Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သာသနာပြုသူ၏ကိုယ်ပိုင်ပြင်ပပေါ် လွင်ထင်ရှားခြင်း

    သာသနာပြုဆရာ၏ဥပဓိရုပ် - ကျွန်ုပ်ရရှိသောအလင်းအရ၊ သာသနာ့ လုပ်ငန်းသည် သန့်ရှင်း၍မြင့်မြတ်သောအလုပ်တစ်ခုဖြစ်ပြီး ဤတာဝန်ကို လက်ခံသောသူတို့သည် မိမိတို့၏စိတ်ထဲ၌ ခရစ်တော်ကိန်းအောင်းသင့်ပြီး၊ လူတို့ရှေ့၌ ခရစ်တော်ကိုထိုက်တန်စွာဖြင့် မိမိတို့၏လုပ်ဆောင်မှုအားလုံးတို့၌ သော်လည်းကောင်း၊ မိမိတို့၏ဝတ်စားဆင်ယင်ခြင်း၌သော်လည်းကောင်း၊ မိမိ တို့၏အပြောအဆို၌သော်လည်းကောင်း၊ မိမိတို့၏ပြောဆိုသောအမူအရာ၌ပင် ကိုယ်စားပြုသည့်အသက်တာမျိုး၌ ထင်ရှားစေရန်ဖော်ပြသင့်ပါသည်။ [Ev 670.3]EvBur 892.1

    ကျွန်ုပ်တို့၏စကားများ၊ ကျွန်ုပ်တို့၏လှုပ်ရှားမှုများ၊ ကျွန်ုပ်တို့၏အပြု အမူ၊ ကျွန်ုပ်တို့၏ဆင်ယင်မှုအားလုံးတို့သည် တရားဟောသင့်သည်။ ကျွန်ုပ် တို့၏စကားပြောခြင်းအားဖြင့်သာ လူတို့ကိုစကားပြောရမည်မဟုတ်ပါ။ ကျွန်ုပ် တို့တစ်ကိုယ်လုံးနှင့်ဆိုင်သည့်အရာအားလုံးတို့အားဖြင့် လူတို့အတွက်တရား ဟောချက်တစ်ပုဒ်အဖြစ် အသက်ရှင်သင့်ပါသည်။ Testimonies, vol. 2, pp. 615, 618. (1871) [Ev 671.1]EvBur 892.2

    ဂရုစိုက်ခြင်းမရှိသောကြောင့်ဝိညာဉ်များဆုံးရှုံးခြင်း - မိမိ၏ဝတ်စားဆင်ယင် ခြင်းကိုဂရုမစိုက်သော ဓမ္မဆရာတစ်ဦးသည် မကြာခဏသန့်ပြန့်၍စည်းကမ်း ရှိသောသူတို့အတွက် စိတ်နာကျင်မှုကိုဖြစ်စေပါသည်။ ဤကိစ္စ၌မှားယွင်းနေ ကြသောသူတို့သည် မိမိတို့၏မှားယွင်းခြင်းများတို့ကိုပြုပြင်သင့်ကြပြီး ပို၍ သတိရှိကြရပါမည်။ ပျောက်ဆုံးသွားသောဝိညာဉ်တချို့တို့သည် သပ်ရပ်ခြင်း မရှိသောဓမ္မဆရာကြောင့်ဖြစ်သည်။ ပထမပြင်ပပေါ်လွင်ခြင်းသည် လူတို့ကို များစွာအကျိုးသက်ရောက်မှုဖြစ်စေသည်။ အကြောင်းမှာ သူ၏ပေါ်လွင်မှုနှင့် သူဟောပြောသောအမှန်တရားကို မည်သို့မျှဆက်စပ်၍မရသောကြောင့်ဖြစ်သည်။ သူ၏အဝတ်အစားသည် သူ့ကိုဆန့်ကျင်နေပြီး၊ သူပေးသောသြဇာသည် သူဟောပြောနေသောသူတို့အား သူတို့၏အဝတ်အစား၌ဂရုမစိုက်သူများအဖြစ် သူသတ်မှတ်ကာ သူ၏တရားနာပရိသတ်များတို့သည် မည်သည့်အရာကိုမျှ အလိုမရှိသူများကဲ့သို့ သူသဘောထားရှိခြင်းကြောင့်ဖြစ်သည်။ Testimonies, vol. 2, p. 613. (1871) [Ev 671.2]EvBur 893.1

