Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခရစ်ယာန်ဝန်ဆောင်မှုအစပြုသူများကိုအားပေးခြင်း

    အအောင်မြင်ဆုံးအလုပ်လုပ်နိုင်ကြသူများသည် ဘုရားသခင်၏အစေခံ အမှုတော်ကို ငယ်သောအမှုများ၌ပင် ရွှင်လန်းစွာယူတင်လုပ်ဆောင်ခဲ့ကြသူ များဖြစ်ကြသည်။ လူသားတိုင်းသည် သူ၏ဘဝချည်မျှင်ကြိုးကိုယူ၍ အဝတ် အစားပုံစံစုံလင်လာစေရန် အထည်ရက်လုပ်ခြင်းအလုပ်ကို လုပ်ကြရမည်။ (ChS 99.1)ChSBur 160.1

    ကျွန်ုပ်တို့သည် ဝတ်ပြုကိုးကွယ်ခြင်းအမှုကို အသုံးတော်ခံခြင်း၌ အစဉ်မပြတ်တိုးတက်ဖြစ်ထွန်းနေစေရန် နေ့စဉ်တာဝန်အဖြစ် ကျွန်ုပ်တို့ကျင်းပ ကြရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထာဝရအလင်းရောင် အောက်တွင် အမှုဆောင်နေရပါကြောင်း ရှုမြင်မိသောကြောင့်တည်း။ (ChS 99.2)ChSBur 160.2

    ဘုရားသခင်၏မဟာအကြံအစည်တော်ထဲ၌ လူသားတိုင်းအတွက် နေရာတစ်နေရာရှိထားသည်။ မလိုအပ်သောစွမ်းရည်များကို ကိုယ်တော်အပ်နှင်း တော်မူမည်မဟုတ်ပါ။ (ChS 99.3)ChSBur 160.3

    ကောင်းကင်ဘုံရှင်၏ထာဝရစီမံကိန်းထဲတွင် လူတိုင်းအတွက် နေရာ ရှိပါသည်။ လူတိုင်းသည် ခရစ်တော်နှင့်အတူပူးပေါင်း၍ အသက်ဝိညာဉ် ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ရပါမည်။ မြေကြီးပေါ်မှာ ဘုရားသခင့် အမှုတော်ကိုဆောင်ရန် သတ်မှတ်ထားရှိနေရာသည် ကောင်းကင်စံအိမ်တော် ၌ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေးထားသောနေရာရှိသည်ထက် ပို၍သေချာသော နေရာမရှိလေပြီ။ (ChS 99.4)ChSBur 160.4

    ဘုရားသခင်၏လူများတစ်ယောက်ချင်းစီတိုင်း၏အပေါ်တွင် ကိုယ်တော်ကြည့်မြင်တော်မူသည်။ ကိုယ်တော်၏အကြံအစည်တော်သည် တစ်ယောက်ချင်းစီတိုင်းနှင့်သက်ဆိုင်သည်။ (ChS 99.5)ChSBur 160.5

    လူတိုင်းသည် အမှုတော်မြတ်အထဲတွင် တစ်စုံတစ်ခုခုဆောင်ရွက် နိုင်ကြသည်။ ထိုသူများသည် အသက်ဝိညာဉ်ကယ်ဆယ်ရေးအတွက် အလွန် စိတ်ထက်သန်စွာဖြင့် ကိုယ်ကျိုးမဖက်ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့လျှင် ဘုရားသခင် ရှေ့တော်မှောက်၌ အပြစ်မရှိပြီဟူ၍ သူတို့ပြောဆိုခွင့်ရနိုင်ကြလိမ့်မည်မဟုတ် ပါ။ (ChS 100.1)ChSBur 160.6

    သင့်အလုပ်တာဝန်များကို အခြားတစ်ယောက်အပေါ်သို့ ပခုံးပြောင်း ပေးလိုက်နိုင်မည်မဟုတ်။ သင့်အလုပ်ကို သင်ကိုယ်တိုင်လုပ်ရမည်ဖြစ်၍ အခြား တစ်ယောက်ယောက်အစားထိုးလို့မရပါ။ သင့်အလင်းကို သင်မပေးဘဲ ထိန်ချန် ထားခဲ့လျှင် သင်ထိန်ချန်ခဲ့သည့်အတွက်နှင့် တစ်စုံတစ်ယောက်သည် အမှောင် ထဲ၌ ကျန်ရစ်လေမည်။ (ChS 100.2)ChSBur 161.1

