Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကြန့်ကြာခြင်းသည် နိဂုံးချုပ်ခြင်းတည်း

    ဘုရားသခင်၏လူတို့သည် သူတို့ကိုကိုင်ချုပ်ပြီး မဖြစ်မနေလုပ်ပေး လာမည့်တန်ခိုးတစ်ခုအားဖြင့် သူတို့၌ပြောင်းလဲမှုတချို့ရောက်လာမည်ကို စောင့်မျှော်နေကြသည်ဟု ကျွန်ုပ်အား ဖေါ်ပြပေးလာနေသည်။ သို့သော် သူတို့သည် မှားကြသောကြောင့် သူတို့ပဲစိတ်ပျက်ကြရလိမ့်မည်။ သူတို့အလုပ် လုပ်ရမည်။ သူတို့ကိုယ်တိုင်က အလုပ်ထဲမှာရှိနေကြရမည်။ သူတို့ကိုယ်တိုင် အတွက် အမှန်သိကျွမ်းခြင်းဉာဏ်ရဖို့ ဘုရားသခင်ထံမှ အလွန်ကြိုးစား၍ ဆုတောင်းယူကြရမည်။ ကျွန်ုပ်တို့အား ဖွင့်ပြပေးခဲ့သည့်ထိုအာရုံခံမြင်ကွင်း သည် ကျွန်ုပ်တို့ကိုနိုးထလာစေရန် လုံလောက်မှုကြီးတစ်ခုဖြစ်ခဲ့သည်။ နာခံကြ သူများအားလုံးကို သူတို့နှလုံးအိမ်ထဲသို့ သမ္မာတရားစကားလှုံ့ဆော်သွင်းပေး ကြပါ။ မြေကြီးကွင်းပြင်သည် ရိတ်သိမ်းရန် ဝင်းဝင်းမှည့်လုရှိနေပြီ။ (ChS 43.3)ChSBur 65.1

    အခြားတစ်ဖက်တွင် လူတချို့သည် လက်ရှိအခွင့်အရေးကိုတိုးရ ဖို့ဉာဏ်သုံး၍ ရှာဖွေနေရမည့်အစား သူတစ်ပါးကိုသူတို့အလင်းပေးနိုင်စွမ်း ကြီးစွာတိုးပွားလာစေမည်ဖြစ်သောဝိညာဉ်ရေးရာအားသစ်လောင်းအထူးကာလ အချို့ကိုသာ သူတို့ဘာမျှမလုပ်မကိုင်ဘဲနှင့် စောင့်မျှော်ရယူလိုနေကြ၏။ သူတို့ ဘက်က ဘာမျှကြိုးစားလုပ်ဆောင်ဖို့မလိုဘဲ အထူးကောင်းချီးမင်္ဂလာကို သူတို့ လက်ခံရယူနိုင်ကြလိမ့်မည်။ ပြီးလျှင် သူတို့အသွင်ပြောင်း၍ အမှုတော်ကို လိုက်ဖက်ညီထိုက်တန်စွာ လုပ်ဆောင်နိုင်ကြလိမ့်မည်ဟုဆိုသောထိုကာလကို သူတို့မျှော်၍နေစဉ်တွင် လက်ရှိတာဝန်များနှင့် အခွင့်အရေးများကို ပစ်ပယ် လိုက်ကြ၍ သူတို့၏အလင်းကိုလည်း မှုန်မှုန့်မွှားမွားသာ ထွန်းညှိထားတတ် ကြပါတော့သည်။ (ChS 43.4)ChSBur 65.2