Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဧဝံဂေလိလုပ်ငန်းလည်ပတ်သူ

    ကျမ်းစာပို့ ချသူများနှင့် လည်ပတ်သူများနှစ်မျိုးစလုံး - ဗဟုသုတရှိသောသူ တချို့တို့သည် သေလုနီးပါးအသင်းတော်များနှင့် နေရာသစ်များတို့၌ လုပ်ငန်း ကိုတတ်အားသရွေ့ အစွမ်းကုန်ကူညီရန် ပျိုရွယ်သောအမျိုးသား၊ အမျိုးသမီး များနှင့်အရွယ်ရောက်သူများတို့ကို ရွေးချယ်သင့်ကြသည်။ သို့မှသာတစ်ဦးချင်း ကြိုးစားမှု၌ စိတ်ဝင်စားခြင်းအားဖြင့် သူတို့သည် အသိပညာရရှိပြီး ကူညီသူ များစွာတို့သည် ကျမ်းစာသင်ကြားသူများ၊ ဓမ္မစာပေရောင်းချသူများ၊ အိမ်ထောင် မိသားစုများတို့ကိုလည်ပတ်သူများကဲ့သို့အသုံးခံရန် ထိုက်တန်ကြပါလိမ့်မည်။ Letter 34, 1886.EvBur 614.1

    ဧဝံဂေလိလည်ပတ်သူများကဲ့သို့ ပျိုရွယ်သူများကို ခေါ်သည် - သာသနာလုပ်ငန်း ၌ အကူအညီဖြစ်စေရန်အတွက် ပျိုရွယ်သူများလုပ်ဆောင်နိုင်သည့်လုပ်ငန်း များစွာအတွက် အခွင့်အရေးကိုတွေ့ရှိနိုင်ပါသည်။ အဖွဲ့ငယ်များဖွဲ့စည်းသင့် ပြီး သူနာပြုသူများ၊ ဧဝံဂေလိလည်ပတ်သူများ၊ ကျမ်းစာသင်ပေးသူများ၊ ဓမ္မစာပေဖြန့်ချိသူများ၊ ဓမ္မဆရာများနှင့် ဆေးဝါးဖြင့်သာသနာပြုသူများတို့အဖြစ် ကောင်းမွန်စွာပညာပေးသင့်သည်။ Counsels to Teachers, p. 546. (1913) [Ev 471.1]EvBur 614.2

    မီးးလည်ပတ်ခြင်းပြုရန်အမျိုးသမီးများ - အကယ်၍ ခရစ်တော်၏ကျောင်း၌ တန်ဖိုးရှိ၍အရေးကြီးသောနှိမ့်ချခြင်းသင်ခန်းစာကို ဦးစွာသင်ယူပါက အမျိုးသမီး များတို့သည် ဘုရားသခင်အတွက် ကောင်းသောအလုပ်တစ်ခုကို ပြီးမြောက် အောင်မြင်စွာဆောင်ရွက်နိုင်ပေလိမ့်မည်။ ယေရှု၏ကြွယ်ဝခြင်းအကြောင်းကို ဟောပြောခြင်းအားဖြင့် သူတို့သည် လူသားများတို့ကိုအကျိုးပြုနိုင်ပါလိမ့်မည်။ [Ev 471.2]EvBur 615.1

    သခင့်အတွက်သေးငယ်နိမ့်ကျသောအလုပ်ကို လုပ်ကိုင်ကြသောသူ အများစုတို့သည် မကြာမီကျေနပ်ခြင်းမရှိဘဲ သူတို့သည် ဆရာများနှင့် ခေါင်းဆောင်များဖြစ်သင့်သည်ဟု ထင်လာကြပါသည်။ သူတို့၏နိမ့်ကျသော သာသနာ့အလုပ်ကိုချန်ထားပြီး ကြီးမားသောတာဝန်ကိုထမ်းဆောင်လိုကြသည်။ လည်ပတ်ခြင်းအလုပ်၌ တာဝန်ရှိသောသူတို့သည် မကြာမီ ဤအလုပ်သည် လူတိုင်းလုပ်နိုင်သောအလုပ်၊ လူတိုင်းကြင်နာစကားနှင့်အားပေးစကားပြောနိုင် ကြပြီး၊ နှိမ့်ချ၍တိတ်ဆိတ်သောလမ်းဖြင့် နှုတ်ကပတ်တော်ကိုမှန်ကန်စွာ နားလည်ရန် လူတို့ကိုပို့ဆောင်နိုင်သည်ဟု ထင်လာကြပါသည်။ သို့သော် ဤနိမ့်ကျသောအလုပ်သည် ကျေးဇူးတော်များစွာ၊ သည်းခံခြင်းများစွာကို တောင်းဆိုပြီး အမြဲအသိပညာတိုးပွားစေသောအလုပ်ဖြစ်သည်။ [Ev 471.3]EvBur 615.2

    သခင့်အတွက်လုပ်ဆောင်လေသမျှသော မည်သည့်အလုပ်မဆို သေးငယ်နိမ့်ကျပြီးအကျိုးနည်းသည်ဟု မစဉ်းစားမဆင်ခြင်ရပါ။ အကယ်၍ ခရစ်တော်၏ဝမ်းမြောက်ခြင်း၊ နူးညံ့သိမ်မွေ့ နှိမ့်ချခြင်းဖြင့်ဆောင်ရွက်ပါက ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေသည့်အကျိုးကိုဖြစ်စေလိမ့်မည်။ Letter 88, 1895. [Ev 471.4]EvBur 615.3