အနီးကပ်ပုဂ္ဂိုလ်ရေးထိတွေ့ခြင်း
ကိုယ်တိုင်ကိုယ်ကျကြိုးစားအားထုတ်ခြင်းအားဖြင့် လူအများနှင့်အနီးကပ် ဆက်ဆံရန် လိုအပ်သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း သာသနာနယ်ထဲတွင် တရားဟောပြောခြင်းအချိန်ကို အနည်းအကျဉ်းထား၍ လူပုဂ္ဂိုလ် ရေးဆက်ဆံခြင်း၌ အချိန်ကိုပိုမိုပေးခဲ့ပါလျှင် အကျိုးကြီးမားစွာ ရှိကြောင်း တွေ့မြင်ရလိမ့်မည်။ (ChS 117.1)ChSBur 192.1
ထာဝရဘုရားသခင်သည် မိမိ၏ကျေးဇူးတော်နှုတ်ထွက်စကားကို လူတိုင်း အိမ်သို့သယ်ဆောင်ယူသွားကြရန် အလိုတော်ရှိသည်။ မိမိတို့ကိုယ်တိုင် ကိုယ်ကျလုပ်ဆောင်ခြင်းအားဖြင့် အဆင့်အမြင့်ဆုံးထား၍ ပြီးစီးအောင် လုပ်ဆောင် ကြရလိမ့်မည်။ ဤအမှုတော်သည် ခရစ်တော်၏နည်းစနစ်ဖြစ်သည်။ (ChS 117.2)ChSBur 192.2
ဝိညာဉ်များကယ်ဆယ်ရေး၌အနိုင်ရ၍ အအောင်မြင်ဆုံးသောလုပ်ဆောင် ပေးနိုင်သူများမှာ မိမိတို့၏ အစွမ်းအစအပေါ် မာနမထားတတ်သောသူ လူယောက်ျား၊ လူမိန်းမတို့ဖြစ်ကြသည်။ သူတို့သည် သူတို့၏အနီးအနား၌ ရှိသူများအား အကူအညီပေးရန် နှိမ့်ချအောက်ကျို့ခြင်းနှင့် ယုံကြည်ခြင်းအား ဖြင့် ရှာဖွေတတ်ကြသူများဖြစ်သည်။ ဤအလုပ်ကို ယေရှုခရစ်အစဉ်လုပ်ဆောင် ခဲ့ပါ၏။ ကိုယ်တော်သည် လက်လှမ်းရောက်လိုတော်မူသောသူများဆီသို့ အနီးအနားထိရောက်အောင် ချဉ်းကပ်တော်မူခဲ့ပါသည်။ (ChS 117.3)ChSBur 193.1
ခရစ်တော်နည်းတူ ကြင်နာမှုရှေ့ထားလျက် ကျွန်ုပ်တို့သည် လူတစ်ဦးချင်းဆီသို့ အနီးကပ်ရင်းနှီးရောက်သင့်သည်။ ထာဝရအသက် ရဖို့ မဟာအကြောင်းအရာ၌ သူတို့စိတ်ပါဝင်စားလာမှုကို နှိုးဆွပေးနိုင်ရန် ရှာဖွေပေးကြရမည်။ သူတို့၏နှလုံးသားများသည် ကျောက်ခင်းလမ်းပမာ မာကျောခက်ထန်နေမည်။ အပြင်ပန်းအားဖြင့် သိရနိုင်သည်မှာလည်း သူတို့ အားကယ်တင်ရှင်ကို ပေးကမ်းလျှင် အချည်းနှီးကြိုးစားမှုတစ်ခုအဖြစ်သို့ ရောက်သွားနိုင်ပါသည်။ သို့ပါသော်လည်း ဆင်ခြင်တုံတရားအရသော် လည်းကောင်း၊ ဆွေးနွေးနှီးနှောခြင်းအားဖြင့်သော်လည်းကောင်း အောင်မြင်မှ ကိုမရသည့်တိုင်အောင် ခရစ်တော်၏မေတ္တာတော်သည် ပုဂ္ဂိုလ်တစ်ဦးချင်း အပေါ် အမှုတော်ဆောင်ရွက်ရာ၌ ထင်ရှား၍ ကျောက်နှင့်တူသောသူတို့၏ စိတ်နှလုံးကို ပျော့ပျောင်းစေပြီးလျှင် ဘုရားသခင်၏ တရားမျိုးစေ့ကို အမြစ် စွဲစေပါလိမ့်မည်။ (ChS 117.4)ChSBur 193.2
