ဆွဲဆောင်မှုကောင်းသောကြေညာချက်ပြုနိုင်သည့်ဧဝံဂေလိဓမ္မဆရာ
ပုံမကျသောကြွားဝါခြင်း - ကျွန်ုပ်တို့၏ကောင်းမှုအပေါ်ကြွားဝါခြင်း အားလုံးတို့သည် အဓိပ္ပါယ်မရှိပါ။ လျှို့ဝှက်သောအောင်မြင်ခြင်းကို ကျွန်ုပ် တို့၏သင်ကြားသောအရာ၊ ကျွန်ုပ်တို့၏ရာထူး၊ ကျွန်ုပ်တို့၏အဆင့်အတန်း နှင့်စွမ်းရည်သတ္တိအားဖြင့်ရရှိခြင်းနှင့် လူတို့၏အလိုဆန္ဒအားဖြင့်ရရှိခြင်းမဟုတ် ပါ။ Christ’s Object Lessons, pp. 401, 404.EvBur 149.2
လောက၏ပုံစံနှင့် မတူသောဆောင်ရွက်မှု - လောကပုံစံကို ကျွန်ုပ်တို့၏ လုပ်ဆောင်မှုအဖြစ်မခံယူရပါ။ ကမ္ဘာသို့မြင့်မြတ်သောပုံသက်သေကိုပေးရမည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မြင့်မြတ်ပြီး၊ အထက်သို့ပို့ဆောင်သောစာရိတ္တ ဖြစ်သည်။ ထိုကြောင့် ကြီးမြတ်သောအလုပ်ကို သူတစ်ပါးအတွက်မှားယွင်း သောအရာနှင့် ကျဉ်းမြောင်းသောအကြံအစည်များတို့ကို ဖယ်ရှားသင့်ကြသည်။ သောထင်မြင်ချက်များမဖြစ်စေရန် မကောင်းသောအရာအားလုံး၊ ကိုယ်စီမြတ်နိုး Letter 14, 1887. [Ev 132.1]EvBur 149.3
မှားယွင်းသောသတင်းအားဖြင့်မျက်နှာသာရ - ကျွန်ုပ်တို့သည် မိမိတို့ဝန်ခံ သောယုံကြည်ခြင်း၏မျက်နှာသာကိုရရှိရေးအတွက် မှားယွင်းသောသတင်းကို မပြောရပါ။ မှားယွင်းသောသတင်းနှင့်ဟန်ဆောင်ခြင်းများကို ဘုရားသခင် ဂရုမပြုပါ။ ပြောဆိုသည့်အတိုင်းမလုပ်သောသူကို ဘုရားသခင်သည်းခံမည် မဟုတ်ပါ။ အကောင်းဆုံးနှင့်အမြင့်မြတ်ဆုံးသောအလုပ်ကို တရားမျှတခြင်း နှင့်ရိုးသားဖြောင့်မတ်ခြင်းအားဖြင့် ဆောင်ရွက်မှသာလျှင် ပြီးမြောက်စေနိုင် မည်ဖြစ်သည်။ Letter 232, 1899. [Ev 132.2]EvBur 149.4
ပါမောက္ခကိုခရစ်တော်မခေါ်ပါ - မြင့်ရာအရပ်သို့ရောက်ရှိရန်ကြိုးစားခြင်း သည် ဘုရားသခင်၏ရှေ့မှောက်၌ ကြီးမြတ်ခြင်းမဟုတ်ပါ။ ကောင်းမြတ် သောနှိမ့်ချခြင်းအသက်တာ၊ နူးညံ့သိမ်မွေ့ခြင်း၊ သစ္စာရှိခြင်းနှင့်ဖြူစင်သန့်ရှင်း ခြင်းတို့သာလျှင် သင်တို့အားကောင်းကင်တမန်များတို့၏အထူးသောအဆင့် ၌တာဝန်ယူရန် ပြုလုပ်ပေးပါလိမ့်မည်။ စံပြပုဂ္ဂိုလ်၊ ဘုရားနှင့်ပြိုင်သောအမှု ကို လုယူခြင်းအမှုဟုမထင်မမှတ်သောသူသည် မိမိကိုယ်ကို ကျွန်ုပ်တို့၏ ပုံသဏ္ဌာန်ကဲ့သို့ဆောင်ပြီး မထင်ပေါ်သောဂါလိလဲပြည် မြို့ကလေးတစ်မြို့ ရှိ တောင်ကုန်းကလေးအကြား၌ပုန်းအောင်း၍ အနှစ် (၃၀) နီးပါးနေထိုင်ခဲ့ပါ သည်။ ကောင်းကင်တမန်အဖွဲ့အစည်းအားလုံးကိုအုပ်ချုပ်ရသော်လည်း မိမိ ကိုယ်ကိုအထင်ကြီးခြင်းမရှိပါ။ မိမိအမည်နာမကို ပါမောက္ခတစ်ဦးဟူ၍ မိမိ စိတ်ချမ်းသာရန်တင်စားခြင်းမပြုခဲ့ပါ။ သူသည် အခကြေးငွေဖြင့်အလုပ်လုပ် သော လက်သမား၊ အစေခံတစ်ဦးအဖြစ် သူတစ်ပါး၏အလုပ်ကိုလုပ်ဆောင် ပေးသူဖြစ်သည်။ Letter 1, 1880. [Ev 132.3]EvBur 150.1
သူတို့၏အချည်းနှီးအရာကိုခရစ်တော်ဆုံးမသည် - ခရစ်တော်သည် အချည်းနှီး သက်သက်ကိုဖော်ပြသည့် ဆရာကြီး၊ သို့မဟုတ် သခင်၏အမည်နာမကို သူတို့တပ်မက်ခြင်းအတွက် ဆုံးမခဲ့သည်။ ထိုနာမမျိုးသည် လူတို့နှင့်မသက်ဆိုင်၊ ခရစ်တော်နှင့်သာသက်ဆိုင်ကြောင်း သူကြေညာခဲ့သည်။ ယဇ်ပုရောဟိတ်များ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့်ဥပဒေအရာရှိများအားလုံးတို့သည် ညီအစ်ကိုများဖြစ် ကြပြီး ဖခင်တစ်ဦးတည်း၏သားသမီးများဖြစ်ကြသည်။ ယေရှုသည် မည်သူ့ ကိုမျှသူတို့၏သြတ္တပ္ပစိတ်အသိတရားနှင့်ယုံကြည်ခြင်းကိုထိန်းချုပ်ရန် အထူး အမည်နာမကိုပေး၍ ဂုဏ်ပြုခြင်းမပြုရန် ကြိုးစားသွန်သင်ခဲ့ပါသည်။ [Ev 132.4]EvBur 150.2
အကယ်၍ခရစ်တော်သည် ယနေ့ဤကမ္ဘာပေါ်၌ရှိနေပြီး “သန့်ရှင်းသူ ဟုအမည်နာမဖြင့်အခေါ်ခံခြင်းခံရသူများ ဝန်းရံလျက်ရှိပါက “မည်သူ့ကိုမျှ သခင်ဟုမခေါ်နှင့်၊ သင်တို့၏သခင်တစ်ပါးတည်းသာရှိသည်” ဟု ပြောလိမ့် မည်မဟုတ်ပါလား။ ဘုရားသခင်နှင့်ပတ်သက်၍ နှုတ်ကပတ်တော်ပြောသည် မှာ “သူ၏နာမတော်သည် သန့်ရှင်း၍ရိုသေဖွယ်ဖြစ်သည်” ဆာလံ ၁၁၁း၉။ မည်သို့သောလူသားသည် ဤနာမနှင့်ထိုက်တန်မည်နည်း။ The Desire of Ages, p. 613. (1898) [Ev 133.1]EvBur 151.1
“သန့်ရှင်းသူ”ဟုအမည်နာမပေးခြင်းသည်မမှန်ပါ - စစ်မှန်သောပညာနှင့် ပတ်သက်သည့်အရာများတို့၏အဆင့်အတန်းကို နှိမ့်ကျစေရန်မပြုလုပ်ရပါ။ ယခုရှိနေသောအဆင့်ထက် ပို၍များစွာမြှင့်တင်ရမည်။ ကျွန်ုပ်တို့ချီးမြှင့်၍ ဝတ်ပြုရမည့်အရာမှာ လူပုဂ္ဂိုလ်များမဟုတ်ပါ။ စစ်မှန်၍အသက်ရှင်ပြီး ကျွန်ုပ် တို့ရိုသေလေးစားဝတ်ပြုကိုးကွယ်ထိုက်သော ဘုရားတစ်ဆူတည်းသာလျှင်ဖြစ် သည်။ [Ev 133.2]EvBur 151.2
