Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အချိန်တန်ပြီဖြစ်သောသတင်းစကား

    ကျွန်ုပ်အနေနှင့် ပုရောဖက်ဟေရှာယ၏ အနာဂတ္တိကျမ်းအခန်းကြီး (၅၈) ပါသတင်းစကားကို ခြုံငုံစဉ်းစားမိကြရန် အသင်းသူ/အသင်းသား များအားလုံးကိုဖြစ်စေ၊ သာသနာပြုအမှန်အကန်များအားလုံးကိုဖြစ်စေ၊ တတိယကောင်းကင်တမန်၏သတင်းစကားယုံကြည်ကြသူများအားလုံးကိုဖြစ်စေ၊ ဥပုသ်နေ့ကိုရှောင်၍ ကျောခိုင်းနေကြသူများအားလုံးကိုဖြစ်စေ အလွန်ကြီး မတိုက်တွန်းနိုင်ပါ။ ဤအခန်းကြီးထဲက ကောင်းကျိုးရရှိခံစားလိုက်ရ သောအလုပ်သည် ယနေ့ကာလတွင် ဘုရားသခင်၏လူများကို ကိုယ်တော် လုပ်ဆောင်စေလိုသောအမှုတော်ပေတည်း။ ကျမ်းစာသတင်းစကားအတိုင်း ဖြစ်လာမည်ကိုလည်းကောင်း၊ ပြည့်စုံလာမည့်သတ်မှတ်ကာလကိုလည်းကောင်း သံသယစိတ်ဖြင့် ကျွန်ုပ်တို့နောက်ချန်မနေရစ်ပါ။ အကြောင်းမှာ ကျမ်းစာထဲတွင် ကျွန်ုပ်တို့ဖတ်ခဲ့ရ၏။ ” သင်၏အမျိုးအနွှယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌တည်ဖူးသောတိုက်မြစ်များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ ၃ သင်သည်လည်း ပြိုပျက်သောမြို့ရိုးကို ပြုပြင် သောသူ၊ လူနေရာလမ်းများကိုပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကိုခံရလိမ့် မည်။” (ChS 139.4)ChSBur 231.1

    ထာဝရဘုရားအောက်မေ့ဖွယ်ရာနေ့၊ သတ္တမနေ့ဥပုသ်၊ ကမ္ဘာမြေကြီး ကိုဖန်ဆင်းစဉ်က အမှုတော်မြတ်၏အမှတ်သင်္ကေတသည် လူတို့၏ ဒုစရိုက် အောက်၌ ဖုံးအုပ်အစားထိုးခံလိုက်ရလေပြီ။ ဘုရားသခင်ပညတ်တော်ပေး၍ တည်စေခဲ့သည့်မြို့ရိုးပြိုကျပျက်စီးနေခြင်းကို ပြုပြင်ရန် ကိုယ်တော့်လူများသည် အထူးပြုအမှုတော်ဆောင်ကြဖို့ရှိသည်။ နောက်ဆုံးနေ့သို့နီးနီးနားနားချဉ်းကပ် ရောက်လာလေလေ၊ ဤအမှုဆောင်ခြင်းပို၍အရေးတကြီးလိုအပ်လာလေလေ ပေတည်း။ ဘုရားသခင်ကိုချစ်မြတ်နိုးသူအပေါင်းသည် ပညတ်တော် များကိုစောင့်ရှောက်ခြင်းအားဖြင့် ကိုယ်တော်၏အမှတ်တံဆိပ်ကို ခံယူသူဖြစ်ကြောင်း ပြသရလိမ့်မည်။ ထိုသူတို့သည် လူနေရာလမ်းကို ပြင်ဆင်သောသူများဟုခေါ်ဝေါ်သမုတ်ရမည်။ စစ်မှန်သောဆေးကုသာသနာပြု အလုပ်သည် ဘုရားသခင်၏ပညတ်တော်များကို စောင့်ခြင်းအမှုနှင့်ခွဲခြား ထုတ်မရဘဲ တွဲလျက်ရှိနေသည်။ ယင်းအထဲတွင် ဥပုသ်နေ့သည် ထာဝရ ဘုရား၏ဖန်ဆင်းခြင်းအမှုတော်မြတ်၌ အောက်မေ့ဖွယ်ရာနေ့အဖြစ် အထူး ဖေါ်ပြချက်ရှိထားသည်။ ဥပုသ်နေ့ကိုစောင့်ခြင်းသည် ထာဝရဘုရား၏ ကိုယ်ကျင့် တရားပုံ သဏ္ဌာန်တော်ကို ပြန်လည်တည်ဆောက်ရယူ သည့်အလုပ်နှင့်တွဲဆက်လျက်ရှိနေသည်။ ဤအရာသည် ဘုရားသခင်၏ လူများက ယနေ့ကာလ၌ ရှေ့သို့ဆက်လက်လုပ်ဆောင်နေကြသည်။ နက်နဲ ဆန်းကြယ်ခြင်းလည်းဖြစ်သည်။ ဤအမှုတော်ကို မှန်မှန်ကန်ကန်ဆောင်ရွက် ခြင်းသည် အသင်းတော်သို့ ကောင်းချီးမင်္ဂလာကြွယ်ဝစွာရောက်ရှိလာစေပါ လိမ့်မည်။ (ChS 139.5)ChSBur 231.2

    -o-