Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျန်းမာခြင်းနှင့်ကျန်းမာခြင်းစည်းမျဉ်းဥပဒေများ

    သာသနာပြုဆရာများကျန်းမာခြင်းဂရုမစိုက်ရန်သွေးဆောင်ခြင်းခံရ - မာရ်နတ် သည် ဖျက်ဆီးခြင်းအလုပ်ကိုလုပ်နေသည်။ သူသည် ဘုရားသခင်ကိုချစ်သော သူများနှင့် ဧဝံဂေလိဟောပြောသောသူများတို့အား မိမိတို့၏ကိုယ်ခန္ဓာကျန်းမာ ခြင်းကိုဂရုမစိုက်ရန် သူတို့၏စိတ်ကိုပို့ဆောင်နေသည်။ အကြောင်းမှာ ဤကိစ္စ သည် ကောင်းသောအကျင့်စရိုက်၏အထွေထွေစံချိန်နှင့်ပတ်သက်သောကြောင့် ဖြစ်သည်။ ဓမ္မဆရာများတို့သည် အချိန်များစွာယူပြီး တရားဟောခြင်းအား ဖြင့် သူတို့၏အရေးကြီးသောတန်ခိုးကုန်ခန်းသွားစေကြပါသည်။ ၎င်းသည် ရှည်လျားစွာဟောပြောခြင်းကြောင့် မောပန်းသွားကြခြင်းဖြစ်သည်။ ဧဝံဂေလိ အစာတစ်ဝက်ဟောပြောတိုက်ကျွေးခြင်းသည် ပို၍အကျိုးရှိပါသည်။ Letter 91, 1898. [Ev 657.2]EvBur 874.1

    ဧဝံ ဂေလိ လုပ် ငန်း၏ပင်ပန်းနွမ်းနယ်ခြင်း - သင်၏တနင်္ဂနွေနေ့ည အစည်းအဝေးများတို့သည် သင့်ကိုပင်ပန်းစေရခြင်းမှာ သင့်အား သင်၏ကိုယ်ကို စိတ်လှုပ်ရှားခြင်းမှ များစွာပူပန်ခြင်းသို့ပို့ဆောင်သောကြောင့်ဖြစ်သည်။ ၎င်းနောက် တုံ့ပြန်မှုစာအပေးအယူရောက်ရှိလာပြန်ပြီး အသင်းတော်နှင့်သင်၏ဆက်သွယ်မှု၌ စိတ်ချမ်းသာခြင်းနှင့် ဖြောင့်မတ်ခြင်းမပေးနိုင်သောအကျိုးကိုဖြစ်စေပါသည်။ [Ev 658.1]EvBur 874.2

    အလွန်ကြီးမားသောကြိုးစားမှုများတို့ကို သင်၏စည်းဝေးများအတွက် ပြင်ဆင်မှုပြုလုပ်ရာတွင် အရေးအကြီးဆုံးသောလိုအပ်သည့်အရာများကို မပြီးမြှောက်စေပါ။ လူတို့မှသင့်ကိုချီးမွမ်း၍ မြှောက်ပင့်ပြောဆိုလိမ့်မည်။ သို့သော် မည်သည့်အထောက်အထားမျှ သင်၏အလုပ်ကိုမှန်ကန်သောဩဇာဖြင့် ရယူခြင်း မပြုနိုင်ပါ။ [Ev 658.2]EvBur 874.3

    သာမက “လူတို့အားစကားပြောရန်ပြင်ဆင်ခြင်းပြုလုပ်ရာတွင် အလွန်စိတ်လှုပ်ရှား စေသည့် မြင့်သောတင်းမာခြင်းတစ်ခုသို့မရောက်ရှိစေရန် သင်ကာကွယ်ရမည်” ဟုဘုရားရှင်ပြောပါသည်။ .etter 51, 1902. [Ev 658.3]EvBur 875.1

    ဘုရားရှင်အလုပ်ထဲ၌ချုပ်တည်းခြင်း - ခရစ်တော်၏အစေခံများတို့သည် မိမိတို့၏ကျန်းမာခြင်းကိုဂရုမစိုက်ဘဲ ပေါ့ဆစွာထားရှိခြင်းမပြုရပါ။ ရှေ့ဆက် လုပ်ရမည့်အလုပ်ကို မလုပ်ဆောင်နိုင်သည့်တိုင်အောင် အားအင်ကုန်ခန်းသွား သည့်အထိ မည်သူမျှမိမိ၏လုပ်ငန်းကိုမလုပ်ဆောင်စေပါနှင့်။ နှစ်ရက်စာ အလုပ်ကို တစ်ရက်တည်းဖြင့်မလုပ်ဆောင်ပါနှင့်။ အဆုံး၌သတိကြီးစွာနှင့် ပါးနပ်စွာဖြင့်အလုပ်လုပ်ဆောင်သောသူတို့သည် မိမိတို့ကာယခွန်အားနှင့်ဉာဏ ခွန်အားကို လွန်ကဲစွာအသုံးပြုပြီးလုပ်ဆောင်ခြင်းကြောင့် အရေးပေါ်ကိစ္စ၌ လိုအပ်ခြင်းအတွက် မလုပ်ဆောင်နိုင်ကြသည့်လူများကဲ့သို့ပင် အလုပ်ကိုအတူတူ လုပ်ဆောင်ပြီးစီးစေနိုင်ကြောင်း ကျွန်ုပ်တို့တွေ့ ရပါသည်။ Gospel Workers, p. 244. (1915) [Ev 658.4]EvBur 875.2

