သမ္မာကျမ်းစာလုပ်ငန်း၏ကျွမ်းကျင်မှုများ
လွယ်ကူ၍ဝိညာဉ်ပါသောကျမ်းစာဖတ်ရှုခြင်း - ကျွန်ုပ်တို့သည် ခရစ်တော် နှင့်ပေါင်းစည်းကြရမည်။ လမ်းမကြီးများနှင့်လမ်းကြိုလမ်းကြားများသို့သွားပြီး ဧဝံဂေလိစေခိုင်းချက်ကိုနာခံရမည်။ တတ်နိုင်သရွေ့ နေရာများစွာသို့အလည် အပတ်ပြုပါ။ စိတ်နှလုံးသားများအပေါ် မှန်သောသြဇာသက်ရောက်စေနိုင်မည့် လွယ်ကူ၍ဝိညာဉ်ပါသောကျမ်းစာဖတ်ရှုလေ့လာခြင်းကို ကျင်းပပေးပါ။ Manuscript 53, 1910. [Ev 481.1]EvBur 628.1
လေ့လာရန်လူတို့ ကိုအစပြုလှုံ့ ဆော်သောသတင်းစကားတစ်ခု - ဤအချိန်အတွက် ခိုင်မာသောသတင်းစကားကို ကြားနာရသူများတို့၏စိတ်ကိုလှုပ်ရှားစေရန် ပြတ်သားတိကျစွာဟောပြောရမည်ဖြစ်ပြီး နှုတ်ကပတ်တော်ကိုလေ့လာလိုသော ဆန္ဒသို့ သူတို့ကိုပို့ဆောင်ရလိမ့်မည်။ Testimonies, vol, 9, p. 109. (1909) [Ev 481.2]EvBur 628.2
သင်ယူသူစိတ်ဓာတ်ဖြင့် ကျမ်းစာကိုချဉ်းကပ်ရန်သင်ကြားပါ - သမ္မာကျမ်းစာ သင့်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏စာမျက်နှာများတို့ကိုရှာဖွေရ ကျောင်းသားကို သင်ယူသူတစ်ဦး၏စိတ်ဓာတ်ဖြင့်ချဉ်းကပ်ရန် သင်ကြားပေး မည်။ ကျွန်ုပ်တို့၏ထင်မြင်ချက်များကို သက်သေထူရန်အတွက်မဟုတ်ဘဲ ဘုရားသခင်ပြောဆိုသောစကားများကို သိရှိရန်အတွက်ဖြစ်စေရမည်။ Edu- cation, p. 189. (1913) [Ev 481.3]EvBur 628.3
ကျမ်းစာလေ့လာမှုတိုင်း၌ပြတ်သားသောစီမံကိန်းတစ်ခုရှိရမည် - ဆရာတိုင်း မိမိ၏အလုပ်သည် တိကျသောအကျိုးများသက်ရောက်မှုရှိစေရန် သတိပြု ကြည့်ရှုသင့်သည်။ အကြောင်းအရာတစ်ခုကို ကြိုးစား၍သင်ကြားခြင်းမပြုမီ စိတ်ထဲ၌ပြတ်သားသောစီမံကိန်းရှိသင့်ပြီး သူ၏ဆန္ဒရှိသည့်အတိုင်း ပြီးမြောက် အောင်မြင်သည်အထိ ဆောင်ရွက်နိုင်ခြင်းရှိမရှိသူသိသင့်သည်။ သူသင်ကြား သောအရာတစ်ခု၌ ပါဝင်သောစည်းမျဉ်းကို ကျောင်းသားသည်နားလည်ပြီး အမှန်တရားကိုတွေ့မြင်ကာ မိမိသင်ကြားခဲ့သောအရာကို ပြန်လည်၍ရှင်းလင်း စွာပြောပြနိုင်သောအခြေအနေသို့မရောက်မချင်း သူပို့ချသောအကြောင်းအရာ အပေါ်ကျေနပ်မှုမရှိသင့်ပါ။ Education, pp. 233, 234. (1903) [Ev 481.4]EvBur 629.1
