Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဓမ္မဆရာများကျမ်းစာသင်တန်းပေးခြင်း

    တိုတိုစကားပြော၍ပိုပြီးကျမ်းစာဖတ်ရှုခြင်း - ရှည်လျားသောတရားဟော ခြင်းများကိုမပြုလုပ်ပါနှင့်။ ဟောပြောသောအကြောင်းအရာတစ်ဝက်ကိုပင် ကြားနာရသူများမမှတ်မိနိုင်ပါ။ တိုတိုစကားပြောပြီး ကျမ်းစာကိုပို၍ဖတ်ရှုစေ ပါ။ ဤအချိန်သည် မိုင်တိုင်များကဲ့သို့ အချက်တိုင်းကိုရှင်းလင်းပြတ်သားစွာ ဖော်ပြရမည့်အချိန်ဖြစ်သည်။ Letter 102a, 1897. [Ev 439.3]EvBur 573.1

    ကူညီဖော်များသို့ တာဝန်လွှဲပြောင်းခြင်းမပြုရပါ — တစ်ဦးလုပ်ငန်းကို အခွင့်အရေး တိုင်း ကျွန်ုပ်တို့ဆုပ်ကိုင်ထားရမည်။ အကယ်၍ ဟောပြောချိန်နည်းသည့် တိုင် တစ်ဦးချင်းလုပ်ငန်းကိုဆောင်ရွက်ကြရမည်။ [Ev 439.4]EvBur 573.2

    ဤသင်းအုပ်ဆရာ၏အလုပ်တစ်စိတ်တစ်ပိုင်းကို လျစ်လျူရှုခြင်း၊ သို့မဟုတ် သင်၏ဇနီးသည်ဖြစ်စေ၊ အခြားသူတစ်ဦးတစ်ယောက်ထံသို့ဖြစ်စေ လွှဲပြောင်းခြင်းမပြုရပါ။ သင်လက်လှမ်းမီနိုင်သော အိမ်ထောင်မိသားစုတိုင်း ထံသို့လည်ပတ်နိုင်ရန် သင်၏ကိုယ်ကိုပညာပေး၍ ဆည်းပူးသင်ယူရမည်။ ဤအလုပ်သည် ဧဝံဂေလိဓမ္မဆရာတစ်ဦး၏အကျိုးအများဆုံးပေးဆောင်နိုင် သည့် သက်သေထူနိုင်သောအလုပ်ဖြစ်သည်။ [Ev 440.1]EvBur 573.3

    သူသည်လူတို့အား မိမိတို့၏အိမ်သို့လည်ပတ်ခြင်းဖြစ်သည့် ဤအလုပ် ကိုလျစ်လျူရူပါက သူသည် သစ္စာမရှိသောသိုးထိန်းတစ်ဦးဖြစ်ပါလိမ့်မည်။ ထိုကြောင့် ဘုရားသခင်၏ပြစ်ဒဏ်ပေးခြင်းကို သူခံရလိမ့်မည်။ သူ၏လုပ်ဆောင် မှုသည်လည်း တစ်ဝက်ပင်ပြီးမြောက်မည်မဟုတ်ပါ။ အကယ်၍သူသည် တစ်ဦးချင်းအလုပ်ကိုဆောင်ရွက်ပါက များစွာသောအလုပ်ကိုပြီးမြောက်စေမည် ဖြစ်ပြီး ဝိညာဉ်ပေါင်းများစွာကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ [Ev 440.2]EvBur 573.4

    ဤသာသနာ့လုပ်ငန်း၏အလိုအပ်ဆုံးသောအစိတ်အပိုင်းဖြစ်သည့် အမှန်တရားသယ်ဆောင်သောသတင်းပို့ဆောင်သူနှင့် ဘုရားသခင်၏သိုးခြံရှိ သိုးများတို့နှင့် သေချာစွာပေါင်းစည်းစေသည့်အလုပ်ကို လျစ်လျူရှုခြင်းအတွက် ဆင်ခြင်ပေးခြင်းကို ဘုရားသခင်လက်ခံမည်မဟုတ်ပါ။ လူတို့ထံသို့ လူသား ကိုသာအလင်းလမ်းကြောင်း၏တန်ဆာပလာအဖြစ် သူ၏ကိုယ်တိုင်ကြိုးစား မှုဖြင့် မိမိကိုယ်ကိုသူ၏ကြိုးစားလုပ်ဆောင်သောသူတို့အားဖော်ပြရန်စီစဉ်သူ သည် ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်။ [Ev 440.3]EvBur 574.1