    ဉာဏ်ရည်ထက်မြက်စွာဖြင့်လုပ်ဆောင်ပါ - အမှုဆောင်တိုင်း စွမ်းရည် ထက်မြက်စွာဖြင့် အလုပ်ကိုလုပ်ဆောင်သင့်ပြီး၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့် တစ်ခုတည်းသောစိတ်ထားဖြင့် လုပ်ဆောင်ကြရပါမည်။ ဘုရားရှင်ပေးထားသော မည်သည့်စွမ်းရည်ကိုမျှအလွဲသုံးခြင်းမပြုကြရန် အထူး သတိပြုသင့်ကြပါသည်။EvBur 875.3

    ကျွန်ုပ်၏ညီအစ်ကို၊ သင်မှန်ကန်စွာအကြံပေးနိုင်ရန် သင့်အားမျှတ သောစိတ်၊ ကောင်းသောစာရိတ္တနှင့်ဝိညာဉ်ခွန်အားများတို့ကို ဘုရားသခင်ပေးပြီး သင်၏အမှုတော်၌ လုပ်ဆောင်သောနည်းစနစ်ကိုပြုပြင်ပေးလိမ့်မည်။EvBur 875.4

    သင်ဆက်ရန်အတွက် အမှန်တရား၏အသိဉာဏ်၌ ဗဟုသုတရှိသော သူအလွန်နည်းပါးနေပါသည်။ သင်သည် သင်၏ကိုယ်ကိုခံစားချက်ပြင်းထန် စွာရှိစေရန်ခွင့်ပြုသောကြောင့် သင်သည် အမြဲလိုပင် သင်၏ကိုယ်ခန္ဓာနှင့်အသိ ဉာဏ်တန်ခိုးများတို့ကို အလွန်အကျွံအသုံးပြုနေပါသည်။ သင်သည် ထင်ရှား တောက်ပသောစိတ်ကူးဥာဏ်ရှိပြီး သင်၏ဟောပြောခြင်း၌ ပြင်းထန်စွာဖြင့် သင်၏စိတ်ကိုအမြဲပင်ပန်းနွမ်းနယ်စေရန် မြင့်သောအသံဖြင့်ဟောပြောခြင်းကြောင့် သင့်အားပင်ပန်းစေရုံမျှမက၊ နားထောင်သောသူများတို့ကိုပင် ကသိကအောက် ဖြစ်စေပြီး၊ သူတို့၏စိတ်ဝင်စားခြင်းကို လျော့နည်းစေပါသည်။ သင်သည် ဤအရာကိုပြုပြင်ရမည်ကိုမသိခြင်း၊ သင်၏ပျက်စီးတတ်သောကိုယ်ခန္ဓာယိုယွင်း သွားမည်ကို နားမလည်ခြင်းကြောင့် သင်ကြုံတွေ့ ရမည့်အကျိုးသက်ရောက် ခြင်းကို အမှန်ပင်သင့်အတွက်ခံစားရပါလိမ့်မည်။ မြင့်မားသောစိတ်ဖိစီးမှုနောက် ၌ဆက်နွှယ်နေသည့် စိတ်ဓာတ်ကျခြင်းလိုက်လာပါသည်။ [Ev 658.6]EvBur 876.1

    သင်၏လုပ်ငန်း၌မလိုအပ်သည့် ပြင်းထန်စွာလုပ်ဆောင်ခြင်းကို လုပ်ဆောင်ရန်ခွင့်မပြုသင့်ပါ။ သင့်ကိုယ်ကိုသင်သည် စာရေးသားခြင်း၌သော် လည်းကောင်း၊ ဟောပြောခြင်း၌သော်လည်းကောင်း အလွန်ပင်ပန်းစေပါသည်။ ဤကဲ့သို့ပြုလုပ်ရန် ဘုရားရှင်တောင်းဆိုခြင်းမပြုပါ။ ကျန်းမာခြင်းပညတ်ကို တိကျစွာလိုက်လျှောက်ပါ။ သခင်အတွက်ခွန်အားအပြည့်အဝဖြင့် သင်သည် လုပ်ဆောင်နိုင်လိမ့်မည်။ ခရစ်တော်၏သိုးခြံထဲရှိသိုးများတို့ကို လတ်ဆတ်သော မန္နမုန့်အားဖြင့် သင်ကျွေးမွေးနိုင်ပါလိမ့်မည်။ Letter 39, 1887. [Ev 659.1]EvBur 876.2

