Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အမှုဆောင်များကိုယ်တိုင် (တစ်ဦးချင်းအမှုဆောင်များ) နှင့်ပညာရှိ အကြံပြုသူများ

    ကျွန်ုပ်တို့ ၏ပုံ သက်သေသည် ကျွန်ုပ်တို့ ၏အကြံပြုခြင်းကို ထိရောက်စေသည် - မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ မိမိ၏အသက်တာ၌ . ကြီးမားသော ခက်ခဲမှုတစ်ခုနှင့်ရင်ဆိုင်ရပြီး အကြံပေးခြင်း၊ သို့မဟုတ် ဆုံးမပြောဆိုခြင်းကို ကြိုးစား၍ပြုသောအခါ၊ ကောင်းကျိုးဖြစ်စေရန်အတွက် သင်၏ပြောဆိုသော စကား၏တန်ခိုးသြဇာထိရောက်မှုသည် သင်ကိုယ်တိုင်၏ပုံသက်သေနှင့်စိတ် သဘောထားအပေါ် အောင်မြင်မှုရှိခြင်း၊ မရှိခြင်းသည် မူတည်လျက်ရှိသည်။ ကောင်းမှုမပြုမီ သင်ကိုယ်တိုင်ဦးစွာကောင်းနေရမည်။ သင်သည် ခရစ်တော် ၏ကျေးဇူးတော်ကြောင့် သင်ကိုယ်တိုင်၏နှလုံးသားနှိမ့်ချ၊ ဖြူစင်၊ သိမ်မွေ့ ခြင်းမရှိမချင်း သူတစ်ပါးကိုပြောင်းလဲစေနိုင်မည့်တန်ခိုးသြဇာကို ရရှိမည် မဟုတ်ပါ။ ဤနှလုံးသားမျိုးရှိမှသာ နှင်းဆီပွင့်သည် မွှေးကြိုင်သောအနံ့ကို ပေးနိုင်သကဲ့သို့ သင်၏အသက်တာသည် အလိုအလျောက်သူတစ်ပါးကို ကောင်းကျိုးပြုနိုင်ပါလိမ့်မည်။ Mount of Blessing, p. 183. (1896) [Ev 458.3]EvBur 598.2

    ကျမ်းစာလုပ်ငန်း၌တစ်ဦးချင်းသာသနာ - တစ်ဦးချင်းကြိုးစားမှုဖြင့် လူတို့ နှင့်ရင်းနှီးရန်လိုသည်။ အကယ်၍ တရားဟောခြင်းအားဖြင့် အချိန်လျှော့ယူ တစ်ဦးချင်းသာသနာလုပ်ငန်းဖြင့် အချိန်ကိုပို၍အသုံးပြုပါက ပို၍အကျိုး ရှိသည်ကို တွေ့ ရပါမည်။ ဆင်းရဲသားများသက်သာရာရခြင်း၊ ဖျားနာသူများ ဂရုပြုခံရခြင်း၊ ဝမ်းနည်းကြေကွဲသူများ ခွန်အားရရှိလာခြင်း၊ ပညာမဲ့သူများ သွန်သင်ခံရခြင်း၊ ဗဟုသုတမရှိသူများ အကြံပေးခံရခြင်းအကျိုးများ ရရှိကြ ပါမည်။ ငိုကြွေးသူများတို့နှင့် ကျွန်ုပ်တို့ငိုကြွေးရမည်ဖြစ်ပြီး ဝမ်းမြောက်သူတို့ နှင့်အတူ ဝမ်းမြောက်ကြရမည်။ ဆွဲဆောင်မှုတန်ခိုး၊ ဆုတောင်းခြင်းတန်ခိုး၊ ဘုရားသခင်မေတ္တာတော်၏ တန်ခိုးပါဝင်ခြင်းတို့အားဖြင့် ဤအလုပ်သည် အသီးအပွင့်မရှိဘဲမဖြစ်နိုင်ပါ။ Ministry of Healing, pp. 143, 144. (1905) [Ev 459.1]EvBur 599.1

