Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထာဝရဘုရားသခင်၏ စေခိုင်းချက်

    ယေရှု၏တပည့်တော်များပြုလုပ်ခဲ့ကြသောအမှုတော်ကို ကျွန်ုပ်တို့ သည်လည်း လုပ်ဆောင်ကြရမည်။ ခရစ်ယာန်တစ်ယောက်စီတိုင်းသည် သာသနာပြုတစ်ယောက်ဖြစ်ကြရပါမည်။ ကျွန်ုပ်တို့သည် အကူအညီလိုအပ် သူများအား သနားကြင်နာခြင်း၊ မေတ္တာစိတ်ထားလျက် အစေခံပြုစုပေးကြရ မည်။ လူသားတို့ဒုက္ခဝေဒနာခံစားနေရခြင်းနှင့် ဝမ်းနည်းပူဆွေးနေရခြင်းတို့၌ ဝန်ပေါ့စေရန် အတ္တကင်းသောကြိုးစားခြင်းဖြင့် ကျွန်ုပ်တို့နည်းလမ်းရှာပေးကြ ရမည်။ (ChS 22.4)ChSBur 28.1

    ခရစ်တော်သည် ကောင်းကင်ဘုံသို့မတက်ကြွမီ တပည့်တော်တို့အား အမှုတော်မြတ်ကြီးတစ်ခုကို ပေးအပ်ခဲ့ပါသည်။ ထိုအမှုတော်မြတ်သည် ကမ္ဘာ လောကကြီးအတွက် ဘုရားသခင်က အမွေပေးခဲ့သောထာဝရအသက်ရတနာ ပင်ဖြစ်၍ ထိုသူတို့ဦးစီးဆောင်ရွက်သွားကြရန် သခင်ဘုရားမိန့်မှာတော်မူခဲ့ သည်။ (ChS 22.5)ChSBur 28.2

    ပထမဦးဆုံးသောတပည့်တော်များအား ယုံကြည်အပ်နှင်းပေးခဲ့သည် အတိုင်း ခေတ်ကာလတစ်လျှောက်လုံး၌ ယုံကြည်သူတိုင်းအားလည်း မျှဝေ ပေးထားပါသည်။ ဧဝံဂေလိသတင်းကောင်းကို လက်ခံရရှိပြီးသူ အယောက် တိုင်းသည် လောကကြီးအား မျှဝေပေးရန် အလေးအမြတ်ဆုံးသောသမ္မာတရားကို အပ်နှင်းခံရသည်ဖြစ်၏။ ထာဝရဘုရားသခင်၏သစ္စာရှိသားသမီးအပေါင်း တို့သည် အမြဲလိုပင်စိတ်အားကြီးသောသာသနာပြုများဖြစ်ရပါမည်။ ဧဝံဂေလိ လုပ်ငန်းသည် နာမတော်ဂုဏ်သတင်းချီးမွမ်းခြင်းရှိစေရန် သူတို့၏စွမ်းအင် အရင်းအမြစ်များကို ဆက်ကပ်ကြရမည့်အပြင် သခင့်အမှုတော်မြတ်ထဲ၌ သူတို့ ၏ပင်ကိုယ်စွမ်းရည်များကိုလည်း ပညာသတိရှိစွာအသုံးတော်ခံကြရပါမည်။ (ChS 22.6)ChSBur 28.3

    ဧဝံဂေလိအမှုတော်စေခိုင်းခြင်းသည် ခရစ်တော်၏နိုင်ငံတော်၌ မစ်ရှင် လုပ်ငန်းကြီးအတွက် လုပ်ပိုင်ခွင့်အမိန့်ရခြင်းဖြစ်သည်။ တပည့်တော်တို့သည် ဝိညာဉ်ကယ်ဆယ်ရေးလုပ်ငန်း၌ စိတ်အားကြီးစွာလုပ်ဆောင်ရန်နှင့် မေတ္တာ နှင့်ဆိုင်သောဖိတ်ခေါ်စာကို လူအားလုံးကိုပေးရမည်။ သူတို့အနားလူအများ ရောက်လာရန် စောင့်ဆိုင်းနေကြရမည်မဟုတ်။ သူတို့ရပြီးသောသတင်းစကား နှင့်အတူ လူအများရှိရာသို့ သူတို့သွားကြရမည်။ (ChS 23.1)ChSBur 29.1

    ဘုရားသခင်၏စေတမန်များသည် မြေကြီးပေါ်ခရစ်တော်ရှိစဉ်အခါက ပြုတော်မူသောအမှုတော်အတိုင်းပြုလုပ်ကြရန် စေစားတော်မူခြင်းခံရပါသည်။ သူတို့သည် ကိုယ်တော်ထမ်းဆောင်ပြုလုပ်ခဲ့သောသာသနာပြုလမ်းကြောင်း အလုံးစုံအထဲသို့ သူတို့ကိုယ်သူတို့ဆက်ကပ်ပေးအပ်ရမည်။ အလွန်စိတ်အား ထက်သန်လျက် စိတ်ရင်းကောင်းထားခြင်းဖြင့် စစ်၍မကုန်နိုင်သောကြွယ်ဝ ခြင်းနှင့်မပျက်စီးတတ်သောကောင်းကင်ဘုံ၏ရတနာအကြောင်းကို လူအပေါင်း တို့အား သူတို့ပြောကြားရမည်။ (ChS 23.2)ChSBur 29.2