စကားလုံးများတို့၌လွယ်ကူခြင်း - သင်သည် ပညတ်တတ်တစ်ဦးဖြစ် ကြောင်း သူတစ်ပါးအားခံစားစေရန် မည်သည့်အခါမျှနှုတ်ကပတ်တော်ကို ရှာဖွေခြင်းမပြုပါနှင့်။ သင်၏ရိုးသားမှုပို၍များလေ၊ သင့်စကားများကိုသူတစ်ပါး ပို၍နားလည်လေဖြစ်ပါလိမ့်မည်။ Testimonies, vol. 6, p. 383. (1900) [Ev 482.1]EvBur 629.2
ငြင်းခုံခြင်းထက်ရိုးစင်းသောရှင်းပြခြင်းသည်သာ၍ကောင်းသည် - သူ့နေရာနှင့်သူ အငြင်းပွားခြင်းသည် ကောင်းသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော် ကို ရိုးစင်းစွာဖြင့်ရှင်းလင်းပြသခြင်းသည် သာ၍အောင်မြင်ခြင်းပေးမည်ဖြစ် ပါသည်။ ပညာအမဲ့ဆုံးသူတို့ပင် နားလည်နိုင်ရန်အတွက် ယေရှုသည် ရှည်လျား၍ခက်ခဲသောစကားများကို သူ၏ဟောပြောခြင်း၌အသုံးမပြုခြင်းသည် ကျွန်ုပ်တို့အတွက် ရှင်းလင်းသောခရစ်တော်ပြသခဲ့သည့်ပုံပမာဖြစ်သည်။ လွယ်ကူသောစကားကိုသူအသုံးပြုပြီး လူရိုးရိုးတို့၏စိတ်ထဲ၌စွဲမှတ်စေရန် ဆီလျော်သောစကားကို သူပြောဆိုသည်။ အကြောင်းအရာတစ်ခုကို လူတို့ ခံယူလိုက်လျှောက်နိုင်သည်ထက် သူသည် ပို၍ဟောပြောခြင်းမပြုပါ။ Gospel Workers, p. 169. (1915) [Ev 482.2]EvBur 629.3
ငြင်းခုံခြင်းအနည်းငယ်ဖြင့်လုံလောက်ပေမည် - ဆန့်ကျင်သူများကို သဘော ပေါက်စေရန်၊ သို့မဟုတ် ဆိတ်ငြိမ်သွားစေရန် အနည်းငယ်ပြောဆိုခြင်းအား ဖြင့် လုံလောက်မည်ဖြစ်သော်လည်း ထိုသို့မပြုဘဲ အသေးစိတ်ရှိသမျှကို အချိန်ယူပြီး ကြာရှည်စွာရှင်းလင်းပြောဆိုခြင်းမှာ အကောင်းဆုံးသောနည်းလမ်း မဟုတ်ပါ။ Gospel Workers, p. 376. (1915) [Ev 482.3]EvBur 630.1
လွယ်ကူသောပုံစံဖြင့်အမှန်တရားကို တင်ဆက်ပါ - ဤခေတ်ကာလအချိန်၌ နှစ်သက်ဖွယ်ဒဏ္ဍာရီပုံတိုပတ်စများအားဖြင့် လူတို့၏စိတ်ကိုအပေါ်ယံ၌သာ ဆွဲဆောင်လျက်ရှိသောအခါ အမှန်တရားကိုလွယ်ကူသောပုံစံနှင့်ခိုင်မာသော အထောက်အထားအနည်းငယ်အားဖြင့်ပြောဆိုခြင်းသည် အံ့သြဖွယ်ကောင်း သောအထောက်အထားများတို့ကို ရှာဖွေပြောဆိုခြင်းထက်သာ၍အကျိုးရှိပါ သည်။ အကြောင်းမှာ ခေတ္တစိတ်ဝင်စားဖွယ်ရာများတို့ထက် ခိုင်မာသော အထောက်အထားအနည်းငယ်သည် စိတ်ထဲ၌ပို၍စွဲမြဲစေနိုင်သောကြောင့်ဖြစ် သည်။ အများသောသူတို့၏လိုလားခြင်းသည် ရှည်လျားသောငြင်းခုံခြင်းများ ထက် ပို၍သာလွန်နေသည်။ သူတို့သည် များစွာသောအရာအပေါ်အခွင့်အရေး ယူကြသည်။ ထိုစိတ်သဘောထားမျိုးထဲ၌သက်သေပြခြင်းသည် ပြဿနာကို ဖြေရှင်း၍မရပါ။ Testimonies, vol. 3, p. 36. (1872) [Ev 482.4]EvBur 630.2
တစ်နည်းအပေါ်တစ်နည်း - အမှန်တရားကိုယေရှု၌ရှိသကဲ့သို့ ပညတ် တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ သည်မှာအနည်းငယ်၊ ဟိုမှာ အနည်းငယ်ဟောပြောပါ။ Testimonies, Vol. 9, p. 240. (1909) [Ev 483.1]EvBur 630.3
ခရစ်ယာန်ကြင်နာခြင်း၏တန်ခိုး - ကြင်နာသောစကားများရိုးရိုးပြောဆို ခြင်း၊ အာရုံအနည်းငယ်ရိုးရိုးဆွဲယူခြင်းသည် ဝိညာဉ်အပေါ်ကိန်းအောင်နေ သည့်စုံစမ်းခြင်းနှင့် သံသယရှိခြင်းမိုးတိမ်များတို့ကို ကင်းစင်စေပါလိမ့်မည်။ ခရစ်တော်နှင့်တူသော ကြင်နာမူ၏နှလုံးသားဖော်ပြချက်ကို ရိုးသားစွာထင်ရှား စေခြင်းသည် စိတ်နှလုံးတံခါးကိုဖွင့်နိုင်သော သာမန်လူတန်းစား၌လိုအပ်သည့် တန်ခိုးရှိသည်။. Testimonies, vol. 9, p. 30. (1909) [Ev 483.2]EvBur 630.4
သူတို့ ၏စိတ်နှလုံးထဲသို့ သင်၏လမ်းကိုရှာယူပါ - လူတို့ထံသို့ချဉ်းကပ်နိုင် သည့် မည်သည့်နည်းနှင့်မဆို သင်၏အခွင့်အရေးကိုတိုးတက်စေပါ။ သင်၏ သမ္မာကျမ်းစာကိုကိုင်ဆောင်ပြီး ၎င်း၏ကြီးမားသောအမှန်တရားများကို သူတို့ ရှေ့၌ဖွင့်ပြပါ။ သင်၏အောင်မြင်ခြင်းသည် သင်၏အသိပညာအပေါ်နှင့် ဆောင်ရွက်နိုင်သည့်အပေါ် သင့်စွမ်းရည်ဖြင့်နှလုံးသားကို သင်ချဉ်းကပ်၍မရ သကဲ့သို့များစွာအမှီပြုခြင်းမရှိပါ။ ပေါင်းသင်းဆက်ဆံခြင်းနှင့်လူတို့ထံနီးကပ် စွာသွားလာနေထိုင်ခြင်းဖြင့် သူတို့၏အတွေးအခေါ်ရေစီးကြောင်းကို အကောင်း ဆုံးဟောပြောနိုင်ခြင်းထက် ပြောင်းလဲပေးနိုင်ပါသည်။ Gospel Workers, P. 193. (1915) [Ev 483.3]EvBur 631.1
