Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိတ်ဝင်စားသူများကိုစည်းရုံးခြင်း

    များစွာသောသူတို့ သည်ကောင်းကင် ကို တောင့် တ သောစိတ်ဖြင့် ကြည့် နေသည် - ကမ္ဘာတစ်ဝန်းလုံးရှိလူတို့သည် ကောင်းကင်ကိုတောင့်တသောစိတ်ဖြင့်ကြည့်နေကြသည်။ ဆုတောင်းခြင်း၊ မျက်ရည်မျက်ခွက်နှင့် စုံစမ်းခြင်းဖြင့်စိတ်နှလုံး များထဲမှအလင်း၊ ကျေးဇူးတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်ကိုတောင့်တလျက် ရှိကြသည်။ အများသောသူတို့သည် နိုင်ငံတော်၏အနား၌ သိမ်းဆည်းခြင်း ခံရကြရန် စောင့်ဆိုင်းလျက်ရှိနေကြသည်။ The Acts of the Apostle, Pr 109. (1911). [Ev 292.2]EvBur 370.2

    ပျောက်ဆုံးသူ နောက်သို့ လိုက်ခြင်း - လုပ်ငန်းထဲ၌ ကျွန်ုပ်တို့စိတ်နှလုံး အားလုံးဇောက်ချ၍ပါဝင်လုပ်ဆောင်ကြသောအခါ ကျွန်ုပ်တို့သည် ကောင်းကင် တမန်များတို့နှင့် နီးကပ်စွာမိတ်သဟာယဖွဲ့ကြပါသည်။ ကောင်းကင်တမန် များတို့နှင့်သော်လည်းကောင်း၊ ခရစ်တော်နှင့်သော်လည်းကောင်း အတူပေါင်းစပ် ၍အလုပ်လုပ်ကိုင်ကြပြီး ၎င်းအထဲ၌ သန့်ရှင်း၍ကောင်းမြတ်သောကြင်နာမှ သည် ကောင်းကင်နှင့်သော်လည်းကောင်း၊ ကျွန်ုပ်နှင့်အတူသော်လည်းကောင်း ရှိပါသည်။ ကျွန်ုပ်တို့သည် ကောင်းကင်နှင့်ပို၍နီးကပ်စွာ၊ ကောင်းကင်တမန် အစုအရုံးနှင့်နီးကပ်စွာ၊ ယေရှုနှင့်ပို၍နီးကပ်စွာပို့ဆောင်ခြင်းကိုခံရကြပါသည်။ ထိုကြောင့် ဤလုပ်ငန်း၌ ကျွန်ုပ်တို့၏ခွန်အားရှိသမျှတို့နှင့်ပါဝင်၍ လုပ်ကိုင် ဆောင်ရွက်ကြပါစို့။ [Ev 292.3]EvBur 370.3

    အမှုတော်ထဲ၌မောပန်းနွမ်းနယ်ခြင်းမရှိကြနှင့်။ ကျွန်ုပ်တို့ကိုဘုရားသခင် မစလိမ့်မည်။ ကောင်းကင်တမန်များလည်း ကျွန်ုပ်တို့ကိုမစလိမ့်မည်။ အကြောင်း မှာ ဤအလုပ်သည် သူတို့၏အလုပ်ဖြစ်ပြီး ကျွန်ုပ်တို့အားလုပ်ဆောင်လိုသော စိတ်ဓာတ်ကို ဤအလုပ်အတွက်ပေးလိမ့်မည်။ [Ev 292.4]EvBur 371.1