    ဘုရားသခင်၏ခေါ်တော်မူခြင်းကို လိုလားစွာတုံ့ပြန်သည့်စိတ်နှလုံး နှိမ့်ချသောအမှုဆောင်သည် ဘုရားသခင်ဖေးမတော်မူခြင်းကို ဧကန်မုချခံစား ရပါလိမ့်မည်။ ဤမျှမြင့်မြတ်သန့်ရှင်းသောတာဝန်ကို လက်ခံလိုက်ခြင်းသည် ပင်လျှင် အကျင့်စာရိတ္တကို မြှင့်တင်ခြင်းဖြစ်သည်။ ဤသည်မှာအမြင့်ဆုံး သောကိုယ်ကျင့်သိက္ခာနှင့်ဝိညာဉ်တန်ခိုးတို့ကို နိုးကြွလှုပ်ရှားစေပြီးလျှင် ဦးနှောက် နှင့်နှလုံးကို အားဖြည့်ပေး၍ စင်ကြယ်စေပါသည်။ အင်အားချည့်နဲ့သောသူ တစ်ယောက်သည် ဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်သောအားဖြင့် မည်မျှသန်စွမ်းလာမည်ကိုလည်းကောင်း၊ ကြိုးစားအားထုတ်ရာတွင် မည်မျှ စိတ်ဆုံးဖြတ်ထားခြင်းရှိလာမည်ကိုလည်းကောင်း၊ ကြီးစွာသောအကျိုးကျေးဇူး များမည်မျှဖြစ်ထွန်းလာမည်ကိုလည်းကောင်း အံ့သြချီးမွမ်းဖွယ်ရာသိလာလိမ့် မည်။ အနည်းငယ်မျှသောအတတ်ပညာဖြင့် စိတ်နှလုံးနှိမ့်ချစွာလုပ်ငန်းအစ ပြုပြီးလျှင် တိုးတက်တတ်မြောက်ရန် လုံ့လဝီရိယစိုက်ထုတ်၍ အတတ်ပညာ ဆည်းပူးရင်း မိမိတတ်သမျှကို သူတစ်ပါးအား ပြောဟောဝေငှသောသူသည် အလိုရှိသမျှအားလုံးကိုရရှိနိုင်သည့် ကောင်းကင်ဘဏ္ဍာတစ်ရပ်လုံးကို သူတွေ့ မြင်ရလိမ့်မည်။ ထိုသူသည် အလင်းတရားကို ကြိုးစားအားထုတ်၍ ဝေငှ လေလေ၊ သာ၍များသောအလင်းတရားကို ကိုယ်တိုင်ရရှိလေလေဖြစ်၏။ အသက်ဝိညာဉ်များကို ချစ်မြတ်နိုးသောအားဖြင့် ဘုရားသခင်၏နှုတ်ထွက် တရားတော်ကို သူတစ်ပါးအား ကြိုးစား၍ရှင်းပြလေလေ၊ သူကိုယ်တိုင်၌ ပို၍ ရှင်းလင်းစွာသိမြင်ရလေလေဖြစ်လိမ့်မည်။ ကျွန်ုပ်တို့၏အတတ်ပညာကို အသုံး ချ၍ စွမ်းအင်ကိုလေ့ကျင့်ပေးလေလေ၊ ပို၍များသောအတတ်ပညာနှင့်စွမ်းအင် များကို လက်ခံရလေလေဖြစ်လိမ့်မည်။ (ChS 100.3)ChSBur 161.2