သင်ကြားခြင်းနှင့် ကျင့်သုံးခြင်းစည်းမျဉ်းများ - ဤအရာများကိုငြီးငွေ့ဖွယ် စာတွေ့ကဲ့သို့ သင်ကြားခြင်းမပြုရပါ။ အမှန်တရားဝေငှသူများတို့သည် မိမိ ဝေငှသောအကြောင်းအရာ၏စည်းမျဉ်းများကို ကိုယ်တိုင်လက်တွေ့ လိုက်လျှောက် ကြရမည်။ ဘုရားသခင်၏စာရိတ္တကို ရိုးသားဖြောင့်မတ်ခြင်း၊ မြင့်မြတ်ခြင်း နှင့်တစ်ကိုယ်ကောင်းမဆန်ခြင်းများဖြင့် မိမိတို့၏ကိုယ်တိုင်အသက်တာ၌ ရောင်ပြန်ဟပ်ခြင်းအားဖြင့်သာလျှင် သူတစ်ပါးကိုသူတို့ဆွဲဆောင်နိုင်မည်ဖြစ် သည်။ Education, p. 41. (1903) [Ev 483.4]EvBur 631.2
ဝိညာဉ်အောင်မြင်ခြင်းအပေါ်ကပ်တိုင်၏သြဇာ - ကရာနိကပ်တိုင်သည် လူတို့ အထက်မြင့်ရာ၌ မြှောက်တင်ခြင်းအားဖြင့် လူတို့၏စိတ်ကိုဆွဲဆောင်ခြင်းနှင့် လူတို့၏အတွေးများကို အာရုံစိုက်ခြင်းသို့ပို့ဆောင်စေသောကြောင့် အမှုဆောင် များတို့သည် အလင်း၏ရောင်ခြည်များကို ကမ္ဘာသို့ပို့ဆောင်နိုင်ပြီး ကမ္ဘာ ကြီးကိုအသက်ရှင်သောကိုယ်စားလှယ်များကဲ့သို့ အသိတရားပေးဆောင်နိုင်ပါ လိမ့်မည်။ Mount of Blessing, p. 70. (1896) [Ev 483.5]EvBur 631.3
မေးခွန်းများကိုဖြေကြားပါ - သင်လုပ်ဆောင်နိုင်သောအကောင်းဆုံးအလုပ် သည် သင်ကြားခြင်းနှင့်ပညာပေးခြင်းဖြစ်သည်။ ဤကဲ့သို့ဆောင်ရွက်ရန် အခွင့်အရေးတစ်ခုကိုသင်တွေ့ရှိရတိုင်း မိသားစုတချို့တို့နှင့်အတူထိုင်ပြီး သူတို့ အားမေးခွန်းများကိုမေးစေပါ။ ထိုနောက် သည်းခံနှိမ့်ချသောစိတ်ဖြင့် သူတို့ အားအဖြေပေးပါ။ ဤအလုပ်ကို သင်၏သာသနာ့လုပ်ငန်းနှင့်ဆက်သွယ်သော လူထုတရားပွဲများ၌ ပို၍ဆက်လက်လုပ်ဆောင်ပါ။ ဟောပြောခြင်းကိုလျှော့ပြီး ကျမ်းစာသင်တန်းပေးခြင်းအားဖြင့်သော်လည်းကောင်း၊ မိသားစုများနှင့်အဖွဲ့ ငယ်များတို့နှင့်အတူဆုတောင်းခြင်းအားဖြင့်သော်လည်းကောင်း ပညာပေးခြင်း ကိုတိုး၍ဆောင်ရွက်ပါ။ Gospel Workers, p. 193. (1915) [Ev 484.1]EvBur 632.1
ကိုယ်စီ၊ သည်းခံခြင်း၊ သေချာသောကျမ်းစာအလုပ် - သူ၏ကူညီခြင်းကို လိုအပ်သောသူတို့နှင့် ရင်းနှီးစွာမနေသောကြောင့် အမှုဆောင်သည် အောင်မြင် မှုမရရှိခြင်းဖြစ်သည်။ လက်ထဲ၌သမ္မာကျမ်းစာကိုကိုင်လျက် “အမှန်တရားသည် အဘယ်အရာနည်း” ဟုစတင်မေးမြန်းစုံစမ်းလာသူတို့၏စိတ်ထဲ၌ရှိသော ဆန့်ကျင်သည့်အချက်များကို သိလိုသူတို့အား ရိုသေလေးစားဖွယ်အမူအရာ ဖြင့် သူသည်ရှာဖွေသင့်သည်။ သတိကြီးစွာနှင့်နူးညံ့သိမ်မွေ့ခြင်းဖြင့် ကျောင်း၌ ပညာဆည်းပူးသောကျောင်းသားများတို့ကို