    ဤအလုပ်ကိုစိတ်ပါဝင်စားစွာသင်ဆောင်ရွက်ရမည်။ လမ်းလွဲနေသော သိုးများကိုသင်တွေ့ရှိရပါက သိုးခြံထဲသို့ပြန်လည်၍ခေါ်ဆောင်လာရမည်။ မွန်မြတ်သော ကျွန်ုပ်တို့ဘုရားသခင်၏ဝိညာဉ်သည် ကျွန်ုပ်တို့အပေါ်သို့ သိုးခြံထဲ၌လုံခြုံစွာရှိနေသည့်တိုင်အောင် သင်ပို့ဆောင်ရမည်။ ကောင်းကင်၌ သက်ရောက်ခြင်းရှိပါစေ၊ ဤအရာသည် ကျွန်ုပ်တို့လိုချင်သောအရာဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား “ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့” ဟုပြောခဲ့ပါသည်။ ဣသရေလလူမျိုးထဲ၌ပျောက် သောသိုးတို့ထံသို့ထွက်သွားကြပါ။EvBur 371.2

    ခရစ်တော်ကို ကိုင်ဆွဲ ထားပြီးလူကိုဆွဲယူပါ - အမှုဆောင်များတို့သည် မိမိ တို့၏လက်တစ်ဖက်ဖြင့် ခရစ်တော်၏လက်ကိုဆွဲကိုင်ထားပြီး အခြားလက် တစ်ဖက်ဖြင့် အပြစ်သားများတို့ကို ကယ်တင်ရှင်ထံသို့သူတို့ကိုဆွဲယူရမည်။ Review and Herald, Sept. 10, 1903. [Ev 293.1EvBur 371.3

    ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းအားဖြင့်ဆွဲယူပါ။ ဝိညာဉ်များတို့ကို ဝံဂေလိတရားတော်စားသောက်ပွဲကြီးသို့ခေါ်ဆောင်ပါ။ Letter 112, 1902. [Ev 293.2]EvBur 371.4

    သူတို့ ထံတစ်ဖန်ရောက်ရှိလိမ့်မည်မဟုတ်ပါ - အရေးကြီးသောကျွန်ုပ်တို့၏ တာဝန်သည် စခန်းအစည်းအဝေး၌ စိတ်ဝင်စားခြင်းရှိသောအချိန်နောက်ပိုင်း ၌ သူတို့ထံချဉ်းကပ်ရမည်မဟုတ်ဘဲ လက်ရှိစိတ်ဝင်စားချိန်၌ သွားရောက် တွေ့ဆုံရမည်ဖြစ်သည်။ အကြောင်းမှာ သူတို့အနေဖြင့်ခံစားချက်ရှိပြီး ယုံကြည် ခဲ့သော်လည်း ၎င်းယုံကြည်ချက်ထဲသို့လိုက်ပါလိုသောဆန္ဒမရှိပါက ယခင် စိတ်ဝင်စားချိန်ကထက် သူတို့ကိုအမှန်တရားလက်ခံစေရန် ပို၍ခက်ခဲလိမ့်မည် ဖြစ်ပြီး နောက်တစ်ဖန်သူတို့ကိုဆွဲခေါ်နိုင်လိမ့်မည်မဟုတ်ပါ။ Manuscript 19b, 1890. [Ev 293.3]EvBur 372.1

    ယခုဆုံးဖြတ်ချက်ရယူရန်ခက်ခဲခြင်း - ကျွန်ုပ်တို့၏အချိန်၌ မိမိတို့၏ ကိုယ်တွေ့ အသိတရားအားဖြင့် အင်အားနှင့်ပြည့်ဝပြီး သန့်ရှင်းစေနိုင်သော အမှန်တရား၏တန်ခိုးကို ယုံကြည်ရန်ဝန်ခံသောသူတို့အား ဆွဲယူနိုင်ရန်ခက်ခဲ သောအရာတစ်ခုဖြစ်သည်။ ဤအရာသည် လွန်ခဲ့သောနှစ်ပေါင်းများစွာမှ ကြုံတွေ့ခဲ့ရသောဗဟုသုတဖြစ်သည်။ သို့သော် ပုံစံသည် တန်ခိုး၏နေရာကို ယူပြီး ၎င်း၏ရှင်းလင်းလွယ်ကူခြင်းကို ကျင်းပသောပွဲများအထဲ၌ ပျောက်ကွယ် သွားစေခဲ့ပါသည်။ Manuscript 104, 1898. [Ev 293.4]EvBur 372.2

