Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အလုပ်လုပ်ရင်းလေ့လာခြင်း

    ကျောင်းသူ/ ကျောင်းသားများသည် သာသနာပြုအလုပ်လုပ်ဆောင် ရန် အချိန်ပေးကြရမည်ဖြစ်၍ သူတို့၏ပညာရေးကို ပြီးမြောက်စေဖို့ လိုအပ် သည်။ ထိုအချိန်သည် သူတို့၏ဝန်းကျင်လူနေရပ်ကွက်ရှိ အိမ်ထောင်မိသားစု များ၏ဝိညာဉ်ရေးရာ လိုအပ်ချက်များနှင့် ရင်းနှီးကျွမ်းဝင်လုပ်ယူကြရမည့် အချိန်ဖြစ်သည်။ သူတို့သည် လေ့လာဆည်းပူးခဲ့ရသည့်ဉာဏ်ပညာကို အသုံး ချဖို့.. အချိန်မရနိုင်လောက်အောင် ကျောင်းစာများအထဲ နစ်မြှုပ်နေကြရန် မသင့်ပါ။ သူတို့သည် အမှားလုပ်နေကြသူများနှင့် ရင်းနှီးကျွမ်းဝင်လာစေရန်၊ ထိုသူတို့ကိုသမ္မာတရားပြောကြားရန် သာသနာပြုအမှုအတွက် အလွန်ကြိုးစား အားထုတ်ကြရမည့်အကြောင်း တိုက်တွန်းခံယူကြရမည်။ နှိမ့်ချစွာအမှုတော် ဆောင်ခြင်းအားဖြင့် ခရစ်တော်ထံမှ ဉာဏ်ပညာကို ရှာမှီးယူ၍ ဆုတောင်းခြင်း နှင့်ဆုတောင်းချက်များအပေါ် စောင့်မျှော်နေကြကုန်သောသူတို့သည် သူတို့၏ ဘဝတာကြွယ်ဝပြည့်စုံခြင်းအသိတရားကို အခြားသူများအား ပေးဝေနိုင်ကြ သည်။ (ChS 64.5)ChSBur 102.2

    ကျောင်းသူ/ကျောင်းသားများသည် စာသင်နှစ်အတွင်းဖြစ်နိုင်လျှင် မြို့ပြသာသနာပြုအလုပ်ထဲမှာ ဝင်ရောက်လုပ်ကိုင်ကြရမည်။ သူတို့သည် စာသင် ကျောင်းအနီးရှိမြို့နယ်ရပ်ကွက်ကျေးရွာများ ဝန်းကျင်တစ်ဝန်းတွင် သာသနာ ပြုအလုပ်ဝင်လုပ်ကြရမည်။ ခရစ်ယာန်အကူအညီပေးလုပ်ငန်းဝင်လုပ်ကြရန် သူတို့အတွင်း၌ အစုအဖွဲ့များဖွဲ့စည်းထားနိုင်သည်။ ကျောင်းသားများသည် ဘုရားသခင်ထံ သူတို့၏လတ်တလောတာဝန်ရှိမှု၌ ကျယ်ကျယ်ပြန့်ပြန့်အမြင် ထားရှိသင့်၏။ သူတို့သည် ကျောင်းစာသင်ချိန်ကုန်ဆုံးသွားပြီးမှ ဘုရားသခင် အတွက် ကြီးကြီးမားမားအမှုတော်တချို့ကို လုပ်ကိုင်ကြလိမ့်မည်ဟူ၍ အခါ အခွင့်ကို မျှော်ကြည့်မနေသင့်ကြပေ။ သို့သော် သူတို့သည် ကျောင်းသား ဘဝအချိန်အတွင်း၌ပင်လျှင် သူတစ်ပါးတို့အတွက် ကိုယ်ကျိုးမဖက်သောအမှု တော်ကို ခရစ်တော်နှင့်အတူ မည်သို့ဝန်တင်ထမ်းဆောင်နိုင်ရမည်ကို လေ့လာ သင်ယူသင့်ကြ၏။ (ChS 65.1)ChSBur 102.3

    လူငယ်တို့၏စိတ်နှလုံးထဲသို့ အလွန့်အလွန်အရေးကြီးသောသင်ခန်းစာ များထည့်သွင်းပေးပြီးဆိုသည်နှင့် လုံလောက်သည်မဟုတ်ပါ။ သူတို့ရရှိပြီး သောပညာများကို မျှဝေပေးတတ်ရန် သူတို့လေ့လာသင်ယူရပါဦးမည်။ (ChS 65.2)ChSBur 103.1

    ကျွန်ုပ်တို့၏ကောလိပ်ကျောင်းများနှင့် စာသင်ကျောင်းများမှနေ၍ ရပ်ဝေး ဒေသများဆီသို့ သာသနာပြုများကို ဆက်ဆက်စေလွှတ်ရပါမည်။ ကျောင်းတက် နေစဉ်ကာလအတွင်းမှာပင် ဤအမှုတော်အတွက် ပြင်ဆင်နေကြရင်း၊ ကျောင်းသားများသည် အခွင့်အရေးတိုင်းကို တိုးချဲ့ယူတတ်ကြပါစို့။ သူတို့ သည် အထက်အရပ်၌ အမှန်ဆုပ်ကိုင်ထားနိုင်သည်၊ မထားနိုင်သည်ကို သူတို့တွင် လိုက်လျောညီရှိကြောင်း အများမြင်ရစေရန် ဤစာသင်ကျောင်း မှနေ၍ သူတို့စမ်းသပ်သက်သေခံပြကြရမည်။ (ChS 65.3)ChSBur 103.2