အိပ်ရာထဖို့နိုးသံ
အမှုတော်သည် လျင်မြန်စွာတံခါးပိတ်နေပြီး ဘက်ပေါင်းစုံမှဆိုးညစ် မှုလည်း တိုးပွားနေ၏။ ထိုအတွက် လုပ်ဆောင်ရန် ကျွန်ုပ်တို့မှာအချိန်တို တစ်ခုသာရှိပါတော့သည်။ ဝိညာဉ်ရေးရာပျင်းရိနေခြင်းမှ နိုးထကြပါ။ ကျွန်ုပ် တို့၌ရှိသောအရာအားလုံးကို သခင်ဘုရားအဖို့ တင်လှူဆက်ကပ်လိုက်ကြပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် မှန်သောသာသနာပြုသူများအထဲ၌ ရှိနေလိမ့် မည်။ သူတို့အမှုဆောင်ဖို့အတွက် တန်ခိုးနှင့်တကွ သူတို့ကိုဖြည့်ဆည်းပေး နေသည်။ (ChS 80.10)ChSBur 127.1
နိုးထကြပါ။ ညီအစ်ကိုမောင်နှမများတို့ နိုးထကြပါ။ ဆက်မအိပ် ကြပါနှင့်တော့။ “သင်တို့ဘာကြောင့် ဒီမှာအလုပ်မလုပ်ဘဲ ရပ်နေကြ သလဲ။” ယေရှု သင့်ကိုခေါ်ယူနေသည်။ “ငါ့စပျစ်ခြံထဲမှာ ဒီနေ့သွားအလုပ် လုပ်ကြ။” သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိသူတိုင်းသည် ပေါ်လွင် ထင်ရှားပြလိမ့်မည်။ အကြောင်းမူကား၊ တန်ခိုးတော်အလုံးစုံသည် တက်ကြွ ဝန်ဆောင်မှုအကောင်းဆုံးဖြင့် အသုံးတော်ခံလေ၏။ ယုံကြည်ခြင်းနှင့်ခရစ် တော်ကို အမှန်တကယ်ရကြသူများအားလုံးသည် အမှုတော်ဆောင်ရွက်ရမည်။ ဝိညာဉ်များ၏ဝန်ထုပ်ကို သူတို့ခံစားမိကြသည်။ သမ္မာတရားအသိဉာဏ်ကို ရကြသူလူတိုင်း၊ အထွတ်အမြတ်ဖြစ်သောသစ္စာကို သိုလှောင်ထားရှိသူတိုင်း သည် နိုးထ၍ အခြားသူများအတွက် ကောင်းကင်အလင်းကို ဖြန့်ဝေပေးကြ ရန် ယနေ့ဘုရားသခင်ခေါ်ယူနေပါသည်။ (ChS 80.11)ChSBur 127.2
ဦးစွာ နိုးထကြပါ၊ ညီအစ်ကိုများတို့၊- သင့်ဝိညာဉ်ရေးအဖို့ နိုးကြပါ။ ခရစ်တော်၏ကျေးဇူးတော်သာမရှိလျှင် သင်ဘာမျှမလုပ်နိုင်ပါ။ သင်လုပ်နိုင် သည့်အချိန်မှာ သင်လုပ်လိုက်ပါ။ (ChS 80.12)ChSBur 127.3
ကျွန်ုပ်တို့သည် ကျဆုံးခဲ့သောကောင်းကင်တမန်များ၏လုပ်ချက်များ ကို ခွဲခြားသိမြင်နိုင်စွမ်းရှိပါလျှင် သက်သောင့်သက်သာနေထိုင်ကြပြီး သူတို့ ကိုယ်သူတို့လုံခြုံလှပါသည်ဟု အထင်ရောက်နေကြသူများအပေါ်မှာ သူတို့ အလွန်လုံခြုံနေသည်ဟု မခံစားမိတော့ပြီ။ စာတန်၏နတ်ဆိုးတမန်များသည် ကျွန်ုပ်တို့၏ခြေရာလမ်းကြောင်းပေါ်သို့ အချိန်မရွေးရောက်လာနိုင်ပါသည်။ (ChS 81.1)ChSBur 127.4
