Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လက်တွေ့ အခြေခံများနှင့် ဖြေရှင်းပါ

    ပေါလုသည် စကားပြောကောင်းသူတစ်ဦးဖြစ်၏။ သူမပြောင်းလဲမီက ဆိုလျှင် စကားပြိုင်အနိုင်ယူခြင်းဖြင့် သူ့ပရိသတ်များ၏အထင်ကြီးမှုကို ရှာယူ နိုင်ခဲ့သည်။ သို့သော် ထိုအရာအားလုံးကို ယနေ့သူစွန့်ပစ်ချလိုက်ပြီ။ ကဗျာ ဆန်ဆန်၊ စာသံပေသံနှင့် အဆန်းတကြယ်တင်ဆက်စကားတို့ဖြင့် အရသာ တွေ့ မွေ့ လျော်နေမည့်အစား ၊ ယင်းသို့အာရုံခံစား၍ အတွေးရေယာဉ်ကြော မျောပါသွားနေသည်မှာ နေ့စဉ်ကြုံတွေ့ ရခြင်းများမဟုတ်ကြောင်း သိလာခဲ့သော ပေါလုသည် သေရေးရှင်ရေးအလွန်အရေးကြီးသောသမ္မာတရားကို လူ့နှလုံး အိမ်သို့ပို့ဆောင်ရန် ရိုးရိုးစကားများဖြင့်သာ ကြိုးစားပြောဆိုတော့သည်။ သမ္မာ တရားကိုစိတ်ကူးယဉ်တင်ဆက်ခြင်းသည် ဘဝင်ခိုက်၍ စိတ်ကြွတက်ခြင်း ရလာစေနိုင်သော်လည်း အားလုံးမကြာမီ ဤနည်းဖြင့် ပြောဆိုတင်ဆက်သော သမ္မာတရားသည် ယုံကြည်သူများ၏ဘဝတိုက်ပွဲအတွက် အားကောင်း ခိုင်ခံ့စေသောလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ပါချေ။ လက်ရှိစုံစမ်းခံ ရခြင်းဖြင့် ရုန်းကန်နေရသောဝိညာဉ်အတွက် လက်ငင်းလိုအပ်ချက်သည် ခရစ်ယာန်ကိုးကွယ်ခြင်းအခြေခံသဘောတရား၌ ခြေခြေမြစ်မြစ်ရှိသော လက်တွေ့ တကျ လမ်းညွှန်ချက်များနှင့်ကိုက်ညီနေစေရမည်။ (ChS 126.1)ChSBur 208.1