ခရစ်ယာန်အင်အားစုများပေါင်းစည်းမှု
ယုံကြည်ခြင်း၌ရှိကြသူညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား၊ သင်တို့ ၏စိတ်နှလုံးအထဲမှာ “အကျွန်ုပ်သည် ညီကိုစောင့်ရသောသူဖြစ်ပါသလော” ဆိုတဲ့မေးခွန်းမျိုးပေါ်လာဖူးသလား။ သင်သည် ဘုရားသခင်၏သားသမီးဖြစ် ပါသည်ဟု ကြေညာပြောဆိုလျှင် သင်သည် ညီကိုစောင့်ရသောသူဖြစ်ပါသည်။ ဘုရားသခင်သည် အသင်းတော်အား ကယ်တင်ခြင်းရနိုင်ကြသောသူများ၏ အသက်ဝိညာဉ်များအတွက် တာဝန်ရှိမှုပေးအပ်ထားသည်။ . (ChS 13.3)ChSBur 12.2
ဒုက္ခရောက်သူများ၊ ဝမ်းနည်းကြေကွဲနေသူများနှင့် စုံစမ်းနှောင့်ယှက် ခြင်းခံနေကြရသူများအား အစေခံကူညီပေးနိုင်စွမ်းရှိသောအသင်းတော်ကို တည်ထောင်နိုင်ရန်အလို့ငှါ ကယ်တင်ရှင်သည် မိမိ၏အဖိုးတန်အသက်ကို စွန့်ပေးခဲ့ပါသည်။ ယုံကြည်သူများအုပ်စုသည် ဆင်းရဲသားများ၊ ပညာမတတ် သူများ၊ မကျော်ကြားသူများဖြစ်ကြသော်လည်း ခရစ်တော်၏နာမ၌ မိမိတို့ ၏နေအိမ်၊ လူနေရပ်ကွက်နှင့် “နယ်ကျော်ဒေသ” များသို့ တိုင်အောင်သူတို့ ၏ အမှုတော်ဆောင်ခြင်းရလဒ်သည် ထာဝရကာလအဆုံးရောက်သည်အထိ ရှိလိမ့်မည်။ (ChS 13.4)ChSBur 12.3
အသင်းတော်သည် အားနည်းခြင်းနှင့် အပြစ်အနာအဆာရှိလင့်ကစား ́ ဘုရားသခင်သည် အထွတ်မြတ်ဆုံးအလေးထားအပ်သောအထူးအာရုံကို အသင်း တော်အပေါ်၌ ရည်မှန်းချက်တစ်ရပ်အဖြစ် အပ်နှင်းထားတော်မူခဲ့၏။ စိတ်နှလုံး များကို အသွင်ပြောင်းလဲစေရန် ဘုန်းတန်ခိုးတော်ကို ဖွင့်လှစ်သည်ဖြစ်၍ ကိုယ်တော်နှစ်သက်ကျေနပ်တော်မူရသော ကျေးဇူးတော်ပွဲရုံလည်းဖြစ်ပါသည်။ (ChS 13.5)ChSBur 13.1
ခရစ်တော်၏စေခိုင်းချက်ကို တစ်ဦးတစ်ယောက်က ဖြည့်စွမ်းပေးရ ၏။ နောက်တစ်ဦးတစ်ယောက်ကလည်း မြေကြီးပေါ်၌ ကိုယ်တော်စတင် လုပ်ဆောင်ခဲ့သောအမှုတော်ကို ဆက်လက်သယ်ဆောင်သွားရသည်။ ဤသို့ ဖြင့် အသင်းတော်သည် အထူးအခွင့်အရေးအပ်နှင်းတော်မူခြင်းခံရပါ၏။ ဤရည်ရွယ်ချက်ဖြင့်လည်း အသင်းတော်ကို ဖွဲ့စည်းထားရခြင်းဖြစ်ပါသည်။ ထိုသို့ဆိုလျှင် ဘယ်အတွက်ကြောင့် အသင်းသူ/အသင်းသားများသည် ဤတာဝန်ကိုလက်မခံလိုကြသနည်း။ (ChS 14.1)ChSBur 13.2