    အရသာ၊ အရောင်နှင့်ဆီလျော်ခြင်း - သန့်ရှင်းသောအရာများတို့ကိုပြုစု စောင့်ရှောက်ရသောသူတချို့တို့သည် မိမိတို့၏အဝတ်ကိုဝတ်ဆင်ခြင်းပုံစံအား ဖြင့် မိမိတို့၏အလုပ်သြဇာကို အတိုင်းအတာတစ်ခု၌ပျက်စီးစေပါသည်။ အရောင် အဆင်း၌နှစ်သက်ဖွယ်မရှိခြင်းနှင့် သပ်ရပ်ခြင်း၌မသင့်လျော်ခြင်း ချို့ယွင်းနေ ကြောင်းထင်ရှားလျက်ရှိသည်။ ဤဝတ်စားပုံအားဖြင့် မည်သည့်သြဇာ သက်ရောက်မှုကိုပေးနိုင်ပါမည်နည်း။ ၎င်းသည် လယ်ထွန်ခြင်းကဲ့သို့ သန့်ရှင်း သောအလုပ်ကို ရိုးရိုးအလုပ်အဖြစ်၊ အဆင့်အတန်းတစ်တန်းတည်းထားရှိခြင်း ပင်ဖြစ်သည်။ ဓမ္မဆရာသည် သူ၏ပုံသက်သေအားဖြင့် သန့်ရှင်းသောအရာ များကို ရိုးရိုးအရာများအဆင့်သို့ ယူဆောင်လာခြင်းဖြစ်သည်။ Testimonies, vol. 2, p. 614. (1871)EvBur 893.2

    အရောင်အဆင်းရွေးချယ်ခြင်း - မည်းနက်သော၊ သို့မဟုတ် မှောင်သော အရောင်သည် ပလ္လင်ပေါ်ရှိဓမ္မဆရာအတွက် ပို၍ကောင်းသောအရာဖြစ်ပြီး၊ လူတို့အပေါ်ပို၍သြဇာသက်ရောက်ခြင်းရှိကာ အရောင်နှစ်မျိုး၊ သို့မဟုတ် သုံးမျိုးဝတ်စားခြင်းထက် ပို၍သင့်လျော်သည်။ Testimonies, vol. 2, p. 610. (1871) [Ev 672.1]EvBur 894.1

    အဝတ်အစားနှင့်အကျင့်စရိုက်တို့ ၏လူမှုကျင့်ဝတ်မှန်ကန်ခြင်း - အဝတ်အစား နှင့်အကျင့်စရိုက်၌ ကျွန်ုပ်တို့၏လူမှုကျင့်ဝတ်မှန်ကန်ခြင်းကို ဖော်ပြနေသည်။ ကျွန်ုပ်တို့၏အလုပ်၊ သို့မဟုတ် ကျွန်ုပ်တို့၏ပေါ်လွင်မှု၌ မည်သည့်အခါမျှ ပျက်ကွက်ခြင်း၊ သို့မဟုတ် မသပ်ရပ်ခြင်းမရှိစေရပါ။ Letter 49, 1902. [Ev 672.2]EvBur 894.2

    အမျိုးသမီးအမှုဆောင်၏စာရိတ္တ ကို အဝတ် အစားအားဖြင့် အကဲဖြတ် ခြင်း - လူတစ်ယောက်၏အကျင့်စာရိတ္တကို သူ၏ဝတ်စားဆင်ယင်ပုံအားဖြင့် အကဲဖြတ် ရပါသည်။ ကောင်းသောအရသာပြုစုပျိုးထောင်သောစိတ်သဘောတို့သည် ယဉ်ကျေး၍ဆီလျော်သော ဝတ်စားဆင်ယင်ခြင်းကိုရွေးချယ်ခြင်းအပေါ်၌ ထင်ရှားခြင်းရှိပေလိမ့်မည်။ အဝတ်အစား၌ သီလရှိသောရိုးသားခြင်းသည် နေပုံထိုင်ပုံ၏သိက္ခာရှိခြင်းနှင့်ပေါင်းစည်းလိုက်သောအခါ၊ ပျိုရွယ်သောအမျိုးသမီး တစ်ဦးအတွက် ကောင်းသောပတ်ဝန်းကျင်နှင့် သန့်ရှင်းသောစောင့်ရှောက်ခြင်း ၏လေထု၌ရှိနေပြီး ထောင်ချီသည့်ဘေးအန္တရာယ်များမှ သူမကိုကာကွယ်ပေး ပါလိမ့်မည်။ Education, p. 248. (1903) [Ev 672.3]EvBur 894.3