တရားဟောဆရာများနှင့် လူများအားလုံးကို နိုးထကြရန် ဘုရားသခင် ခေါ်ယူနေပါသည်။ ကောင်းကင်တစ်ခွင်တစ်ပြင်လုံးသည် အုတ်အော်သောင်း တင်းဖြစ်နေပြီ။ မြေကြီးသမိုင်းပုံပြင်သည်လည်း အမြန်ပိတ်တော့မည်။ နောက်ဆုံးသောနေ့များ၏ဘေးအန္တရာယ်အလယ်တွင် ကျွန်ုပ်တို့ရောက်ရှိနေ ကြပြီ။ ပို၍ကြီးမားသောဘေးအန္တရာယ်သည် ကျွန်ုပ်တို့အရှေ့သို့ရောက်နေသည့် တိုင် ကျွန်ုပ်တို့မနိုးကြ။ ဘုရားသခင့်အလိုတော်ဖြစ်သောနိုးထခြင်းနှင့် အလွန် ကြိုးစားခြင်းကင်းမဲ့သည်မှာ ကြောက်မက်ဖွယ်ဖြစ်၏။ ဤသို့သေခြင်းနှင့်ဆိုင် သောသတိလစ်မေ့မြောနေခြင်းသည် စာတန်မာရ်နတ်၏လက်ချက်ဖြစ်သည်။ (ChS 81.2)ChSBur 128.1
ဘုရားသခင်၏လူအကြွင်းအကျန်များကို အိပ်ရာမှနိုးထစေရန် အကျွန်ုပ် ဘာပြောရပါ့မလဲ။ ကြောက်မက်ဖွယ်မြင်ကွင်းကြီးသည် ကျွန်ုပ်တို့အရှေ့ရောက် နေပြီကို ကျွန်ုပ်ပြောပြခဲ့ပြီးပြီ။ စာတန်နှင့်သူ၏တမန်ဆိုးများသည် ဘုရားသခင် ၏လူများအပေါ်သို့ သူတို့အမှောင်တန်ခိုးအားလုံးကို ယူတင်ပေးနေသည်။ သူတို့သိကြ၏။ လူတွေနည်းနည်းပိုအချိန်ယူအိပ်ပျော်ကြလျှင် သူတို့၌ပျက်စီး ခြင်းဖြစ်လာတော့မည့်အကြောင်း စာတန်သည် အသေအချာသိနေ၏။ (ChS 81.3)ChSBur 128.2
လူတို့၏သားသမီးများအတွက် ဤနောက်ဆုံးနာရီအချိန်စမ်းသပ် ကာလထဲမှာ ဝိညာဉ်အားလုံး၏ ကံကြမ္မာသည် ထာဝရအဖို့အမြန်ဆုံးအဆုံး အဖြတ်ပေးရပေတော့မည်။ ကောင်းကင်နှင့်မြေကြီးအရှင်သခင်သည် ယခင် ကနှင့်ဘယ်လိုမျှမတူသောလှုပ်ရှားမှုဖြင့် နိုးထလာကြရန် အသင်းတော်ကို မျှော်လင့်နေပါ၏။ အဖိုးတန်သမ္မာတရားဉာဏ်အလင်းအားဖြင့် ခရစ်တော်၌ လွှတ်ခြင်းအခွင့်ရခဲ့ကြသူများသည် ရွေးကောက်တော်မူခြင်းခံရသူများအဖြစ် သခင်ယေရှု၏ မြတ်နိုးခြင်းကိုခံရကြပြီး မြေကြီးမျက်နှာပြင်ပေါ်ရှိ လူအပေါင်း တို့ထက် သာ၍အခွင့်အရေးရကြပါသည်။ သခင်ယေရှုသည်လည်း အမှောင်ထဲ မှထူးကဲအံ့ဖွယ်အလင်းထဲသို့ ခေါ်ယူခြင်းခံရသူများက ကျေးဇူးတော်ချီးမွမ်းခြင်း