Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သုံးခေါက်ချိုးညှဉ်းဆဲသည့် အဖွဲ့အစည်း

    ဝိညာဉ်မသေနိုင်ဘူးအဆိုနှင့် တနင်္ဂနွေနေ့အထွတ်အမြတ်ထားခြင်း ဟူသောမဟာအမှားကြီးနှစ်ခုမှတစ်ဆင့် စာတန်သည် လူတွေကို သူ့လှည့်စား ခြင်းအောက်မှာ ချထားနိုင်ခဲ့သည်။ အလျင်ကျသောအချိန်က ကွယ်လွန်သူ၏ ဝိညာဉ်နှင့်ဆက်သွယ်နိုင်သည်ဟု ယုံကြည်ခြင်း (သို့မဟုတ်) လိပ်ပြာခေါ် မှော်အတတ်သည် အခြေခံရှိလာသောအခါ နောက်ပိုင်းရောမမြို့အရောက်တွင် ရောမတို့၏စာနာမှုနှောင်ကြိုးအဖြစ် ဖန်တီးလာခဲ့သည်။ အမေရိကန်နိုင်ငံ၏ ပရိုတက်စတင့်အုပ်စုသည် ဝိညာဉ်ခေါ်မှော်အတတ်၏လက်ကိုကိုင်ဆွဲမိရန် ပင်လယ်ပြင်ကိုဖြတ်၍ သူတို့လက်များကို ဆန့်တန်းထုတ်နေခြင်းတွင် အကျော် ဇေယျဖြစ်လာနေသည်။ သူတို့သည် ရောမမြို့ တန်ခိုး၏လက်ကို မြဲမြဲကိုင် ဆွဲမိသည်အထိ အသူတစ်ရာနက်သောချောက်ထဲသို့တိုင်အောင်ရောက်သွား လိမ့်မည်။ ဤသုံးခေါက်ချိုးအဖွဲ့အစည်း၏ဩဇာအောက်မှာ ဤနိုင်ငံသည် အသိတရားဖြောင့်မတ်ခြင်းကို နင်းချချေမှုန်းလာသောရောမတို့၏ ခြေလှမ်း နောက်သို့လိုက်လိမ့်မည်။ (ChS 160.1)ChSBur 265.1