သမ္မာကျမ်းစာ၏သွန်သင်ချက်အရ၊ ဓမ္မဆရာများကို “သန့်ရှင်းသော များဟု ဘွဲ့ နာမတပ်၍ခေါ်ဆိုခြင်းသည် ဘုရားသခင်ကိုမလေးစားခြင်း ဖြစ်သည်။ ဤနာမကို မည်သည့်မတည်မြဲသောလူပုဂ္ဂိုလ်များမှ ခံယူခွင့်မရှိ ပါ။ ဘုရားသခင်နှင့်သာသက်ဆိုင်ပြီး ဘုရားသခင်နှင့်အခြားအရာများတို့ကို ခွဲခြားရန်ဖြစ်သည်။ မိမိကိုယ်ကိုဤဘွဲ့နာမအားဖြင့် ခေါ်ဆိုလိုခြင်းသည် ဘုရား နေရာကိုယူလိုခြင်းဖြစ်သည်။ လူတစ်ဦးသည် ရာထူးရာခံမည်ရွေ့မည်မျှပင်ရှိ စေကာမူ ဤဘွဲ့နာမကိုရယူပိုင်ခွင့်မရှိပါ။ “ဘုရားရှင်၏နာမသည် သန့်ရှင်း ၍ရိုသေဖွယ်ရာဖြစ်သည်။” ကျွန်ုပ်တို့နှင့်မပတ်သက်သောဤဘွဲ့ နာမကို ကျွန်ုပ် တို့ခံယူခြင်းသည် ဘုရားသခင်ကိုမရိုမသေပြုခြင်းဖြစ်သည်။ Youth’s Instructor, July 7, 1898. [Ev 133.3].EvBur 151.3
သိမ်ဖျင်းသောသူတို့ သည်ကြီးမားသောကိစ္စများကို တာဝန်ယူခြင်း - ဧဝံဂေလိ ဓမ္မဆရာများတို့သည် အမှန်တရားကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအား ဖြင့် ရိုးစင်းစွာတင်ဆက်ကာ လူတို့အားဘုရားသခင်၏စုံလင်သောသူ၊ ကောင်း သောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း သြဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။ “နှုတ်ကပတ်တော်အမှန်တရားကို မှန်ကန်စွာခွဲခြားတတ်ခြင်း” သည် ဓမ္မဆရာများ၌ရှိရမည်ဖြစ်ပြီး၊ ၎င်းအတိုင်း ပြောဆိုတတ်ရမည်။ [Ev 133.4]EvBur 152.1
သို့သော် များစွာသောဓမ္မဆရာတို့သည် ခရစ်တော်၏ စီမံကိန်းများ နှင့် များစွာကွာခြားလျက်ရှိသည်။ လူပုဂ္ဂိုလ်ကိုသာချီးမွမ်းလိုစိတ်ရှိကြပြီး၊ ချီးမွမ်းခံလိုသေစိတ်ကြောင့် အမှန်တရားထက်အံ့ဩဖွယ်ရာများတို့ကို ပြောဆို တင်ဆက်ကြပါသည်။ ဘုရားရှင်နှင့်အတူနှိမ့်ချခြင်းနှင့် ဆုတောင်းခြင်း ဖြင့်လက်တွဲအသက်ရှင်ရန် သူတို့ကိုပြောဆိုရမည့်အကြောင်း ဘုရားသခင်သည် ကျွန်ုပ်အားပြောပါသည်။ ကြီးမားသောကိစ္စများကို ဦးဆောင်လုပ်ကိုင်ရန် နှိမ့်ချ၍သေးငယ်သောပုဂ္ဂိုလ်များဖြစ်လိုသော စိတ်ဆန္ဒရှိကြပါစို့။ Manuscript 62, 1905. [Ev 134.1]EvBur 152.2