ပုဂ္ဂိုလ်ရေးအရ သာသနာပြုသောအားဖြင့် သင့်အနီးအနားမှာရှိနေ သောသူများထံ အရောက်သွားပါ။ သူတို့နှင့်မိတ်သဟာယဖွဲ့ရင်းနှီးမှုကိုရယူ ပါ။ လူအများကို တရားဟောပြောနေခြင်းဖြင့် အလုပ်မဖြစ်သည်များရှိပါ၏။ ထာဝရဘုရားသခင်၏ကောင်းကင်တမန်များသည် သင်သွားရောက် လည်ပတ်သောလူနေအိမ်များဆီသို့ သင်နှင့်အတူသွားလာနေပါသည်။ ဤအမှုတော်ကို ကိုယ်စားလှယ်လွှဲအပ်လုပ်ဆောင်စေ၍ မရနိုင်ပါ။ ငွေချေးပေး၍သော်လည်းကောင်း၊ ပေးကမ်း၍သော်လည်းကောင်း အလုပ်မပြီးမြောက်နိုင်ပါ။ တရားဟောပြော၍လည်း အလုပ်ဖြစ်နိုင်လိမ့် မည်မဟုတ်။ လူတွေထံ အလည်အပတ်သွားရောက်ပြီး သူတို့နှင့်အတူ စကားပြောခြင်း၊ ဆုတောင်းခြင်းနှင့်ကိုယ်ချင်းစာနာတတ်ခြင်းတို့အားဖြင့်သာလျှင် သူတို့၏စိတ်နှလုံးကို အောင်မြင်နိုင်လိမ့်မည်ဖြစ်ပါသည်။ ဤသို့သောသာသနာ အလုပ်သည် အမြင့်ဆုံးသောသာသနာအလုပ်ဖြစ်၏။ ထိုသို့ပြုရန်မှာ သင်သည် ယုံကြည်ခြင်း၌ မဆုတ်မနစ်သောဇွဲရှိမှု၊ စိတ်လက်မကုန်မခန်းသောခန္တီတရား နှင့်ဝိညာဉ်များကို ချစ်မြတ်နိုးမှုရှိခြင်းတို့ကို လိုအပ်ပါလိမ့်မည်။ (ChS 117.5)ChSBur 193.3
ယောဟန်၊ အခြွေ၊ ရှိမုန်၊ ဖိလိပ္ပု၊ နာသနေလတို့ကိုခေါ်တော်မူ ခြင်းသည် ခရစ်ယာန်အသင်းတော်၏တိုက်မြစ်ကို အစပျိုးပေးခဲ့ခြင်းဖြစ်ပါ သည်။ ယောဟန်သည် မိမိ၏တပည့်နှစ်ယောက်ကို ခရစ်တော်ထံသို့ လမ်းညွှန် ပြခဲ့ပါသည်။ သူတို့အနက် တစ်ယောက်ဖြစ်သူအန္ဒြေက မိမိ၏အစ်ကိုဖြစ်သူ ကိုကယ်တင်ရှင်ထံသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုနောက် ဖိလိပ္ပုကို ခေါ်ယူ တော်မူပြီးလျှင် ဖိလိပ္ပုသည် နာသနေလကို ထွက်ရှာခဲ့သည်။ ဤဥပမာ ဖြစ်ရပ်များသည် ကျွန်ုပ်တို့၏ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများနှင့် အိမ်နီး နားချင်းများအား ကျွန်ုပ်တို့တိုက်ရိုက်ဆွဲခေါ်ယူနိုင်ရန် ပုဂ္ဂိုလ်ရေးကြိုးပမ်းမှ အရေးကြီးပုံကို ကျွန်ုပ်တို့အား