ဘုရားသခင်သည် အသင်းတော်ကို သူတို့အား ခန့်အပ်ပေးအပ်ထား သောတာဝန်ကို ထမ်းရွက်ကြရန် တောင်းဆိုနေပါ၏။ သူတို့ကိုယ်ပိုင်နယ်မြေ တွင် မှန်ကန်စွာပြုပြင်ပြောင်းလဲမှုစံနှုန်းကို ထိန်းသိမ်းပေး၏။ ကွင်းသစ်များ ဆီသို့ သာသနာထိုးဖေါက်ဝင်ရောက်ရန် လေ့ကျင့်ပြီးသောအတွေ့အကြုံရင့်ကျက် သူများအား စေလွှတ်ခဲ့ပါသည်။ (ChS 14.2)ChSBur 13.3
သက်သာလောနိတ်မြို့ သားယုံကြည်သူတို့သည် စစ်မှန်သောသာသနာ ပြုများဖြစ်ကြ၏။ သမ္မာတရားတင်ဆက်ပေးခြင်းအားဖြင့် နှလုံးသားများကို အောင်နိုင်ရလိုက်ကြသည်။ ယုံကြည်သူများအရေအတွက်ထဲသို့ အသက်ဝိညာဉ် များစွာတိုးပွားထည့်ပေါင်းရလာသည်။ (ChS 14.3)ChSBur 13.4
အသင်းအုပ်စုအဖွဲ့အထဲ၌ တပည့်တော်ဆယ့်နှစ်ပါးအား ပထမအဆင့် ဘိသိက်တင်ဆက်ကပ်ပေးခဲ့သည်မှာ ခရစ်တော်တက်ကြွတော်မူပြီးသည်နောက် တပည့်တော်များသည် မြေကြီးပေါ်၌ ကိုယ်တော်၏အမှုတော်ကို ဆက်လက် လုပ်ဆောင်ကြစေရန်ဖြစ်သည်။ (ChS 14.4)ChSBur 13.5
ဘုရားသခင်၏အသင်းတော်သည် အမျိုးမျိုးသောဆုကျေးဇူးကြွယ်ဝ စွာဖြင့် သန့်ရှင်းသောဝိညာဉ်တော်ပြည့်ဝသောသန့်ရှင်းသောအသက်နန်းတော် ဖြစ်ပေသည်။ အသင်းသူ/အသင်းသားများသည် သူတို့ကူညီခဲ့၍ ကောင်းချီး ခံစားနေကြရသူများ၏ပျော်ရွှင်ခြင်းအထဲမှ ပျော်ရွှင်ခြင်းကို သူတို့ရှာတွေ့ နိုင်ကြရပါမည်။ သခင်ဘုရားပုံစံချပေးထားခဲ့သည့်အမှုတော်ကို ကိုယ်တော် ၏အသင်းတော်အားဖြင့် ပြီးစီးစေခြင်းအံ့ဖွယ်ရာသည် နာမတော်ဘုန်းအသရေ ထင်ရှားစေခြင်းဖြစ်ပါသည်။ (ChS 14.5)ChSBur 14.1
ကျွန်ုပ်တို့ လုပ်ဆောင်နေသောအမှုတော်သည် ဘုရားသခင် နှုတ်ကပတ်တော်၌ ခင်းကျင်းမြှုပ်နှံထားရသည်။ ခရစ်ယာန်အချင်းချင်း၊ အသင်းတော်သည် အသင်းတော်အချင်းချင်းပေါင်းစည်းညီညွတ်ကြရမည်။ လူသားတန်ဆာပလာသည် ဘုရားသခင်နှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ သခင့် ကိုယ်စားလှယ်တိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်စိုးမှုအောက် ၌ရှိခြင်းနှင့် ကျေးဇူးတော်သတင်းစကားကောင်းမြတ်တော်မူကြောင်းကို ကမ္ဘာအနှံ့သိစေရန် လူအားလုံးက ပေါင်းစည်းမှုရှိကြရမည်။ (ChS 14.6)ChSBur 14.2
