ဘော့စတန်နှင့်နယူးအင်္ဂလန်
အလုပ်မလုပ်ရသေးသည့် နယူးအင်္ဂလန်၏မြို့များ - အရှေ့ ပိုင်းဒေသရှိမြို့ကြီး များအတွက် ကျွန်ုပ်တို့၏စိတ်လေးလံလျက်ရှိသည်။ နယူးရော့မြို့အပြင် လွန်ခဲ့သည့်နွေကာလ၌ သင်အမှုထမ်းခဲ့သည့်နေရာတွင် အရေးကြီးသော ဘော့စတန်မြို့အနီး၌ မဲ(လ်)ရို့(စ်) ဆေးရုံရှိပါသည်။ ထိုနောက် ပထမဦးဆုံး အလုပ်ကို ဘော့စတန်မြို့၌ အဆောက်အဦပြန်လည်ဆောက်လုပ်ခြင်း၏လိုအပ် ချက်ထက် ပို၍အရေးကြီးသောအလုပ်မရှိကြောင်း ကျွန်ုပ်သိရှိပြီး ဖော့လန်း မိန်းတွင် ပထမသတင်းစကားများကို တန်ခိုးဖြင့်ဟောပြောခဲ့သည့်နေရာဖြစ် သော်လည်း ယခုလက်တစ်ဆုပ်သာလျှင် ကျွန်ုပ်တို့၏လူများကျန်ရှိနေပါသည်။ Letter 4, 1910. [Ev 389.2]EvBur 506.1
ဖင့်နွှဲခြင်းမရှိလုပ်ဆောင်ရန် - ဤဘော့စတန်မြို့နှင့်အရှေ့ပိုင်းဒေသရှိ အခြားမြို့များတို့တွင် သင်နှင့်သင်၏ဇနီးပေါင်းစည်းကာ ဆေးဘက်ဆိုင်ရာ ဧဝံဂေလိလုပ်ငန်းလုပ်ဆောင်ကြပါက သင်တို့၏အသုံးဝင်ခြင်းသည် တိုးပွား လာပြီး သင်တို့ရှေ့၌လုပ်ငန်းအတွက်ကြည်လင်သောအမြင်များပွင့်လာလိမ့် မည်။ ဤမြို့များတို့၌ ပထမကောင်းကင်တမန်သတင်းစကားသည် ၁၈၄၂ ခုနှစ်နှင့် ၁၈၄၃ ခုနှစ်တို့တွင် ကြီးမားသောတန်ခိုးဖြင့်ရောက်ရှိလာခဲ့ပြီး ယခုအချိန်၌ တတိယကောင်းကင်တမန်သတင်းစကားသည် အရှေ့ပိုင်းဒေသတွင် ကျယ်ပြန့် စွာကြွေးကြော်ရလိမ့်မည်။ ကြီးကျယ်ခမ်းနားသောအလုပ်သည် ကျွန်ုပ်တို့၏ အရှေ့ပိုင်းဒေသဆေးရုံများတို့၏ရှေ့၌ရှိနေပါသည်။ အလုပ်ပြီးဆုံးမည့်အချိန် သတင်းစကားသည် တန်ခိုးဖြင့်ဟောပြောရမည်။ ဖော့လန်း၊ မိန်း၌ ကျန်းမာရေးပြုပြင်ပြောင်းလဲရေးအတွက် မြို့တစ်မြို့ရှိခဲ့ရာ၊ ၎င်းမြို့ထဲ၌ မဆိုင်း မတွအလုပ်ကိုဝင်ရောက်လုပ်ကိုင်ရမည်။ Letter 20, 1910. [Ev 389.3]EvBur 506.2
မိန်း၌ ပရမ်းဝစ်(ခ်) နှင့် ဘန်းကာကဲ့သို့သောမြို့များရှိပြီး ထိုမြို့များ ၌ သစ္စာရှိစွာအလုပ်လုပ်ရမည်။ အရှေ့ဒေသရှိမြို့ကြီးမြို့ငယ်များအားလုံးတို့၌ အမှန်တရားသည် မီးခွက်ကဲ့သို့ထွန်းလင်းလျက် တောက်လောင်နေရမည်။ Letter 28, 1910. [Ev 390.1] .EvBur 507.1