ကိုရှေ့ထွက်ပြသကြရန် သူတို့၌မျှော်လင့်လျက်ရှိနေပါသည်။ ဤကောင်းချီး မင်္ဂလာသည် သူတို့၌လွတ်လပ်စွာအပ်နှင်းထားသည်ဖြစ်၍ သူတစ်ပါးနှင့် ဆက်သွယ်ဝင်ရောက်သွားစေဖို့ဖြစ်သည်။ ကယ်တင်ခြင်းသတင်းကောင်းသည် အားလုံးသောတိုင်းပြည်၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုးပြောသူ လူအုပ်စု များဆီသို့ ရောက်သွားရမည်။ (ChS 81.4)ChSBur 128.3
ကျွန်ုပ်တို့အထဲက လူတစ်ရာလျှင် တစ်ယောက်ယောက်သည် ပုံမှန် လောကစီးပွားလုပ်ငန်းအထဲ ဆက်သွားနေလျှင် သူသည် ထိုအရာကိုကျော်၍ ဘာတစ်ခုခုကိုမျှ မလုပ်လိုတော့။ အဖိုးတန်ဝိညာဉ်များစွာအတွက် ခရစ်တော် အသေခံပေးခဲ့သည်ဖြစ်၍ မနိုးတစ်ဝက်နိုးတစ်ဝက်နှင့် တစ်ဝက်တစ်ပျက် ကျွန်ုပ်တို့ရှိနေရမည်မဟုတ်။ (ChS 81.5)ChSBur 129.1
ယနေ့ကာလ၌ ခရစ်တော်၏နောက်လိုက်များသည် တာဝန်နှင့်အတူ နိုးထလျှင် တစ်ယောက်တည်းရှိရာမှ ထောင်ပေါင်းများစွာရှိလာလိမ့်မည်။ သူတို့သည် ဘာသာတရားမရှိသောဒိဋ္ဌိနယ်မြေအထဲသို့ သတင်းကောင်းတရား ကိုဝင်ရောက်ကြေညာရပါလိမ့်မည်။ ဤအမှုတော်သို့ ကိုယ်တိုင်မဆက်မိကြ သူလူတိုင်းသည် သူတို့၏ရည်စူးခြင်း၊ စာနာခြင်း၊ ဆုတောင်းခြင်းတို့ဖြင့် ထောက်ပံ့လုပ်ကိုင်နိုင်ကြသည်။ ယနေ့ခရစ်ယာန်တိုင်းပြည်များအထဲ၌ရှိသော ဝိညာဉ်များစွာအတွက် အားစိုက်လုပ်ဆောင်နေကြသူများလိုနေသေးကြောင်းတွေ့ ရလိမ့်မည်။ (ChS 81.6)ChSBur 129.2
လူထောင်ပေါင်းများစွာသည် ကြီးမြတ်သောအလင်းနှင့် ဤတန်ဖိုး ရှိသောအခွင့်အရေးကို ယူတတ်ကြပါ၏။ သို့ရာတွင် သူတစ်ပါးကိုအလင်း ပေးဖို့သူတို့၏အရှိန်ဩဇာနှင့် သူတို့ပိုင်ငွေကြေးကိုကား ဘာတစ်ခုမျှမသုံးလို ကြ။ ထို့အတူ ဘုရားသခင်၏မေတ္တာအောက်၌ရှိသောသူတို့ကိုယ်ပိုင်ဝိညာဉ် များကို စောင့်ထိန်းရန် တာဝန်ရှိမှုအပိုင်းကိုလည်း သူတို့မခံယူလိုကြ။ အသင်း တော်၏ဝန်ထုပ်တစ်ခုအဖြစ်လည်း သူတို့ယူပြမလာကြ။ ထိုကဲ့သို့သောလူတိုင်း သည် ကောင်းကင်ဘုံ၏ဝန်ထုပ်တစ်ခု၊ အပိတ်အဆို့တစ်ခုဖြစ်နေရလိမ့်မည်။ ခရစ်တော်အတွက်၊ သမ္မာတရားအလင်းအတွက်၊ ထိုသူတို့၏ကိုယ်တိုင်အတွက် သူတို့သည် အိပ်ပျော်နေရာမှ နိုးထကြ၍ ထာဝရအကျိုးအလို့ငှါ ကြိုးပမ်း အားထုတ်အလုပ်လုပ်ကြရမည်။ (ChS 82.1)ChSBur 129.3
