Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တစ်ကိုယ်ကောင်းမဆန်ခြင်း

    ခရစ်တော်၏အမှုတော်မြတ်သည် ကျွန်ုပ်တို့နမူနာပုံစံဖြစ်သည်။ ကိုယ်တော်သည် ကောင်းသောအမှုကို အမြဲတမ်းပြုလုပ်ခဲ့သည်။ ဗိမာန်တော် နှင့်တရားဇရပ်များပေါ်၌လည်းကောင်း၊ မြို့များ၏လမ်းများပေါ်၌လည်းကောင်း၊ ဈေးရင်ပြင်နှင့်အလုပ်ခွင်များ၌လည်းကောင်း ကိုယ်တော်သည် သတင်းကောင်း တရားကို ဟောပြော၍ ဖျားနာသူများအား အနာငြိမ်းပေးခဲ့ပါသည်။ ကိုယ်တော် ၏အသက်တာသည် တစ်ကိုယ်ကောင်းမဆန်သောအစေခံမှုတစ်ခုဖြစ်ပါ၏။ ဤအချက်များသည် ကျွန်ုပ်တို့၏ သင်ခန်းစာစာအုပ်ဖြစ်ခဲ့သည်။ ကိုယ်တော် ၏စာနာသနားတတ်ခြင်း၊ ချစ်သနားစိတ်ရှိခြင်းသည် ကျွန်ုပ်တို့၏တစ်ကိုယ် ကောင်းဆန်ခြင်းနှင့်နှလုံးသားကင်းမဲ့ခြင်းတို့ကို ဆုံးမခဲ့ပါ၏။ (ChS 242.3)ChSBur 402.3

    သခင်ဘုရားအတွက် အမှုတော်ဆောင်ရန် ကျွန်ုပ်တို့အား လက်ငင်း စေ့ဆော်ပေးသောရည်ရွယ်ချက်၌ ကိုယ်ကျိုးပြုစုခြင်းအကြောင်း နီးစပ်ဆက်နွှယ် မှုဘာမျှရှိမထားသင့်ပါ။ အတ္တကင်းသောဆက်ကပ်ခြင်းနှင့် အနစ်နာခံသော စိတ်ဓာတ်သည် အမှုဆောင်ခြင်း၏လက်ခံနိုင်သော၊ ပထမဆုံးသောလိုအပ် ချက်အမြဲတမ်းဖြစ်ရသကဲ့သို့ အမြဲတမ်းလည်းရှိနေရမည့်အချက်ဖြစ်၏။ ကျွန်ုပ် တို့၏သခင်ဆရာသည် အမှုတော်မြတ်အထဲရောက်လာသောသူ၌ ကိုယ်ကျိုးရှာ ခြင်း၊ ဆံခြည်တစ်ပင်မျှ မရှိရလေအောင် ပုံစံချပေးထားခဲ့သည်။ ကျွန်ုပ်တို့ ၏ကြိုးပမ်းခြင်းထဲသို့ ကျွန်ုပ်တို့၏လိမ္မာပါးနပ်မှု၊ ကျွမ်းကျင်မှု၊ အတိအကျ လုပ်ဆောင်မှုနှင့် ပညာဉာဏ်တို့ကိုယူဆောင်ပေးလာကြရမည်။ ပြည့်ဝစုံလင် သောဘုရားသခင်သည် မြေကြီးတဲတော်တည်ဆောက်သူများကို အလိုတော် ရှိ၏။ သို့တိုင် ကျွန်ုပ်တို့၏လုပ်ဆောင်မှုအရပ်ရပ်ကို ကျွန်ုပ်တို့အမှတ်ရ နေရမည်မှာ အတ္တကိုယဇ်ပလ္လင်ထက်တွင်ခင်း၍ အသက်ရှင်အသုံးရသော ယဇ်အဖြစ် တင်လှူပူဇော်သောအခါမှသာ အကြီးမြတ်ဆုံးပင်ကိုယ်စွမ်းရည် သို့တည်းမဟုတ် အခမ်းနားဆုံးသောအမှုဆောင်ခြင်းဟူ၍ လက်ခံနိုင်ခြေရှိ လာပေမည်။ (ChS 242.4)ChSBur 403.1

    ကမ္ဘာပေါ်၌ ရှိရှိသမျှလူအားလုံးထဲတွင် ပြန်လည်တည်ဆောက်ရေး သမားများသည် အတ္တအကင်းဆုံး၊ အကြင်နာဆုံး၊ ရည်မွန်မှုအရှိဆုံးလူများ ဖြစ်ကြ၏။ သူတို့အသက်ရှင်မှုထဲတွင် တစ်ကိုယ်ကောင်းမဆန်သောအကျင့် ၏မှန်ကန်သောကောင်းမြတ်ခြင်းကို တွေ့ ရပါ၏။ (ChS 242.5)ChSBur 403.2