Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အယူသီးခြင်းနှင့်တစ်ဖက်စွန်းရောက်ခြင်း

    ဝိညာဉ်ဆုကျေးဇူးများကို တုပခြင်း - မှားယွင်းမှုများစွာပေါ်ပေါက်လာပြီး ထိုအချိန်၌ကျွန်ုပ်ကလေးငယ်ဖြစ်သော်လည်း တစ်နေရာမှတစ်နေရာသို့ ဤမှားယွင်းသောအယူဝါဒများကိုလက်ခံသောသူများတို့အား သွန်သင်ဆုံးမ ရန် ဘုရားသခင်သည် ကျွန်ုပ်ကိုပို့ဆောင်ပါသည်။ အချို့သောသူတို့သည် အယူသီးခြင်းအန္တရာယ်ထဲသို့ရောက်နေသောကြောင့် ဘုရားသခင်၏နာမ တော်အားဖြင့် ကောင်းကင်မှသတိပေးခြင်းတစ်ခုကို သူတို့အားပေးရန် ကျွန်ုပ် အမိန့်ပေးခြင်းခံရပါသည်။ [Ev 610.1]EvBur 806.1

    ဤတူညီသောမှားယွင်းသည့်အယူဝါဒများကို ကျွန်ုပ်တို့တစ်ဖန်တွေ့ကြုံ ရဦးမည်ဖြစ်သည်။ ရူပါရုံများရရှိသည်ဟု ပြောဆိုကြသောသူများရှိပေလိမ့် မည်။ ဘုရားသခင်သည် သူ့ထံမှရူပါရုံရရှိကြောင်း သင့်အားအထောက်အထား ပေးသောအခါ ၎င်းကိုသင်လက်ခံနိုင်ပါသည်။ သို့သော် အခြားမည်သည့် အထောက်အထားအပေါ်၌မျှ လက်ခံခြင်းမပြုပါနှင့်။ အကြောင်းမှာ နိုင်ငံရပ်ခြား တိုင်းပြည်များနှင့် အမေရိကန်ပြည်ရှိလူတို့သည် ပို၍လမ်းလွဲသွားကြမည်ဖြစ် သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏လူများကို အသိတရားရှိသော အမျိုးသား၊ အမျိုးသမီးများကဲ့သို့လုပ်ဆောင်ရန် သူအလိုရှိသည်။ [Ev 610.2]EvBur 806.2

    လာမည့်အနာဂတ်၌ လှည့်ဖြားခြင်းအမျိုးမျိုးပေါ်လာမည်ဖြစ်သော ကြောင့် ကျွန်ုပ်တို့၏ခြေအတွက် ခိုင်မာသောမြေအပေါ်ရပ်တည်ရန် ကျွန်ုပ် တို့၌လိုအပ်ပါသည်။ အဆောက်အဦအတွက် ခိုင်မာသောတိုင်များကို ကျွန်ုပ် တို့အလိုရှိပါသည်။ ဘုရားသခင်တည်ထောင်ထားသော မည်သည့်သံမူလီ တစ်ခုကိုမျှ မရွေ့စေရပါ။ လွန်ခဲ့သောနှစ်ပေါင်း (၅၀) ၌ ဘုရားသခင်ပေး ခဲ့သောအမှန်တရားများအားဖြင့်မဟုတ်ပါက ကျွန်ုပ်တို့၏လုံခြုံမှုအတွက် မည်သည့်နေရာ၌တွေ့ ရှိရမည်နည်း။ Review and Herald, May 25, 1905. [Ev 610.3]EvBur 806.3

    ရောမဧဝကိုမြွေလှည့်ဖြားသကဲ့သို့ - မှားသောအယူဝါဒများ၊ မကြာခဏ ပြန်လည်၍ ဧဒင်ဥယျာဉ်၌တားမြစ်ထားသောအသီးကဲ့သို့ ယနေ့မှားယွင်းစွာ ဖြင့် ဖိတ်ခေါ်ခြင်းခံရခြင်းမှာ မကြာခဏပြန်လည်၍ဖြစ်ပေါ်နေသည်ကို တွေ့ရ ပါသည်။ အသီးအလွန်မှလှပြီး အစာအတွက် စားချင်စဖွယ်ထင်ရှားစွာပေါ်လွင် နေပါသည်။ မှားယွင်းသောအယူဝါဒများအားဖြင့် ဝိညာဉ်များစွာတို့သည် ပျက်စီးလျက်ရှိနေပြီးဖြစ်ပါသည်။ Manuscript 37, 1906. [Ev 610.4]EvBur 807.1

