Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ရဲရင့်မှုနှင့်မှန်ကန်မှ

    ဘေးဒဏ်သင့်သောနေ့ရက်များအတွင်း အသင်းတော်၌ လိုအပ်သည့် အရာမှာ တပ်မကြီးတစ်ခု၏စစ်သားများဖြစ်သည်။ ပေါလုကဲ့သို့ အသုံးတော် ခံယူရန် ကိုယ်တိုင်စာသင်ကြားတတ်မြောက်ခဲ့သူများ၊ ဘုရားသခင့်အမှုတော် ၌ နက်နက်ရှိုင်းရှိုင်းအတွေ့ အကြုံရှိခဲ့သူများ၊ အလွန်စိတ်ထက်သန်ခြင်းနှင့် စိတ်တမ်းခြင်းအပြည့်ရှိသူများကို လိုအပ်သည်။ စင်ကြယ်ပြီးသူ၊ ကိုယ်တိုင် အနစ်နာခံသူလူများကို လိုအပ်သည်။ စမ်းသပ်ခံရခြင်းကို မပိတ်ပင်ဘဲ တာဝန် ယူတတ်သူများ၊ ရဲရင့်ပြီးမှန်ကန်စွာရပ်တည်နေနိုင်သူများ၊ “ဘုန်းတော်ကို မျှော်လင့်ခြင်း” ဖြင့် ခရစ်တော်ပုံသွင်းပေးသောနှလုံးသားပိုင်ရှင်များနှင့် သူတို့ နှုတ်ခမ်းသည် သန့်ရှင်းသောမီးနှင့်အတို့ခံခဲ့ရသူများသည် “နှုတ်ကပတ်တော် ကိုဟောပြောကြလိမ့်မည်။” ယင်းသို့သောလုပ်သားများချို့တဲ့နေလျှင် ဘုရား သခင်အမှုတော်တိုးတက်မှုကျဆင်း၏။ သေတတ်သောအဆိပ်နှင့်တူ၍ သေရာ ပါအမှားများဖြစ်သောကြောင့် စာရိတ္တပိုင်း၌ အမည်းစွန်းထင်း၏။ လူသား မျိုးနွယ်အပိုင်းကြီးတစ်ပိုင်း၏မျှော်လင့်ခြင်းကို ပျက်စီးဆုတ်ယုတ်စေပါလိမ့် မည်။ (ChS 244.4)ChSBur 406.1

    တက်ကြွထက်သန်သောတိုက်ပွဲဆင်နွှဲခြင်းအားဖြင့် ဆန့်ကျင်ဘက် တို့အလယ်တွင် ဘေးသင့်မှု၊ ဆုံးရှုံးမှုနှင့်လူသားဒုက္ခခံစားရမှုတို့ရှိလည်း ဝိညာဉ်ကယ်တင်ခြင်းအမှုကိုမူ ရှေ့ဆက်ဆောင်ရွက်သွားကြရလိမ့်မည်။ တိုက်ပွဲတိုက်နေစဉ်အတွင်း တိုက်ပွဲဝင်တပ်မကြီးတစ်ခုသည် ရန်သူအုပ်ကြီး ၏တိုက်ခိုက်ခြင်းကိုခံလိုက်ရ၍ ရှုံးနိမ့်သွားသောအခါ ဒုတပ်မှူးသည် ရှုံးနိမ့် ဆုတ်ခွာနေသောတပ်သားအရှေ့စစ်မြေပြင်ပေါ်သို့တက်ရပ်၏။ ခေါင်းဆောင် တပ်မှူးကြီးက “တပ်အလံကိုနုတ်ယူခဲ့ကြ” ဟုအော်ဟစ်နေစဉ် ဒုတပ်မှူးသည် ပြန်ဟစ်အော်လိုက်ပါသည်။ “လူတွေကို အလံထိပ်ဆီကိုယူတင်ခဲ့ကြ” ဟူ၍ ဖြစ်သည်။ ဤကဲ့သို့လုပ်ရခြင်းသည် သစ္စာစောင့်သိသောစံနှုန်းအဆင့်ရှိ သူတိုင်းက လွှဲယူရမည့်အလုပ်ဖြစ်ပေသည်။ လူတွေကိုရှေ့တန်းအလံထိပ်ဆီသို့ ပို့လိုက်ကြရမည်။ သခင်ဘုရားသည် လုံးလုံးလျားလျားစိတ်နှလုံးပါသူများကို ခေါ်ယူနေပါသည်။ ခရစ်ယာန်များပါဟုပြောနေကြသူလူများစွာအထဲမှာ သတ္တိ မရှိဖြစ်နေကြသူများစွာကို ကျွန်ုပ်တို့သိကြပါသည်။ အားယူဖို့သူတို့ ကိုခေါ်လိုက်ပါ။ စံနှုန်းအဆင့်မီရောက်လာဖို့ သူတို့ကိုဆက်သွယ်ခေါ်ယူရမည်။ (ChS 244.5)ChSBur 407.1

    ဘေးအန္တရာယ်အဆင့်သို့ရောက်သောအချိန်၌ အစွမ်းသတ္တိနှင့်သြဇာ အပြည့်သုံး၍ တိုက်ခိုက်ဖို့လိုအပ်နေသည့်အချိန်မှာ ကိုယ့်နေရာမှန်၌ တည်မြဲ စွာရပ်နေရန် ကြောက်ရွံ့ ကြသောသူများကို ဘုရားသခင်မသုံးပါ။ ကိုယ်တော် ခေါ်ယူအသုံးပြုသောသူများသည် မိစ္ဆာကိုရင်ဆိုင်၍ သစ္စာရှိစွာတိုက်ပွဲဝင်လို သူများဖြစ်ကြ၏။ သူတို့သည် အထွတ်အမြတ်တို့ကိုလည်းကောင်း၊ အာဏာ စက်တို့ကိုလည်းကောင်း၊ လောကီမှောင်မိုက်၌အစိုးတရပြုတတ်သောမင်းတို့နှင့် လည်းကောင်း၊ မိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်လည်းကောင်း တိုက်ပွဲ ဝင်ဆင်နွှဲနေကြ၏။ ထိုသူတို့ကို ကိုယ်တော်သည် စကားအသံတော်ဖြင့် ချီးမွမ်းလိမ့်မည်။ “သာဓု၊ သစ္စာရှိသောငယ်သားကောင်း။” (ChS 245.1)ChSBur 407.2

    ဘုရားသခင်ခေါ်ယူသောသူများသည် ဧလိယ၊ နာသန်၊ နှစ်ခြင်း ဆရာယောဟန်လိုလူမျိုးများဖြစ်သည်။ သူတို့သည် ဘုရားသခင်၏သတင်း စကားကို သစ္စာစောင့်သိစွာဖြင့် သယ်ဆောင်ယူသွားသည့်လူများဖြစ်ကြသည်။ အခြေအနေကို ဂရုမထားသူများ၊ ရဲရင့်စွာသမ္မာတရားကို ဟောပြောကြသည့် လူများ၊ ထိုသို့ခေါ်ယူခံရသည့်အတွက် သူတို့၌ရှိသည့်အရာများအားလုံးကို စွန့်လွှတ်ပစ်ခဲ့နိုင်သူများဖြစ်ကြပါသည်။ (ChS 245.2)ChSBur 407.3

    Larger font
    Smaller font
    Copy
    Print
    Contents