    ပုံပမာတစ်ခု- မှည့်သောအသီးများကိုစုသိမ်းခြင်း - စက်တင်ဘာ ၂၉၊ ၁၈၈၆ ခုနှစ်၌ ကျွန်ုပ်အိပ်မက်တစ်ခုရရှိခဲ့ပါသည်။ အိပ်မက်ထဲ၌အရည်ရွှမ်းသော အသီးများကိုရှာဖွေသူတစ်စုတို့နှင့်အတူ ကျွန်ုပ်လမ်းလျှောက်နေပါသည်။ အချိန် ကုန်သွားပြီး ဆောင်ရွက်စရာအနည်းငယ်ကိုသာပြီးမြှောက်ခဲ့သည်။ နောက်ဆုံး ၌ကျွန်ုပ်ပြောသည်မှာ၊ “ညီအစ်ကိုတို့၊ အမှုဆောင်ရွက်ရန်စေလွှတ်ခြင်း၌ ဤ အရာကိုမအောင်မြင်မှုဟုသင်ခေါ်ခြင်းကို သင်တို့၏အောင်မြင်မှုမရှိခြင်းအတွက် ကျွန်ုပ်မအံ့ဩပါ။ သင်တို့၏အောင်မြင်ခြင်း၊ သို့မဟုတ် ဆုံးရှုံးခြင်းသည် အလုပ်ကိုသင်တို့မည်ကဲ့သို့ဆောင်ရွက်ပုံအပေါ်မူတည်ပါသည်။ ဤနေရာ၌ အရည်ရွှမ်းသောအသီးများရှိသည်ကို ကျွန်ုပ်တွေ့ခဲ့ရပါသည်။ တချို့သော သူသည် နိမ့်သောချုံပုတ်၌ရှာကြသောကြောင့်မတွေ့ရပါ။ အခြားသူတို့သည် အသီးအနည်းငယ်ကိုသာ တွေ့ခဲ့ကြသည်။ သို့သော် မြင့်သောချုံပုတ်ကို သင်တို့ကျော်လွန်သွားကြသည်။ ထိုနေရာ၌ အသီးကိုရှာရန် သင်တို့ဆန္ဒမရှိ ကြသောကြောင့်ဖြစ်သည်။ ကျွန်ုပ်ရှာဖွေရရှိခဲ့သောအသီးသည် ကြီး၍မှည့်လျက် ရှိသည်။ မကြာမီအခြားအရေရွှမ်းသောအသီးများလည်းမှည့်လာပြီး ထိုချုံပုတ် များသို့ ကျွန်ုပ်တို့တစ်ဖန်သွားနိုင်ကြလိမ့်မည်။ ဤနည်းလမ်းသည် အသီး သိမ်းဆည်းရန် ကျွန်ုပ်သင်ယူရသောနည်းလမ်းဖြစ်သည်။ အကယ်၍မြင်းလှည်း အနား၌သင်ရှာပါက၊ ကျွန်ုပ်ကဲ့သို့အသီးကို သင်တွေ့ရှိရလိမ့်မည်။ [Ev 293.5]EvBur 372.3

    “ဘုရားသခင်သည် အသီးသီးသောချုံပုတ်ကို ဤထူထပ်ရာအရပ်၌ ထားတော်မူပြီး ၎င်းတို့ကိုသင်ရှာယူရန် သူမျှော်လင့်လျက်နေပါသည်။ သို့သော် သင်သည် စားသောက်ခြင်းအားဖြင့် အလွန်အလုပ်များနေပြီး သင့်ကိုယ်ကို ပျော်ရွှင်မှုပေးနေပါသည်။ လယ်ပြင်သို့သွားပြီး အသီးကိုရှာဖွေလိုသောစိတ် သည် သင်၌မရှိပါ။” [Ev 294.1]EvBur 373.1