    အယူသီးခြင်းနှင့် တစ်ဖက်စွန်းရောက်ခြင်းရောဂါ - လူတို့၏မူရင်းအမြင် အာရုံအသုံးပြု၍မရသည့်အခြေအနေသို့ရောက်လုသည့်အထိ ပျက်စီးသည် နည်းတူ ဘာသာရေးအယူသီးခြင်းနှင့် တစ်ဖက်စွန်းရောက်ခြင်း၏ကိစ္စ၌ အကောင်းနှင့်အဆိုးကိုခွဲခြားနိုင်သည့် ဝိညာဉ်မျက်စိအမြင်သည် မည်သည့် အရာကိုမျှရှင်းလင်းစွာခွဲခြား၍မရဘဲ အလွန်မှားယွင်းခြင်းသို့ရောက်ရှိလာပါ သည်။ ကောင်းသောခွဲခြားတတ်ခြင်းသည် ပျက်စီးကုန်သောကြောင့် အမှန် တရားနှင့်ဖြောင့်မတ်ခြင်း၏ဝိညာဉ်ကို အမှားနှင့်အယူသီးခြင်း၏ဝိညာဉ်မှ ခွဲခြား၍မရတော့ပါ။ [Ev 610.5]EvBur 807.2

    လူတစ်ဦးသည် မရှိသောအရာများကိုသူတွေ့ ရပြီးနှစ်သက်သောအခါ ဝိညာဉ်နှင့်စပ်ဆိုင်သော စိတ်စွမ်းအားများ၏ရောဂါတစ်ခုကို ရရှိနေပါသည်။ သူသည် အရက်သမားတစ်ဦး အလွန်အကျွံအရက်သောက်ခြင်းအားဖြင့် ယစ်မူးသကဲ့သို့ လွဲမှားသောအယူအဆတစ်ခုဖြင့် ထိန်းသိမ်း၍မရဘဲ စွဲကပ် လျက်ရှိပါသည်။ ၎င်းအထဲ၌ ဉာဏ်ရည်ကွန့်မြူးခြင်းတစ်ခုရှိသော်လည်း ဘုရားနှင့်မသက်ဆိုင်ပါ။ အသိတရား၏စိတ်စွမ်းအားများမှားယွင်းကုန်သည်။ လူတိုင်းဘုရားသခင်ကို မိမိ၏ကိုးစားရာအဖြစ်ထားရှိပြီး ကျန်းမာသောဗဟုသုတ တစ်ခုကိုရရှိစေပါ။ Manuscript 41, 1900. [Ev 611.1]EvBur 807.3

    မီး၌သော်လည်းကောင်း၊ ရေ၌သော်လည်းကောင်း - ထူးဆန်းခြင်းနှင့်အံ့သြ ဖွယ်သစ်ဆန်းသောအရာနောက်သို့လိုက်၍ အဆင်သင့်အမြဲပြောင်းလဲလိုသော လူတစ်မျိုးရှိသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးတို့အား တည်ငြိမ်စွာ၊ ချင့်ချိန်ထောက်ထားစွာဖြင့် ယခုအချိန်အတွက် ခိုင်မာသော အမှန်တရားနှင့် ဆီလျော်သည့်ကျွန်ုပ်တို့၏စကားများတို့ကို ရွေးချယ်ပြောဆို ခြင်းအားဖြင့် လှုပ်ရှားရန်အလိုရှိသည်။ အမှန်တရားကို စိတ်လှုပ်ရှားမှုမှ ကင်းဝေးနိုင်သရွေ့ကင်းဝေးအောင် တင်ပြဟောပြောသင့်ပြီး၊ ၎င်း၏စာရိတ္တနှင့် ကိုက်ညီသော ပြင်းထန်ခြင်းနှင့်လေးနက်မှုကိုဆောင်စေရမည်။ မီး၌သော်လည်း ကောင်း၊ ရေ၌သော်လည်းကောင်း ရောက်ရှိသောတစ်ဖက်စွန်းသမားများတို့ အား အားပေးခြင်းကိုကျွန်ုပ်တို့ကာကွယ်ရမည်။ [Ev 611.2]EvBur 808.1