အနီးအနားရှိ ဆေးရုံ၏အရေးကြီးခြင်း - မဲ(လ်)ရို့(စ်) ၌ရှိသောအဆောက် အဦများနှင့် မြေနေရာများတို့သည် ကျွန်ုပ်တို့၏ဆေးသာသနာ့လုပ်ငန်း၏ စာရိတ္တကိုထောက်ခံပြီး ၎င်းကိုဘော့စတန်မြို့၌သာ ဆောင်ရွက်ရမည်မဟုတ် ဘဲ နယူးအင်္ဂလန်ရှိ အခြားအလုပ်မလုပ်ရသေးသောမြို့ များတို့၌လည်း ဆောင်ရွက်ရလိမ့်မည်။ မဲ(လ်)ရို့(စ်) ရှိပိုင်ဆိုင်မှုသည် ဆေးရုံရှိကျွန်ုပ်တို့နှင့် ယုံကြည်ခြင်းမတူညီသောပုဂ္ဂိုလ်များတို့ကိုဆွဲဆောင်ရန် ပြင်ဆင်ပေးသော ၎င်းဆေးရုံသို့ မိမိတို့၏ကျန်းမာရေးရရှိရေးအတွက် ပေးသောအကျိုးများကို သင့်လျော်သည့်နေရာဖြစ်သည်။ မင်းမျိုးမင်းနွယ်နှင့်သာမညပုဂ္ဂိုလ်တို့သည် ရရှိရန် အလည်အပတ်ပြုကြလိမ့်မည်။ [Ev 390.2]EvBur 507.2
ဘော့စတန်မြို့သည် သစ္စာရှိစွာဖြင့်အလုပ်လုပ်ရမည့်နေရာတစ်ခုအဖြစ် ကျွန်ုပ်အားထပ်ခါထပ်ခါညွှန်ပြခဲ့ပါသည်။ မြို့၏အတွင်းအပြင်၌ အလင်းကို ထွန်းလင်းရလိမ့်မည်။ မဲ(လ်)ရို့(စ်) ဆေးရုံသည် ဘော့စတန်မြို့ သို့ အမှန် ဖြစ်သည်။ မြို့ပေါ်နှင့်၎င်း၏ဆင်ခြေဖုံးအရပ်ရှိလူတို့သည် ကမ္ဘာသို့ဟောပြော တရားရောက်ရှိရန်အသုံးပြုနိုင်သည့် အကြီးမားဆုံးသောကိုယ်စားလှယ်တစ်ခု နိုင်ရန် ကရုဏာ၏ နောက်ဆုံးသောသတင်းစကားကို ကြားသိရပါမည်။ တဲစည်းဝေးပွဲများကို နေရာများစွာတို့၌ ကျင်းပကြရလိမ့်မည်။ အမှုဆောင် များတို့သည် သူတို့အားဘုရားသခင်ပေးထားသောစွမ်းရည်များကို အကောင်း ဆုံးအသုံးပြုရလိမ့်မည်။ လိမ္မာပါးနပ်စွာအသုံးပြုခြင်းအားဖြင့် ကျေးဇူးတော် ဆုကျေးဇူးများ တိုးပွားလာလိမ့်မည်။ သို့သော် မိမိကိုယ်ကိုချီးမြှောက်ခြင်း လုံးဝမပြုရပါ။ မည်သည့်ကောင်းသောဦးတည်ချက်များတို့အတွက် အသုံးမပြု ရပါ။ အမှုဆောင်များတို့ကို သန့်ရှင်းသောဝိညာဉ်တော်အားလမ်းညွှန်စေပါ။ သူတို့၏ယုံကြည်ခြင်းကိုအစပြု၍အဆုံးစီရင်သော ယေရှုကိုသာအမြဲကြည့်ရ မည်။ အကယ်၍ လူအားလုံးတို့သည် ဘုရားသခင်နှင့်အတူ နှိမ့်ချစွာဖြင့် လျှောက်လှမ်းကြပါက ဤမြို့ကြီးများအတွက် အလုပ်ကိုသန့်ရှင်းသောဝိညာဉ် တော်ဖော်ပြခြင်းအားဖြင့် လမ်းပြပါလိမ့်မည်။ [Ev 390.3]EvBur 507.3
နယူးအင်္ဂလန်၌ အလုပ်ကိုတာဝန်ယူသောသူတို့သည် မဲ(လ်)ရို့(စ်) ဆေးရုံစီမံခန့်ခွဲသူ (မန်နေဂျာ) နှင့် တက်ကြွသောခြေလှမ်းများဖြင့် ဘော့စတန် မြို့၌ကဲ့သို့ ဆောင်ရွက်သင့်သည့်အတိုင်း လုပ်ငန်းကိုပါဝင်စုပေါင်းလုပ်ဆောင် မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ရာချီသောအမှုဆောင်များတို့သည် မြို့၏ မတူညီသောနေရာများတို့တွင်လုပ်ဆောင်ခြင်း၏ဦးတည်ချက်မျိုးစုံဖြင့် အကျိုး ပြုရန်ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ [Ev 391.1]EvBur 508.1