သင်ကြားပို့ချသကဲ့သို့ သူတို့ကို ပို့ဆောင်လျက်ပညာပေးရမည်။ အမှန်တရားဟုသူတို့ထင်သော အတွေးအခေါ် များတို့ကိုဖျောက်ဖျက်ပေးရမည်။ သူတို့သည် ကျမ်းစာအကြောင်းအရာများနှင့် ပတ်သက်၍ အမှားထဲ၌ရှိနေသည်ဟု သူတို့သဘောပေါက်နားလည်လာသကဲ့ သို့ သူတို့သည် ရှုပ်ထွေး၍သံသယထဲသို့ရောက်သွားပါသည်။ သိမ်မွေ့ဆုံး သောကြင်နာခြင်းနှင့် ပညာအမြော်အမြင်နှင့်ပြည့်စုံသောအမအစကို သူတို့ လိုအပ်သည်။ သူတို့သည် ကောင်းမွန်စွာသင်တန်းရယူသင့်ပြီး သူတို့အတွက် ဆုတောင်းပေးခြင်း၊ သူတို့နှင့်အတူဆုတောင်းခြင်းပြုသင့်သည်။ သူတို့ကို အကြင်နာဆုံးသောစိုးရိမ်ကြောင့်ကြမှုဖြင့် စောင့်ရှောက်ကာကွယ်သင့်သည်။ Gospel Workers, pp. 190, 191. (1915) [Ev 484.2] 1EvBur 632.2
မမှန်သည့်အစွဲရှိသောနေရာ - သူ၏မေတ္တာကိုဖော်ပြခြင်းအားဖြင့် သူ၏ ဟောပြောခြင်းကိုနားထောင်သောသူတို့စိတ်နှလုံးကို သူ့ထံသို့ခရစ်တော်ဆွဲယူ ပြီး တစ်ဆင့်ပြီးတစ်ဆင့်သူတို့ခံယူနိုင်မည်ဟုထင်ရသည့်အခါ၊ နိုင်ငံတော်၏ ကြီးမားသောအမှန်တရားများကို သူသည် သူတို့အားဖော်ပြပါသည်။ ကျွန်ုပ် တို့သည်လည်း ကျွန်ုပ်တို့၏လုပ်ငန်းကို လူတို့၏အခြေအနေနှင့်ဆီလျော် အောင်စီစဉ်ကာ လူတို့ရှိရာအရပ်သို့သွား၍ လူတို့နှင့်တွေ့ ဆုံရန်သင်ယူသင့် သည်။ ဘုရားသခင်၏ပညတ်တော်မှတောင်းဆိုသောအရာများကို ကမ္ဘာသို့ ဟောပြောသောအခါ တစ်ခုတည်းသောနှလုံးသားကိုပျော့ပျောင်းစေနိုင်သည့် တန်ခိုးနှင့် နာခံခြင်းသို့ပို့ဆောင်နိုင်သည့်မေတ္တာ၊ သခင်ခရစ်တော်၏မေတ္တာ ကို မည်သည့်အခါမျှမမေ့သင့်ပါ။ [Ev 484.3]...EvBur 633.1
နှုတ်ကပတ်တော်၏ကြီးမားသောအမှန်တရားအားလုံးတို့သည် ခရစ်တော်၌ဗဟိုပြုလျက်ရှိပြီး မှန်ကန်စွာနားလည်သောသူအားလုံး သူ့ထံသို့ ရောက်ရှိလာပါလိမ့်မည်။ ခရစ်တော်သည် ကြီးမားသောကယ်တင်ခြင်းစီမံကိန်း ၏အာလဖနှင့်ဩမေဃ၊ အစနှင့်အဆုံးကဲ့သို့ဟောပြောကြပါစို့။ ထိုသို့သော အကြောင်းအရာများကို သူတို့၏ယုံကြည်မှု ဘုရားရှင်အပေါ်နှင့်သူ၏နှုတ်ကပတ် တော်အပေါ်ခိုင်မာခြင်းရှိစေရန် လူတို့ကိုဟောပြောကြရမည်ဖြစ်ပြီး သူတို့အား မိမိတို့၏ကိုယ်တိုင်အတွက် ၎င်း၏သွန်သင်ချက်များကို