    သင်၏သွန်သင်ချက်များ၌ သာမန်ထက်ပိုသောတင်ပြချက်တိုင်း၊ မမှန်သောစိတ်ထားအားလုံးနှင့်ဗဟုသုတမရှိသောသူများကြားရသောအခါ၊ နားလည်နိုင်ပြီး သူတို့အားပြင်းထန်သောအရွယ်မရောက်သည့်လှုပ်ရှားခြင်းများ သို့ ပို့ဆောင်စေမည့်အရာတိုင်းကို ဖယ်ရှားရန်သင့်အားကျွန်ုပ်တောင်းပန်ပါ သည်။ တချို့သောသူတို့ကို မှားသောလမ်းကြောင်းသို့ပို့ဆောင်ပြီး ရှုပ်ထွေး ခြင်းကိုစနစ်တကျပြန်လည်၍ရှိစေရန် များစွာလုပ်ဆောင်ရန်လိုအပ်သည့်အတွက် အမှုဆောင်များတို့၏အင်အားကို ဘုရားသခင်အလိုမရှိသောပုံစံသို့ လမ်းမလွဲ သွားစေဘဲ သတိတရားရှိရန် သင်၌လိုအပ်ပါသည်။ ကျွန်ုပ်တို့အထဲ၌ တစ်ဦး တစ်ယောက်မှနေ၍ အယူသီးခြင်းကိုဖော်ပြခြင်းပြုပါက အကောင်းဆုံးသော အမှန်တရား၏စည်းမျဉ်းများကိုဆန့်ကျင်၍ တံခါးများစွာကိုပိတ်ထားစေလိမ့် မည်။ Undated Manuscript 111. [Ev 611.3]EvBur 808.2

    စိတ်လှုပ်ရှားခြင်းအားဖြင့် သန့်ရှင်းသောအမှန်တရားဂုဏ်သိက္ခာထိခိုက်သည် - ကျွန်ုပ်တို့သည် တွေးတော၍ဆိတ်ငြိမ်သောသူများဖြစ်ရန်လိုအပ်ပြီး၊ ဖော်ပြ သောအမှန်တရားကို လေးနက်စွာတွေးတောဆင်ခြင်ရမည်။ စိတ်လှုပ်ရှား ခြင်းသည် ကျေးဇူးတော်၌ကြီးပွားရန် စစ်မှန်သောသန့်ရှင်းခြင်းနှင့် ဝိညာဉ် ၏သန့်ရှင်းခြင်းသို့ရောက်ရန်အတွက် အထောက်အကူပြုသောအရာမဟုတ်ပါ။ [Ev 612.1]EvBur 808.3

    ဘုရားသခင်သည် ကျွန်ုပ်တို့အား သန့်ရှင်းသောအမှန်တရားနှင့် ဆက်သွယ်ရန်အလိုရှိသည်။ ဤအရာတစ်ခုတည်းသာလျှင် ငြင်းဆိုသောသူ တို့အား နားလည်သဘောပေါက်စေမည်ဖြစ်သည်။ တည်ငြိမ်ခြင်း၊ အသိတရား ရှိသောလုပ်ဆောင်ခြင်းဖြင့် ရှေ့သို့လုပ်ဆောင်ကြရမည်။ [Ev 612.2]EvBur 809.1

    ဘုရားသခင်သည် မိမိ၏လူတို့ကို တည်ကြည်ခန့်ညားခြင်းနှင့်ပြောင်းလဲ ခြင်းမရှိသည့် တည်ငြိမ်သောသန့်ရှင်းခြင်းဖြင့် အသက်ရှင်ကြရန်ခေါ်တော်မူ သည်။ သူတို့သည် အမှန်တရား၏သန့်ရှင်းသောအယူဝါဒများကို ထူးဆန်း သောလုပ်ဆောင်မှုများ၊ ရှုပ်ထွေးခြင်းနှင့်ဝရုန်းသုန်းကားဖြစ်ခြင်းတို့အားဖြင့် မှားသောကိုယ်စားပြုခြင်းနှင့် ဂုဏ်သိက္ခာကျဆင်းခြင်းများမပြုလုပ်ကြရန် အထူး သတိပြုကြရပါမည်။ ဤသို့အားဖြင့် မယုံကြည်သောသူတို့သည် ခရစ်တော် ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်ကို အယူသီးသောအဖွဲ့အစည်းတစ်ခု ” ဟု ထင်မှတ်ပေလိမ့်မည်။ ထိုသို့အားဖြင့် မှားသောအစွဲကိုဖန်တီးပေးကာ ဝိညာဉ်များတို့အား သတင်းစကားလက်ခံရန်အတွက် အတားအဆီးဖြစ်စေ လိမ့်မည်။ ယေရှု၌ရှိသကဲ့သို့ ယုံကြည်သူများ အမှန်တရားကိုပြောသောအခါ၊ ၎င်းတို့သည် သန့်ရှင်းခြင်း၊ အသိရှိသောတည်ငြိမ်ခြင်း၊ ရှုပ်ထွေးခြင်းမုန်တိုင်း တစ်ခုမဟုတ်ခြင်းတို့ကို ထင်ရှားစေလိမ့်မည်။ Manuscript 76a, 1901. [Ev 612.3]EvBur 809.2

