Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျန်းမာရေးဆိုင်ရာစာအုပ်စာပေများ

    စည်းရုံးရေးမှူးအမှုဆောင်များသည် ကျွန်ုပ်တို့၏ကျန်းမာရေးပညာပေး စာအုပ်စာပေများ၊ တာဝန်ယူဖြန့်ဝေနေသူများနှင့် ခေါ်ယူတွေ့ဆုံ၍ ဤသို့ပုံမှန် ပုံနှိပ်ထုတ်ဝေထားသည့်စာစောင်များသည် ဖျားနာသူများအား ပြုစုခြင်းနှင့် အနာရောဂါများကုသခြင်းအကြောင်းများ၌ အဖိုးတန်ညွှန်ကြားချက်များရေး သားထားကြောင်းကို ပြောပြရမည်။ ယင်းလမ်းညွှန်ချက်များကို လေ့လာ ကျင့်သုံးမည်ဆိုပါက အိမ်ထောင်မိသားစုဝင်များကို ကျန်းမာစေမှာဖြစ်ကြောင်း လည်းပြောပြပါ။ လူ့အသက်တာသိပ္ပံကိုနားလည်ရန် မိသားစုတိုင်း၌ အဘယ် မျှအရေးကြီးလှကြောင်းကိုလည်း ရှင်းပြခိုင်းပါ။ လူ့ခန္ဓာကိုယ်၏အံ့သြဖွယ် အသက်ရှင်လှုပ်ရှားနေသည်ကို ဖန်ဆင်း၍စောင့်ထိန်းနေတော်မူသောအရှင်ထံ သို့ လူတွေစိတ်ရောက်ကြဖို့ကိုလည်း လမ်းပြပေးရန်ပြောပါ။ လူတွေကို သူတို့၏စိတ်အာရုံများနှင့်ခန္ဓာကိုယ်များအားလုံးအတွက် ကောင်းစွာပြုစုစောင့် ရှောက်သွားရန် ဖန်ဆင်းရှင်ဘုရားသခင်နှင့်သူတို့ပူးပေါင်းလုပ်ဆောင်သွားကြ ရမည့်လူတို့၏တာဝန်ပိုင်းကို ပြောပြကြရမည်။ (ChS 152.3)ChSBur 253.1

    ခန္ဓာကိုယ်ကို စနစ်တကျစောင့်ရှောက်ပြုစုခြင်းသည် တာဝန်ကြီး တစ်ရပ်ဖြစ်သလို ကိုယ်အင်္ဂါအစိတ်အပိုင်းများအကြောင်း ခန္ဓာဗေဒကိုလည်း ပညာဗဟုသုတရှိဖို့လိုသည်။ လူသည် မိမိ၏ဘဝတဏှာအလိုရမ္မက်ကြီးခြင်း နှင့်ခန္ဓာကိုယ်အသက်ရှင်မှုကို တလွဲသုံးခြင်းတို့ကြောင့် သူ့ခန္ဓာသည် အားအင် ချည့်နဲ့၍ ခက်ခက်ခဲခဲနေထိုင်လာရသောအခါ သူ့ကိုဖန်ဆင်းသောဘုရား သခင်၏အသရေကို ရှုတ်ချရာရောက်ကြောင်း ပြောပြပါ။ သင့်လက်တွင် ရှိသောစာအုပ်များသည် လူ့ခန္ဓာကျန်းမာရေးနှင့်ပတ်သက်၍ လမ်းညွှန်ချက် များဖေါ်ပြထားကြောင်းနှင့် ဤလမ်းညွှန်ချက်အတိုင်း လိုက်နာလေ့ကျင့်မည် ဆိုလျှင် သူတို့ခံစားနေရတဲ့ဝေဒနာများသက်သာစေမည့်အပြင် ထိုထက်မက ဆေးကုသစရိတ်ကုန်ကျငွေကိုပင် စုဆောင်းမိလိမ့်မည်ဖြစ်ကြောင်းကို သူတို့ အား ပြောပြကြရမည်။ ထို့အပြင် ဤစာအုပ်များတွင် ရေးသားထားသည့် ကျန်းမာရေးအကြံပေးချက်များသည် ဆရာဝန်ဆီသို့ အချိန်တိုတစ်ကြိမ်တစ်ခါ သွားပြလို့မရနိုင်သောအချက်များဖေါ်ပြထားကြောင်းကိုလည်း လူတွေကိုပြော ပြကြရမည်။ (ChS 152.4)ChSBur 253.2

    လူငယ်များသည် စည်းရုံးရေးမှူးအမှုကိုဆောင်၍ သူတို့မိတ်ဆွေ အပေါင်းအသင်းတို့၏ကယ်တင်ခြင်းအတွက် ပြင်းပြသောစိတ်ဖြင့် လိုလား တောင့်တကြပါသော် လူတွေပြောင်းလဲရောက်လာကြသည်ကို သူတို့တွေ့ကြ ရလိမ့်မည်။ သူတို့လုပ်ဆောင်သောအမှုတော်မှ သခင်ဘုရားအတွက် ရိတ်သိမ်း ပွဲတစ်ခုကို ပြုကြရလိမ့်မည်။ ထို့ကြောင့်လူငယ်တွေကို ယနေ့လက်ရှိသမ္မာ တရားအကြောင်းပါသောစာအုပ်စာစောင်များသွားရောက်ဖြန့်ဝေကြဖို့ သာသနာ ပြုသူများအဖြစ် စေလွှတ်လိုက်ကြပါစို့။ သူတို့အမှုတော်ထဲတွင် ဝန်လေးပင်ပန်း လာသောအချိန်အခါများတွင်လည်း မည်သို့စကားပြောတတ်ရမည့်အကြောင်း အလင်းဗဟုသုတရစေရန် ကျွန်ုပ်တို့အစဉ်မပြတ်ဆုတောင်းပေးကြပါစို့။ သူတို့ သည် သနားကြင်နာတတ်သောစရိုက်ကောင်းများအတွက် အခွင့်ရှာ၍ တိုးတက် လုပ်ဆောင်သင့်ကြသည်။ ဘုရားသခင်အတွက် အထူးတာဝန်တစ်ရပ်အနေဖြင့် သူတို့လုပ်နေရကြောင်း အမှတ်ရနေကြပါစေ။ သူတို့လုပ်ဆောင်မှုအထဲတွင် ကျန်းမာရေးဆိုင်ရာစာအုပ်အချို့ကို လက်ထဲတွင် အမြဲကိုင်စွဲသွားသင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းသည် သတင်းကောင်း ၏ညာလက်ရုံးဖြစ်သောကြောင့်တည်း။ (ChS 153.1)ChSBur 254.1