Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သင်တန်းစီစဉ်ပေးရန်တာဝန်ရှိခြင်း

    ကတိတည်သော၊ အစွမ်းအစရှိသောလူများ ပြောင်းလဲရောက်လာ သောအခါ တိမောသေအတွက် ကိစ္စရပ်မှာကဲ့သို့ ပေါလုနှင့်ဗာနဗတို့သည် စပျစ်ဥယျာဉ်တော်အတွင်း လိုသောအလုပ်များကို သူတို့အား ပြပေးနိုင်ရန် ကြိုးစားခဲ့ရပါသည်။ တမန်တော်ကြီးများသည် အခြားဒေသသို့ ခရီးရောက် သွားသောအခါ ထိုသူများ၏ယုံကြည်ခြင်းသည် မပျက်စီးဘဲ သည့်ထက်ပို၍ သာတိုးပွားလျက်ရှိခဲ့၏။ သူတို့သည် သခင်ဘုရား၏လမ်းခရီးတော်အတိုင်း လိုက်၍ မိမိတို့၏အပေါင်းအသင်းများအား ကယ်တင်နိုင်ရန်အလို့ငှါ မည်သို့ ကိုယ်ကျိုးမဖက် မဆုတ်မနစ်သည်းခံကြိုးစားလုပ်ဆောင်ပေးရမည်ကို တမန် တော်တို့ထံ သစ္စာခံလျက် လမ်းပြသွန်သင်ခြင်းခံယူခဲ့ရသည်။ ဤသို့ဖြင့် ပြောင်းလဲ လာသူလူသစ်များအား သင်တန်းပေးခြင်းသည် ပေါလုနှင့်ဗာနဗတို့ ဘုရား တရားမရှိသူများ၏ဒေသသို့ ဧဝံဂေလိသွားရောက်ဟောပြောလေသောအခါ တစ်မူChSBur 95.1

    ထူးခြားအောင်မြင်မှုရစေခဲ့သည့်အရေးပါသောအခြေခံအကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။ (ChS 60.3)ChSBur 96.1

    အသင်းတော်များတည်ထောင်ပြီးပြီဆိုသည်နှင့် ထိုအသင်းသူ/အသင်း သားများအထဲမှပင် သူတို့သည် သူတစ်ပါးဆီသို့ သမ္မာတရားသယ်ဆောင် ပို့ပေးခြင်းနှင့် အသင်းတော်အသစ်များ ထပ်ဆင့်တည်ဆောက်ခြင်းတို့ကို လုပ်ကြရမည့်တာဝန်များအဖြစ် ချမှတ်ထားရမည်။ သို့ဖြစ်ပါသောကြောင့် သူတို့လူတိုင်းအလုပ်လုပ်ကြရမည်။ ဘုရားသခင်သူတို့အား ပေးတော်မူခဲ့သော စွမ်းရည်များကိုလည်း အစွမ်းကုန်ပြုစုပျိုးထောင်၍ သခင်ဘုရား၏အမှုတော် ထဲမှာ ပါဝင်လုပ်ဆောင်နိုင်ရန် သူတို့စိတ်ဆုံးဖြတ်ချက်ချလျက် သင်တန်း တက်ရောက်သင်ယူကြရမည်။ (ChS 61.1)ChSBur 96.2

    သာသနာပြုမစ်ရှင်လုပ်ငန်းတွေမှာ စိတ်ထားအမှန်ရှိသည့်အပြင် ကျွန်ုပ် တို့၏ယုံကြည်ခြင်းကို မှန်ကန်စွာကိုယ်စားပြုနိုင်ကြသောဘုရားဝတ်၌ စိတ်တမ်း ၍မွေ့လျော်သူအမှုဆောင်များလိုအပ်နေခြင်းသည် အစဉ်အမြဲအခက်ကြုံနေရ သည့်ကိစ္စဖြစ်သည်။ သာသနာပြုများဖြစ်လိုကြသူလူများစွာသည် သာသနာ နယ်အထဲသို့ ဘယ်တော့မျှရောက်မလာနိုင်သည်များရှိနေပါသည်။ အဘယ် ကြောင့်ဆိုသော် သူတို့ကိုထိတွေ့ ဆက်ဆံနေကြသောကျွန်ုပ်တို့၏အသင်းတော် ရုံးများ၊ (သို့မဟုတ်) ကျွန်ုပ်တို့၏လုပ်ဆောင်ဖက်များက သူတို့နှင့်အတူ ဝန်ဆောင်မှုဆန္ဒမရှိကြခြင်း၊ ဘုရားသခင်၏စကားသံတော်ကို အစွမ်းကုန် သူတို့အား ဖွင့်ပြပေးသည်လည်း မရှိ၊ သူတို့နှင့်အတူသော်လည်းကောင်း၊ သူတို့အတွက်သော်လည်းကောင်း ဆုတောင်းခြင်းလည်းမပြုကြသောကြောင့်ဖြစ် သည်။ (ChS 61.2)ChSBur 96.3

    အသင်းတော်၌ ဝိညာဉ်ရေးရာကြီးကြပ်ရသူများသည် နည်းလမ်းများ၊ ရည်မှန်းချက်များကို ချမှတ်တီထွင်ထားရှိခြင်းအားဖြင့် အသင်းသူ/အသင်း သားတိုင်းက ဘုရားအမှုတော်အပိုင်းတချို့ ကို ဝင်ရောက်လုပ်ကိုင်လာရန် အခွင့် အရေးများရရှိစေလိမ့်မည်။ ယခင်အခါများက ဤသို့မကြာခဏမလုပ်ဖြစ်ခဲ့ ကြပါ။ အစွမ်းအစရှိသူများအားလုံးက တက်ကြွသောအမှုတော်ဆောင်များအဖြစ် လုပ်ကိုင်လာနိုင်ကြရမည့်စီမံကိန်းတွေကို အထင်အရှားရေးဆွဲပြီး အပြည့်အဝ အကောင်အထည်ဖေါ်ခြင်းမရှိခဲ့ကြသေးပါ။ ဤအကြောင်းကြောင့် လူတွေ အဘယ်မျှပျောက်ဆုံးနေကြရသည်ကို သိသူအနည်းအကျဉ်းသာရှိပါသည်။ (ChS 61.3)ChSBur 96.4

    အသင်းတော်တိုင်း၌ အသင်းသားတိုင်းသည် ခရစ်တော်ဆီသို့ဝိညာဉ် များအောင်နိုင်ပို့ဆောင်ရေးအတွက် သူတို့အချိန်ကို ဆက်ကပ်ကြရန် သင်တန်း တက်ရောက်သင်ယူကြရမည်။ အသင်းတော်မှအသင်းသားများသည် သူတို့ ၏အလင်းကို အမှန်တကယ်မပေးကြမချင်း၊ “သင်တို့သည် လောက၏အလင်း ဖြစ်သည်” ဟူ၍ အသင်းတော်ကိုမည်သို့ပြောရပါ့မလဲ။ ခရစ်တော်၏ သိုးစု တော်ကို တာဝန်ခံအုပ်ချုပ်ရသူများသည် တာဝန်၌နိုးထကြပါစို့။ ဝိညာဉ် ချစ်သူများစွာကို အလုပ်ခွင်သို့ပို့ကြပါစို့။ (ChS 61.4)ChSBur 97.1