    မိစ္ဆာဆရာများအနာဂတ်ဟောထားချက်ကိုနေရာမှား၍ချထားသည် - ခရစ်တော် အချိန်ကကဲ့သို့ ကျွန်ုပ်တို့၏အချိန်၌ ကျမ်းစာ၏ရေးသားချက်များကို မှားယွင်း စွာဖတ်ပြီး မှားယွင်းစွာအဓိပ္ပါယ်ကောက်ယူကြမည်ဖြစ်ပါသည်။ အကယ်၍ ယုဒလူမျိုးများသည် ကျမ်းစာကိုစိတ်အားထက်သန်စွာ စိတ်နှလုံးထဲ၌ဆုတောင်း ပြီးလေ့လာကြပါက သူတို့၏လေ့လာရှာဖွေခြင်းသည် အချိန်နှင့်ပတ်သက်ပြီး မှန်သောအသိဉာဏ်ကိုရရှိရုံမျှမက ခရစ်တော်ကြွလာခြင်း၏အမူအရာပုံစံကိုပါ သိရှိကြပေလိမ့်မည်။ ဘုန်းတော်နှင့်တကွ ခရစ်တော်ဒုတိယအကြိမ်ကြွလာ ခြင်းကို ပထမကြွလာခြင်းကဲ့သို့ ထင်မှတ်ကြမည်မဟုတ်ပါ။ သူတို့၌ ဒံယေလ ၏သက်သေခံချက်ရှိသည်။ သူတို့၌ဟေရှာယနှင့်အခြားပုရောဖက်များတို့၏ သက်သေခံချက်ရှိသည်။ သူတို့၌မောရှေ၏သွန်သင်ချက်များရှိပြီး ဤနေရာ၌ ခရစ်တော်သည် သူတို့၏အလယ်၌ရှိနေသော်လည်း သူတို့သည် သူ၏ ကြွလာခြင်းနှင့်ပတ်သက်၍ အထောက်အထားအတွက် သူတို့သည် သမ္မာ ကျမ်းစာကိုရှာဖွေလျက်ရှိသေးသည်။ ထိုနောက် ပုရောဖက်ဟောထားချက် အတိုင်း သူတို့ပြုလုပ်လိမ့်မည်ကိုသိလျက်နှင့် ခရစ်တော်အားသူတို့ပြုလုပ်ခဲ့ ကြပါသည်။ သူတို့မည်သည့်အရာကိုလုပ်နေကြောင်း သူတို့မသိသည့်တိုင် သူတို့၌မျက်စိကွယ်လျက်ရှိကြသည်။ [Ev 612.4]EvBur 809.3

    အများသောသူတို့သည် ဤတစ်ခုတည်းသောအရာကို ယနေ့ ၁၈၉၇ ခုနှစ်၌ပြုလုပ်ကြခြင်းမှာ သူတို့သည် ပထမ၊ ဒုတိယ၊ တတိယကောင်းကင် တမန်တို့၏သတင်းစကား၌ပါရှိသည့် ခက်ခဲသောသတင်းစကားများကိုနားလည် နိုင်ရန် ဗဟုသုတမရှိခြင်းကြောင့်ဖြစ်သည်။ အနာဂတ်၌ရှိနေသေးသောသတင်း စကားများကို နှုတ်ကပတ်တော်၌ အထောက်အထားအတွက်ရှာဖွေနေကြသော သူများရှိကြပါသည်။ သူတို့သည် သတင်းစကား၏မှန်ကန်ခြင်းကို အတူတကွ စုစည်းကြပါသည်။ သို့သော် ပုရောဖက်ဟောထားသောသမိုင်း၌ ၎င်းတို့၏ နေကို ၎င်းတို့အားမှန်ကန်စွာထားရှိရန် သူတို့ပျက်ကွက်ကြပါသည်။ ထိုကြောင့် ဤအရာသည် သတင်းစကားများကိုနေရာချထားခြင်းနှင့်ပတ်သက်၍ လူတို့ အားလမ်းလွဲစေခြင်း၏အန္တရာယ်သို့ ရောက်ရှိစေပါသည်။ သူတို့သည် အဆုံး ကာလကိုမမြင်၍နားမလည်ခြင်း၊ သို့မဟုတ် သတင်းစကားကိုဘယ်အချိန်အခါ ၌ချထားရမည်ကို နားမလည်ခြင်းဖြစ်သည်။ ဘုရားသခင်၏နေ့ကြီးသည် လျှို့ဝှက်စွာရောက်ရှိလာမည်။ သို့သော် ပညာရှိဟုထင်ရသူများနှင့်ကြီးမား သောသူများတို့သည် “သာ၍မြင့်သောပညာ” ဖြင့် ရမ်းသန်းပြောဆိုကြသည်။ သူတို့သည် ခရစ်တော်ကြွလာခြင်း၏နိမိတ်လက္ခဏာများကိုမသိကြပါ။ ကမ္ဘာ ကြီး၏အဆုံးကိုလည်းမသိကြပါ။ Manuscript 136, 1897. [Ev 613.1]EvBur 810.1