Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အရက်သေစာရှောင်ကြဉ်ခြင်း၌ပြုပြင်ပြောင်းလဲမှ

    အရက်သေစာရှောင်ပါသည်ဟု ကြွေးကြော်နေကြသည့်လူများစာရင်း ကောက်ယူကြသည်ဆိုလျှင် ခရစ်တော်ကြွလာတော်မူသည်ကို မျှော်လင့်သော မြော်လင့်ခြင်းအသင်းသားများသည် ရှေ့တန်းက နေရာယူသင့်ပါသည်။ (ChS 218.5)ChSBur 362.1

    အရက်သေစာရှောင်ပါသလားဟု မေးခွန်းမေးလာသောအခါ ချီတုံ ချတုံမဖြစ်ပါနှင့်။ သင့်နေရာကိုသင်တက်ယူပါ။ ကျောက်တုံးကဲ့သို့ ခိုင်မြဲ တည်ကြည်နေရမည်။ (ChS 219.1)ChSBur 362.2

    ကျွန်ုပ်တို့သည် လူကြားထဲထုတ်ပြောနေခြင်းအစား အရက်သေစာ ရှောင်ကြဉ်ခြင်းသီလကို ကျင့်ပြကြရမည်။ ဤအခြေခံစည်းမျဉ်းကို ဝေစာနှင့် စာစောင်ထဲမှာ ဖော်ပြပေးရမည်။ ကျွန်ုပ်တို့၏လူများသည် သမ္မာတရားမသိ သူများနှင့်ဆက်မိစေရန် သူတို့လုပ်ဆောင်နေသည့်တာဝန်များအထဲတွင် ဖြစ်သည့်နည်းနှင့်တက်တက်ကြွကြွဖြစ်လာဖို့ လုပ်ပေးရမည်။ မစ်ရှင်အလုပ်ထဲ၌ ကျွန်ုပ်တို့ရလိုက်သောအောင်မြင်ခြင်းသည် ကျွန်ုပ်တို့လုပ်ခဲ့ကြသောမိမိကိုယ်ကို ငြင်းပယ်ခြင်း၊ မိမိကိုယ်တိုင်အနစ်နာခံကြိုးပမ်းခြင်းတို့နှင့် အချိုးညီစွာရှိခဲ့ပါ သည်။ သခင်ဘုရားရှေ့တော်၌ ကျွန်ုပ်တို့ကိုယ်ကိုနှိမ့်ချသောသူအဖြစ်နှင့် အဘယ်မျှအမှုပြီးစီးအောင်လုပ်ပြနိုင်ခဲ့သည်ကို ကိုယ်တော်တစ်ပါးတည်းသာ သိပါသည်။ ထို့အပြင် ရှင်းလင်းစွာ၊ ဖြောင့်တန်းစွာနှင့်အရက်သေစာရှောင် ခြင်းအတွက်ကိုလည်း ကျွန်ုပ်တို့ကြွေးကြော်ခဲ့ကြပါသည်။ (ChS219.2)ChSBur 362.3

    အရက်သေစာရှောင်ခြင်းမေးခွန်းကို ဘုရားလူများထံမှ ထောက်ခံ ဆုံးဖြတ်ပေးခြင်းဖြင့် လက်ခံကြရမည်။ မရှောင်နိုင်ဘူးဆိုသည်မှာ ချိုးနှိမ်ရ ခြင်းကို ကြိုးပမ်းရသည်နှင့်အတူ ကိုယ်တိုင်အရသာတွေ့ခြင်းတိုးလာသည်ဟု ဆိုရမည်။ ကျန်းမာရေးပြုပြင်ပြောင်းလဲရေးအကြောင်း စာပေထုတ်ဝေခြင်းသည် ကြီးစွာလိုအပ်ချက်ဖြစ်လာသည်။ ဤကိစ္စအကြောင်းရေးသားထုတ်ဝေထားသော စာပေသည် ဧဝံဂေလိသတင်းကောင်းအတွက် အဖွင့်ဖြစ်သည်။ ဝိညာဉ်များ စွာကို သမ္မာတရားကောင်းစွာနားလည်လာစေရေးအတွက် ကျမ်းစာအုပ်ကို ရှာဖွေလာကြစေလိမ့်မည်။ အရက်သေစာသောက်စားစေသောစာတန်နတ်ဆိုး အကြောင်းကို သတိပေးထားသည့်ရေးစာများသည် ကျိုးကြောင်းခိုင်လုံ၍ ယုတ္တိ ရှိနေစေရမည်။ ဥပုသ်နေ့စောင့်သူအသင်းသားတိုင်းသည် ကျွန်ုပ်တို့ထုတ်ဝေ သောကျန်းမာရေးစာစောင်များနှင့် ကျန်းမာရေးဆိုင်ရာ စာအုပ်စာတမ်းများကို လေ့လာပြီး လေ့ကျင့်နာယူသွားသင့်သည်။ ထိုထက်လည်း ပိုလုပ်ရမည်။ ဤကျန်းမာရေးဆိုင်ရာထုတ်ဝေထားသောစာစောင်များကို နီးစပ်မိတ်ဆွေများ ဆီသို့ ဖြန့်ဝေပေးရန် သူတို့စိတ်ပါလက်ပါကြိုးစားလုပ်ဆောင်သွားကြရမည်။ (ChS 219.3)ChSBur 363.1

    အသောက်အစားပျော်ပါးလိုက်စားမှုလုံးဝရှောင်ကြဉ်ခြင်းကတိကို တောင်းပါ။ အရက်၊ ဆေးလိပ်စသည့်အလားတူဇိမ်ခံလိုက်ပါဖို့ သူတို့သုံးခဲ့ သောငွေမည်မျှရှိခဲ့သည်ကို မေးမြန်းပါ။ ထိုအရာများအစား ဝေဒနာသည်များ၊ လူဆင်းရဲများကို သက်သာစေမည့်လုပ်ငန်းများ၌ နစ်မြုပ်ဆက်ကပ်ပါရန် တိုက်တွန်းပါ။ (သို့မဟုတ်) ကလေးသူငယ်များနှင့်လူငယ်လူရွယ်တို့ကိုလောက ၌အသုံးရလာစေရေးသင်တန်းပေးခြင်း၌ သုံးစွဲရန် တိုက်တွန်းပါ။ (ChS 219.4)ChSBur 363.2