    မှန်သောအချိန်၌ အားနည်းသောသိုးစုကို ခွန်အားပေးရန်လိုသည်။ ယုံကြည်ခြင်း၌အမြစ်စွဲလျက် တည်မြဲခြင်းရှိစေရန် သူတို့ကိုအားပေးစကားများ ပြောဆိုရပါမည်။ ဤနည်းလမ်းဖြင့် လူတို့ထံသူတို့ရှိရာအရပ်သို့ သူတို့နှင့် တွေ့ဆုံရန် ဘုရားသခင်စီမံထားပါသည်။ ကျွန်ုပ်အမှုထမ်းဆောင်ခဲ့သော နေရာများ၌ တချို့သောနေရာများတွင် ဘုရားရှင်၏အမှုတော်ပျောက်ကွယ် ရခြင်းမှာ သူတို့ထံသို့အမှန်တရားပို့ဆောင်သောသူတို့သည် ထိုသူတို့ကို ဆက်လက်၍ပြုစုပျိုးထောင်စောင့်ရှောက်ခြင်းမရှိခြင်းမှာ ဤလုပ်ငန်း၌ပါဝင် ခြင်းသည် ပျော်ရွှင်ဖွယ်ရာအလုပ်တစ်ခုမဟုတ်ခြင်းကြောင့်ဖြစ်သည်ဟု ကျွန်ုပ် သတိပြုမိပါသည်။ Letter 18, 1993. [Ev 440.4]EvBur 574.2

    ကိုယ်စားဖြင့်လုပ်ဆောင်၍မရသောအလုပ် - ကိုယ်တိုင်လုပ်ဆောင်ခြင်းဖြင့် လူတို့ရှိရာအရပ်သို့သွားပါ။ သူတို့နှင့်ရင်းနှီးမှုရှိပါ။ ဤအလုပ်ကိုကိုယ်စား ဖြင့်လုပ်ဆောင်၍မရပါ။ ငွေချေးငှားခြင်းအားဖြင့်သော်လည်းကောင်း၊ ပေးခြင်း အားဖြင့်သော်လည်းကောင်း မပြီးစီးနိုင်ပါ။ ပလ္လင်ပေါ်တရားဟောခြင်းအားဖြင့် ဆောင်ရွက်၍မရပါ။ နှုတ်ကပတ်တော်ကို အိမ်ထောင်မိသားစုများထံသွား၍ သင်ကြားပေးရမည်။ ဤအလုပ်သည် တရားဟောဆရာအလုပ်ဖြစ်ပြီး၊ တရာ ဒေသနာဟောပြောခြင်းနှင့်အတူ ပေါင်းစည်းလုပ်ဆောင်ကြရမည်။ အကယ်၍ ပျက်ကွက်ပါက တရားဟောပြောခြင်းသည် အောင်မြင်သင့်သလောက် အောင်မြင်မည်မဟုတ်ပါ။ [Ev 440.5]EvBur 574.3

    အမှန်တရားရှာဖွေသောသူတို့အတွက် သင့်လျော်သောစကားများကို သူတို့အားပြောဆိုရန်လိုအပ်သည်။ အကြောင်းမှာ မာရ်နတ်သည် သူတို့ကို မိမိ၏စုံစမ်းခြင်းများအားဖြင့် သွေးဆောင်စကားပြောလျက်ရှိသည်။ အကယ်၍ သင်သည် ဝိညာဉ်များကိုကြိုးစား၍မစသောအခါ မလိုလားသောအရာနှင့်ရင်ဆိုင် ရပါက ဂရုမစိုက်ပါနှင့်။ အကယ်၍ သင်၏လုပ်ဆောင်မှု၌ အကျိုးအနည်းငယ် သာရှိပုံပေါ်ပါက စိတ်ဓာတ်မကျပါနှင့်။ ဆက်လက်လုပ်ဆောင်ပါ။ သတိ ပြုပါ။ မည်သည့်အခါ၌စကားပြောဆိုရမည်၊ တိတ်တဆိတ်နေရမည်ကိုနားလည် ပါ။ ဝိညာဉ်များကိုဂရုစိုက်ပါ။ မာရ်နတ်၏လှည့်ဖြားခြင်းကိုသတိထားပါ။ သင်၏တာဝန်ကိုလွှဲရှောင်ခြင်းမပြုနှင့်။ အခက်အခဲများကြောင့် စိတ်ဓာတ် ကျဆင်းခြင်း၊ ထိတ်လန့်ခြင်းကို ခွင့်မပြုပါနှင့်။ ခိုင်မာသောယုံကြည်ခြင်းဖြင့် ကြောက်ရွံ့ခြင်းကင်းသောရည်ရွယ်ချက်ဖြင့် ဤအခက်အခဲများကိုရင်ဆိုင်ပြီး အောင်မြင်မှုရယူပါ။ တွန့်တိုခြင်းမရှိသောလက်ဖြင့် ယုံကြည်ခြင်းမျိုးစေ့ကို ကြဲပါ။ ။ Gospel Workers, pp. 188, 189. (1915) [Ev 441.1]EvBur 575.1