    လိုအပ်သောအနားယူရန်အချိန်အတွက်ခွင့်ပြုပါ - တချို့သောကျွန်ုပ်တို့၏ ဓမ္မအမှုဆောင်များတို့သည် နယ်ဌာနချုပ်သို့စာရင်းတင်ပြနိုင်ရန် တချို့ အလုပ် များကို နေ့စဉ်ဆောင်ရွက်ရမည်ဟု ခံစားရပါသည်။ ဤအရာကိုကြိုးစား ဆောင်ရွက်ခြင်းအားဖြင့် သူတို့၏အင်အားကုန်ခန်းသွားပြီး ထိရောက်စွာအလုပ် မလုပ်နိုင်ကြတော့ပါ။ သူတို့အနားယူရန် အချိန်ကိုရယူသင့်ပြီး၊ လုံးလုံး လျားလျားပင်ပန်းသောအလုပ်လုပ်ဆောင်ခြင်းမှ ကင်းဝေးစေရမည်။ သို့သော် ဤအရာသည် နေ့စဉ်ကိုယ်ကာယလေ့ကျင့်ခန်း၏နေရာကိုယူ၍မရပါ။ Gospel Workers, p. 240. (1915) [Ev 659.2]EvBur 876.3

    ရှေ့တာဝန်များအတွက်ပြင်ဆင်မှုပြုခြင်း - အမှုဆောင်တစ်ဦး စိတ်ပူပန်ခြင်း ၏လေးလံသောဝန်ထုပ်အောက်၌ရှိနေပြီး၊ ကိုယ်စိတ်နှလုံးပင်ပန်းနွမ်းနယ်သည့် အခါ သူသည် ခေတ္တခဏအနားယူသင့်သည်။ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းအတွက် ပြင်ဆင်မှုပို၍လုပ်နိုင်ရန်ဖြစ်သည်။ ကျွန်ုပ် တို့၏လုပ်ငန်း၌ ကျွန်ုပ်တို့ကိုထိရောက်စွာစုံစမ်းသွေးဆောင်နိုင်ရန် ကျွန်ုပ်တို့ ၏အားနည်းချက်တိုင်းကို အဆင်သင့်အခွင့်အရေးယူပြီး သတိဖြင့်စောင့်ကြည့် နေသော ကျွန်ုပ်တို့၏ရန်သူရှိသည်။ ကျွန်ုပ်တို့၏စိတ်ထဲ၌ အလွန်မောပန်း နွမ်းနယ်နေပြီး ကိုယ်ခန္ဓာအင်အားလျော့နည်းသွားသောအခါ ကျွန်ုပ်တို့၏စိတ်ကို ပြင်းထန်သောစုံစမ်းခြင်းများဖြင့် သူစုံစမ်းမည်ဖြစ်သည်။ အမှုဆောင်သည် မိမိ၏ခွန်အားကိုချင့်ချိန်၍အသုံးပြုပြီး ပင်ပန်းနွယ်နယ်သောအခါ၊ ယေရှုနှင့် ဆက်သွယ်ပြီး ခွန်အားပြန်လည်၍ရယူရပါမည်။ Gospel Workers, p. 245. (1915) [Ev 659.3]EvBur 877.1

    လွန်ကျူးစွာလုပ် ဆောင် ခြင်း၏မောပန်းနွယ်နယ်ခြင်းကို ရှောင်ပါ - မိမိတို့ ထမ်းဆောင်နေရသောဝန်ထုပ်များ၏အောက်၌ မောပန်းနွမ်းနယ်ပြီး ကျန်းမာ ရေးချို့တဲ့သည့်အမှုဆောင်တချို့အကြောင်းကို ကျွန်ုပ်ကြားရပါသည်။ ဤကဲ့သို့ မဖြစ်သင့်ပါ။ ကျွန်ုပ်တို့လူသားများဖြစ်ကြောင်းကိုသတိရရန် ဘုရားသခင်ဆန္ဒ ရှိသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အလုပ်၌ လွန်ကျူးစွာဖက်တွယ်နေခြင်း မပြုရပါ။ ကျွန်ုပ်တို့၏ကာယနှင့်ဥာဏတန်ခိုးကုန်ခန်းသွားသည့်တိုင်အောင် မောပန်းနွမ်းနယ်ခြင်းအောက်၌ ကျွန်ုပ်တို့၏ကိုယ်ကိုမထားရှိသင့်ပါ။ လေးလံ သောဝန်ထုပ်ကိုထမ်းနေရသူများအတွက် ပေါ့ပါးသွားစေရန် အမှုဆောင်များ ပို၍လိုနေပါသည်။ Review and Herald, April 28, 1904. [Ev 660.1]EvBur 877.2

    အနားယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့်မိသားစုတာဝန်များအတွက်အချိန် - အကယ်၍ ဓမ္မဆရာတစ်ဦးသည် သူ၏အားလပ်ချိန်၌ သူ၏ဥယျာဉ်ခြံအလုပ် ကိုလုပ်နေပါက သူ၏လစာကိုနုတ်ပစ်လိုက်ရမှာလား၊ လုံးဝမနုတ်ရပါ။ သာသနာလုပ်ငန်းကို အချိန်ပိုလုပ်၍ ပင်ပန်းနွမ်းနယ်သည်ထက် ပို၍ကောင်း ပါသည်။ တချို့ဓမ္မဆရာများတို့သည် နာရီပေါင်းများစွာဖြင့် မိမိတို့၏စိတ် ပင်ပန်းမှုကို အနားပေးခြင်းကိုတွေ့ရခြင်းသည်မှန်ပြီး၊ သူတို့လုပ်သင့်သည့်အရာ ဖြစ်သည်။ အကြောင်းမှာ လေးလံသောလုပ်ငန်းကိုလုပ်နေရပြီး အနားယူချိန် မရသောကြောင့် သူ၏ခန္ဓာကိုယ်ခံနိုင်ရည်မရှိသည့်အတွက်ဖြစ်သည်။ ပြင်းထန် သောလုပ်ဆောင်ခြင်းအတွက် နေ့အချိန်၌လုပ်ဆောင်ရန်နာရီများစွာရှိပြီး လစာ အပိုမရရှိသောဓမ္မဆရာရှိသည်။ အကယ်၍ တစ်နေ့တာအတွင်း နာရီပေါင်း များစွာသစ်ခုတ်ခြင်း၊ သို့မဟုတ် ဥယျာဉ်ထဲ၌အလုပ်လုပ်ခြင်းပြုပါက တရား ဟောခြင်းကဲ့သို့သူလုပ်ဆောင်ရန် သူ၏အခွင့်အရေးဖြစ်ပါသည်။ ဓမ္မဆရာ တစ်ဦးသည် အမြဲတရားဟောခြင်းနှင့်လည်ပတ်ခြင်းများကို မပြုလုပ်နိုင်ပါ။ အကြောင်းမှာ၊ အားအင်ကုန်ခန်းသောအလုပ်တစ်ခုဖြစ်သည်။EvBur 877.3

    ကျွန်ုပ်အလင်းရရှိခဲ့သည်မှာ အကယ်၍ ကျွန်ုပ်တို့၏ဓမ္မဆရာများ ကိုယ်ကာယလုပ်ငန်းကိုပို၍လုပ်ဆောင်ကြပါက သူတို့သည် ကျန်းမာခြင်း ကောင်းသော ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းရပါလိမ့်မည်။ သူ၏တစ်နေ့တာ ဟောပြောခြင်း၊ လည်ပတ်ခြင်းနှင့်လေ့လာခြင်းများတို့ကိုပြုပြီးသည်နောက် ဓမ္မဆရာသည် သူကိုယ်တိုင်လိုအပ်သောအရာများတို့ကို အချိန်ယူပြီးလုပ်ကိုင် သင့်ပါသည်။ သူသည် အကယ်၍လစာနည်းပြီးမလုံမလောက်ဖြစ်နေပါက သူသည် မိမိ၏မိသားစုအတွက် ပံ့ပိုးမှုပြုနိုင်ရန်၊ အခြားဝင်ငွေအတွက် တီထွင် လုပ်ဆောင်နိုင်ပါသည်။ သဘောထားသေးသိမ်သောသူများ ဝေဖန်မှုပြုမည် ဖြစ်သော်လည်း၊ ထိုသို့သောလုပ်ဆောင်ခြင်းကို ဘုရားသခင်နှစ်သက်ပါသည်။ [Ev 660.3] ဖEvBur 878.1

    သာသနာလုပ်ငန်း၌ နေ့ညမပြတ်အတင်းအဓမ္မလုပ်ဆောင်ကြရပြီး၊ မလုံမလောက်သောလစာဖြင့် အသက်ရှင်နေရသောသူများကို ကျွန်ုပ်အားပြသ ခဲ့သည်။ အရေးကြုံရာကာလရောက်ရှိလာသောအခါ၊ အကြောအခြင်နှင့်ခွန်အား တိုင်းကို အလွန်ပင်ပန်းစွာလုပ်ကိုင်နေကြရပါသည်။ အကယ်၍ ဤပုဂ္ဂိုလ် များတို့သည် ခေတ္တခဏအနားယူပြီး ကာယခွန်အားနှင့်ဆိုင်သောအလုပ်များ ကို လုပ်ကိုင်ကြပါက၊ များစွာသက်သာရာရရှိကြပါလိမ့်မည်။ စောစောစီးစီး အနားယူခြင်းမှ (သေခြင်း)၊ လွတ်မြောက်ကြမည်ဖြစ်ပါသည်။ တစ်နေ့တာ အတွင်း ကောင်းသောလိုအပ်နေသည့် ကိုယ်ကာယကျန်းမာခြင်းနှင့်စိတ်ကြည်လင် ခြင်းရရှိရန် ကာယအလုပ်တချို့ကို လုပ်ဆောင်ကြရပါမည်။ သို့မှသာ သွေးလည်ပတ်မှုကို နှလုံးမှဦးနှောက်နှင့်ကိုယ်ခန္ဓာတစ်ခုလုံးသို့ အနှံ့အပြား ရောက်ရှိသွားပြီး၊ ကျန်းမာကြပါလိမ့်မည်။ Letter 168, 1899. [Ev 661.1]EvBur 878.2

