Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    လုပ်ဆောင်သူများ၏လက်များကိုအားကောင်းစေခြင်း

    မဝ ယနေ့အချိန်တွင် ဘုရားသခင်၏လူများသည် အမေရိကန်ပြည်ရှိ နိုင်ငံခြားသားများအား အတိတ်အချိန်ကထက် ပို၍သမ္မာတရားရစေရန် ပြပေး နိုင်ကြသည်ကို ဘုရားသခင်သည် မြင်၍ဝမ်းမြောက်ပေလိမ့်မည်။ ဤအမှု ကိုလုပ်ဆောင်နေကြသောသင်းထောက်ကြီးအိုဆန်နှင့် သူ၏လုပ်ဖော်ကိုင်ဖက် များ၏လက်များကို အားကောင်းစေကြပါစို့။ (သင်းထောက်လူကြီးအိုဆန် (O. A. OLSEN) သည် အဖွဲ့ချုပ်ရုံးမြောက်အမေရိကတိုက်ပြည်ပရေးရာဌာန ကြီး၏အထွေထွေအတွင်းရေးမှူးဖြစ်သည်။) သူတို့ပြုလုပ်နေသောအမှုတော် ကြီးထဲမှာ သူတို့လုံးပန်းအားထုတ်နေကြရာတွင် အားနည်းချွတ်ချော်မှုအနည်း ငယ်လောက်နှင့် သူတို့အုပ်စုကလေးသက်သက်ရုန်းကန်ခံစားနေရစေရန် အခွင့် မပေးဘဲ သူတို့ကိုအကူအညီပေးကြပါစို့။ (ChS 201.2)ChSBur 334.3

    အဲလ်ဒါအိုဆန်ကလည်း အီတလီပြည်၊ ဆာဗီးယားပြည်၊ ရိုမေးနီးယန်း ပြည်၊ ရုရှားပြည်များမှအစ အခြားတိုင်းပြည်လူမျိုးများ၌ အားတက်ဖွယ်အစပြု ခြင်းများအကြောင်းကို ပြောပြပါသည်။ လုပ်ခဲ့ပြီးသမျှအရာအားလုံးအတွက် သူနှင့်အတူတကွ ကျွန်ုပ်တို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ သို့သော် လည်း ရည်ရွယ်လုပ်ဆောင်မှုမရှိခဲ့သောကြောင့် လုပ်ပြီးသင့်ပါလျက်နှင့်ပြီးစီး အောင်မလုပ်ဘဲ နောက်ချန်ထားသည်များကို လေ့လာမိသောအခါ ဝမ်းနည်း ခံစားရပါ၏။ အမေရိကန်ပြည်တစ်ဝန်းရှိ ကျွန်ုပ်တို့၏အသင်းတော်များမှ ဤအမှုအတွက် ကောက်ခံပေးခဲ့သောအထူးအလှူငွေသည် ပြည်ပတိုင်းပြည်မြို့ ကြီးများ၌ရှိသူများ တက်ကြွမာန်ပါလုပ်ဆောင်နိုင်ကြစေရန် ယင်းဌာနကြီး ၏ညီအစ်ကိုများအဖို့ စရိတ်စကလုံလောက်အောင်ပံ့ပိုးပေးထားခဲ့ပါသည်။ ပြောရလျှင် ကျွန်ုပ်တို့လုပ်ဆောင်နေသောတာဝန်ကို လွှဲပြောင်းယူ၍ လုပ်နိုင် သောသူများသည် သူတို့အထဲတွင် များစွာရှိနိုင်ပါသည်။ ထိုသူတို့အနက် ကျွန်ုပ်တို့မြေပေါ်၌ နေထိုင်ကြသောလူမျိုးစုတူသူတို့လူကို ပြည်ပရှိသူတို့ တိုင်းပြည်လူမျိုးစုများဆီသို့ သတင်းကောင်းပြောပေးနိုင်ရန် ကျွန်ုပ်တို့၏လုပ် ဖော်ကိုင်ဖက်အမှုတော်ဆောင်များအဖြစ် လေ့ကျင့်မွေးထုတ်နိုင်ကြပါသည်။ (ChS 201.3)ChSBur 334.4

    -o-

    Larger font
    Smaller font
    Copy
    Print
    Contents