သင်ကြားပေးနေသည်။ ခရစ်တော်နှင့် တစ်သက်လုံးရင်းနှီးဆက်ဆံလာကြပါသည်ဟုဆိုသူများရှိပါ၏။ သို့တိုင်လည်း သူတို့သည် ကယ်တင်ရှင်ထံသို့ ဝိညာဉ်တစ်လုံးကို ပို့ပေးနိုင်လောက်သည့် ကိုယ်တိုင်ကိုယ်ကျအားစိုက်မှုတစ်ကြိမ်မျှ မပြုခဲ့ဘူးသူများဖြစ်နေပါသည်။ သူတို့သည် အလုပ်တွေအားလုံးကို သင်းအုပ်ဆရာလက်ထဲ၌ ပစ်ထားခဲ့ကြ သည်။ ထိုသူသည် ခေါ်တော်မူခြင်းခံရသည်မှာ အရည်အချင်းပြည့်စုံနိုင်ခဲ့ပါ သော်လည်း အသင်းတော်၏အသင်းသူ/အသင်းသားများသို့ ဘုရားသခင် ချန်ရစ်ပေးထားခဲ့သောအမှုတော်မြတ်ကို သူမလုပ်ဆောင်နိုင်ပါလေပြီ။ (ChS 118.1)ChSBur 194.1
လူများစွာသည် ချစ်တတ်သောနှလုံးသားပိုင်ရှင် ခရစ်ယာန် တို့၏အစေခံပြုစုမှုကို လိုအပ်နေကြပါသည်။ အကယ်၍သာ လူအများ သည် သူတို့၏အိမ်နီးချင်းမိတ်ဆွေများနှင့် အများသူငါလူယောက်ျားမိန်းမတို့ က သူတို့အတွက် ပုဂ္ဂိုလ်ရေးအရကြိုးစားပေးကြလျှင် ကယ်တင်ခြင်းရနိုင် ပါလျက်နှင့် ပျက်စီးသွားကြသူတွေများစွာရှိနေပါသည်။ လူအများအပြား သည်လည်း သူတို့ထံ ပုဂ္ဂိုလ်ရေးအရ လာရောက်စကားပြောဖို့ မျှော်နေကြကုန်၏။ အနီးအနားအိမ်ထောင်စုများ၊ ဝန်းကျင်ဒေသများ၊ ကျွန်ုပ်တို့နေထိုင်သောမြို့ များ၌ ခရစ်တော်အတွက် သာသနာပြုများအဖြစ် ဆောင်ရွက်ကြရန် ကျွန်ုပ်တို့၌အလုပ်ရှိနေပါသည်။ ကျွန်ုပ်တို့သည် ခရစ်ယာန် များဖြစ်လျှင် ဤအမှုတော်သည် ကျွန်ုပ်တို့အတွက် ပျော်ရွှင်ဝမ်းသာ စရာဖြစ်ရပါမည်။ လူတစ်ယောက်ပြောင်းလဲခြင်းသို့ရောက်လာ၍ များမကြာမီ သူသည် သခင်ယေရှုကိုရလိုက်ခြင်းအတွက် အလွန် အဖိုးတန်သောမိတ်ဆွေအကြောင်းကို တစ်ပါးသူတို့အား တစ်ဆင့် ကြားပြောလိုသည့်ဆန္ဒသည် သူ့ရင်တွင်း၌ ပေါက်ဖွားလာလေ၏။ သမ္မာတရားကို သိမ်းဆည်းခြင်း၊ သန့်ရှင်းစင်ကြယ်စေခြင်းသည် သူ့စိတ်နှလုံး အထဲမှာ ဖွင့်လှစ်ထားလို့နေပါပြီ။ (ChS 118.2)ChSBur 195.1
