Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြဇာတ်ထဲမှာနောက်ဆုံးသရုပ်ဆောင်ချက်

    လူတို့၏အာဏာစက်သက်သက်ဖြင့် တနင်္ဂနွေနေ့ကို ကျမ်းစာအလို တော်ကိုဥပုသ်နေ့မြတ်နေရာတွင်ထားခြင်း၊ ပညတ်တော်အထဲတွင် လူလုပ် ဥပဒေများကို အစားထိုးခြင်းဖြင့် ဘဝင်ခိုက်နေကြခြင်းတို့သည် ပြဇာတ်ထဲက နောက်ဆုံးပြမည့်သရုပ်ဆောင်ချက်ဖြစ်ပေမည်။ ဤသို့အစားထိုးခြင်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာအထိဖြစ်လာလျှင် ဘုရားသခင်သည် ကိုယ်တိုင် ဖွင့်ပြလာလိမ့်မည်။ ဘုရားသခင်သည် ဘုန်းအာနုဘော်တော်ဖြင့် ထင်ရှား၍ မြေကြီးကို ကြောက်ခမန်းလိလိတုန်လှုပ်စေမည်။ ကိုယ်တော်ထွက်ကြွလာ သောအခါ မြေကြီးပေါ်နေထိုင်ကြသူတို့ပြုသောဒုစရိုက်အတွက် ပြစ်ဒဏ်ခတ် လိမ့်မည်။ မြေကြီးသည် သူမ၏အသွေးကို ဖွင့်ထုတ်လိမ့်မည်။ အသေကောင် များကို ဘယ်တော့မှအုပ်ဖုံးပေးတော့မည်မဟုတ်ပါ။ (ChS 160.2)ChSBur 266.1

    ကျွန်ုပ်တို့၏နိုင်ငံသည် သူ့အစိုးရ၏ ‘တနင်္ဂနွေဥပဒေ” ထုတ်ပြန် ချက်အတိုင်းလိုက်နာ၍ အခြေခံကိုယ်ကျင့်တရားများကို စွန့်ပယ်လိုက်သော အခါ ပရိုတက်စတင့်များသည် ဤအက်ဥပဒေများကို စင်စစ်ကြိုဆိုလက်တွဲ လာကြလိမ့်မည်။ ဤသို့ဖြင့် တက်ကြွသောသက်ဦးဆံပိုင်စနစ်သည် တစ်ဖန် ပြန်လည်မွေးဖွားလာရန် သူ့အခွင့်အရေးကို ကြာမြင့်စွာကတည်းက စောင့်လာ ခဲ့သည့်အတိုင်း မင်းဆိုးမင်းညစ်အုပ်စိုးမှုပေါ်လာသောကြောင့် ကျွန်ုပ်တို့၏ အသက်များကို အပ်လိုက်ရခြင်းကလွဲ၍ ဘာမျှမတတ်နိုင်တော့ပါ။’ (Ch3 160.3)ChSBur 266.2

    ဘုရားသခင်၏ပညတ်တော်များကို ချိုးဖေါက်၍ ပုပ်ရဟန်းမင်း၏ အုပ်စိုးမှုအာဏာကို ထူထောင်ရန်အတွက် အာဏာတည်သောအမိန့်ကို ပြဌာန်း ခြင်းအားဖြင့် ကျွန်ုပ်တို့နိုင်ငံသည် ဖြောင့်မတ်ခြင်းတရားလမ်းမှ လုံးလုံးအဆက် ဖြတ်လိုက်ခြင်းဖြစ်သွားလိမ့်မည်။ ပရိုတက်စတင့်အုပ်စုသည် ရောမမြို့တန်ခိုး ၏လက်ကိုမြဲမြဲကိုင်ဆွဲမိရန် ပင်လယ်ကိုဖြတ်၍ သူမ၏လက်ကိုဆန့်တန်း ထုတ်ရလိမ့်မည်။ ဤသုံးခေါက်ချိုးအဖွဲ့အစည်း၏သြဇာအောက်သို့ရောက်လျှင် ကျွန်ုပ်တို့၏တိုင်းပြည်သည် ပရိုတက်စတင့်နှင့်ရီပတ်ဗလစ်ကန်အစိုးရ၏ ဖွဲ့စည်း ပုံအခြေခံဥပဒေအတိုင်းလိုက်နာ၍ အခြေခံကိုယ်ကျင့်တရားတိုင်းကို ငြင်းပယ် ကြလိမ့်မည်။ ပုပ်ရဟန်းမင်း၏ သြဇာအောက်မှာ မမှန်မကန်ထွက်ဆိုချက်များ နှင့်ထင်ယောင်ထင်မှားစကားများအယူသွင်းခံရဖို့ကိုလည်း နေရာပေးကြရလိမ့် မည်။ ထိုအခါ ထူးထူးကဲကဲအလုပ်လုပ်တတ်သောစာတန်အတွက် အချိန် ရောက်လာပြီကို ကျွန်ုပ်တို့သိနိုင်ကြလိမ့်မည်။ ထိုအခါ နောက်ဆုံးသည် နီးနေပါပကော။ (ChS 160.4)ChSBur 266.3

    ဤအချိန်ရောက်လာဖို့ မဝေးလှတော့ပြီဖြစ်သောကြောင့် ထိုအခါ ကျွန်ုပ်တို့သည် ကနဦးတပည့်တော်ကြီးများကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် လူသူကင်းမဲ့တိတ်ဆိတ်သောအရပ်သို့ ကွန်းခိုဖို့နေရာကို အတင်းရှာကြဖို့သာ ရှိပါတော့သည်။ ယခင်ရောမခေတ်စစ်တပ်ကြီးက ယေရုရှလင်မြို့ကိုသိမ်းပိုက် လာစဉ် ယုဒပြည်တစ်လွှားခရစ်ယာန်များသည် ရှောင်ပြေးဖို့အချက်ပြလက္ခဏာ ရလိုက်ခြင်းဖြစ်ခဲ့သည်။ ထိုနည်းအတိုင်း ပုပ်ရဟန်းမင်းကြီး၏အမိန့် ဒီဂရီကိုဥပဒေကဲ့သို ့ အာဏာတည်စေခြင်းသည် ကျွန်ုပ်တို့၏နိုင်ငံ အပိုင်းကြီးများထဲတွင် တန်ခိုးတစ်ခုအဖြစ် မှတ်ယူလာသောအခါ ထိုအချိန်သည် ကျွန်ုပ်တို့အတွက် သတိပေးချက်ဖြစ်လိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် မြို့ကြီးတွေကိုစွန့်ခွာရမည့်အချိန်ရောက်လေပြီ။ ဝေးခေါင်သောတောတောင်အရပ်ရှိခိုလှုံရာအိမ်များတည်ဆောက်ထားတဲ့ နေရပ် ရွာကလေးများဆီကို သွားနေကြဖို့ပြင်ဆင်ကြရတော့မည်။ (Ch$ 161.1)ChSBur 267.1