စူးစမ်းလေ့လာရန် ဖြစ်သည်။ ထိုနောက် တစ်ဆင့်ပြီးတစ်ဆင့် ကျမ်းစာလေ့လာရာတွင် ရှေ့သို့ တိုးတက်သွားကြသည်နှင့်အမျှ ၎င်းတန်ဖိုးရှိသောအမှန်တရားများတို့၏အလှ အပနှင့်ညီညွတ်ခြင်းကို နှစ်သက်မြတ်နိုးဂုဏ်ပြုရန် ပို၍ပြင်ဆင်ပေးလိမ့်မည်။ Review and Herald, June 13, 1912. [Ev 485.1]EvBur 633.2
နောက်ပြောင်းလဲပြီးနောက်ခိုင်မာသောအမှန်တရားကိုဟောပြောခြင်း - သင်သည် လူတို့ နှင့်တွေ့ဆုံရာတွင် ဥပုသ်နေ့မေးခွန်းအပေါ် ငြင်းခုံရမည့်တာဝန်ရှိသည်ဟု သင်မထင်သင့်ပါ။ အကယ်၍ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး လူတို့ ပြောဆိုလာကြသောအခါ၊ ဤကိစ္စသည် ယခုသင်ပြောဆိုရမည့်ကိစ္စမဟုတ် သေးကြောင်း သူတို့အားပြောပါ။ သို့သော် သူတို့၏စိတ်သဘောထားနှင့် အလိုဆန္ဒကို ဘုရားရှင်ထံအပ်နှံကြသောအခါ ဤလေးနက်၍ခိုင်မာသော အမှန်တရားများနှင့်ပတ်သက်သည့်အကြောင်းအရာများကို ပွင့်လင်းစွာအထောက် အထားနှင့်တကွ သူတို့ချင့်ချိန်နိုင်ရန် အဆင်သင့်ပြင်ဆင်မှုရှိကြပါလိမ့်မည်။ Letter 77, 1895. [Ev 485.2]EvBur 633.3
အငြင်းပွားခြင်းထက်ပိုသောသတင်းစကား - သမားရိုးကျ၊ သတ်မှတ်ထား သောစာပိုဒ်များ၊ အငြင်းပွားစေသောအကြောင်းအရာများကို တမင်သက်သက် ဟောပြောခြင်းသည် ကောင်းကျိုးကိုမပေးနိုင်ပါ။ အမှုဆောင်များတို့၏နှလုံးသား ထဲရှိ ဘုရားသခင်၏နူးညံ့သောမေတ္တာတော်သည် သင်တို့လုပ်ဆောင်နေသော သူတို့မှ အသိအမှတ်ပြုကြပေလိမ့်မည်။ ဝိညာဉ်များတို့သည် အသက်ရေကို ဆာငတ်လျက်ရှိကြသည်။ ရေမရှိသောရေလှောင်ကန်များမဖြစ်စေကြပါနှင့်။ အကယ်၍ သူတို့အားခရစ်တော်၏မေတ္တာတော်ကို သင်ဖော်ပြပါက ဆာငတ် လျက်ရှိသောသူများတို့ကို ယေရှုထံသို့သင်ပို့ဆောင်နိုင်ပြီး ယေရှုသည် သူတို့ အားအသက်မုန့်နှင့်ကယ်တင်ခြင်းရေကိုပေးပါလိမ့်မည်။ Leter 77, 1895. [Ev 485.3]EvBur 634.1