ဆေးသာသနာပြုလုပ်ငန်းသည် တံခါးတစ်ခုကဲ့သို့ မြို့များအတွင်းရှိ အိမ်ပေါင်းများစွာသို့ အမှန်တရားဝင်ရောက်နိုင်ရန် လမ်းစတစ်ခုဖြစ်သည်။ မြို့တိုင်း၌ကောင်းကင်တမန်သုံးပါးတစ်ပါး၏အမှန်တရားကို နှစ်သက်မည့်သူ များတို့ကို တွေ့ရှိနိုင်ပါလိမ့်မည်။ [Ev 391.2]EvBur 508.2
ကျွန်ုပ်တို့၏တာဝန်ကို သစ္စာရှိစွာကြိုးစားဆောင်ရွက်ကြပါက ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူပါဝင်လုပ်ဆောင်ပေလိမ့်မည်။ ဘော့စတန် မြို့၌ ယခုအမှန်တရား၏သတင်းစကားကိုကြားသိရစေရန် သူဆောင်ရွက်ပေး လိမ့်မည်။ ဤကဲ့သို့ဆောင်ရွက်နိုင်ရန် ဘုရားသခင်နှင့်ပူးပေါင်းဆောင်ရွက်ပါ။ ကျွန်ုပ်၏ညီအစ်ကိုမောင်နှမအပေါင်းတို့၊ သင်တို့ကိုသူမစလိမ့်မည်။ ခွန်အား ပေးလိမ့်မည်။ ထိုနောက် တန်ဖိုးရှိသောဝိညာဉ်များတို့ကိုကယ်တင်ရန် ဆောင်ရွက်ခြင်းတစ်လျှောက်လုံး၌ သင်တို့၏စိတ်နှလုံးများကို သူ့အားပေး လိမ့်မည်။ Special Testimonies, Series B, No. 13, pp. 12-16. (1906) [Ev 391.3]EvBur 508.3
ဘော့စတန်မှ ထောင်ချီသောသူများ ရိုးစင်းသောအမှန်တရားများကို သည်းထန်စွာ တောင့်တခြင်း - ဘော့စတန်မြို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ကျွန်ုပ် တို့၏ယုံကြည်ခြင်းအကြောင်းရင်းများကို ကြားသိစေရန်အတွက် ကျွန်ုပ်စိတ် ထဲ၌ လွန်စွာပူပန်ခြင်းကိုခံစားရပါသည်။ နယ်မြေထဲသို့ဝင်ရောက်ရန် အမှု ဆောင်များတို့ကို ဘုရားသခင်ထံတောင်းပါ။ ဘော့စတန်မြို့ရှိလူများတို့ထံ ချဉ်းကပ်နိုင်သောအမှုထမ်းများတို့ကိုရရှိရန် ဘုရားသခင်ထံတောင်းပါ။ သတင်း စကားကိုကြွေးကြော်ရလိမ့်မည်။ ခရစ်တော်၌ရှိသောရိုးစင်းသည့်အမှန်တရား ကို ဘော့စတန်မြို့မှထောင်ချီသောသူများ ပြင်းထန်စွာတောင့်တလျက်ရှိသည်။ ဓမ္မဆရာဖြစ်သောသင်သည် နှုတ်အားဖြင့်နှင့် ယုံကြည်ချက်အယူဝါဒအားဖြင့် ဝိညာဉ်များထံသို့ရောက်ရှိရန် ဤအမှန်တရားအတွက် ပြင်ဆင်မှုမပြုနိုင်ပေ ဖူးလား။ Letter 25, 1905.EvBur 509.1