အလင်းတရားကို ဆက်သွယ်ဖြန့်ဖြူးရေး၌ အထိရောက်ဆုံးနည်းလမ်း တစ်ခုသည် ပုဂ္ဂလိကကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှုဖြစ်သည်။ နေအိမ် စားပွဲဝိုင်းများနှင့် အိမ်နီးချင်းမိတ်ဆွေများ၏မီးလင်းဖိုရှေ့တွေမှာ၊ နာမကျန်း ဖြစ်နေသူတို့၏ကုတင်နံဘေးတွေမှာ သင်သည် ငြိမ်သက်စွာဖြင့် ကျမ်းစာကို ဖတ်ပြနိုင်သလို ယေရှု၏နှုတ်ကပတ်စကားနှင့် သမ္မာတရားကိုလည်း ဟောပြော နိုင်ပါသည်။ ဤနည်းဖြင့် သင်သည် တန်ဖိုးမဖြတ်နိုင်သောမျိုးစေ့ကိုကြဲချ နိုင်ပြီး ထိုမျိုးစေ့သည်လည်း အပင်ပေါက်ကာ ရှေ့ဆက်အသီးသီးလာပါလိမ့် မည်။ (ChS 118.3)ChSBur 195.2
ဆားမှာပေါင်းစပ်ထည့်သွင်းပေးလိုက်သောဒြပ်ထုအတွင်း ရောနှော စိမ့်ဝင်သွားရမည်။ အရာဝတ္ထုများကို တာရှည်ခံစေဖို့ ဆားသည် ထိုးဖေါက် စိမ့်ဝင်နေရ၏။ ထို့ကြောင့် ပုဂ္ဂလိကကိုယ်တိုင်ကိုယ်ကျ ဆက်ဆံပေါင်းသင်း ခြင်းမှတစ်ဆင့် လူသည် သတင်းကောင်းတရား၏ကယ်တင်ခြင်းတန်ခိုးကို ခံစားရရှိလေသည်။ လူအစုလိုက်အပြုံလိုက်အထဲမှ သူတို့ကယ်တင်ခြင်းရခဲ့ သည်မဟုတ်၊ တစ်ဦးချင်းစီက လက်ခံရခဲ့ခြင်းဖြစ်၏။ ပုဂ္ဂိုလ်ရေးသြဇာသည် တန်ခိုးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အကျိုးကျေးဇူးရစေလိုသူ များနှင့်ချဉ်းကပ်ရင်းနှီးယူကြရမည်။ (Ch8 119.1)ChSBur 195.3
ယေရှုသည် လူတိုင်းတစ်ယောက်ချင်းစီကို မိမိ၏နိုင်ငံတော် သို့ခေါ်ယူအပ်နှံခံကြရသူများအဖြစ် ရှုမြင်တော်မူသည်။ ကိုယ်တော် သည် သူတို့၏ကောင်းကျိုးကိုဆောင်လိုသူတစ်ဦးအဖြစ် သူတို့နှင့်အတူတကွ သွားလာ၍ သူတို့၏စိတ်နှလုံးကို ထိတွေ့တော်မူခဲ့သည်။ ကိုယ်တော်သည် ထိုသူတို့အား လူသွားလမ်းမပေါ်မှာ၊ နေအိမ်များမှာ၊ လှေများအထဲမှာ၊ တရား ဇရပ်အထဲမှာ၊ ရေအိုင်ကမ်းစပ်နံဘေးမှာ၊ လက်ထပ်မင်္ဂလာပွဲတွေထဲမှာ ရှာဖွေ ခေါ်ယူတော်မူခဲ့သည်။ သူတို့၏အသက်မွေးမှုလုပ်ငန်းခွင်ထဲသို့လည်း ကိုယ်တော် သွားရောက်တွေ့ဆုံ၍ သူတို့၏ လောကီရေးရာကိစ္စများ၌ မိမိစိတ်ဝင်စားကြောင်း ကိုထင်ရှားစေခဲ့ပါသည်။ ကိုယ်တော်သည် မိသားစုများကို နေအိမ်ထဲ မှာသြဝါဒပေး၍ သူတို့၏နေအိမ်များသို့ ဘုရားသခင်ထင်ရှား အုပ်စိုးတော် မူခြင်းကို ယူဆောင်ပေးသည်။ ကိုယ်တော်၏ကိုယ်တိုင်ကိုယ်ကျသနားကြင်နာ စိတ်အားကြီးခြင်းသည် နှလုံးသားများစွာကိုအောင်နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့သည်။ (ChS 119.2)ChSBur 196.1