    အမျိုးသမီးများကရုဏာသတင်းပို့ ဆောင်သူများကဲ့သို့ - အကယ်၍လိုအပ်ပါက မပြုမီ သူတို့၏အိမ်၌ရှိသော မိခင်များနှင့်ကလေးများကိုလည်ပတ်ရန်နှင့် ယခုအချိန်အတွက် အမှန်တရားအကြောင်းနှင့်ပတ်သက်၍ စတင်ပြောဆိုခြင်း နေ့စဉ်အိမ်မှုလုပ်ငန်းများတို့၌ သူတို့ကိုကူညီရန် ကရုဏာသတင်းပို့ဆောင် သူများကဲ့သို့ ဆက်ကပ်သောအမျိုးသမီးများကို ကျွန်ုပ်တို့အထူးလိုအပ်လျက် ရှိပါသည်။ ဤနည်းစနစ်အားဖြင့် သင်၏သာသနာ့လုပ်ငန်း၌ ဝိညာဉ်များ ကိုရရှိကြောင်း သင်တွေ့ ရှိရပါလိမ့်မည်။ Review and Herald, July 12, 1906. [Ev 459.2]EvBur 599.2

    ဖျားနာသူများကို စိတ်ဝင်စားခြင်းဖြင့် လူတို့၏စိတ်နှလုံးကိုထိုးဖောက်နိုင်ခြင်း - ကျွန်ုပ်၏ညီအစ်ကိုမောင်နှမများ၊ သင့်ကိုယ်ကို ဘုရားအမှုတော်အတွက် ဆက်ကပ်ပါ။ တိုးတက်မှုမရှိရန် မည်သည့်အခွင့်အရေးကိုမျှ လွန်သွားခွင့် မပြုပါနှင့်။ ဖျားနာသူနှင့်ဒုက္ခရောက်သူများတို့ကိုလည်ပတ်ပြီး သူတို့အား ကြင်နာစွာဖြင့် စိတ်ဝင်စားမှုကိုဖော်ပြပါ။ အကယ်၍ဖြစ်နိုင်ပါက သူတို့အား တစ်ခုခုပြုလုပ်ပေးခြင်းအားဖြင့် ပိုပြီးသက်သောင့်သက်သာဖြစ်စေရန်ဆောင်ရွက် ပေးပါ။ ဤနည်းလမ်းများအားဖြင့် သူတို့၏စိတ်နှလုံးကိုထိုးဖောက်နိုင်ပြီး ခရစ်တော်အတွက်စကားပြောပေးနိုင်လိမ့်မည်။ Testimonies, vol. 9, p. 36. (1909) [Ev 459.3]EvBur 600.1

    မိသားစုများသို့ မိတ်ဆွေတစ်ဦးအဖြစ်ဖြစ်ခြင်း - ညီအစ်မများ စိတ်နှလုံးကို ပို၍ဆွဲဆောင်နိုင်ပြီး သိမ်မွေ့ စေနိုင်ပါသည်။ ကျွန်ုပ်၏ညီအစ်မများတို့၊ သင်ရှိ လေရာအရပ်၌ ရိုးသားမှုဖြင့်အလုပ်လုပ်ပါ။ အကယ်၍ သင်သည် ကလေး သူငယ်များရှိသောအိမ်၌ရှိနေပါက၊ သူတို့အားစိတ်ဝင်စားမှုကိုပြပါ။ သူတို့ကို သင်ချစ်ကြောင်းတွေ့ မြင်စေပါ။ အကယ်၍ တစ်ယောက်သောသူဖျားနာပါက၊ သူ့ကိုကုသရန်တောင်းဆိုပါ။ မိမိ၏ကလေးဒုက္ခခံစားနေရသည့် သောက ဖိစီးပြီး စိုးရိမ်ပူပန်မှုရှိနေသည့်မိခင်သက်သာရာရဖို့ ကူညီမစပါ။ Review and Herald, Nov, 11, 1902. [Ev 460.1]EvBur 600.2

