Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဓမ္မသီချင်းသာသနာ

    ဧဝံဂေလိဓမ္မသီချင်းကောင်းများကို တေးသွားအလိုက်ထူးခြားစွာသီဆို ကျူးအေးနိုင်ကြသောကျောင်းသူ/ ကျောင်းသားတို့သည် သီချင်းသည် ဧဝံဂေလိ ဆရာများအဖြစ် ကောင်းစွာအမှုတော်ဆောင်နိုင်ကြပါသည်။ သူတို့သည် သူတို့ ၌ဘုရားပေးထားသောပင်ကိုယ်စွမ်းရည်များအဖြစ် တေးသံသာသီဆိုခြင်းကို ပြသရန် အခွင့်အရေးရှာတွေ့ နိုင်ကြသည်။ ဝမ်းနည်းခြင်းနှင့် ဒုက္ခခံစားနေရ သူများ၏အမှောင်ဖုံးနေသောအထီးကျန်နေရာများစွာကို နေရောင်ထိုးပေးနိုင် သည်။ အသင်းတော်၌ အခွင့်ထူးမကြုံရစဖူးသူတို့ကိုလည်း သီချင်းဆိုဖြေသိမ့် ပေးနိုင်သည်။ (ChS 66.1)ChSBur 104.2

    ကျောင်းသူ/ ကျောင်းသားများတို့ သာသနာပြုရန် လမ်းမကြီးများနှင့် လမ်းကြိုလမ်းကြားများသို့ သွားကြပါ။ လူတန်းစားအမြင့်အနိမ့်၊ ချမ်းသာ ဆင်းရဲမရွေး သူတို့ဆီရောက်နိုင်အောင်ကြိုးစားကြပါ။ သူတို့အိမ်များသို့ဝင်ကြ ပါ။ အခွင့်အရေးရလျှင်ရသလို “ကျွန်တော်တို့ဓမ္မတေးသီချင်းဆိုပြရင် ကြိုက်နှစ် သက်မလား” ဟုမေးပါ။ ထိုသူများသည် စိတ်ပျော်မွေ့ လာသောအခါ သူတို့ အား ဘုရားသခင်ကောင်းချီးပေးစေရန် ဆုတောင်းစကားအနည်းငယ်ရွတ်ဆို ပေးဖို့ သင့်အတွက် လမ်းပွင့်လာနိုင်ပါသည်။ လူအများအပြားသည် နားသောတ ဆင်ရန် ငြင်းဆန်ကြလိမ့်မည်မဟုတ်ပါ။ ဤကဲ့သို့သာသာနာပြုခြင်းသည် စစ်မှန်သောသာသနာပြုမှုဖြစ်ပါသည်။ (ChS 66.2)ChSBur 105.1

    -o-