ယုံကြည်ခြင်းဖြင့် အစွမ်းကုန်လုပ်ဆောင်ပါက - မဲ(လ်)ရို့(စ်) ဆေးရုံသည် အထက်တန်းလူတန်းစားများတို့ထံသို့ချဉ်းကပ်နိုင်ရန် နည်းလမ်းတစ်ခုကဲ့သို့ ခဲ့သည်။ ဘော့စတန်မြို့ နှင့်ပတ်ဝန်းကျင်ဒေသများ၌ သေချာစွာကျွန်ုပ်တို့ ကျွန်ုပ်တို့၏လက်တွင်းသို့ရောက်ရှိသင့်ခြင်းသည် ဘုရားသခင်၏စီမံကိန်းဖြစ် သည်မှာ သူတို့ကိုသတိပေးစကားပြောနိုင်သောသူတို့နှင့် အဆက်အသွယ်ပြု လုပ်ဆောင်သင့်သည်။ အသင်းလူကြီးများတို့အားပြောရန် ကျွန်ုပ်ကိုညွှန်ကြား ရန်ဖြစ်သည်။ ဆေးရုံသည် ဘာသာရေးပုံစံတစ်ခုကို ၎င်းအားပြုလုပ်ပေးနိုင် သော အကောင်းဆုံးအရာနှင့်ဆက်သွယ်သင့်သည်။ [Ev 392.1]EvBur 509.2
အသင်းလူကြီးသည် အကောင်းဆုံးသောကူညီမှုကိုရရှိနိုင်ပြီး ဘော့စတန်မြို့၏အနီးပတ်ဝန်းကျင်၌ တဲတစ်ဆောင်ကိုဆောက်လုပ်စေပါ။ ထိုနောက် ဘုရားသခင်ပေးသောမြွက်ဆိုချက်အတိုင်း လူတို့အားပြောဆိုပါ။ ဖင့်နွှဲခြင်းမရှိဘဲ ဤအလုပ်ကိုဆောင်ရွက်သင့်သည်။ အသင်းလူကြီးသည် ယုဒလူမျိုးအတွက်လုပ်ဆောင်ခြင်းအားဖြင့် ကြိုးစားမှုကိုခွန်အားပြည့်ဝစေပါ မည်။ သမားတော်များတို့သည် အစည်းအဝေးများနှင့်ဆက်သွယ်လျက် ကျန်းမာ ရေးသတင်းစကားပြောဆိုခြင်းအားဖြင့် များစွာသောအကူအညီကိုပေးနိုင်ပါလိမ့် မည်။ [Ev 392.2]EvBur 510.1
ဘုရားသခင်သည် ဘော့စတန်မြို့၌ အမှုတော်ကိုဆောင်ရွက်ရန်ခေါ် နေပါသည်။ ဤအလုပ်ကိုယုံကြည်ခြင်းဖြင့်ဆောင်ရွက်ပါက သင့်အားများစွာ သောကောင်းချီးမင်္ဂလာချပေးလိမ့်မည်။ ကြီးမားသောပြင်ပပေါ်လွင်မှုဖြင့် ဆောင်ရွက်ရန်မလိုပါ။ သို့သော် အေးဆေးစွာနှင့်စိတ်အားထက်သန်စွာလုပ်ဆောင် ရလိမ့်မည်။ နှိမ့်ချသော၊ စိတ်အားထက်သန်သော သူ၏အမှုတော်ဆောင် များတို့ကို သူမစလိမ့်မည်။ စိတ်ဆုံးဖြတ်ချက်အပြည့်အဝဖြင့် ကြိုးစားလုပ်ဆောင် ပါ။ “ကျွန်ုပ်၌ပျက်ကွက်ခြင်းနှင့်စိတ်ဓာတ်ကျခြင်းမရှိစေရပါ” ဟုအမြဲပြောဆို ပါ။ Letter 202, 1906. [Ev 392.3]EvBur 510.2
စီမံကိန်းများကို အခြေချရာ၌ဘုရားသခင်ပို့ဆောင်လိမ့်မည် - ကျွန်ုပ်၏ညီမ၊ ပူပန်သောကခြင်းမရှိပါနှင့်။ သင်၏အခြေအနေကို ဘုရားသခင်ကောင်းမွန်စွာ သိသည်။ သူသတိမမူသောအရာတစ်ခုမျှမရှိပါ။ သင်၏ဆုတောင်းချက်များ ကို သူနားထောင်လိမ့်မည်။ အကြောင်းမှာသူသည် ဆုတောင်းခြင်းကိုနားထောင် ၍ အဖြေပေးသောဘုရားဖြစ်သည်။ သူ့ကိုကိုးစားပါ။ သူ့နည်းလမ်းဖြင့်သင့် ကိုသက်သာခြင်းအမှန်ပေးလိမ့်မည်။ နယူးဘက်(ဒ်)ဖော့(ဒ်) (New Bedford) အလုပ်၌ သူပါဝင်ကောင်းချီးပေးကြောင်း ကျွန်ုပ်ကြားရသည့်အတွက် ကျွန်ုပ် အလွန်မှပင်ကျေးဇူးတင်ဝမ်းမြောက်ပါသည်။ ဘုရားသခင်ကိုယုံကြည်ကိုးစား ကြပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းအားဖြင့် သူ့အားစိတ်အားထက်သန်စွာဆွဲကိုင် ထားကြပါစို့။EvBur 510.3