    ဆက်လက်၍တိုးတက်ခြင်း - အသက် (၄၀)၊ သို့မဟုတ် (၅၀) သို့ ရောက်ရှိကြသော ကျွန်ုပ်တို့၏ဓမ္မဆရာများတို့သည် မိမိတို့၏လုပ်အားများမှာ လွန်ခဲ့သောအချိန်များတို့ထက် လျော့နည်းသွားသည်ဟု မထင်သင့်ကြချေ။ ဗဟုသုတရှိသော အသက်အရွယ်ကြီးရင့်သူတို့သည်သန်မာ၍ ကောင်းသော လမ်းညွှန်မှုတို့၏ကြိုးစားလုပ်ဆောင်ခြင်းကို ပေးစွမ်းနိုင်သောသူများဖြစ်သည်။ သူတို့သည် ဤအချိန်၌အထူးလိုအပ်လျက်ရှိပြီး၊ သူတို့မရှိကြပါက အသင်း တော်ရပ်တည်ရန်အလွန်ခက်ခဲပေလိမ့်မည်။ ထိုသို့သောသူများတို့သည် ကာယ နှင့်ဉာဏခွန်အားနည်းခြင်းနှင့် သူတို့၏အသုံးဝင်ခြင်းနေ့ရက်များကုန်လွန်သွား ပြီဟု မပြောဆိုသင့်ကြပါ။ [Ev 661.2]EvBur 879.1

    သူတို့အထဲ၌ များစွာသောသူတို့သည် ပြင်းထန်သောစိတ်နှင့်ဆိုင်သည့် ခက်ခဲမှုကိုခံစားနေရပြီး၊ ကိုယ်လက်လှုပ်ရှားခြင်းအားဖြင့် သက်သာရာကို မပြုလုပ်ကြပါ။ အကျိုးကျေးဇူးများမှာ သူတို့၏တန်ခိုးများတန်ဖိုးကျဆင်းပြီး၊ မိမိတို့၏တာဝန်များတို့ကို မဆောင်ရွက်နိုင်ကြခြင်းဖြစ်သည်။ သူတို့၌လိုအပ် နေသောအရာသည် ပို၍လှုပ်ရှားသောအလုပ်ကိုလုပ်ဆောင်ရန်ဖြစ်သည်။ ဤအရာ များတို့သည် သက်ကြီးရွယ်အိုများတို့၌သာ သတ်မှတ်ထားခြင်းမဟုတ်ဘဲ လူငယ်များတို့၌လည်း ၎င်းအတိုင်းစိတ်နှင့်ဆိုင်သောအားအင်ချည့်နဲ့ခြင်းကိုဖြစ် စေပါသည်။ သူတို့၌ဟောပြောရန်စာရင်းတစ်ခုရှိပါသည်။ သို့သော် ကန့်သတ် ချက်ထက်ပို၍ဟောပြောကြပါက၊ သူတို့၏အသံကို သူတို့ပျက်စီးစေပါလိမ့် မည်။ [Ev 661.3]EvBur 879.2

    မိမိ၏သိုးစုထံသို့အလည်အပတ်ပြုရန် မြင်းပေါ်၌အချိန်ယူသွားလာ သော ရှေးခေတ်ဓမ္မဆရာတစ်ဦးသည် သူ၏ခက်ခဲမှုများနှင့်ကြုံတွေ့ ရပြီး၊ ဟောပြောခြင်းများတို့ကိုပြုရသော်လည်း ယနေ့ကာယခွန်အားကိုအသုံးမပြုကြ ဘဲ မိမိတို့၏စားပွဲပေါ်ရှိစာအုပ်များတို့နှင့် အချိန်ကိုကုန်လွန်စေကြသော ယခု အချိန်ရှိကျွန်ုပ်တို့၏ဓမ္မဆရာများတို့ထက် ပို၍များစွာကျန်းမာခြင်းကိုခံစားကြ ရပါသည်။ [Ev 662.1]EvBur 880.1

    အသက်အရွယ်ကြီးရင့်ပြီး ဗဟုသုတရှိသောဓမ္မဆရာများတို့သည် ငှားရမ်းထားသောဘုရားသခင်၏အစေခံများကဲ့သို့ တာဝန်ရှိနေကြောင်းခံစား သင့်ကြပြီး၊ နေ့စဉ်တိုးတက်ရန် ရှေ့သို့ချီတက်ပြီး မိမိတို့၏အလုပ်၌ပိုပြီး ဆက်လက်၍ထိရောက်စွာဆောင်ရွက်နိုင်ရန် သစ်ဆန်းသောအကြောင်းအရာ များတို့ကို အမြဲစုစည်းကာ၊ လူတို့ရှေ့၌တင်ပြကြရမည်။ ဧဝံဂေလိဟောကြား ခြင်းကြိုးစားမှုတစ်ခုစီ၌ ပြီးခဲ့သောလုပ်ဆောင်မှုထက် တိုးတက်ခြင်းရှိသင့်သည်။ နှစ်စဉ်ဘုရားတရားကြည်ညိုခြင်းကို ပို၍နက်ရှိုင်းစေခြင်း၊ ကြင်နာတရားရှိသူ တစ်ဦး၏စိတ်ဓာတ်၊ ပို၍ကြီးသောဝိညာဉ်ရေးခွန်အားနှင့် ပို၍ကောင်းမွန်သော အမှန်တရား၏အသိပညာများတို့ကို ပျိုးထောင်သင့်ကြပါသည်။ သူတို့၏ အသက်အရွယ်နှင့်ဗဟုသုတပို၍များလာသည်နှင့်အညီ သူတစ်ပါးတို့၏ စိတ်နှလုံးကို ပို၍ချဉ်းကပ်နိုင်ရန်နှင့် ပို၍မိမိတို့၏ကိုယ်ကိုပြည့်စုံစွာသိရှိ နားလည်သင့်ကြပါသည်။ Testimonies, vol. 4, pp. 269, 270. (1876) [Ev 662.2]EvBur 880.2

