Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နားလည်မှုမှားသောအစွဲအလမ်းပြိုကွဲပျက်စီးခြင်း

    ကျမ်းစာသင်ပေးခြင်းများနှင့်လည်ပတ်ခြင်းသည် တရားပွဲအတွက်ပြင်ဆင်ပေးသည် - အသံမမြည်၊ ကြွေးကြော်ခြင်းမရှိဘဲ တိတ်တဆိတ်အလုပ်ကိုစတင်ပြုလုပ်ရ မည်။ လူတို့ကိုကျမ်းစာသင်ပေးခြင်းနှင့်ပညာပေးခြင်းအားဖြင့် အစပြုရမည်။ ဤအစီအစဉ်သည် တရားဟောပြောခြင်းနှင့်အစပြုခြင်းထက် များစွာပို၍ ထိရောက်မှုရှိသည်။ Letter 89a, 1895. [Ev 445.1]EvBur 580.1

    တစ်ဦးလုပ်ငန်းဖြင့်အတိုက်အခံပြုခြင်းကိုရှောင်ရှားနိုင်သည် - ဘုရားအမှ တော်၌ အနှောင့်အယှက်များကိုရင်ဆိုင်ရပြီး အခက်အခဲများကိုတွေ့ကြုံရလိမ့် မည်။ အကြောင်းအရာများသည် ဘုရားသခင်နှင့်သက်ဆိုင်ပြီး သူ၏အစေခံ များတို့သည် အခက်အခဲများနှင့်အတိုက်အခံပြုခြင်းကို တွေ့ကြုံရမည်။ ၎င်းအရာ တို့သည် လုပ်ငန်းတိုးတက်ရန်နှင့်အောင်မြင်မှုရှိရန် ဘုရားသခင်ရွေးချယ်ထား သောစည်းမျဉ်းနည်းစနစ်များဖြစ်သည်။ သို့သော် သခင်ယေရှု၏အစေခံများ တို့အား အမှန်တရားလမ်းကြောင်းကိုပိတ်ဆို့စေနိုင်သော ပြင်းထန်သည့်အတိုက် အခံမဖြစ်ပေါ်စေရန် ဖြည်းညင်းညင်သာစွာဖြင့်ဆောင်ရွက်သွားကြရန် ကျွန်ုပ် အနူးအညွတ်တောင်းပန်ပါသည်။ Letter 95, 1896. [Ev 445.2]EvBur 580.2

    လည်ပတ်ခြင်းသည်ကောင်းသောလူထုတရားပွဲကိုသတ်မှတ်ပေးသည် - ကျွန်ုပ် သည် သင့်အားဘုရားသခင်၏နာမတော်နှင့်ပြောသည်မှာ သင်၏လက်ရှိ အမှုဆောင်အင်အားဖြင့် ပြင်းထန်စွာအစွဲအလမ်းကြီး၍ ခက်ခဲသောနေရာ၌ အမှုထမ်းကြရန် အဆင်သင့်မရှိကြသေးပါ။ အကယ်၍ လူထုတရားပွဲ၌ ဆောင်ရွက်လေ့ရှိသည့်အချိန်တစ်ဝက်ကို တစ်အိမ်မှတစ်အိမ်သို့သွားရောက် သွန်သင်မှု၌ အမှုဆောင်များတို့၏ဘာသာတရားရိုးသားမှုဖြင့် သူတို့၏ယုံကြည် ခြင်းအကြောင်းရင်းများနှင့် ရင်းနှီးမှုရှိလာပါက ပို၍များစွာကောင်းပါလိမ့်မည်။ ဤအလုပ်ကိုဆောင်ရွက်ပြီးသည်နောက် မည်ကဲ့သို့ဆက်လက်လုပ်ဆောင်သင့် သည်ကို ဆုံးဖြတ်ချက်ချနိုင်ပါလိမ့်မည်။ [Ev 445.3]EvBur 580.3