ထူးချွန်သောသူများပါ - ကျွန်ုပ်တို့အထဲ၌ ကြီးမြတ်သောသူမရှိပါ။ ထူးချွန်သောသူများ၊ ဘာမျှမဟုတ်သူများဖြစ်လျက်နှင့် မည်သူမည်ဝါဖြစ်လို သောစိတ်သည် မလိုအပ်သောစိတ်ထားဖြစ်ပါသည်။ မူးဒီ (Moody) သို့မဟုတ် စန်းခီ (Sankey) ကဲ့သို့လူတစ်ဦးကိုဖြစ်စေရန် ပညာအားဖြင့်မဟုတ်ပါ။ ကြီးမားသောစွမ်းရည်အားဖြင့် ကြိုးစားရယူခြင်းကြောင့်လည်းမဟုတ်ပါ။ Review and Herald, Dec. 8, 1885. [Ev 134.2] Dec. 8, 1885. [Ev 134.2]EvBur 152.3
သတင်းစကားသာ၊ လူမဟုတ် - ခရစ်တော်အရာကိုသင်ယူသောဓမ္မဆရာ သည် ဘုရားသခင်၏စေတမန်တစ်ဦးဖြစ်ကြောင်း မိမိ၏စိတ်ထဲ၌ခံယူပြီး၊ ယခုနှင့်ထာဝရကာလအတွက် အမှုထမ်းဆောင်ရန် ဘုရားသခင်စေခိုင်းသော သူဖြစ်သည်ကို သူသိရှိမည်ဖြစ်သည်။ မိမိထံသို့ မိမိ၏ပညာနှင့်စွမ်းရည်အား ဖြင့် လူတို့အားဆွဲဆောင်ခြင်းပြုရန်အကြောင်း လုံးဝမရှိသင့်ပါ။ သို့သော် သူ၏ရည်ရွယ်ချက်တစ်ခုလုံးသည် အပြစ်သားများတို့ကို နောင်တတရားရရှိ ရန် ကမ္ဘာ၏အပြစ်များကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ထံသို့ တရားဥပဒေနှင့်ပုံသက်သေအားဖြင့်ကြည့်ရန် သူတို့အားညွှန်ပြသင့်ပါသည်။ အတ္တစိတ်သည် ယေရှု၌ပျောက်ကွယ်သင့်ပါသည်။ ထိုပုဂ္ဂိုလ်များတို့သည် ဘုရားသခင်ကိုယ်စားပြောသောသူများ၊ တန်ခိုးနှင့်အာဏာကို ဘုရားရှင်ထံမှ ရရှိပြီး ပြောဆိုသောသူများဖြစ်သည်။ သူတို့၏လေးနက်သောအပြောအဆို သည် အပြစ်သားများတို့ကို မိမိတို့ပျောက်ဆုံးနေသောအခြေအနေကိုတွေ့မြင် ခရစ်တော်၌တိုးဝင်ချဉ်းကပ်စေရန် ဆွဲဆောင်ပေလိမ့်မည်။ Review and Herald, Aug. 8, 1878.EvBur 152.4
ယောဟန်သည်အသံတစ်ခုသာဖြစ် - ယုံကြည်ခြင်းနှင့်ကယ်တင်ရှင်ကိုကြည့် ခြင်းအားဖြင့် ယောဟန်သည် မိမိကိုယ်ကိုငြင်းပယ်ခြင်းမြင့်ရာအရပ်သို့ရောက် ရှိခဲ့ပါသည်။ သူသည် လူများတို့အား သူတို့၏စဉ်းစားဆင်ခြင်ခြင်းများကို မြင့်ရာအရပ်သို့တစ်ဆင့်ပြီးတစ်ဆင့် ဘုရားသခင်၏သိုးသငယ်၌ခိုနားနိုင်သည့်အထိ ပို့ဆောင်ပေးခဲ့ပါသည်။ သူကိုယ်တိုင်သည် အသံ၊ တောထဲ၌ကြွေးကြော်သောအသံပင်ဖြစ်သည်။ Gospel Workers, p. 56. (1915) [Ev 134.4]EvBur 153.1