အကယ်၍ ညီအစ်ကိုသည် ယခုအချိန်၌ ဆေးရုံတစ်ဆောင်ထူထောင် ရန် သူ၏ကြေးငွေပေးလိုသောဆန္ဒမရှိပါက သူ့အားတောင်းဆိုခြင်းမပြုရန် အကောင်းဆုံးဖြစ်ပါသည်။ ကောင်းသည်ဟု ကျွန်ုပ်တို့ထင်သောအတွေးအခေါ် များမှာ အမြဲပင်အကောင်းဆုံးဖြစ်မည်မဟုတ်ပါ။ ဘုရားသခင်၏ထူထောင် ခြင်းလမ်းအတိုင်းသာလျှင်ဖြစ်စေပါ။ [Ev 393.1]EvBur 511.1
အို၊ ဤနေရာများကဲ့သို့ ကြီးစွာလိုအပ်သည်နည်းတူ နယူးဘက်(ဒ်) ဖော့(ဒ်) နှင့် ဖဲယားဟိတ်ဗင် (New Bedford နှင့် Fairhaven) နှင့်အခြား နေရာများတို့၌လည်း တန်ခိုးဖြင့်လုပ်ငန်းတိုးတက်ရန် ကျွန်ုပ်တွေ့မြင်လိုပါ သည်။ တစ်နေ့တစ်ချိန်တွင် နယူးဘက်(ဒ်)ဖော့(ဒ်)၌ ဆေးရုံတစ်ဆောင် ထူထောင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ထိုသို့သောမြို့များ၌ ဆေးသာသနာ့လုပ်ငန်းအမှုဆောင်များ လိုအပ်နေပါသည်။ သို့သော် ညီအစ်မ၊ စွမ်းရည်၌အထူးအစွမ်းအစရှိသူမှ ဤဆေးရုံကိုဦးဆောင်ကြပ်မတ်ရန်လိုအပ် ပါသည်။ ဗဟုသုတရှိပြီး သည်းခံနိုင်သောခံနိုင်ရည်ရှိသည့်ပုဂ္ဂိုလ်များ ဤအလုပ်ကိုတာဝန်ယူရလိမ့်မည်။ ဤကဲ့သို့စီမံကိန်းတစ်ခုကို တာဝန်ယူ ဆောင်ရွက်သောအမှုဆောင်များ၌ ဗဟုသုတရှိပြီး၊ စွမ်းရည်ရှိရုံမျှဖြင့်မလုံလောက် ပါ။ သူတို့၏ကိုယ်တိုင်အကျိုး၊ စီမံကိန်း၏အကျိုးနှင့် ဘုရားသခင်လုပ်ငန်း ၏အကျိုးများတို့အတွက် ကောင်းမွန်စွာအရည်အသွေးနှင့်ပြည့်ဝသောပုဂ္ဂိုလ် များ စုပေါင်းသည့်တပ်ဖွဲ့တစ်ခုအဖြစ် ပါဝင်လုပ်ဆောင်ကြရန်အရေးကြီးပါ သည်။ ဘုရားသခင်၏မျက်စိသည် နယ်မြေတစ်ခုလုံးအပေါ်၌ရှိပြီး သတ်မှတ် ထားသောနေရာတစ်ခု၌ အစပြုရန်အချိန်တန်သောအခါ ထိုနေရာသို့လူတို့၏ စိတ်ကိုပို့ဆောင်ပြီး စီမံကိန်းကိုဆောင်ရွက်ရန် အကောင်းဆုံးပြင်ဆင်ပေးလိမ့် မည်။ [Ev 393.2]EvBur 511.2
