Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိုးရိမ်ခြင်းကိုရပ်ပစ်ခြင်း

    ဆက်ကပ်မြှုပ်နှံခြင်းမရှိသောအမှုဆောင်များကြောင့် မှားယွင်းခြင်းဖြစ် နေရပါသည်။ ဤသို့ရလဒ်ထွက်သည့်အပေါ် သင်သည် ဝမ်းနည်းမျက်ရည် ကျနိုင်၏။ သို့သော် မစိုးရိမ်ပါနှင့်။ ကောင်းချီးသွန်းလောင်းတော်မူသောသခင် သည် ကိုယ်တော်၏ကျွမ်းကျင်သောကြီးကြပ်မှုအောက်၌ ကိုယ်တော်၏အမှု တော်ကို အဆုံးထိတိုင်ထားတော်မူ၏။ အမှုဆောင်များ၌ ကိုယ်တော်တောင်းဆို သည့်အရာသည် သူတို့ရသည့်အမိန့်အတိုင်း လမ်းညွှန်မှုကိုနာခံရောက်ရှိလာ ခြင်းပင်တည်း။ ကျွန်ုပ်တို့၏အသင်းတော်များ၊ ကျွန်ုပ်တို့၏သာသနာပြုခြင်း များ၊ ကျွန်ုပ်တို့၏သတ္တမနေ့ဥပုသ်စာဖြေကျောင်းများ၊ ကျွန်ုပ်တို့၏ကျမ်းစာ သင်ကျောင်းများအားလုံးသည် ကိုယ်တော်ဘုရားနှလုံးသားအပေါ်သို့ ယူတင် ထားရှိကြရမည်။ အဘယ်ကြောင့်စိုးရိမ်သနည်း။ အသင်းတော်သည် အသက် ရှင်သောအသင်းတော်အဖြစ် ဘုရားသခင်ပုံစံချသည့်အတိုင်း အလင်းထွန်းလင်း နေသည်ကိုမြင်ရရန် ကျွန်ုပ်တို့အပြင်းအထန်စောင့်မျှော်နေခြင်းဖြင့် ဘုရားသခင် ၌ လုံးလုံးစိတ်ချယုံကြည်စိတ်ရှိနေကြရမည်။ (ChS 243.1)ChSBur 403.3

    အေးအေးလူလူ အပြည့်အဝအနားယူခြင်းကို အကျင့်လုပ်ပါ။ သင့်ဝိညာဉ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဘုရားသခင်ထံ ပို့သောအခါ သစ္စာ ရှိသောဖန်ဆင်းရှင်ထံသို့ ပို့သည်ဟုမှတ်ပါ။ ကိုယ်တော်၏ယုံကြည်မှုကို အပ်နှံ သွင်းသည်အတိုင်း ကိုယ်တော်ထိန်းသိမ်းပေးလိမ့်မည်။ ကျွန်ုပ်တို့၏မကျေ မနပ်၊ ဆင်ခြေဆင်လက်များကို ယဇ်ပလ္လင်အပေါ်သို့ ဖုံးအုပ်တင်လာလျှင် ကိုယ်တော်သည် နှစ်သက်တော်မူမည်မဟုတ်။ သင်သည် အခြားဝိညာဉ် ပြောင်းလဲသည်ကို မမြင်ရလျှင်လည်း ဘုရားသခင်၏ ကျေးဇူးတော်ချီးမွမ်း ခြင်းရှိခဲ့သည်ကို ကျေနပ်နေရမည်။ သို့ရာတွင် သင်ရှေ့ဆက်သွားလိုလျှင် ကောင်းသောအလုပ်များကို လုပ်ရလိမ့်မည်။ အရာရာကို သင့်ကိုယ်ပိုင်အတွေး အဆနှင့်ချိန်ညှိသွားရန် မကြိုးစားပါနှင့်။ ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် သင့်နှလုံးကို အုပ်စိုးပါလေစေ။ သင်သည် ကျေးဇူးတော်ကို ချီးမွမ်းပါ။ သင့်ဘဝထဲ၌ ဘုရားသခင်လုပ်ဆောင်တော်မူပါလေစေ။ ကိုယ်တော့်လမ်းခရီး ကိုမပိတ်ဆို့ပါနှင့်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုအခွင့်ပေးလျှင် ကိုယ်တော် လုပ်နိုင်သည်၊ လုပ်ပေးလိမ့်မည်ဖြစ်သတည်း။ (ChS 243.2)ChSBur 404.1