    ဘုရားသခင်အတွက် ဝိညာဉ်များကယ်ဆယ်ရေးအတွက် လူ တစ်ယောက်ချင်းစီတိုင်းက လုပ်ဆောင်ကြပါစို့။ လူတိုင်းကိုယ်စီသည် မိမိ ဉာဏ်ပညာကို သုံး၍နေပြပါ။ တစ်စုံတစ်ယောက်က ကိုယ့်အတွက် အလုပ် လာပေးမည်ကိုစောင့်ရင်း လူပျင်းတစ်ယောက်လို ဘယ်အခါမျှရှိမနေပါနှင့်။ သင့်အားအလုပ်လာချပေးနိုင်သောထိုသူ “တစ်စုံတစ်ယောက်” သည် သင့်ကို တာဝန်များစွာဖြင့် စုပုံပေးထားလိမ့်မည်။ သူ၏လမ်းညွှန်ချက်များကိုစောင့်ရင်း သင့်အချိန်ဆုံးရှုံး၏။ ဘုရားသခင်သည် ချက်ချင်းပြုပြင်ပြောင်းလဲခြင်းဉာဏ် အလင်းကို သင့်အားပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ခေါ်ယူတော် မူခြင်းရှိနေသေး၍ဖြစ်သည်။ “ချစ်သားတို့၊ ငါ၏စပျစ်ဥယျာဉ်ထဲသို့လာ၍ အလုပ်လုပ်ကြ” “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက် ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်။” (ဟေဗြဲ ၃း၇-၈)။ သခင် ဘုရားသည် “ချစ်သားတို့” ဟုဆိုပြီး ချစ်သောစိတ်ဖြင့် စကားနိဒါန်းပျိုးပေး ခဲ့ပါသည်။ အဘယ်မျှကြင်နာစိတ်ရှိလေသနည်း၊ အဘယ်မျှမေတ္တာကရုဏာ ပြည့်ဝလေသနည်း။ ထို့အပြင်ရှိသေး၊ အဘယ်မျှအရေးတကြီးလောဆော်နေ သနည်း။ ကိုယ်တော်၏ဖိတ်ခေါ်ခြင်းသည် အမိန့်ပညတ်တော်ဖြစ်သတည်း။ (ChS 100.4)ChSBur 162.1

    အားကြိုးမာန်တက်လျက် အမှုတော်ကို ရွက်ဆောင်သောအားဖြင့် မကောင်းမှုကို တွန်းလှန်ရန် အကောင်းဆုံးသောခွန်အားကို အမြတ်ရ၏။ (ChS 100.5)ChSBur 162.2

    တရားမျှတခြင်းဖြင့် လုပ်ဆောင်မှုတိုင်း၊ ကျင့်ကြံမှုတိုင်းနှင့်သနား ကြင်နာခြင်း၊ စေတနာထက်သန်ခြင်းအမှုတိုင်းသည် ကောင်းကင်ဘုံ၌ ဂီတ သံများဖြစ်လေသည်။ (ChS 100.6)ChSBur 162.3

    ခရစ်တော်၏ဝိညာဉ်သည် သာသနာပြုစိတ်ဝိညာဉ်ဖြစ်လေသည်။ အသစ်ရလိုက်သောနှလုံးသား၏အဦးအကျဆုံးရုတ်ခြည်းစိတ်လှိုင်းသည် အခြား သူများကို ခေါ်ယူနိုင်၍ ကယ်တင်ရှင်ဆီသို့ပို့ပေးလေ၏။ (ChS 101.1) ကျေးဇူးတော်အရာ၌ ကြီးထွားမှုရစေဖို့ တစ်ခုတည်းသောနည်းလမ်း သည် ခရစ်တော်မှကျွန်ုပ်တို့အပေါ်သို့လုပ်ဆောင်ရန် ချိတ်ဆက်ပေးသော အမှုတော်ရပ်အားလုံးကို စိတ်ပါလက်ပါကျွနု်ပ်တို့လုပ်ဆောင်နေခြင်းဖြစ်ပါ သည်။ (ChS 101.2)ChSBur 163.1

    သင်သည် ဘုရားသခင်အတွက် အမှုတော်ကို ဆောင်ရွက်ခြင်းမပြုမီ တွင် အခမ်းအနားကြီးတစ်ရပ်ကို စောင့်မျှော်ခြင်း (သို့မဟုတ်) ဆန်းကြယ် ထွေပြားသောစွမ်းရည်များကို မျှော်လင့်ခြင်း ရှိနေရမည်မဟုတ်။ (ChS 101.3) ထ အပေါင်းအဖော်အသင်းအပင်းများအား ကောင်းချီးပေးသောသူ၊ အောင်မြင်သောဘဝဖြင့် နေထိုင်အသက်ရှင်သောသူသည် ပညာတတ်သည် ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ဘုရားသခင်အတွက်နှင့် သူ့အပေါင်းအသင်းများ အတွက် သူ့စွမ်းရည်အားလုံးကို အသုံးချသူတစ်ယောက်ဖြစ်လေသည်။ (ChS 101.4)ChSBur 163.2

    ငယ်သောအမှုများကို ထူးချွန်စွာနှင့် ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် ဘုရားသခင်မှအရည်အချင်းပြည့်စေခဲ့သောလူများစွာသည် ငယ်သောအမှုများ၌ ကြိုးပမ်းလုပ်ကိုင်ခဲ့ကြသောကြောင့်ဖြစ်သည်။ (ChS 101.5)ChSBur 163.3