    အစုလိုက်မဟုတ်၊ တစ်ဦးချင်းဖြင့်လူတို့ ကယ်တင်ခြင်းရရှိ - ဆားသည် ကိုထိုးဖောက်ကာ ရောစပ်ခြင်းရှိစေရမည်။ ထိုနည်းတူ တစ်ဦးချင်းဆက်သွယ် အရာတစ်ခုခုဖြင့်ရောစပ်ရပါမည်။ ပုပ်သိုးခြင်းမရှိစေရန် ဆားသည် ထိုဝတ္ထု ခြင်း၊ ပေါင်းဖော်ခြင်းဖြင့် ဧဝံဂေလိ၏ကယ်တင်ခြင်းတန်ခိုးကြောင့် လူတို့ထံ ဝင်ရောက်ထိုးဖောက်အကျိုးပြုနိုင်ပါသည်။ သူတို့အစုလိုက်အပြုံလိုက်ကယ်တင် ခြင်းရရှိခြင်းမဟုတ်ဘဲ တစ်ဦးချင်းသာလျှင်ဖြစ်ပါသည်။ တစ်ဦးစီ၏သြဇာ သည် တန်ခိုးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အကျိုးခံစားစေလိုသောသူများနှင့် ကျွန်ုပ်တို့ရင်းနှီးမှုရှိရပါမည်။ Mount of Blessing, p. 59. (1896) [Ev 460.2]EvBur 600.3

    အကြံပေးသူအမျိုးသမီးများလိုအပ်သည် - အကယ်၍ မည်သည့်အမျိုးသမီး မဆို မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ (နယ်ဥက္ကဌကိုလိပ်မူ၍) မိမိ ကိုယ်ကို သင်၏သနားခြင်းကရုဏာအပေါ်အပ်နှံပါက သင်သည် သူမအား တာဝန်ယူခွန်အားပေးခြင်း သူမထံမှစာများကိုလက်ခံကာ သူမအားမစရန်အထူး တာဝန်ယူနိုင်ပါမည်လား။ ကျွန်ုပ်၏ညီအစ်ကို၊ ဤကိစ္စမျိုးနှင့်ပတ်သက်ပြီး သင်၏လမ်းကြောင်းကိုပြောင်းပြီး ညီအစ်ကိုဓမ္မဆရာများရှေ့၌ မှန်သော ပုံသက်သေကိုပြရပါမည်။ သင်ပေးနိုင်သောအရာခပ်သိမ်းကို လိုအပ်နေသူများ ဖြစ်သည့် သင့်ကိုယ်တိုင်မိသားစုဝင်များအတွက် သင်၏ကြင်နာမှုကိုထားရှိ ပါ။ [Ev 460.3]EvBur 601.1

    အမျိုးသမီးတစ်ဦးဒုက္ခကြုံတွေ့ ရသောအခါ အမျိုးသမီးများထံသို့ သူမ ၏ဒုက္ခကိုတင်ပြစေပါ။ အကယ်၍သင့်ထံသို့လာသောဤအမျိုးသမီးသည် သူမ၏ခင်ပွန်းအား ပြစ်တင်စရာအကြောင်းကိစ္စရှိပါက၊ လိုအပ်လျှင်ကူညီနိုင် မည့်အခြားအမျိုးသမီးထံ မိမိ၏ဒုက္ခကိုတင်ပြသင့်ပြီး ဆိုးသွမ်းမှုတစ်စုံတစ်ခု မျှမပါဘဲ ဤကိစ္စနှင့်ပတ်သက်၍ သင်နှင့်စကားပြောစေပါ။ [Ev 460.4]EvBur 601.2

    ဤကိစ္စ၌ သင်၏အကြောင်းအရင်းသည် မှားသောသြဇာတစ်ခုကို ကြိုးပမ်းအားထုတ်နေကြောင်း သင်နားလည်ပုံမပေါ်ပါ။ သင်၏စကားအပြော အဆိုနှင့်အပြုအမူများကိုသတိပြုပါ။ Letter 164, 1902. [Ev 461.1]EvBur 601.3

