသူမဟုတ်ဘဲ လုပ်ဆောင်သောသူတို့သာလျှင် ထာဝရ အသက်ရရှိမည်ဖြစ်ကြောင်း လူတို့ကိုနားလည်စေရပါမည်။ ဤအလုပ်၏ ကောင်းမြတ်ခြင်းကို လူတိုင်းအားမလွတ်စတမ်းခံစားစေရမည်။ သူ့ကျေးဇူး တော်၏ဆုလာဘ်များကို ရရှိသောသူအားလုံးတို့သည် ၎င်းတို့ကိုလူတို့ထံသို့ သူ၏အမှန်တရားအောင်မြင်စွာတိုးတက်ရေးအတွက် မိမိတို့၏ရရှိသည့်ဆုလာဘ် များကိုဝေငှကြရမည့်အပြင် မိမိတို့ကိုယ်ကိုပါခြွင်းချက်မရှိ၊ ဘုရားသခင်အတွက် ပေးအပ်ရန် ဘုရားသခင်တောင်းဆိုလျက်ရှိပါသည်။ [Ev 344.1]EvBur 443.3
ကြင်နာသောသဘောသည် အလိုအလျောက်ရရှိနိုင်သည့် ထူးခြား သောလက္ခဏာတစ်ခုမဟုတ်ပါ။ လူတို့ကိုသင်ကြားပို့ချရမည်။ ပညတ်တစ်ခု ပေါ်မှာတစ်ခု၊ တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ တစ်နည်းပေါ် မှာတစ်နည်း ဘုရားသခင်၏အမိန့်တော်အရ မည်ကဲ့သို့လုပ်ဆောင်ရန်နှင့် မည်ကဲ့သို့ပေးကမ်းရန်သွန်သင်ပို့ချရပါမည်။ Review and Herald, Dec. 12, 1878. [Ev 344.2]EvBur 444.1
ဘုရားသခင်၏အမှုတော်အတွက် အသစ် သောသဘောထားကို ပျိုးထောင်ခြင်း -အကျိုးမရှိဘဲမိမိတို့ခင်တွယ်သည့်အရာများ၊ အတွေးအခေါ်နှင့်မြတ်နိုးဖွယ်ရာ အရာများတို့ဖြင့် မည်မျှငွေကြေးအကုန်အကျခံပြီးအာရုံပြုသင့်သည့် ကောင်းသော အရာများကို အညစ်အကြေးကင်းစင်စွာနေရာတကျထားရှိရန် လိုအပ်သည့် အရာများအပေါ် အနည်းငယ်သာဂရုပြုအလှတန်ဆာဆင်ကြပါသနည်း။ ဤသေးငယ်သောစွဲလမ်းမှုများကိုစီစဉ်ပြီး အချိန်ယူမည့်အစား၊ တချို့ဝိညာဉ် အတွက် တန်ဖိုးရှိသည့်အချိန်ကိုယူပြီး သင့်လျော်သောစကားကိုပြောခြင်းဖြင့် အချိန်ကိုအသုံးပြုပါက စိတ်ဝင်စားမှုကိုနှိုးဆော်ကာ “ကျွန်ုပ်ကယ်တင်ခြင်းရရှိ ရန်ဘာလုပ်ရမည်နည်း” ဟူသောမေးခွန်းဖြင့် မေးလာလိမ့်မည်။ ဤသေးငယ် သောအရာများအတွက်အချိန်ယူကာ ဆုတောင်းခြင်းဖြင့်ဆက်ကပ်သင့်ပြီး ဘုရားသခင်ကိုရှာခြင်းနှင့် ကတိတော်များကိုယုံကြည်ခြင်းအားဖြင့် ဆုပ်ကိုင် ထားခြင်းပြုရပါမည်။ [Ev 344.3]EvBur 444.2
အလုပ်ကိုမည်မျှလုပ်ဆောင်ရမည်ဟု ယခုကျွန်ုပ်နေထိုင်လျက်ရှိသည့် တိုင်းပြည်မျိုးတို့ကို ကျွန်ုပ်တွေ့ ရသောအခါ၊ ကျွန်ုပ်၏စိတ်ထဲ၌လောင်ကျွမ်း နေလျက်ရှိသည်။ အကြောင်းမှာ ဘုရားသခင်၏သားသမီးဟုဝန်ခံကြသော သူတို့သည် အဝတ်အစားများအတွက်၊ တန်ဖိုးကြီးသောအိမ်ထောင်ပရိဘောဂ များအတွက်၊ လေ့လာရေးခရီးအပျော်တမ်းထွက်ပြီး မိမိတို့၏တပ်မက်ခြင်းစိတ် အလိုသို့လိုက်ခြင်းများတို့အတွက် မိမိတို့၏ငွေများကိုဖြုန်းတီးနေကြခြင်းကြောင့် ဖြစ်သည်။ ဤအရာအားလုံးတို့သည် ဘုရား၏ပစ္စည်းများကိုအလွဲသုံးစားခြင်း ဖြစ်သည်။ ဘုရားရှင်၏အမှုတော်အတွက်အသုံးပြုသင့်သည့် သူပေးအပ်ထား သောကောင်းချီးမင်္ဂလာကို မိမိတို့၏ကိုယ်ကျိုးပျော်ရွှင်မှုအတွက် အသုံးပြုခြင်း ကြောင့်ဖြစ်သည်။ . Letter 42a, 1893. [Ev 344.4]EvBur 444.3
အသုံးဝင်သောခရစ်ယာန်များ - ခရစ်တော်၏သံတမန်များတို့၏အလုပ် သည် လူတို့ထင်သည်ထက်ပို၍ကြီးမားပြီး သာ၍တာဝန်ကြီးပါသည်။ သူတို့သည် မည်သည့်အခါမျှ မိမိတို့၏တာဝန်ကိုမှန်ကန်စွာသိရှိပြီး ပေးအပ် ထားသောတာဝန်ကိုဆောင်ရွက်ရာ၌ မိမိတို့၏ကြိုးစားအားထုတ်လုပ်ဆောင် ခြင်းနှင့် ဘုရားသခင်၏ကောင်းချီးမင်္ဂလာအားဖြင့် ဘုရားသခင်အတွက်အသုံးဝင် ခြင်းမရှိသင့်ပါ။ မှန်ကန်သောလုပ်ဆောင်ခြင်းနှင့်သင်ကြားပို့ချခြင်းသည် သောခရစ်ယာန်များအဖြစ် အောင်မြင်မှုမရှိမချင်း မည်သည့်အခါမျှကျေနပ် လူယောက်ျား၊ လူမိန်းမတို့အား လုပ်ဆောင်ရမည့်စနစ်ကို နားလည်နိုင်သည့် အကျိုးကိုပေးပြီး မိမိတို့၏အကျင့်စာရိတ္တကိုခိုင်မာစေကာ မိမိတို့၏ခိုင်မြဲသော ယုံကြည်ခြင်းကို မည်သည့်ကိုယ်ကျိုးစာရိတ္တမှ မိမိတို့၏အလုပ်ကိုဝင်ရောက် ဟန့်တားခြင်း၊ သူတို့၏ယုံကြည်ခြင်းကိုလျော့နည်းစေခြင်း၊ သို့မဟုတ် တာဝန် မှသူတို့အားစိတ်ဓာတ်ကျစေခြင်းဖြစ်စေရန် ခွင့်မပြုပါ။ Testimonies, vol. 4 pp. 398, 399. (1880). [Ev 345.1]EvBur 445.1