    ငွေကြေးနှင့်ပတ်သက်သောပူပင်သောကများ - ဓမ္မဆရာနှင့်ဆရာများတို့သည် ကြေးဆိုင်ရာတာဝန်များ၏ဝန်ထုပ်အောက်၌ ဖိစီးမှုခံနေရသောအခါ ပလ္လင် ပေါ်၌ဖြစ်စေ၊ စာသင်ခန်းထဲ၌ဖြစ်စေ သူတို့၏ဦးနှောက်တို့သည်မောပန်းနေ ပြီး အကြောအခြင်များတို့သည် အားအင်ချည့်နဲ့နေသောကြောင့် ရိုးရိုးမီးကို အသုံးပြုခြင်းထက် လူတို့မျှော်လင့်သော ဘုရားသခင်၏ထွန်းလင်းသည့်သန့်ရှင်း သောမီးကို မည်ကဲ့သို့ရရှိနိုင်မည်နည်း။ အားစိုက်ရသောမပြည့်စုံသည့်ကြိုးစား ခြင်းသည် နားထောင်သောသူတို့အားစိတ်ပျက်စေပြီး၊ ဟောပြောသောသူကို လည်းထိခိုက်စေပါသည်။ သူသည် ဘုရားသခင်ကိုရှာရန်အချိန်မရှိပါ။ သန့်ရှင်း သောဝိညာဉ်တော်သက်ရောက်ခြင်းအတွက် ယုံကြည်ခြင်းဖြင့်တောင်းခံရန် အချိန်မရှိပါ။ Testimonies, vol. 7, pp. 250, 251. (1902) [Ev 662.3]EvBur 880.3

    ရှိလာမှာညအချိန်၌ရှည်လျားသောကော်မတီအစည်းအဝေးကိုရှောင်ရှားခြင်း - ဓမ္မဆရာ တစ်ဦးသည် အသင်းတော်များစွာတို့၌ အခက်အခဲများကိုဖြေရှင်းရန်တာဝန်ရှိ သောအခါ၊ လူတို့၏စိတ်နှလုံးထဲ၌ အကောင်းဆုံးသောဝိညာဉ်ရေးဘောင်ကို ထိန်းသိမ်းပေးနိုင်ခြင်းမရှိပါ။ ဤအရာသည် သူ၏တာဝန်မဟုတ်ပါ။ ဘုရားသခင်ရွေးချယ်ထားသော သူ၏သတင်းသယ်ဆောင်သူများတို့၏စွမ်းရည် တိုင်းကို သူတို့အသုံးပြုကြရန်သူဆန္ဒရှိသည်။ သူတို့၏စိတ်ကို ညအချိန် ရှည်လျားသောကော်မတီအစည်းအဝေးများ၌ နွမ်းနယ်စေရန်မပြုလုပ်သင့်ပါ။ အကြောင်းမှာ သူတို့၏ဦးနှောက်တန်ခိုးအားလုံးကို ခရစ်တော်ယေရှု၌ကဲ့သို့ ဧဝံဂေလိသတင်းစကားဟောပြောခြင်း၌အသုံးပြုရန် ဘုရားသခင်အလိုရှိသည်။ [Ev 662.4]EvBur 881.1

    ဝန်ပိုခြင်းသည် အမှုဆောင်တစ်ဦးအားပျာယာခတ်စေပြီး ယုံကြည်ခြင်း ၌မည်မျှတည်ရှိနေကြောင်း မိမိကိုယ်ကိုဆန်းစစ်ရန်အတွက် အချိန်ရှာရအလွန် ခက်နေပါသည်။ ဘုရားကိုအာရုံပြုပြီး၊ ဆုတောင်းရန်အချိန်အနည်းငယ်ကိုသာ သူတွေ့ရှိရပါသည်။ ခရစ်တော်သည် သူ၏သာသနာလုပ်ငန်း၌ ဆုတောင်း ခြင်းနှင့်အလုပ်ကိုပေါင်းစည်းထားသည်။ တစ်ညပြီးတစ်ညဆုတောင်းခြင်းအတွက် လုံးလုံးသူအသုံးပြုခဲ့သည်။ ဓမ္မဆရာတို့သည် အမှန်တရားကို မှန်ကန်စွာ ဟောပြောနိုင်ရန်အတွက် သူ၏သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကိုရရှိရန် သူတို့သည် ဘုရားကိုရှာကြရမည်။ Manuscript 127, 1902. [Ev 663.1]EvBur 881.2