    ကောင်းကင် မှ ပူးပေါင်းပါဝင် သောအဓိကအလုပ်တစ်ခု - သူတို့တစ်ဦး၏ ဘုရားသခင်အပေါ်တာဝန်ရှိသည်ဟုခံစားနေရသော ကျွန်ုပ်တို့၏ညီအစ်မများ တို့ကိုမစရန် သင်လုပ်ဆောင်နေသောအလုပ်သည်ကောင်းပြီး လိုအပ်သော အလုပ်တစ်ခုဖြစ်သည်။ ဤအလုပ်ကို ကြာမြင့်စွာလျစ်လျူရှုထားခဲ့ပါသည်။ သို့သော် ဤအလုပ်ကိုရှင်းလင်းလွယ်ကူ၍ တိကျသောဦးတည်ချက်များဖြင့် လုပ်ဆောင်သောအခါ လျစ်လျူရှုမည့်အစား၊ အိမ်လုပ်ငန်းများကို ကျွန်ုပ်တို့ မျှော်လင့်လုပ်ဆောင်မည်ဖြစ်ပါက ပို၍အသိတရားရှိစွာဖြင့် လုပ်ဆောင်ကြ လိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား လူတို့၏ဝိညာဉ်တန်ဖိုးမည်မျှ ရှိသည်ကို နားမလည်သောသူတို့အား အမြဲအားပေးစေပါလိမ့်မည်။ [Ev 461.2]EvBur 601.4

    အကယ်၍ ကျွန်ုပ်တို့သည် အဖွဲ့ငယ်များကို ခရစ်တော်၏အစေခံ များကဲ့သို့ သူတို့လုပ်ဆောင်သင့်သည့်အပိုင်း၌ ကောင်းမွန်စွာညွှန်ကြားပြီး ပုံမှန်ဖွဲ့စည်းကာ စီစဉ်နိုင်ပါက ကျွန်ုပ်တို့၏အသင်းတော်များသည် မိမိတို့ ၏လိုအပ်နေသောအသက်နှင့်ရှင်သန်မှုကို ရရှိပါလိမ့်မည်။ ခရစ်တော်ကယ်တင် ခဲ့သောအရာရှိ၏ဝိညာဉ်သည် ချီးမွမ်းခြင်းခံရလိမ့်မည်။ ကျွန်ုပ်တို့ညီအစ်မ များသည် အများအားဖြင့် မိမိတို့၏တိုးပွားလာသောမိသားစုဦးရေနှင့် မလို လားအပ်သည့်စမ်းသပ်မှုများကြောင့် အခက်အခဲတစ်ခုကြုံတွေ့ နေရပါသည်။ မိမိတို့၏စိတ်ဓာတ်ကျဆင်းခြင်းနှင့် ဘုရားသခင်အတွက်အလုပ်တစ်ခုဆောင်ရွက် နိုင်သည်ဟု ခံစားနေရသည့်အခြေအနေ၌ရှိနေသော ကျွန်ုပ်တို့၏ညီအစ်မများ လွတ်မြောက်ရေးကိုမစနိုင်ရန် ပညာပေးနိုင်မည့်အမျိုးသမီးများကို ကျွန်ုပ်တို့ ကြာမြင့်စွာမျှော်လင့်လျက်ရှိသည်။ အခြားသူများနှလုံးသားသို့ရောင်ပြန်ဟပ်ရန် ဤအရာသည် သူတို့၏ကိုယ်တိုင်အသက်တာသို့ နေရောင်ခြည်ကိုယူဆောင် လာခြင်းဖြစ်သည်။ ဤအဓိကကျသည့်အလုပ်၌ပါဝင်သောသူနှင့် သင့်အပေါင်း အဖော်အားလုံးကို ဘုရားရှင်ကောင်းချီးပေးပါလိမ့်မည်။ Letter 54, 1899. [Ev 461.3]EvBur 602.1