Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    စိတ်ထဲစွဲကျန်ခဲ့သည့်အဖြစ်အပျက် (An Impressive Scene)

    ည၏အမြင်အာရုံထဲ၌ စိတ်ထဲစွဲကျန်ရစ်ခဲ့သောရှုခင်းတစ်ရပ်ကို ကျွန်ုပ် ၏ရှေ့မှောက်တွင် မြင်ခဲ့ရသည်။ ကြီးမားသောမီးလုံးကြီးတစ်လုံးသည် လှပ သည့်အိမ်ကြီးရခိုင်များအပေါ်သို့ ထိုးကျခဲ့ရာ ချက်ချင်းပင်ပျက်စီးကုန်သည်။ လူတစ်ယောက်မှတ်ချက်ချသည်ကို ကျွန်ုပ်ကြားလိုက်ရသည်။ “မြေကြီးပေါ် ကိုဘုရားသခင်စီရင်ခြင်းကျရောက်လာမှာကို ငါတို့သိကြတယ်။ ဒါပေမယ့် ဒီလောက်အမြန်ကြီးရောက်လာမှာကိုတော့ ငါတို့တစ်တွေမသိကြဘူး။” တခြား တစ်ယောက်က ဝေဒနာခံစားရချက်နှင့် အော်ပြောတယ်။ “ဒါဆိုမင်းသိနေတာ ပဲ။ ဘာကြောင့် ငါတို့ကိုမပြောပြခဲ့တာလဲ။ ကျုပ်တို့မသိရဘူးလားဗျ။” ဒီလို အလားတူမျိုးပြစ်တင်ဝေဖန်စကားများကို ဘက်ပေါင်းစုံမှ ပြောဆိုနေကြသည် ကို ကျွန်ုပ်ကြားခဲ့ရလေ၏။ (Chs 111.3)ChSBur 182.2

    စိတ်မကောင်းခြင်းကြီးစွာဖြင့် ကျွန်ုပ်နိုးခဲ့ရသည်။ နောက်ကျွန်ုပ် ပြန်အိပ်ရပြန်သည်။ လူအုပ်ကြီးအကြားထဲသို့ ကျွန်ုပ်ရောက်သွားခဲ့သည်ဟု ထင်မိသည်။ လူအုပ်စုတစ်ခုကို အာဏာပိုင်တစ်ယောက်က သူ့လက်ထဲရှိ ကမ္ဘာမြေပုံကားချပ်ကိုဖြန့်၍ စကားပြောနေပါသည်။ သူကမြေပုံကားချပ်ကြီး သည် ဘုရားသခင်၏စပျစ်ဥယျာဉ်ဖြစ်ကြောင်းနှင့်ရိတ်သိမ်းဖို့အချိန်ရောက်နေ ပြီဟု မိန့်ခွန်းခြွေနေခြင်းဖြစ်သည်။ ကောင်းကင်ဘုံမှအလင်းတန်းသည် တစ်ဦးတစ်ယောက်အပေါ်သို့ ဖြာကျလာနေသော် ထိုအလင်းသည် အခြား သူဆီသို့ရောင်ပြန်ဟပ်လိမ့်မည်။ အလင်းသည် နေရာများစွာ၌ ဆင့်ကဲ မီးပွားပေးလိမ့်မည်။ ထိုနည်းတူ ထိုအလင်းများသည် အခြားအလင်းများအဖြစ် မီးထိုးပေးလိမ့်မည်ဖြစ်သတည်း။ (ChS 111.4)ChSBur 183.1

    ကျမ်းစကားအပြန်အလှန်ရွတ်ဖတ်နေရမည်။ “သင်တို ့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သော အရသာကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ ကျော်နင်းခြင်းမှ တစ်ပါး အဘယ်အသုံးမျှမဝင်။ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌ တည်သောမြို့ကိုမကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလားအောက် ၌ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံပေါ်မှာတင်ထားလေ့ရှိ၏။ ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့ ၏ ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘ၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေ ကြလော့။” (မဿဲ ၅း၁၃-၁၆)။ (ChS 112.1)ChSBur 183.2

    မြို့များ၊ ရွာများအပေါ်သို့ အလင်းတန်းများထိုးကျတောက်ပနေသည် ကိုကျွန်ုပ်မြင်ခဲ့ရသည်။ ၎င်းတို့မှာမြေကြီးအမြင့်ဆီမှသော်လည်းကောင်း၊ အနိမ့်ဆီ မှသော်လည်းကောင်း ဖြာထွက်လျက်ရှိနေ၏။ ဘုရားသခင်၏ စကားများကို နာခံနေကြပြီ။ အကျိုးထွက်အားဖြင့် မြို့တိုင်း၊ ရွာတိုင်းမှာခရစ်တော်အောက် မေ့ဖွယ်ချီးမွမ်းပွဲများကျင်းပနေကြသည်။ သမ္မာတရားသတင်းကောင်းတရား ကို ကမ္ဘာအရပ်ရပ်၌ ကြေညာဟောပြောနေကြလေပြီ။ (ChS 112.2)ChSBur 183.3

    -o-

    Larger font
    Smaller font
    Copy
    Print
    Contents