ခရစ်တော်၏နည်းစနစ်တစ်ခုတည်းသာလျှင် လူတွေဆီ လှမ်းရောက်နိုင်ရန် စစ်မှန်သောအောင်မြင်ခြင်းပေးပါလိမ့်မည်။ ကယ်တင်ရှင်သည် လူသားတို့အား ကောင်းကျိုးပေးလိုသူတစ်ဦးအဖြစ် ရပ်တည်၍ လူတွေနှင့်ရောနှော နေထိုင်ဆက်ဆံခဲ့သည်။ ကိုယ်တော်သည် လူတွေကိုသနားကြင်နာစိတ်ပြ၍ သူတို့လိုအပ်ချက်များကို ပြုစုပေးသည်။ ထို့ကြောင့် သူတို့၏ယုံကြည်အပ်နှံခြင်းကိုခံရသည်။ ထို့နောက်လူတွေကို “ငါ့နောက်သို့လိုက်လော့” ဟု မိန့်ဆိုတော်မူ၏။ (ChS 119.3)ChSBur 196.2
ကျွန်ုပ်တို့သည် ခရစ်တော်ပြုတော်မူသည်နည်းတူ လုပ်ဆောင်ကြ ရမည်။ ကိုယ်တော်သည် တရားဇရပ်မှာဖြစ်စေ၊ လမ်းဘေးမှာဖြစ်စေ၊ ကမ်းနှင့် ခပ်ခွာခွာလျောချထားသောလှေပေါ်မှာဖြစ်စေ၊ ဖာရိရှဲ (သို့မဟုတ်) အခွန်ခံတို့၏ ဧည့်ခံစားပွဲမှာဖြစ်စေ၊ ဘယ်နေရာမှာပဲရှိရှိ တွေ့ရသောလူများအား အဆင့်မြင့် ဘဝနှင့်ဆက်စပ်နှီးနွှယ်သောအကြောင်းများကို ဟောပြောခဲ့သည်။ သဘာဝ လောကအကြောင်းအရာများနေ့စဉ်ဘဝ၏အဖြစ်အပျက်များသည် ကိုယ်တော် မိန့်ဆိုနေသောသမ္မာတရားသတင်းစကားများနှင့် ဆက်နွှယ်ပတ်သက်လျက်ရှိ ပါသည်။ ကိုယ်တော်၏ဒေသနာစကားကြားရသူများသည် ကိုယ်တော့်ထံ အာရုံစိုက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် နာမကျန်း သူများကို အနာငြိမ်းပေးခြင်း၊ ဝမ်းနည်းပူဆွေးနေကြသူများအား သက်သာ စေခြင်းနှင့် သူတို့၏ကလေးသူငယ်များကို လက်မောင်းနှင့်ပွေ့ယူ၍ ကောင်းချီး ပေးခြင်းများဖြင့် ပြုစုတော်မူခဲ့သောကြောင့်ဖြစ်သည်။ ကိုယ်တော်သည် နှုတ်တော်ကိုဖွင့်၍ ဟောပြောလေတိုင်း လူတို့၏အာရုံကို စူးစိုက်ဖမ်းယူခဲ့သည်။ နှုတ်တော်ထွက်စကားများသည်လည်း ဝိညာဉ်များအဖို့ အသက်တာအဆင့် ဆင့်၌ အနှစ်အရသာဖြစ်ရလေ၏။ (ChS 119.4)ChSBur 197.1
