Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဓမ္မဆရာနှင့်သင်းအုပ်ဆရာဆက်သွယ်မှု

    ဓမ္မဆရာနှင့်သင်းအုပ်ဆရာများလိုအပ်ခြင်း - ဧဝံဂေလိဓမ္မအမှုဆောင်များကို ဘုရားသခင်ခေါ်သည်။ စစ်မှန်သောဧဝံဂေလိဓမ္မအမှုဆောင်တစ်ဦးသည် ဝိညာဉ် များကိုချစ်သောသူဖြစ်သည်။ သူသည် လူကိုရှာဖွေ၍ အမှန်တရားသို့ခေါ်ဆောင် သည်။ သင်းအုပ်ဆရာများလိုအပ်သည်။ (See also pp. 345-351, “Pastoral Evangelism). သစ္စာရှိသောသိုးထိန်းများ၊ ဘုရားသခင်၏လူတို့ကိုမြှောက်စား သောသူမဟုတ်၊ ကြမ်းတမ်းစွာမပြု၊ သို့သော် သူတို့ကိုအသက်မုန့်ဖြင့်ကျွေးမွေး ပြုစုသည်။ [Ev 116.1]EvBur 128.3

    သစ္စာရှိသောအမှုဆောင်တိုင်းတို့၏အလုပ်သည် လူတို့၏ကယ်တင် ခြင်းအတွက် အသက်စွန့်ခဲ့သောယေရှုခရစ်၏နှလုံးသားနှင့် နီးကပ်စွာရှိနေ သည်။ Letter 21, 1903. [Ev 116.2]EvBur 129.1

    သင်းအုပ်ဓမ္မဆရာ - ပုဂ္ဂိုလ်တစ်ဦးသည် လူနှစ်ဦးခွဲဝေ၍လုပ်ရမည့်အလုပ် ကို တစ်ဦးတည်းလုပ်ဆောင်လေ့ရှိသည်။ အကြောင်းမှာ ဓမ္မဆရာ၏အလုပ် သည် သင်းအုပ်ဆရာအလုပ်နှင့်ပေါင်းစည်းလုပ်ကိုင်ရန်လိုအပ်ပြီး ဤဝန်ထုပ် နှစ်ခုကို နယ်၌အမှုထမ်းသောသူတို့အပေါ်၌ပေးအပ်သင့်သည်။ Testimonies, vol. 4, p. 260. (1876) [Ev 116.3]EvBur 129.2

    အမှုဆောင်အသစ်ကိုယုံကြည်စိတ်ချခြင်း - အမှုဆောင်အသစ်တစ်ဦးကို နေရာတစ်ခု၌တာဝန်ပေးရာတွင် လူတို့၏စိတ်ဝင်စားမှုကိုအနှောင့်အယှက်ဖြစ် စေမည်၊ လုပ်ငန်းကိုထိခိုက်မည်ဟု လုပ်ဆောင်သူအနေဖြင့် စိုးရိမ်ရန်မလို ပါ။ [Ev 116.4]EvBur 129.3

    သင်တာဝန်မယူပါနှင့်၊ ဘုရားသခင်၏အလုပ်ကို ဘုရားသခင်ကိုယ်တိုင် တာဝန်ယူလိမ့်မည်။ ဘုရားသခင်စေခိုင်းသောသူတို့အပေါ် ဘုရားသခင်သည် လိုအပ်သည့်အလင်းကိုပေးပြီး မူလအမှုထမ်းများတို့သည် ဘုရားသခင်၏အမှု ထမ်းများကို လှိုက်လှဲပျူငှာစွာဖြင့်ကြိုဆိုရန်၊ လေးစားစွာဖြင့်ဆက်ဆံရန်နှင့် သူတို့နှင့်စည်းလုံးစွာဖြင့် လူတို့ကိုဟောပြောရန် ခေါ်ဖိတ်ရပါမည်။ Manuscript 21, 1894.EvBur 129.4