Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ရှေးခေတ်ဣသရေလလူတို့၏ဆုံးရှုံးမှုမှရရှိသောသင်ခန်းစာတစ်ရပ်

    ဣသရေလလူတို့ ခါနာန်ပြည်ထဲဝင်ရောက်လာသောအခါ ပြည်တော် တစ်လျှောက်လုံးကို သိမ်းပိုက်ရန်ဟူသောထာဝရဘုရား၏ ရည်ရွယ်မျှော်မှန်း ချက်ကို သူတို့တစ်တွေမဖြည့်စွက်ခဲ့ကြပါ။ ပြည်တော်၏တစ်စိတ်တစ်ဒေသ ကိုသာ ပိုင်စိုးအောင်နိုင်လိုက်သည်နှင့် သူတို့၏အောင်မြင်မှုများ၌ ဝမ်းမြောက်ကာ အခြေချနေထိုင်ကြတော့သည်။ သူတို့၏မယုံကြည်ခြင်းနှင့် စည်းစိမ်ကြီးငယ်တို့၌ ယစ်မူးနေထိုင်ခြင်းကြောင့် နယ်ပယ်အသစ်များဆီသို့ ထိုးဖေါက်ဝင်ရောက် သိမ်းပိုက်ရမည့်အစား အောင်မြင်ပြီးသောနယ်မြေပေါ်၌သာ လူအုပ်ကြီးကို စုစည်း၍ နေထိုင်ကြရန် တာဝန်ယူခဲ့ကြပါသည်။ ဤနည်းဖြင့် သူတို့သည် ထာဝရဘုရားအထံတော်မှ မသိမသာတဖြည်းဖြည်းချင်းလမ်းခွဲ၍ ဝေးကွာ လာခဲ့ကြတော့သည်။ သူတို့သည် ဘုရားသခင့်အလိုတော်ကိုပြီးပြည့်စုံရန် ပျက်ကွက်မှုကြောင့် ကိုယ်တော်သည်လည်း ကတိပေးထားပြီးဖြစ်သော ကောင်းချီးမင်္ဂလာများကို သူတို့အားဖြည့်စွက်ပေးရန် မဖြစ်နိုင်တော့ချေ။ ယနေ့အသင်းတော်သည်လည်း အလားတူပြုလုပ်နေကြပါသလား။ သူတို့ ရှေ့မှောက်၌ရှိသောတစ်လောကလုံး၏လူများသည် ဧဝံဂေလိသတင်းကောင်း ကိုကြားသိဖို့လိုအပ်နေပါသည်။ နာမည်ခံခရစ်ယာန်များသည် ဧဝံဂေလိကို အမှီပြု၍ ခံစားရသောကောင်းချီးမင်္ဂလာများ၌ ဝမ်းမြောက်ပီတိဖြစ်ကာ သူတို့ အချင်းချင်းစုဝေးနေထိုင်လျက်သာ နေနေကြသည်။ နယ်မြေအသစ်ပေါ်မှာ သူတို့တစ်တွေနေရာယူဝင်ဆန့်ဖို့လိုအပ်နေကြောင်းကို သူတို့ခံစားသိမြင်ခြင်း မရှိကြပါ။ ထိုသို့ဆိုလျှင် သူတို့နေထိုင်ရာဒေသထက် ကျော်လွန်သောနေရာ ဒေသများသို့ မည်သူသည် ကယ်တင်ခြင်းသတင်းကောင်းကို သယ်ဆောင် သွားပါမည်နည်း။ ခရစ်တော်သခင်၏စေခိုင်းချက်တည်းဟူသော “သင်တို့ သည် လောကီနိုင်ငံအရပ်ရပ်သို့သွား၍ ဧဝံဂေလိသတင်းကောင်းကို လူအများ တို့အား ပြောကြားကြလော့” ဆိုသည့်အမိန့်တော်ကို သူတို့ဖြည့်စွက်ရန် ငြင်းပယ်နေကြလေပြီတကား။ (ChS 184.4)ChSBur 309.1

    -o-