Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူနှစ်ဆယ်မှာတစ်ယောက်ပြင်ဆင်မှုမရှိကြသေးခြင်း

    အသင်းတော်အား ကျွန်ုပ်အလေးအနက်ပြောလိုသည်မှာ အသင်းတော် မှတ်တမ်းစာရင်းထဲတွင် အမည်ပေါက်ရှိကြကုန်သောလူများသည် မိမိတို့၏ မြေကြီးအသက်ရှင်မှုပုံပြင်ကို နိဂုံးချုပ်ပစ်ဖို့ ပြင်ဆင်နေထိုင်ကြရန်၊ လူနှစ်ဆယ် တွင် တစ်ယောက်လောက်မျှမရှိဖြစ်နေသည်။ သူတို့သည် ဘုရားမရှိ၊ မျှော်လင့် ချက်မရှိနှင့် သာမန်လောကီဘုံသားအပြစ်သားများကဲ့သို့ပင် ရှိနေကြသည်ဟု အမှန်ဆိုရပါမည်။ ထိုသူတို့သည် ဘုရားသခင်ကို အစေခံကိုးကွယ်နေကြပါ သည်ဟူ၍ ပြောနေကြသော်လည်း လောကီစည်းစိမ်ကို အစေခံခြင်း၌ ပိုမို အလေးထားနေကြသည်ကို တွေ့ရ၏။ ဤသို့တစ်ဝက်တစ်ပျက်အပ်နှံ နေကြသူများသည် ခရစ်တော်ကိုအပ်နှံဝန်ခံသည်ဆိုခြင်းထက် ခရစ်တော်ကို တစ်သမတ်တည်းငြင်းပယ်နေကြသူများသာဖြစ်ကြကုန်၏။ ထိုကြောင့် လူများ စွာသည် မတည်မငြိမ်သောစိတ်ဓာတ်ဖြင့် အသင်းတော်အထဲဝင်လာ၍ ညစ်ပတ် သောအမှုများကို ပြုတတ်ကြ၏။ သူတို့၏ဝိညာဉ်ရေးရာအနှစ်သာရသည်လည်း ကိုယ်ကျင့်မကောင်းခြင်း၊ ဆိုးညစ်အောက်တန်းကျခြင်းအားဖြင့် ဖေါက်ပြန် ချွတ်ချော်နေကြကုန်၏။ စိတ်ဓာတ်၌လည်းကောင်း၊ နှလုံးအိမ်၌လည်းကောင်း၊ အကြံအစည်များ၌လည်းကောင်း လောကကိုသာ သူတို့ပုံဆောင်သင်္ကေတပြ နေကြသည်ဖြစ်၍ လောကီတပ်မက်မှုသို့ ကိုယ်တိုင်လိုက်စားနေကြခြင်းအား ဖြင့် ခရစ်ယာန်ဘဝနှင့် သူတို့နေထိုင်ပါသည်ဟူသော သူတို့အဆိုအပြောများ သည် ထပ်ဆင့်ထပ်ဆင့်၍သာ လှည့်စားခြင်းအပြည့်ရှိနေပါတော့သည်။ အပြစ် သားများအတိုင်း နေထိုင်ကြပြီး ခရစ်ယာန်ပါဟု ပြောနေကြပါသလား။ မိမိကိုယ်မိမိခရစ်ယာန်များဖြစ်သည်ဟု ကြွေးကြော်၍ ခရစ်တော်၌ဝန်ခံအပ်နှံ ကြသူတို့သည် ထိုသို့သောလူများအထဲမှထွက်ခဲ့ပြီး မစင်ကြယ်သောအမှုများကို မပြုကြဘဲ လမ်းခွဲထွက်ခဲ့ကြရပါသည်။ (ChS 41.1)ChSBur 60.3

    ကျွန်ုပ်သည် ကလောင်ကိုလက်မှချ၍ စိတ်ဝိညာဉ်ကိုမြှင့်တင်လျက် ဘုရားသခင်သည် အရိုးခြောက်များနှင့်တူနေသောမှားယွင်းသူတို့အပေါ်သို့ အသက်ရှင်စေဖို့ မှုတ်သွင်းတော်မူပါမည့်အကြောင်း ဆုတောင်းမိပါသည်။ နောက်ဆုံးအချိန်သည် နီးကပ်လာပါပြီ။ ကျွန်ုပ်တို့ဆီသို့ ခိုးကြောင်ခိုးဝှက် ဝင်လာနေသည်။ မသိမသာချွတ်နင်းဝင်လာပြီး အသံလည်းမမြည်၊ ညအခါ ခြေဖွနင်းဝင်လာသည့်သူခိုးကဲ့သို့ ညဉ့်အချိန်ငိုက်မျဉ်းနေသည့်ညကင်းစောင့် တို့ကို သူတို့အဆင်သင့်မရှိစဉ် ထိတ်လန့်စေရလောက်အောင် ရောက်လာနေ ပါပြီ။ ယခုသက်သောင့်သက်သာခပ်ပေါ့ပေါ့နေတတ်ကြသူတို့၏စိတ်နှလုံး များအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် ကြွလာ၍ သူတို့သည်လည်း အခြားသူများနည်းတူ မအိမ်မနေ၊ မမူးမယစ်၊ သတိမလစ်သောစောင့်ကြည့် ခြင်းတို့ဖြင့် နိုးကြားနေစေဖို့ သခင်ဘုရားကူမပေးတော်မူပါစေသော်။ (ChS 41.2)ChSBur 61.1