    တပည့်တော်တို့အား ပေးအပ်ထားသောမဟာစေခိုင်းချက်ကြီးကို ကျွန်ုပ်တို့အားလည်း ပေးအပ်ထားပါသည်။ ယနေ့တွင်လည်း ယခင်ကာလ များကဲ့သို့ ဤလောကကြီး၌ ဘုရားမရှိ၊ မျှော်လင့်ချက်မရှိဘဲ နေထိုင်ကြသူ များ၏ရှေ့တွင် လက်ဝါးကပ်တိုင်ပေါ်အသေခံ၍ ရှင်ပြန်ထမြောက်တော်မူခဲ့ သောကယ်တင်ရှင်အကြောင်းကို ကျွန်ုပ်တို့မြှောက်တင်ချီးမွမ်းပြောကြားကြရ မည်။ သခင်ဘုရားသည် သင်းအုပ်ဆရာအမှုတော်ဆောင်များ၊ ဆရာများနှင့် သာသနာပြုများကို ခေါ်ဖိတ်နေပါသည်။ ဘုရားသခင်အစေခံတို့သည် တစ်အိမ် ဝင်တစ်အိမ်ထွက် ကယ်တင်ခြင်းသတင်းစကားကို ကြွေးကြော်ပေးနေကြပါသည်။ ခရစ်တော်အားဖြင့် အပြစ်ဖြေလွှတ်ခြင်းတရားကို နိုင်ငံတကာရှိတိုင်းပြည်၊ လူမျိုး၊ ဘာသာစကားကွဲပြောသူ လူအသီးသီးတို့ထံသို့ သယ်ဆောင်ယူသွားကြ ရမည်။ ထိုသတင်းစကားကို ထိုင်းမှိုင်းအသက်မပါသည့်နှုတ်မြွက်စကားမျိုးဖြင့် မတင်ဆက်ကြရ။ ရှင်းလင်း၍ ပြတ်သားနိုးကြွစေသောနှုတ်မြွက်စကားများဖြင့် ဟောပြောရမည်။ လူသားရာပေါင်းများစွာသည် မိမိတို့၏အသက်တာလွတ် မြောက်ရေးအတွက် သတိပေးစကားကို စောင့်မျှော်နေကြပါသည်။ ဤလောက ကြီးသည် ခရစ်ယာန်ဘာသာယုံကြည်ခြင်း၏တန်ခိုးသက်သေကို ခရစ်ယာန် များအထဲ၌ မြင်တွေ့ ရန် လိုအပ်နေပါပြီ။ နေရာအနည်းအကျဉ်းလေးထဲ၌တွင် မဟုတ်ဘဲ ဤကမ္ဘာနေရာအနှံ့အပြား၌ မေတ္တာသတင်းစကားကြားစေရန် လိုအပ် နေပါပြီ။ (ChS 23.3)ChSBur 29.3

    ယေရှုသည် ကောင်းကင်ဘုံသို့တက်ကြွသွားပြီးသောအခါ ဧဝံဂေလိ တရားအလင်းရပြီးသူတိုင်းသည် ကိုယ်တော်ပြုခဲ့သောအမှုတော်ကို မြေကြီးပေါ် မှာလုပ်ဆောင်ရန် လွှဲအပ်ပေးထားခဲ့သည်။ သူတို့သည် ထိုအလုပ်ကိုပြီးဆုံး သည့်တိုင် ရှေ့ဆက်လုပ်ဆောင်သွားရပါမည်။ ကိုယ်တော်၏သမ္မာတရားသတင်း ကြေညာခြင်းကို အခြားမည်သည့်အေဂျင်စီသို့မျှ ကိုယ်စားလွှဲအပ်မထားခဲ့ပါ။ “သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်း တို့အား ဧဝံဂေလိတရားကို ဟောကြလော့။” “ငါသည်လည်း ကပ်ကမ္ဘာ ကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” ဤတည်ကြည် လေးနက်သောအမှုတော်မြတ်ကြီးသည် ယခုကာလအကျွန်ုပ်တို့ထံရောက်ရှိ လို့နေပါပြီ။ ယင်းအမှုတော်ကို လက်ခံမည်လော၊ သို့တည်းမဟုတ် ငြင်းပယ် မည်လောဟူ၍ ဆုံးဖြတ်ရမည့်တာဝန်ရှိမှုကို ဘုရားသခင့်အသင်းတော်၌ ကိုယ်တော်ချန်ရစ်ထားခဲ့ပါပြီ။ (ChS 23.4)ChSBur 30.1

    ကျွန်ုပ်တို့အပေါ်သို့ မြင့်မြတ်သောတာဝန်တစ်ရပ်ကို ချခင်းပေးထား ခဲ့ပြီ။ မဟာအမှုတော်မြတ်ကို ကျွန်ုပ်တို့အား ပေးအပ်ထားပါသည်။ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။” (မဿဲ ၂၈း၁၉၊၂၀)။ ထိုကယ်တင်ခြင်း၏ဧဝံဂေလိသတင်းကောင်းကို လူအများကြားသိစေခြင်းအမှု တော်ရွက်ဆောင်ရန် သင့်အား ရည်စူးမှတ်သားထားသည်။ ကောင်းကင်ဘုံ ၏စုံလင်ခြင်းသည် သင့်တန်ခိုးသြဇာဖြစ်လာပါလိမ့်မည်။ (ChS 24.1)ChSBur 30.2