    သင်ကြားပါ။ ကျမ်းစာသင်တန်းကျင်းပပါ - သင်တရားဟောခြင်းကိုနှစ်သက် သောကြောင့် သင်သွားသောနေရာ၌တရားဟောခွင့်ရလိမ့်မည်။ ဤဟောပြော ခြင်းလုပ်ငန်းကို သင်ကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ဖြစ်သော်လည်း ဤအလုပ် ကိုသာသင်လုပ်ဆောင်ရမည်မဟုတ်ပါ။ လူတို့ကိုသင်ကြားရန်၊ ပညာပေးရန် လိုအပ်သေးသည်။ တရားဟောချက်များစွာတို့ကို အကယ်၍သင်တစ်ဝက် ဖြတ်တောက်လိုက်ပါက ကြားနာရသူများအတွက် ပို၍များစွာအကျိုးရှိပေလိမ့် မည်။ [Ev 441.2]EvBur 575.2

    သင်ကြားရန်အတွက်အချိန်ယူပါ။ ကျမ်းစာသင်တန်းကျင်းပပါ။ ကြားနာရသူများတို့၏စိတ်ထဲ၌ အချက်အလက်များနှင့်ကျမ်းချက်များတို့ဖြင့် စွဲမြဲစေပါ။ သူတို့အားမေးခွန်းများမေးခွင့်ပြုပြီး တင်ဆက်သောအမှန်တရား များကို သူတို့မှတ်မိမှတ်သားနိုင်ရန် ရိုးစင်း၍ရှင်းလင်းပြတ်သားစွာဖြင့် သူတို့ကို အဖြေပေးပါ။ [Ev 441.3]EvBur 575.3

    ခရစ်တော်၏ပုံသက်သေနှင့် သူ၏သင်ကြားသောနည်းစနစ်ကိုလေ့လာ ပြီး သူသင်ကြားသည့်နည်းတူသင်ကြားပါ။ သူသည် တရားအနည်းငယ်ကို သာဟောပြီး သူသွားလေရာရာအရပ်၌ သူ၏သွန်သင်ခြင်းကို စုရုံးလျက်ရှိ သောလူအံစုအဝေးကြီးမှ နားထောင်ကြသည်။ ပို၍ကောင်းမွန်သောပုံစံဖြင့် လုပ်ဆောင်နိုင်ရန် ဓမ္မဆရာများတို့သည် ပညာကိုသင်ယူကြရမည်။ ယခုတိုင် သင်သည် ပညာသင်ယူခြင်းအလုပ်ကိုမပြုသေးပါ။ တရားဟောချက်တစ်ခုပြီး တစ်ခု လူတို့နားထောင်ကြပြီး ပြောဆိုသောအရာများအထဲ၌ အချက်အနည်းငယ် ကိုသာမှတ်မိကြရာ ဤအချက်များတို့သည် စိတ်ထဲ၌အရှိန်အဟုန်ပျောက်ဆုံး သွားကာ အခြားသောအတွေးအခေါ်များဝင်လာပြီး အမှန်တရား၏မျိုးစေ့ကို ပိတ်ဆို့လိုက်ပါသည်။ စိတ်နှလုံးကိုနှိုးဆော်ရန် အချက်တစ်ချက်ပြီးတစ်ချက် သူတို့အမှန်တရားကိုသိရှိပြီး ထာဝရစိတ်ဝင်စားခြင်းရှိရန် ယခုဘုရားသခင်၏ နည်းလမ်းသည် အကောင်းဆုံးဖြစ်ပါသည်။ စိတ်နှလုံးမြေဆီလွှာကိုပြင်ဆင် လျက် စိုက်ပျိုးသောမျိုးစေ့ပေါက်လာပြီး အသီးသီးနိုင်ပါစေ။ Letter 29, 1890. [Ev 441.4]EvBur 576.1