ပြောင်းလဲခြင်း၌သင် ကိုယ်တိုင်၏ဗဟုသုတကို ပြန်လည်ပြောပြပါ - ဝိညာဉ် ခွန်အားတိုင်းကို လှုပ်ရှားရန်နိုးကြွစေပါ။ အရာခပ်သိမ်းအဆုံးသို့ရောက်လုနီး ကြောင်း သင်လည်ပတ်သောသူတို့ထံဟောပြောပါ။ သူတို့၏စိတ်နှလုံးတံခါး များကို ယေရှုခရစ်တော်ဖွင့်ပေးမည်ဖြစ်ပြီး သူတို့၏စိတ်ထဲ၌ ခိုင်မြဲသော ခံစားချက်များကို ပြုလုပ်ပေးလိမ့်မည်။ ထုံထိုင်းနေသောအမျိုးသား၊ အမျိုးသမီး များတို့၏ဝိညာဉ်ရေးအခြေအနေမှ သူတို့နိုးထစေရန် သင်အားစိုက်လုပ်ဆောင် ပါ။ သင်ယေရှုကိုမည်ကဲ့သို့တွေ့ရှိခဲ့ကြောင်းနှင့် သူ၏အမှုတော်၌သင်စတင် ဆောင်ရွက်ချိန်ကစပြီး သင်မည်ကဲ့သို့ကောင်းချီးခံစားရသည့်ဗဟုသုတအကြောင်း ကို သူတို့အားပြောပြပါ။ ယေရှုခြေတော်ရင်း၌သင်ထိုင်နေပြီး သူ၏နှုတ်ကပတ် တော်မှ တန်ဖိုးရှိသောသင်ခန်းစာများကို သင်သင်ယူသောအခါ၊ သင်မည်ကဲ့သို့ ကောင်းချီးမင်္ဂလာများခံစားရကြောင်း သူတို့အားပြောပြပါ။ ခရစ်ယာန်အသက် တာဘဝ၌ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းရှိကြောင်းကို သူတို့အားပြောပြပါ။ သင်၏နွေးထွေး၍စိတ်အားထက်သန်သောစကားများတို့သည် သင်တန်ဖိုးကြီး သောပုလဲကိုတွေ့ ရှိကြောင်း သူတို့အားသဘောပေါက်စေလိမ့်မည်။ သင်၏ ဝမ်းမြောက်သောအားပေးစကားများတို့သည် သင်ပို၍မြင့်သောလမ်းကို အမှန် တကယ်တွေ့ ရှိကြောင်းဖော်ပြလိမ့်မည်။ ဤအရာသည် စစ်မှန်သောသာသနာ့ လုပ်ငန်းဖြစ်ပြီး ၎င်းအတိုင်းဆောင်ရွက်ပါက အိပ်ရာမှနိုးထသကဲ့သို့ လူအများ နိုးထကြပါလိမ့်မည်။ Testimonies, vol. 9, p. 38. (1909) [Ev 485.4]EvBur 634.2
ဝိ ညာဉ် အောင် မြင် သူ ဝင် ရောက် ဖျန်ဖြေတောင်းပန်ပေးခြင်း၏အောင် မြင်မှ လျှို့ဝှက်ချက် - လွန်ခဲ့သောအချိန်တွင် မိမိတို့၏စိတ်ကို ဝိညာဉ်တစ်လုံးတည်း အပေါ်၊ ထို့နောက် အခြားဝိညာဉ်တစ်လုံးအပေါ် ပစ်မှတ်စွဲမြဲစွာထားပြီး “ကိုယ်တော်၊ ဤဝိညာဉ်ကိုကယ်ရန် ကျွန်ုပ်ကိုမစပါ” ဟုတောင်းဆိုသူများ ရှိခဲ့ပါသည်။ သို့သော် ယခုအချိန်ဤကဲ့သို့သောနမူနာများ ရှားပါးလှပါသည်။ အပြစ်သားများတို့၏ကြုံတွေ့ ရမည့်အန္တရာယ်ကို နားလည်သဘောပေါက်သော သူများကဲ့သို့ လုပ်ဆောင်နေသူဘယ်နှစ်ယောက်ရှိသနည်း။ ဒုက္ခရောက်မည့် သူကိုသိ၍ သူတို့အတွက်ဘုရားရှင်ထံဆုတောင်းပေးခြင်းနှင့် သူတို့ကိုကယ်တင် ရန် ဘုရားရှင်ထံတော်ပါးသို့တောင်းပန်ပေးခြင်းပြုသောသူ ဘယ်နှစ်ယောက် ရှိပါသနည်း။ Gospel Workers, p. 65. [Ev 486.1]EvBur 635.1