ထို့ကြောင့် ကျွန်ုပ်တို့လည်း လိုက်လုပ်သင့်ကြသည်။ ကျွန်ုပ်တို့ မည်သည့်နေရာ၌ ရှိနေကြပါစေ၊ သူတစ်ပါးတို့အား ကယ်တင်ရှင် အကြောင်း ဟောပြောပေးရန် အခွင့်အရေးရှာဖွေသင့်သည်။ အကယ် ၍သာ ကျွန်ုပ်တို့သည် ကောင်းကျိုးဆောင်ရာ၌ ခရစ်တော်၏နမူနာအတိုင်း လုပ်ဆောင်ကြပါလျှင် ကိုယ်တော်အား လူတွေလေးစားကြသကဲ့သို့ လူတို့ နှလုံးသားများပွင့်လင်းလာကြလိမ့်မည်။ ကြွပ်ဆတ်သောသဘောထားမရှိစေဘဲ ဘုရားသခင့်မေတ္တာတော်ဖြင့် လိမ္မာပါးနပ်စွာမွေးဖွားလာခြင်းနှင့်အတူ လူအထောင်အသောင်းတို့တွင် အထွတ်အမြတ်ဖြစ်တော်မူ” ၍ “ချစ်ဖွယ် သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူ” သော ယေရှု၏အကြောင်းကို ကျွန်ုပ်တို့ဟောပြောနိုင်ကြပါသည်။ ဤအချက်သည် ကျွန်ုပ်တို့အတွက် ဟောပြောနိုင်စွမ်းရည်ထက်စေသောအမြင့်ဆုံးထား၍ လုပ်နိုင်သည့်အမှုတော် ဆောင်ချက်ဖြစ်ပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် အပြစ်သားကို သနား ကြင်နာသောကယ်တင်ရှင်၏အကြောင်းကို လောကသို့တင်ဆက်ပေးရန် အပ်နှင်းတော်မူခြင်းခံကြရပါသည်။ (ChS 119.5)ChSBur 197.2
သခင်ဘုရားထင်ရှားတော်မူခြင်းသည် နေအိမ်တွင် စင်ကြယ်သော ဝန်းကျင်လေပြည်ရောက်လာခြင်းဖြစ်သည်။ သက်တော်စဉ်သည်လည်း လူတန်းစားအလွှာလိုအပ်ချက်ထဲ၌ ဝင်းလက်တောက်ပြောင်သောအမှုတော် ဆောင်ချက်များဖြစ်လေသည်။ အန္တရာယ်မပေး၊ ညစ်ညမ်းမှုမရှိစေရဘဲ ကိုယ်တော်သည် စဉ်းစားဆင်ခြင်မှုမရှိသူများ၊ ရိုင်းပျသူများ၊ မယဉ်ကျေးသူ များ၊ မတရားသောအခွန်ခံများ၊ ဖြောင့်မတ်စွာမနေကြသောရှမာရိလူများ၊ ဘုရား တရားမရှိကြသောစစ်သားများ၊ ကြမ်းတမ်းသောလယ်သမားများနှင့် အမျိုးမျိုး အဖုံဖုံလူပေါင်းစုံတို့၏အထဲတွင် အသက်တာဘဝလျှောက်လှမ်းတော်မူခဲ့ပါ သည်။ ကိုယ်တော်သည် လူတွေမောပန်းနွမ်းလျ၍ လေးသောဝန်ကို မနိုင် မနင်းအတင်းထမ်းနေကြရသည်ကိုမြင်သောအခါ ဒီမှာသနားကြင်နာသောစကား ဆို၍ ဟိုမှာတရားရေအေးတိုက်ကျွေးတော်မူခဲ့သည်။ လူတွေရဲ့ဝန်ထုပ်ကိုလည်း ကိုယ်တော်မျှဝေထမ်းပေးပြီးနောက် သူတို့ကိုလောကထဲမှ ကိုယ်တော်လေ့လာ သင်ယူခဲ့သောမေတ္တာအကြောင်း၊ ကြင်နာမှုအကြောင်း၊ ဘုရားသခင်ကောင်းမြတ် တော်မူခြင်းအကြောင်း သင်ခန်းစာများကို အထပ်ထပ်သြဝါဒပေးတော်မူခဲ့ သည်။ (ChS 120.1)ChSBur 198.1