ခရစ်တော်၏အသင်းတော်သည် စစ်တပ်ကြီးတစ်ခုနှင့် ယှဉ်၍ပြော ရမည်။ စစ်သားတိုင်း၏ဘဝသည် အလုပ်ပင်ပန်း၊ အလုပ်ကြမ်းတမ်းနှင့် အန္တရာယ်ဘဝဖြစ်သည်။ စစ်မျက်နှာစာအသီးသီး၌ ဘယ်သောအခါမျှ မပျင်း မရိ၊ ဘယ်သောအခါမျှ တာဝန်ကျနေရာမှ မခွါတတ်သောအမှောင်တန်ခိုး ရှင်၏နိုးကြားထကြွနေသည့်ရန်သူများရှိနေသည်။ ခရစ်ယာန်စစ်သည် တစ်ယောက်သည် အသင့်အနေအထားပျက်ပြီဆိုသည်နှင့် ထိုအမှောင်တန်ခိုး ပြိုင်ဘက်၏ရုတ်တရက်ပြင်းထန်စွာတိုက်ခိုက်ခြင်းကို ခံရပေမည်။ အသင်း တော်၌ အသင်းသားများသည် နိုးကြား၍ သတိဝီရိယရှိနေကြပါလျှင် စာတန် ၏လက်နက်ကိုရင်ဆိုင်ရာတွင် အောင်မြင်နိုင်လိမ့်မည်။ (ChS 82.2)ChSBur 130.1
တပ်မကြီးတစ်ခု၌ စစ်သားတစ်ဝက်လောက်သည် တာဝန်ထမ်းဆောင် ရန် အမိန့်ပေးနေစဉ် မနာခံခြင်း (သို့မဟုတ်) အိပ်ပျော်နေခြင်းရှိခဲ့ကြသော် ဘာဖြစ်သွားမလဲ။ အဖြေကတော့ တိုက်ခိုက်ခံရမည်။ အဖမ်းခံပါသွားမည်။ သေဆုံးကြမည်ဖြစ်၏။ ရန်သူလက်က လွတ်ထွက်သွားမည့်သူများရှိသလား။ သူတို့သည်လည်း ဆုတံဆိပ်ရထိုက်သည်ဟု တွေးနေကြမလား။ မဖြစ်နိုင်။ သူတို့လည်း အနှေးနှင့်အမြန်သေပြစ်ဒဏ်ခံရဖို့ရှိပါသည်။ ခရစ်တော်၏အသင်း တော်သည် အလေးမထား၊ ဂရုမစိုက်နှင့်သစ္စာတရားကင်းမဲ့သည်ဖြစ်သော် အရေးပါသောနောက်ဆက်တွဲဖြစ်ရပ်ကြီးများရောက်လာပေမည်။ အိပ်ပျော် နေသောခရစ်ယာန်စစ်သားများ၏တပ်မကြီးတစ်ခုသည် ဘယ်လောက်ပိုပြီး ကြောက်စရာကောင်းလိုက်မလဲ။ လောကကိုရင်ဆိုင်ဖို့ ဘာရှေ့တိုးလုပ်နိုင်မလဲ။ အမှောင်တန်ခိုးမင်းသားကို ဘယ်သူကဘယ်လိုထိန်းချုပ်ထားနိုင်မလဲ။ တိုက်ပွဲ ရက်တွေမှာ တိုက်သူများနှင့် အတူမနေနောက်ဆုတ်နေတတ်တဲ့သူများသည် တိုက်ပွဲကိုဝင်တိုက်လျှင် သူတို့၌အကျိုးမရှိ၊ တာဝန်လည်းမရှိဟု တွေးဆ နေကြသူများဖြစ်သောကြောင့် သူတို့ကိုနေရာမှဆွဲထုတ် (သို့မဟုတ်) ချက်ချင်း ပဲစစ်သူရဲအဖြစ်ကနေ ထုတ်ပစ်ရမည်။ (ChS 82.3)ChSBur 130.2