ယောဟန်နှင့်တူသောသူများကို ယနေ့ ဘုရားသခင်ရွေးချယ်သည် - လူတို့ရှေ့တွင် မြင့်ရာအရပ်၌နေရာယူရန် ကောင်းကင်သည် နှစ်ခြင်းဆရာယောဟန်နှင့်တူ သောအမှုဆောင်ကို ဘုရားရှင်ရှေ့၌နိမ့်ရာအရပ်ကိုနေရာယူစေပါသည်။ ကလေး နှင့်အတူဆုံးတပည့်တော်သည် ဘုရားရှင်အတွက် အထိရောက်ဆုံးလုပ်ဆောင် နိုင်ပါသည်။ အသိတရားနှင့်ပြည့်ဝသောကောင်းကင်သားများတို့သည် မိမိ ကိုယ်ကိုချီးမြှောက်ခြင်းမပြု၊ ဝိညာဉ်များကိုသာကယ်တင်လိုသောသူနှင့်အတူ အလုပ်လုပ်ကိုင်နိုင်ပါသည်။ The Desire of Ages, p. 436. (1898) [Ev 135.1]EvBur 153.2
မိမိကိုယ်ကိုချီးမြှင့် ခြင်းအားဖြင့်အမှုတော်ကိုထိခိုက်စေသည် - အတ္တစိတ်ထဲ ၌ ဘာသာရေးဝင်ရောက်နေရာယူ၍မရပါ။ ခရစ်တော်၏အမှုတော်ထဲ၌ မိမိ တို့၏ကိုယ်ကိုချီးမြှောက်ရန်ရည်ရွယ်သောသူများတို့သည် သူတို့အထဲ၌ကျေးဇူး တော်မရှိသည့်အတွက် အမှုတော်ကိုထိရောက်စွာဆောင်ရွက်၍မရပါ။ ကြွားဝါ ခြင်းနှင့်ကိုယ့်ကိုကိုယ်သာအမွှမ်းတင်လိုသောစိတ်ရှိနေသည့်နေရာတိုင်းတွင် အမှု တော်ကိုထိခိုက်စေသည်။ Christ’s Object Lessons, p. 402. (1900) [Ev 135.2]28049EvBur 154.1
လူတစ်ဦး၏စစ်မှန်သောတန်ဖိုး - ခရစ်ယာန်၏တန်ဖိုးသည် စွမ်းရည် ထက်မြက်ခြင်းအပေါ်၊ မြင့်မြတ်သည့်မျိုးရိုးအပေါ်၊ အံ့သြဖွယ်တန်ခိုးအပေါ် မူတည်ခြင်းမရှိပါ။ ခရစ်တော်ကိုကြည့်ခြင်းအားဖြင့် နှိမ့်ချ၍ဖြူစင်သန့်ရှင်း သောနှလုံးသားသာလျှင် ဘုရားရှင်၏ကြာရှည်စွာပျောက်ကွယ်နေသည့်ရုပ် သဏ္ဌာန်ကို ပြန်လည်၍ရောင်ပြန်ဟပ်နိုင်ပါသည်။ Letter 16,1902. [Ev 135.3]EvBur 154.2
ယေရှုတစ်ဦးတည်းသာ - လူ၏အစွမ်းအစကိုဖော်ပြခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုချီးမြှောက်ခြင်းပြုရန်ငြင်းဆန်သော ဘုရားရှင်၏အမှုတော်ဆောင် များတို့သည် မာရ်နတ်၏ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မည်ဖြစ်ပြီး အမှုတော်ကိုပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်ကြပါလိမ့်မည်။ လူသားများ တို့၏ဆောင်ရွက်ခြင်းအားဖြင့်မဟုတ်၊ ခရစ်တော်အားဖြင့်သာ လူအများတို့ကို ပြောင်းလဲစေနိုင်လိမ့်မည်။ အတ္တသဘောသည် နောက်ကွယ်မှာသာရှိပြီး ကရာနိ မှပုဂ္ဂိုလ်ယေရှုသည် ရှေ့တန်း၌နေရာယူမည်ဖြစ်သည်။ The Acts of the Apostles, p. 278.EvBur 154.3