    အောင်မြင်မှုကောင်းသောလူထုတရားပွဲများကို ဆောင်ရွက်နိုင်ခဲ့ကြ ပါသည်။ တချို့သူများတုံ့ပြန်မှုပြုပြီး အမှန်တရားကိုလက်ခံကြသည်။ သို့သော် အလွန်မှပင်နည်းလှပါသည်။ လူတို့နှင့်အမှန်တရားပို၍နီးကပ်စေရန် ဘုရားရှင် အလိုရှိပြီး ဤအလုပ်သည် တစ်ဦးချင်းလုပ်ဆောင်ခြင်းအားဖြင့်သာလျှင် ပြီးမြောက်နိုင်ပါသည်။ Letter 95, 1896.EvBur 581.1

    အစွဲအလမ်းပျောက်ကွယ်ရန်ပါးနပ်မှုလိုသည် - ဤအရာသည် မောရှေနှင့် ပုရောဖက်များပြောခဲ့သော ခရစ်တော်အမှန်ပင်ဖြစ်မဖြစ်သိရှိရန် နာသနေလ ဆုတောင်းလျက်ရှိသည်။ ဆုတောင်းလျက်နေစဉ် ဖိလိပ္ပုအမည်ရှိသူသည် သူ့ကိုခေါ်၍ပြောသည်မှာ၊ “မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပုရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ရေးထားသော သူ၊ နာဇရက်သားဖြစ်သော ယောသပ်၏သားယေရှုကို ငါတို့တွေ့ကြပြီ။ အစွဲအလမ်းမြန်ဆန်စွာ မည်ကဲ့သို့ဖြစ်ပေါ်လာသည်ကိုသတိပြုပါ။ နာသနေလ ပြောသည်မှာ၊ “နာဇရက်မြို့ထဲက ကောင်းသောအရာတစ်စုံတစ်ခုမျှထွက်နိုင် သလော။” ပြင်းထန်သည့်နားလည်မှုမှားသောအစွဲအလမ်း နာဇရက်မြို့နှင့် ပတ်သက်၍ရှိနေကြောင်း ဖိလိပ္ပုသိရှိပြီး၊ အငြင်းပွားရမည်ကိုစိုးရိမ်သောကြောင့် သူနှင့်ငြင်းခုံခြင်းမပြုဘဲ “လာ၍ကြည့်ပါ” ဟူ၍သာ အေးအေးဆေးဆေးပြော လိုက်ပါသည်။ [Ev 446.1]EvBur 581.2

    ဤနေရာ၌ ကျွန်ုပ်တို့ဓမ္မဆရာများ၊ ဓမ္မစာပေအမှုထမ်းများ၊ သာသနာ ပြုဆရာများအားလုံးအတွက် သင်ခန်းစာတစ်ခုရှိပါသည်။ နာသနေလကဲ့သို့ အမှန်တရားကိုဆန့်ကျင်အမြင်မှားသောအစွဲရှိသူနှင့် သင်တို့တွေ့ဆုံရသောအခါ သင်၏ထူးခြားသောအမြင်များကို ပြင်းထန်စွာတွန်းအားပေးခြင်းမပြုပါနှင့်။ ဦးစွာသဘောတူနိုင်မည့်အကြောင်းအရာများကို သူတို့နှင့်ပြောပါ။ သူတို့နှင့် ပလ္လင်သို့ သင်၏တောင်းဆိုချက်များကိုတင်ပြပါ။ သင်နှင့်သူတို့နှစ်ဦးနှစ်ဝ အတူဦးညွှတ်ဆုတောင်းခြင်းကိုပြုပြီး နှိမ့်ချသောယုံကြည်ခြင်းဖြင့် ကျေးဇူးတော် ကောင်းကင်နှင့်ပို၍ဆက်သွယ်မှုနီးကပ်သွားပြီး အစွဲပျောက်ကာ၊ သူတို့၏ နှလုံးသားကို ပို၍လွယ်ကူစွာဆွဲယူနိုင်ပါလိမ့်မည်။ Historical Sketches, p. 149. (1886)[Ev 446.2]EvBur 581.3