    မယုံကြည်သူများတို့ သည်ယဉ်ကျေးသောဝတ်ဆင်ခြင်းကိုနှစ်သက် - မယုံကြည် သူများအတွက် သြဇာညောင်းစေရန် လူအများတို့သည် လောကကဲ့သို့ဝတ်စား ဆင်ယင်ကြသည်။ သို့သော် သူတို့သည် ဝမ်းနည်းဖွယ်ရာ ကောင်းသောအမှား ကိုပြုလုပ်ကြသည်။ အကယ်၍သူတို့သည် မှန်သောကယ်တင်ခြင်းပေးနိုင်သည့် သြဇာညောင်းခြင်းကိုရရှိလိုပါက မိမိတို့ယုံကြည်ခြင်းအတိုင်း သူတို့အားအသက် ရှင်စေပြီး သူတို့၏ယုံကြည်ခြင်းကို သူတို့၏ဖြောင့်မတ်သောအလုပ်အားဖြင့် ခရစ်ယာန်နှင့်လောကတို့၏စပ်ကြား၌ ခြားနားခြင်းကိုပြတ်ပြတ်သားသားပြသ စေပါ။ စကားအပြောအဆိုများ၊ ဝတ်စားဆင်ယင်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ခြင်း များတို့သည် ဘုရားရှင်အတွက်ပြောပြသင့်ပေသည်။ သို့မှသာ သန့်ရှင်းသော သြဇာသည် သူတို့၏ပတ်လည်၌သက်ရောက်ပြီး မယုံကြည်သောသူများတို့ပင် သူတို့အားခရစ်တော်နှင့်အတူရှိခဲ့ကြကြောင်း သူတို့ကိုအသိအမှတ်ပြုနိုင်ပါလိမ့် မည်။ အကယ်၍ သူတို့၏သြဇာသည် အမှန်တရားဘက်၌ရပ်တည်၍ပြောဆို လိုကြပါက မိမိတို့၏ယုံကြည်ချက်အတိုင်းအသက်ရှင်စေပြီး၊ နှိမ့်ချသော ခရစ်တော်၏အကောင်းဆုံးနမူနာပုံစံကို အတုယူရပါမည်။ Testimonies, vol. 4, pp. 633, 634. (1881) [Ev 672.4]EvBur 894.4

    အဝတ်အစား၌ဝါကြွားခြင်းသည် မယုံကြည်သူများတို့အတွက်ဆူးငြောင့်ခလုတ်ဖြစ် - အမှန်တရားကိုလက်ခံသောသူများတို့သည် လောကဝါကြွားခြင်းနှင့်ချစ်ခြင်းကို ပြသသော ကျွန်ုပ်တို့၏ညီအစ်မများတို့အားဖြင့် ထိုအမှန်တရားကိုပြန်လည်၍ ဆန့်ကျင်ရန် ဆုံးဖြတ်လိုက်ကြပြန်ပါသည်။ ဟောပြောသောယုံကြည်ချက်သည် ရှင်းလင်း၍မှန်ကန်ပုံပေါ်ပြီး၊ ကြားနာရသောသူများအနေဖြင့် လေးလံသော ကပ်တိုင်ကို အမှန်တရားရရှိသူတို့မှချီပင့်ကြရမည်ဟု ခံစားခဲ့ရပါသည်။ ဤပုဂ္ဂိုလ်များတို့သည် ကျွန်ုပ်တို့ညီအစ်မများတို့၏ဝတ်စားဆင်ယင်ပုံကိုတွေ့မြင် ကြသောအခါ သူတို့ပြောခဲ့ကြသည်မှာ၊ “ဤပုဂ္ဂိုလ်များတို့၏ဝတ်စားဆင်ယင် ပုံသည် ကျွန်ုပ်တို့နှင့်လုံးလုံးတူနေသည်။ သူတို့ခံယူကြသလို သူတို့တကယ် မယုံကြည်ကြပါ။ သူတို့လှည့်ဖြားခြင်းခံရပေလိမ့်မည်။ အကယ်၍ ခရစ်တော် မကြာမီကြွလာလိမ့်မည်ဟု အမှန်တကယ်ထင်ခဲ့ပြီး၊ လူတိုင်း၏အသက်တာ ကို ထာဝရအသက်ရှင်ခြင်း၊ သို့မဟုတ် ထာဝရသေခြင်းအတွက်စီရင်မည် ဆိုပါက သူတို့၏အချိန်နှင့်ငွေများကို အဝတ်အစားများနှင့်ခေတ်ပေါ်ဆင်ယင် မှုများအားဖြင့် အသုံးပြုမည်မဟုတ်ပါ။” မိမိကိုယ်ကိုယုံကြည်သည်ဟုပြော ကြသော ဤညီအစ်မများတို့သည် သူတို့၏အဝတ်အစားနှင့်ပတ်သက်သည့် တရားဟောချက်ကို မည်မျှအနည်းငယ်သာနားလည်နေကြပါသနည်း။ [Ev 672.5]EvBur 895.1