    ခိုင်မာသောစံချိန်တစ်ခု- ရေပန်းစားသောသာသနာပြုသူတစ်ဦးသို့ တောင်းဆို ခြင်း တစ်ခု - ကျွန်ုပ်အားရှင်းလင်းစွာတင်ပြသည့်အချက်မှာ ဘုရားသခင်၏သားသမီး များတို့သည် အသားစားခြင်းအပေါ်ဆန့်ကျင်ခြင်းကို ခိုင်မာစွာရပ်တည်ကြရန် ဖြစ်ပါသည်။ အကယ်၍ သန့်ရှင်းသောသွေးနှင့်ရှင်းလင်းသောစိတ်သဘော ရှိရန် သူတို့သည်ဆန္ဒရှိကြပါက အသားစားခြင်းကိုရပ်ဆိုင်းလိုက်ရပါမည်။ အကယ်၍ဘုရားသခင်သည် သူ၏သားသမီးများတို့အား ဤသတင်းစကားကို နားထောင်ရန်အလိုမရှိပါက နှစ်ပေါင်း (၃၀) အတွက် သူ၏သားသမီးများတို့ အား ဤသတင်းစကားကိုပေးမည်မဟုတ်ပါ။ အသားစားခြင်းအားဖြင့် လူတို့ အထဲ၌တိရစ္ဆာန်သဘောအားကြီးလာစေပြီး ဝိညာဉ်သဘောအားနည်းသွားစေ ပါသည်။ အလွန်လေးနက်ပြီးအရေးကြီးသောအလုပ်၌ပါဝင်ရန် အပ်နှံခြင်းခံ ရသောလူသားများဖြစ်ကြသည့် သင်တို့ကဲ့သို့သောပုဂ္ဂိုလ်များတို့သည် မိမိတို့ စားသုံးသောအစားအစာများအပေါ် အထူးသတိပြုရန်လိုအပ်ပါသည်။ [Ev 663.2]EvBur 882.1

    သင်အသားစားသောအခါ သင်သည် ဒုတိယအဆင့်ဟင်းသီးဟင်းရွက် ကိုစားခြင်းဖြစ်ကြောင်း သတိရပါ။ အကြောင်းမှာ တိရစ္ဆာန်များတို့သည် ဟင်းသီးဟင်းရွက်အပင်အနှံများမှ အာဟာရဓာတ်များကိုရရှိပြီး ဈေးထဲ၌ရောင်းချ ရန်ပြင်ဆင်ထားခြင်းကြောင့်ဖြစ်ပါသည်။ စပါးနှင့်ဟင်းသီးဟင်းရွက်ထဲ၌ရှိသော အသက်သည် တိရစ္ဆာန်ထဲသို့ရောက်ရှိပြီး ၎င်းတို့၏အသက်အစိတ်အပိုင်းထဲ ၌ပါဝင်ကာ ထိုတိရစ္ဆာန်တို့၏အသားကို လူတို့စားသုံးကြပါသည်။ အဘယ် ကြောင့်သူတို့သည် ဒုတိယအဆင့်အစာကိုစားရန်ဆန္ဒရှိကြပါသနည်း။ [Ev 663.3]EvBur 882.2

    အစအဦး၌ အသီးအနှံသည် “အစာအတွက်ကောင်းသည်” ဟု ဘုရားသခင်ကြေညာခဲ့ပါသည်။ အသားစားခွင့်ပြုခြင်းသည် ကျဆုံးခြင်း၏ အဖိုးအခတစ်ခုဖြစ်သည်။ ရေလွှမ်းမိုးခြင်းပြီးသည့်နောက်ပိုင်း၌သာ လူတို့အား တိရစ္ဆာန်များတို့၏အသားကိုစားခွင့်ပြုပါသည်။ အဘယ်ကြောင့်နည်း။ ကျွန်ုပ် တို့အသားစားရန်လိုအပ်ပါသလား။ အသားသည် ရောဂါနှင့်ပြည့်ဝကြောင်း စားသုံးသူများအနည်းငယ်သာသိရှိကြသည်။ အသားသည် မည်သည့်အခါမျှ အကောင်းဆုံးသောအစာမဟုတ်ပါ။ ယခု၎င်းသည် ရောဂါအားဖြင့်ကျိန်ခြင်း ခံနေရသည်။ [Ev 663.4]EvBur 882.3

    တိရစ္ဆာန်အသားကိုစားရန်အတွက် သတ်ခြင်းကိုစဉ်းစားရုံမျှ၌ပင် ရွံရှာမုန်းတီးဖွယ်ကောင်းသောအရာဖြစ်နေပြီဖြစ်သည်။ အကယ်၍ လူ၏ဗီဇ အသိဥာဏ်သည် အာဟာရ၏အလိုလိုက်ခြင်းအားဖြင့် ညစ်ညမ်းခြင်းမရှိပါက လူသားများတို့သည် တိရစ္ဆာန်များတို့၏အသားကိုစားကြရန် စဉ်းစားကြမည် မဟုတ်ပါ။ Ev664.1]EvBur 883.1

    ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းတိုးတက်ရန် ဆောင်ရွက်ရမည့်အလုပ် ကို ကျွန်ုပ်တို့အားပေးခဲ့ပါသည်။ ဘုရားသခင်သည် မိမိ၏လူတို့အထဲ၌ တစ်ယောက်နှင့်တစ်ယောက်စည်းလုံးညီညွတ်ခြင်းရှိကြရန် သူဆန္ဒရှိပါသည်။ သင်သိရှိရသကဲ့သို့ လွန်ခဲ့သော (၃၅)နှစ်၌ ကျွန်ုပ်တို့ရပ်တည်ရန် ဘုရားသခင် အမိန့်ပေးခဲ့သောအရာ၏အဆင့်ကို မစွန့်လွှတ်ရပါ။ ကျန်းမာခြင်းပြုပြင် ပြောင်းလဲခြင်း၏အလုပ်ကို သင်မည်ကဲ့သို့ဆန့်ကျင်နေသည်ကို သင်သတိပြုပါ။ ဤလုပ်ငန်းသည် ကျွန်ုပ်တို့၏ကမ္ဘာပေါ်ရှိ လူတိုင်းခံစားနေရသောဒုက္ခ လျော့နည်းစေရန်နှင့် သူ၏လူတို့ကို သန့်ရှင်းဖြူစင်စေရန်အတွက် ဘုရားသခင် ၏နည်းလမ်းများဖြစ်သောကြောင့် ဤအလုပ်သည် ရှေ့သို့တိုးတက်ရပါလိမ့် မည်။ [Ev 664.2]EvBur 883.2

    သင်သည် ကွဲပြားခြင်းကိုမပြုလုပ်မိရန် မည်သည့်စိတ်နေသဘောထား ရှိနေသည်ကို သင်သတိပြုပါ။ ကျွန်ုပ်၏ညီအစ်ကို၊ သင်၏အသက်တာ၌ သော်လည်းကောင်း၊ သင်၏မိသားစု၌သော်လည်းကောင်း၊ ကျန်းမာခြင်းပြုပြင် ပြောင်းလဲရေးဥပဒေများတို့ကို လိုက်လျှောက်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာ ကိုသင်ယူဆောင်ပေးရန် ပျက်ကွက်ခြင်းရှိနေသည့်တိုင်အောင် ဤကိစ္စနှင့် ပတ်သက်သည့် ဘုရားသခင်ပေးထားသောအလင်းကို ဆန့်ကျင်ခြင်းအားဖြင့် သူတစ်ပါးကိုအန္တရာယ်မဖြစ်စေပါနှင့်။ [Ev 664.3]EvBur 883.3

    ကျွန်ုပ်တို့သည် အသားစားခြင်းကို စမ်းသပ်မှုတစ်ခုအဖြစ်နှင့်မစားသုံး ဘဲစွန့်လွှတ်လိုက်ရန် အတင်းအဓမ္မတိုက်တွန်းခြင်းမပြုသော်လည်း နယ်အတွင်း ရှိဓမ္မဆရာများတို့အား ဤကိစ္စနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆသဘောမထားရန် နှင့်ဆန့်ကျင်ဘက်မပြုရန် တောင်းဆိုရမည်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်ပါသည်။ အကယ်၍ ဘုရားသခင်ပေးသောအလင်းဖြစ်သည့် အသားစားခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်းကိုဂရုမစိုက်ဘဲ ဆက်၍သာအသားကိုစားနေပါက သင်သည် အကျိုးသက်ရောက်မှုကိုခံရပေလိမ့်မည်။ သို့သော် လူတို့ရှေ့၌ အသားစား ခြင်းနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုပြုရန်မလိုအပ်ကြောင်းကို သူတို့၏စိတ် ထဲ၌မတွေးမိစေရန် သင်တို့ပြောဆိုပြုမူပုံ၌ သတိပြုရပါမည်။ အကြောင်းမှာ ဤပြုပြင်ပြောင်းလဲခြင်းကိုပြုလုပ်ရန် ဘုရားသခင်အလိုရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ဤကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းသတင်းစကားကိုဟော ပြောရန်တာဝန်ကို ကျွန်ုပ်တို့အားပေးထားပြီး၊ အကယ်၍သင်သည် ဤသတင်း စကားကိုဟောပြောသောသူများတို့နှင့်အတူ ပါဝင်ဆောင်ရွက်ခြင်းမရှိကြပါက သင်သည် ဤကိစ္စကိုသိသာထင်ရှားစေရန် မပြုလုပ်ခြင်းဖြစ်ပါသည်။ ကျန်းမာ ရေးပြုပြင်ပြောင်းလဲခြင်းအကြောင်းကို သင်ကြားပို့ချသော သင်၏လုပ်ဖော် ကိုင်ဖက်များတို့၏ကြိုးစားဆောင်ရွက်ခြင်းနှင့် သင်သည်ဆန့်ကျင်၍လုပ်ဆောင် နေပါက သင်သည် စည်းပြင်သို့ရောက်ရှိနေပြီး မှားနေသောအလုပ်ကိုလုပ် နေခြင်းဖြစ်ပါသည်။ Letter 48, 1902. [Ev 664.4]EvBur 884.1