ကျွန်ုပ်တို့၏အသင်းတော်များသည် ဝိညာဉ်တော်ထွန်ယက်ခြင်းလုပ်ငန်း မှာကောက်နှံစုသိမ်းရမည်ဟူသောမျှော်လင့်ချက်နှင့် လက်တွဲလုပ်ဆောင်ကြရ သည်။ မြေဆီလွှာသည် မာကျောနေမည်ဖြစ်သော်လည်း ပလပ်ကွင်းမြေကို ကြေမွစေ၍ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကိုကြဲရမည်။ ဘုရားသခင်ချစ်တော် မူသောဆရာသမားများတို့ တာဝန်ထမ်းဆောင်ရင်းနှင့် ကြီးထွားလာနေသော အမှုတော်ဆောင်တစ်ဦးဦးကို စွဲချက်တင်ရန်ရှိသည်ဆိုသည့် အတွေးရောက်၍ တုံ့ဆိုင်းမနေလိုက်ကြပါနှင့်။ (ChS 14.7)ChSBur 14.3
အသင်းတော်သည် လူတို့ကိုကယ်တင်ရန်အတွက် ဘုရားသခင်ခန့် အပ်ထားသောအေဂျင်စီအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဝတ်ပြုခြင်းအစေတော် ခံရန် ဖွဲ့စည်းထူထောင်ထားသည်ဖြစ်၍ အသင်းတော်၏မစ်ရှင်သည် လောက တစ်ဝန်းလုံးသို့ ဧဝံဂေလိသတင်းစကားသယ်ဆောင်ဟောကြားပေးရန်ဖြစ်သည်။ ဘုရားသခင်၏ ပြည့်ဝစုံလင်မှုနှင့် အနန္တတန်ခိုးရှင်ဖြစ်ကြောင်းကို အသင်းတော် မှတစ်ဆင့် ဤကမ္ဘာလောကသို့ ထင်ဟပ်သိစေရန်မှာ အစအဦးကပင် ဘုရားသခင်၏အကြံအစည်တော်ဖြစ်ပေသည်။ အသင်းတော်၏အသင်းသားတို့ သည် သူတို့အား အမှောင်ထဲမှအံ့ဖွယ်အလင်းထဲသို့ ခေါ်သွင်းယူတော်မူခဲ့သော ကိုယ်တော်၏ဘုန်းတော်ရောင်ခြည်ကို ထွန်းတောက်စေရပါလိမ့်မည်။ (ChS 15.1)ChSBur 14.4
ယနေ့ကာလအတွက် ဤကြီးမြတ်သောအမှုတော်၏ သြဇာသက်ရောက် မှုနှင့်အမှုတော်ဆောင်ခြင်းကို ကြိုးစားအားထုတ်ယူရန် အလွန်သေးငယ်နေပါ သည်ဟူ၍ မည်သည့်အသင်းတော်မျှတွေးမနေရ။ (ChS 15.2)ChSBur 15.1
ညီအစ်ကိုတို့၊ အလုပ်လုပ်ကြပါ။ ခမ်းနားသောစခန်းသွင်းအစည်း အဝေးပွဲကြီး (သို့မဟုတ်) ဘုရားသခင်အထူးမျက်နှာသာပေးသောအဖွဲ့ချုပ်ရုံး နှင့်ညီလာခံများတို့သည်သာလျှင်မဟုတ်၊ အတ္တကင်းသောချစ်ခြင်းမေတ္တာဖြင့် အနှိမ့်ချဆုံးကြိုးစားလုပ်ဆောင်သူသည် ဘုရားကောင်းချီးမင်္ဂလာသရဖူဆောင်း ၍ဆုလာဘ်ကြီးကို လက်ခံရလိမ့်မည်။ သင်တတ်နိုင်သမျှအလုပ်လုပ်ပါ။ ဘုရား သခင်သည် သင့်စွမ်းရည်ကို တိုးစေပါလိမ့်မည်။ (ChS 15.3)ChSBur 15.2