    ကျွန်ုပ်တို့၏စကားများ၊ ကျွန်ုပ်တို့၏အပြုအမူများနှင့် ကျွန်ုပ်တို့၏ ဝတ်စားဆင်ယင်မှုများတို့သည် ခရစ်တော်နှင့်အတူစုသိမ်းကြခြင်း၊ သို့မဟုတ် ဝေးရာသို့ဖြန့်ကြဲလိုက်ခြင်းဖြစ်သည်၊ မဖြစ်သည်ကိုဖော်ပြသည့် နေ့စဉ်အသက်ရှင် သောတရားဟောပြောသူများဖြစ်ပါသည်။ ဝတ်စားဆင်ယင်ခြင်းအကြောင်းအရာ သည် အရေးကြီးသောရောင်ပြန်ဟပ်ခြင်းနှင့် များစွာသောဆုတောင်းခြင်းကို တောင်းဆိုလျက်ရှိသည်။ မယုံကြည်သူများစွာတို့သည် မိမိတို့၏ကိုယ်ကို ခေတ်ဆန်ခြင်း၏ကျွန်များဖြစ်ခွင့်ပြုခြင်းကို မမှန်သောအရာဟုခံစားရပါသည်။ သို့သော် သူတို့သည် ဘုရားတရားကြည်ညိုခြင်း၏မြင့်မားလှသောအဆင့်ရှိသူ တို့မှ လောကဆန်သောအဝတ်အစားများဝတ်ဆင်ကြသည်ကိုတွေ့ နေရပြီး၊ လေးနက်ခြင်းမရှိသောအသင်းအဖွဲ့နှင့် ပျော်ရွှင်နေသည်ကိုတွေ့ ရသောအခါ၊ ဤကဲ့သို့ပြုလုပ်ခြင်းသည် မှားမည်မဟုတ်ပါဟု သူတို့ဆုံးဖြတ်လိုက်ပါသည်။ Testimonies, vol. 4, pp. 641. (1881) [Ev 673.1]EvBur 896.1

    ရိုးယဉ်သောဆင်ယင်ခြင်းသည်ဆင်းရဲသားအတွက်အနှောင့်အယှက်မဖြစ် - ကျွန်ုပ် တို့၏အဝတ်အစားသည် ရှင်းလင်းပြီးရိုးရိုးလေးသာဖြစ်သင့်သည်။ သို့မှသာ ဆင်းရဲသောသူတို့ထံအလည်အပတ်ပြုသောအခါ သူတို့နှင့်မကွာခြားကြခြင်း ကြောင့် သူတို့အတွက်စိတ်အနှောင့်အယှက်ဖြစ်မည်မဟုတ်ပါ။ Gospel Workers, p. 189. (1915) [Ev 673.2]EvBur 896.2

    သန့်ရှင်းသောလုပ်ငန်းအတွက်သင့် လျော်သောအဝတ်အစား - အဝတ်အစား၌ သတိပြုခြင်းသည် အရေးကြီးသောဆင်ခြင်ရမည့်အရာတစ်ခုဖြစ်သည်။ ဓမ္မ ဆရာသည် သူ့တာဝန်ဂုဏ်သိက္ခာနှင့်ကိုက်ညီသောပုံစံဖြင့်ဝတ်ဆင်သင့်သည်။ တချို့သောဓမ္မဆရာတို့သည် ဤနေရာ၌ပျက်ကွက်ကြပါသည်။ တချို့ကိစ္စ များတွင်အမြင်မတော်ခြင်းနှင့် အဝတ်အစား၌ ဆင်ယင်ပုံစနစ်မကျခြင်းတို့ သာမကဘဲ မသပ်ရပ်ခြင်းနှင့်ဖြစ်ကတတ်ဆန်းဝတ်ဆင်ခြင်းများလည်းရှိနေကြ ပါသည်။EvBur 896.3

    ကမ္ဘာကြီးကို မိမိလက်ဖြင့်ထိန်းချုပ်ထားပြီး ကျွန်ုပ်တို့အားအသက်ကို ပေး၍ ကျန်းမာစွာရှိစေရန် ကျွန်ုပ်တို့အားစောင့်ရှောက်တော်မူသော ကောင်းကင် ဘုံရှင်ဘုရားသခင်သည် သူ၏ဂုဏ်တော်အတွက် တာဝန်ထမ်းဆောင်ရသော သူတို့၏ဝတ်စားဆင်ယင်ခြင်းအားဖြင့်ဂုဏ်ပြုခြင်း၊ သို့မဟုတ် ဂုဏ်တော်ကို ရှုတ်ချခြင်းဖြစ်စေနိုင်ပါသည်။ Gospel Workers, p. 173. (1915) [Ev 674.1]EvBur 897.1