    “မှန်သောနည်းနှင့်အလုပ်လုပ်ခြင်းအားဖြင့် အသက်ငယ်သောအမှ ဆောင်များတို့ကို ဤစားသောက်ခြင်း၊ အပန်းဖြေခြင်းနှင့်ပတ်သက်သောအရာ များတို့သည် အဓိကအရေးကြီးသောအရာများမဟုတ်ကြောင်း သင်သင်ကြား ပို့ချနိုင်လိမ့်မည်။ မြင်းလှည်းအားထောက်ပံ့သည့်အရာများကို မြေပေါ်သို့ ယူဆောင်လာရန် ခက်ခဲသောအလုပ်ဖြစ်ခဲ့သည်။ သို့သော် သင်သည် အသီး ထက်ထောက်ပံ့သောအရာများတို့ကိုစဉ်းစားနေပြီး သင့်လုပ်ငန်းများ၏အကျိုး ကျေးဇူးကဲ့သို့ သင်၏အိမ်သို့ယူသွားသင့်သည်ဟု ထင်နေပါသည်။ သင်လုံ့လ ဝီရိယရှိရမည်။ သင်နှင့်အနီးဆုံးအရည်ရွှမ်းသောအသီးများကို ဦးစွာဆွတ်ခူး ယူရမည်။ နောက်မှပို၍ဝေးသောအရပ်၌ရှာဖွေရမည်။ ထိုနောက်ပြန်လာ၍ အနီးပတ်ဝန်းကျင်၌တစ်ဖန်လုပ်ဆောင်ရမည်။ သို့မှသာ အောင်မြင်မှုကိုသင် ရရှိလိမ့်မည်။” Gospel Workers, pp. 136-139. (1886), [Ev 294.2]EvBur 373.2

    ဝိညာဉ်များအတွက်ဘုရားသခင်နှင့်လုံးပန်းခြင်း - အကယ်၍ ကျွန်ုပ်တို့သည် ဂျွန်နော့(ခ်) ကဲ့သို့ စကော့တလန်အတွက် ဘုရားရှေ့၌တောင်းပန်မှုပြုပါက၊ ကျွန်ုပ်တို့အောင်မြင်ခြင်းရလိမ့်မည်။ သူတောင်းလျှောက်ခဲ့သည်မှာ “ကိုယ်တော်၊ ကျွန်ုပ်အားစကော့တလန်ကိုပေးပါ၊ သို့မဟုတ် ကျွန်ုပ်အားသေခွင့်ပြုပါ” ဟု ဖြစ်ပါသည်။ လုပ်ငန်းကိုဆုပ်ကိုင်၍ ဘုရားသခင်နှင့်လုံးပန်းမှုပြုပြီး “ကျွန်ုပ် ဝိညာဉ်များရရှိရမည်။ ကျွန်ုပ်၏ကြိုးစားမှုကို မည်သည့်အခါမျှလက်မလျှော့ ပါ” ဟုစိတ်သန္နိဌာန်ချထားပါက ဘုရားသခင်သည် ကျွန်ုပ်တို့၏ကြိုးစားမှု ကို ဖြစ်မြောက်အောင်မြင်ခြင်းပေးကြောင်းကို ကျွန်ုပ်တို့တွေ့ မြင်ရလိမ့်မည်။ Manuscript 14. 1887.EvBur 374.1

    အကျိုးများအတွက်တွန်းအားမပေးပါနှင့် - စိတ်ဝင်စားမှုကုန်ဆုံးခါနီးအချိန် ၌ မြန်မြန်ဆန်ဆန်အသီးမှည့်ခြင်းကို တွန်းအားမပေးရန်နှင့် အကယ်၍ဖြစ်နိုင် ခဲ့သော် လူတို့၏ယုံကြည်စိတ်ချမှုကိုထိန်းထားပြီး ဝိညာဉ်များတို့သည် ဆုံးဖြတ် ချက်ချရန် ချိုင့်ဝှမ်းအထဲ၌ရှိနေစဉ် မှန်သောလမ်း၊ မှန်သောခရီးနှင့်မှန်သော အသက်ကို တွေ့ရှိနိုင်စေရန်အတွက်ဖြစ်သည်။ Letter 7, 1885. [Ev 295.1]EvBur 374.2