ရှေ့သို့သယ်ဆောင်ရန် အလုပ်အမျိုးမျိုးရှိနေပါသည်။ သင်တန်း ကောင်းမွန်စွာရရှိထားသောသူနာပြုများအတွက် အမှန်တရား၌နိုးကြားလျက် စိတ်ဝင်စားသောမိသားစုများတို့ထံသို့သွားရန် လမ်းပွင့်လျက်ရှိနေပါသည်။ ဘော့စတန်နှင့်နယူးဘက်(ဒ်)ဖော့(ဒ်) ကဲ့သို့သောမြို့များတို့၌ သာသနာပြုများတို့ နှင့်ကျမ်းစာအမှုထမ်းများ အရေးတကြီးလိုအပ်လျက်နေပါသည်။ ထိုသို့သော အမှုဆောင်များတို့သည် ကောင်းသောမျိုးစေ့ကိုကြဲရန် အခွင့်အရေးများစွာကို တွေ့ရှိရလိမ့်မည်။ စွမ်းအားထက်မြက်သော၊ သေချာပြီးစိတ်အားထက်သန်စွာ ဆောင်ရွက်တတ်သောအမှုဆောင်တိုင်းအတွက် အလုပ်ရှိသည်။ ခရစ်တော် ၏သွန်သင်ခြင်း၊ သူ၏ပုံပမာများအားဖြင့်ပို့ချသော ရိုးစင်းသည့်အမှန်တရား များတို့သည် ယခင်ဤလောက၌ သူကိုယ်တိုင်ရှိခဲ့စဉ် သင်ကြားပို့ချခဲ့သည် နည်းတူ ယနေ့ပို၍လိုအပ်လျက်ရှိပါသည်။ Letter 29, 1905.EvBur 512.1
အရှေ့ဒေသရှိမြို့များတို့ ၌သတင်းစကားကိုပြန်လည်ဟောပြောပါ - ပထမဦးဆုံး ကြွလာခြင်းသတင်းစကားကိုကြွေးကြော်သော အရှေ့ပိုင်းဒေသမြို့ များတို့၌ မည်သည့်အရာကိုဆောင်ရွက်ခဲ့သနည်း။ အနောက်ပိုင်းဒေသရှိမြို့များ အကျိုး ကျေးဇူးရရှိခဲ့သည်။ သို့သော် အရှေ့ပိုင်းဒေသရှိပုဂ္ဂိုလ်များတို့သည် ၎င်းအရပ် ဒေသ၌ ခရစ်တော်လျင်မြန်စွာကြွလာခြင်း၏အမှန်တရားကို သတင်းစကား ၏ရှေးနေ့ရက်များကဲ့သို့ လုပ်ငန်းကိုနေရာအနှံ့အပြား၌ဆောင်ရွက်နိုင်ရန် ဝန်ထုပ် အဖြစ်မည်သူခံယူနေကြပါသနည်း။ ပထမဦးဆုံးကျွန်ုပ်တို့အလုပ်စခဲ့ပြီး၊ ဗဟုသုတများကိုရရှိခဲ့သောနေရာ၌ အမှန်တရားကိုပြန်လည်ဟောပြောရန် ကျွန်ုပ်အားအလင်းပေးခဲ့ပါသည်။ ကြိုးပမ်းမှုဟူသရွေ့ဖြင့် အမှန်တရား၏အသိ ဉာဏ်ကို မသိရှိရသေးသောသူအားလုံးတို့ထံသို့ ဖြန့်ချိရမည်ဖြစ်ပြီး၊ လူများစွ တို့သည် နားထောင်ကြပါလိမ့်မည်။ ကျွန်ုပ်တို့၏ကြီးသောမြို့များတွင် အမှန် တရားသည် မည်သည့်အရာဖြစ်ကြောင်းကို စိတ်ဝင်စားကြသည့် ရိုးသား သောသူများရှိကြပါသည်။ အရှေ့ပိုင်းဒေသများ၌ လုပ်ဆောင်ရန်အရေးကြီး သောလုပ်ငန်းရှိပါသည်။ သတင်းစကားကိုထပ်မံဟောကြားပါ၊ သတင်းစကား ကိုထပ်မံဟောကြားပါဟူသောစကားကို ကျွန်ုပ်အားတစ်ကြိမ်ပြီးတစ်ကြိမ် ပြောလျက်ရှိသည်။ သတင်းစကားပထမဦးစွာဟောကြားခဲ့သည့်နေရာများတို့ ထပ်မံ၍ဟောပြောရန် အမှန်တရားအတွက်ရပ်တည်နေခဲ့သော အသင်းတော် တစ်ခုပြီးတစ်ခုတို့တွင် သတင်းစကားသို့ ဘုရားသခင်၏တန်ခိုးတော်သက်သေခံ ခြင်းကို ထူးခြားသောပုံစံဖြင့်ပြောပါ။ Manuscript 29, 1909. [Ev 394.1]EvBur 512.2