ဘုရားသခင်သည် လူခပ်သိမ်းတို့အား အဖိုးတန် ပင်ကိုယ် စွမ်းရည်များပေးသနားထားကြောင်း၊ ထိုစွမ်းရည်များကို မှန်ကန် စွာအသုံးပြုလျှင် ထာဝရငြိမ်းအေးချမ်းသာကို ရရှိနိုင်လိမ့်မည် ဖြစ်ကြောင်း မိမိကိုယ်ကိုရှုမြင်နေကြရန် သွန်သင်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် လောကပကာသနများကို ဖယ်ရှားပစ်ရန်နှင့် သူ၏နမူနာ သွန်သင်ခြင်းများအရ ဘဝ၏မျက်စိတစ်မှိတ်ကာလအဖြစ်အပျက်တိုင်းသည် ထာဝရအသက်ရဖို့ ဗျာများနေရကြောင်း ဤအတွက် ကျွန်ုပ်တို့သည် အဖိုး တန်ရတနာကို ရင်ဝယ်ပိုက်သကဲ့သို့ သန့်ရှင်းသောရည်မှန်းချက်ဖြင့် လုပ်ဆောင် သွားကြဖို့ဖြစ်သည်။ မည်သည့်လူသားတစ်ဦးတစ်ယောက်ကိုမျှ တန်ဖိုးမရှိ သကဲ့သို့ မဆက်ဆံဘဲ ဝိညာဉ်တိုင်းအတွက် ကယ်တင်ခြင်းကုစားချက်ကို အသုံးပြုစေရန် ကြိုးစားခဲ့ပါသည်။ မည်သည့်ပရိသတ်ထဲသို့ ကိုယ်တော် ရောက်ရှိနေသည်ဖြစ်စေ၊ အခြေအနေအချိန်အခါနှင့်ဆီလျော်သော သင်ခန်းစာ တစ်ခုခုကို တင်ပြမြဲဖြစ်ပါသည်။ ဘုရားသားသမီးများကဲ့သို့ စရိုက်လက္ခဏာ မျိုးနှင့်သူတို့ရပ်တည်နိုင်ကြစေရန် သူတို့အဖို့ အပြစ်တင်ခံရခြင်းမရှိ၊ ထိခိုက် နစ်နာခြင်းမရှိခြင်းများကို ပြဌာန်းချမှတ်ပေးထားပြီးလျှင် ခရော်ခရွတ်ကတိမဲ့ သောဘဝထဲ၌ မျှော်လင့်ခြင်းကို ကိုယ်တော်လှုံ့ဆော်ရှာဖွေပေးတော်မူခဲ့သည်။ မကြာမကြာကိုယ်တော်သည် စာတန်၏ထိန်းချုပ်မှုအောက်၌ မျောပါနေသူ များ၊ ထောင်ချောက်ထဲမှလည်း ရုန်းထွက်ရန် မစွမ်းနိုင်ကြသူများကို တွေ့ဆုံ အားပေးခဲ့၏။ ထိုသို့စိတ်ဓာတ်ကျခြင်း၊ ဖျားနာခြင်း၊ စုံစမ်းခံရခြင်းနှင့် ဆုံးရှုံးနေရခြင်းရှိသူတစ်ဦးဦးအတွက် ယေရှုသည် လိုအပ်နေသော နားလည် လွယ်နိုင်သည့်စကား၊ အကြင်နာဆုံးသောကရုဏာစကားများကို ပြောဆိုပေး ပါသည်။ လူသားတို့၏ရန်သူစာတန်နှင့် လက်တစ်ကမ်းတိုက်ပွဲဝင်နေကြသူ၊ အခြားသူများကိုလည်း ကိုယ်တော်တွေ့ ဆုံပါသည်။ ထိုအခါမှာလည်း သူတို့ ကိုသည်းခံစိတ်ရှည်နေကြရန် အားပေးတိုက်တွန်းပြီး သူတို့အောင်မြင်လိမ့် မည်ဆိုသည်ကိုလည်း အာမခံပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင် တမန်များသည် သူတို့ရဲ့ဘက်တော်သားများဖြစ်၍ အောင်ခြင်းကိုဆောင်နှင်း ပေးကြပါလိမ့်မည်။ (ChS 120.2)ChSBur 198.2