Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ထောက်ထားစာနာခြင်းနှင့်လူမှုရေးနားလည်ပေးခြင်း

    ဘုရားသခင်၏အမှုတော်အခန်းတိုင်းမှာ လူသားတို့ပူဆွေးဒုက္ခရောက် ရခြင်းအတွက် စာနာသနားစိတ်ရှိသောလူယောက်ျား၊ လူမိန်းမများရှိနေဖို့လိုအပ် ပါသည်။ ယင်းသို့စာနာသနားတတ်ခြင်းရှားပါးနေသေး၏။ (ChS 232.5)ChSBur 385.3

    ကျွန်ုပ်တို့သည် ခရစ်တော်နည်းတူ ထောက်ထားစာနာခြင်းရှိဖို့လိုအပ် နေပါသည်။ ကျွန်ုပ်တို့အရှေ့သို့ရောက်လာသောအနာအဆာမရှိသူများကို သာမန်စာနာထောက်ထားခြင်းမျိုးမဟုတ်ဘဲ ဆင်းရဲသားများ၊ ဒဏ်ရာအနာတရ ရှိကြသူများ၊ ဝိညာဉ်ရေး၌ ကုန်းရုန်းနေကြရသူများသည် မကြာမကြာအမှား လုပ်မိခြင်း၊ အပြစ်လုပ်မိခြင်းနှင့်နောင်တရနေခြင်း၊ အပြစ်လုပ်မိစေရန် သွေးဆောင်ခံနေရခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းဖြစ်နေရကြလျှင် ထိုသူ အပေါင်းတို့အား စာနာသနားပေးရန်လိုအပ်သည်။ ကျွန်ုပ်တို့၏အပေါင်း အသင်းများဆီသို့သွား၍ သူတို့ရဲ့အားနည်းချည့်နဲ့ခြင်းများကို မျှဝေခံစားချက် များဖြင့် အမြင့်ဆုံးသောမေတ္တာကရုဏာတော်ရှင်ယဇ်ပုရောဟိတ်မင်းကဲ့သို့ သူတို့ကိုထိတွေ့ ဆက်ဆံကြရမည်။(ChS 232.6)ChSBur 386.1

    လူတစ်ယောက်အနေဖြင့် တစ်ဦးအပေါ်တစ်ဦးထားရှိရမည့်သနား ညှာတာမှုနှင့်လူ့ထုံးတမ်းလိုက်နာမှုတို့သည် အလွန်ချွတ်ယွင်းနေသည်။ လူတစ်ယောက်သည် လွတ်လပ်မှုရှိသည်ပြောပြီး သူ့တံခါးသူပြန်ပိတ်ထား လျှင် ဘုရားသခင်က သူ့ကိုပုံစံချပေးထားသည့်အဆင့်သို့ သူမရောက်ဟု ဆိုရမည်။ ကျွန်ုပ်တို့သည် ဘုရားသားသမီးများဖြစ်ကြ၏။ ပျော်ရွှင်မှုအတွက် တစ်ဦးအပေါ်၌ တစ်ဦးမျှတစွာမှီခိုနေကြရသည်။ ဘုရားသခင်အကြောင်းပြော ၍ လူသားပီသမှုကျွန်ုပ်တို့၌ရှိရမည်။ ဤဘဝအသက်ရှင်စဉ် ကျွန်ုပ်တို့၏ အပိုင်းကို ကျွန်ုပ်တို့အားလုံးလုပ်ကြရမည်။ ဤအချက်သည် ကျွန်ုပ်တို့၏ ညီအစ်ကိုများ၌ စာနာစိတ်ကို ဖြစ်ပေါ်စေသောလူ့သဘောသဘာဝ၏လူမှုရေး လိုအပ်ချက်များကို မှန်မှန်ကန်ကန်ရိတ်သိမ်းခြင်းဖြစ်သည်။ ဤသို့ဖြင့် တခြား သူများအား ကောင်းချီးပေးရန် ကျွန်ုပ်တို့၏ကြိုးပမ်းခြင်းသည် ကျွန်ုပ်တို့အား ပျော်ရွှင်မှုကိုပေးပါသည်။ (ChS 233.1)ChSBur 386.2

    ကယ်တင်ရှင်သည် ဖါရိရှဲတစ်ယောက်တည်ခင်းသောကျွေးမွေးဧည့်ခံ ပွဲတစ်ခု၌ ဧည့်သည်တစ်ဦးဖြစ်ခဲ့သည်။ ကိုယ်တော်သည် လူချမ်းသာ၏ ဖိတ်ကြားချက်ကို လက်ခံတော်မူသကဲ့သို့ လူဆင်းရဲ၏ ဖိတ်ကြားခြင်းကိုလည်း လက်ခံတော်မူသည်။ ထိုအခါ ကိုယ်တော်ပြုသောထုံးစံတော်ရှိသည့်အတိုင်း ရှေ့တော်မှောက်ရောက်လာကြသူများအား သမ္မာတရားသင်ခန်းစာများကို သွန်သင်ပေးလေ၏။ (ChS 233.2)ChSBur 386.3

    Larger font
    Smaller font
    Copy
    Print
    Contents