    သင်သည် အကြိမ်တစ်ရာတွင် ကိုးဆယ့်ကိုးကြိမ်အရှုံးနှင့်ရင်ဆိုင်ခဲ့ရ ပါသော်လည်း ပျက်စီးခြင်းထဲမှ အသက်ဝိညာဉ်တစ်လုံးကို ကယ်တင်ခြင်းသို့ ပို့ဆောင်အောင်မြင်ခဲ့သည်ဆိုပါလျှင် သခင့်အကျိုးအတွက် မြင့်မြတ်သော အမှုတော်တစ်ရပ်ကို ပြုစုပြီးခဲ့သည်ဖြစ်သတည်း။ (ChS 101.6)ChSBur 163.4

    ဘုရားသခင်နှင့်ဝိညာဉ်တစ်ဦးချင်းစီတို့အကြား ဆက်နွှယ်မှုသည် ကိုယ်တော်၏ ဂရုစိုက်စောင့်ကြည့်တော်မူခြင်းကို ဝေမျှပေးရန် မြေကြီးပေါ်၌ အခြားသောဝိညာဉ်များမရှိသကဲ့သို့ သို့တည်းမဟုတ် ကိုယ်တော်၏တစ်ပါး တည်းသော၊ ချစ်မြတ်နိုးစွာသောသားတော်ကို ပေးခဲ့ရသည့်လူတို့အတွက်မှအပ အခြားသောဝိညာဉ်များမရှိသကဲ့သို့ပင် သိသိသာသာထင်ရှားခြင်းနှင့်ပြည့်စုံလေ ၏။ (ChS 101.7)ChSBur 163.5

    အကယ်၍သာသင်သည် သင့်အစွမ်းအစကို ဘုရားသခင်၏အမှု တော်၌ ဆက်ကပ်မှုဆုကျေးဇူးတစ်ခုအဖြစ် အပ်နှံသည်ဖြစ်လျှင် သင်၌အားနည်း ခြင်းရှိသည်ဖြစ်ပါစေ၊ ကိုယ်တော်သည် သင့်ကိုရှုမြင်နားလည်၍ အသုံးပြုသွား ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ကျိုးမဖက် တတ်တက်ကြွကြွ အမှုတော်ဆောင်ခြင်း၌ အားနည်းသူများသည် အားကောင်းလာကြပြီးလျှင် ကိုယ်တော်၏အဖိုးတန်ချီးကျူးမှုကို နှစ်သက်ခံစားရကြ၏။ သခင်ဘုရား၌ ဝမ်းမြောက်ပျော်ရွှင်ခြင်းသည် ခွန်အား၏မူလအရင်းခံဖြစ်လေသည်။ သင်သည် သစ္စာတရားနှင့်ပြည့်ဝသူဖြစ်ပါလျှင် လူတို့နားလည်မှုအလုံးစုံဖြင့် မရယူနိုင် သောငြိမ်သက်ခြင်းသည် ဤဘဝ၌ပင် သင့်အတွက် အကျိုးကိုပေးလိမ့်မည်။ နောင်ဘဝ၌လည်း ငါတို့သခင်ဘုရား၏ဝမ်းမြောက်ခြင်းထဲသို့ဝင်စားရလိမ့် မည်။ (ChS 101.8)ChSBur 164.1

    အစွမ်းအစအနည်းအကျဉ်းသာရှိသောသူများသည် အကယ်၍သာ သူတို့၏နှလုံးသားထဲ၌ ဘုရားသခင်ကို ချစ်သောသစ္စာစောင့်သိခြင်းစိတ်ရှိ ပါလျှင် ခရစ်တော်ဆီသို့ ဝိညာဉ်များစွာကိုအောင်နိုင်၍ ပို့ဆောင်ကြလိမ့်မည်။ ဟာလန်ပိဂ် (Harlan Page) ဆိုသူသည် အရည်အချင်းနည်းပါး၊ ပညာနည်း ပါးသောစက်ပြင်ဆရာတစ်ယောက်ဖြစ်သော်လည်း ဘုရားသခင့်အမှုတော် ရှေ့တိုးရေးအတွက် ရှာဖွေခြင်းကို သူ့စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် သူလုပ်ဆောင်ခဲ့ရာ သူ၏ကြိုးပမ်းလုပ်ဆောင်ခြင်းအားဖြင့် အောင်မြင်မှုအသိ အမှတ်ပြုခံရခြင်းနှင့်တကွ သရဖူဆောင်းခဲ့ရလေသည်။ သူသည် သူ၏အပေါင်း အသင်းရောင်းရင်းများ ကယ်တင်ခြင်းရနိုင်ရန် ပုဂ္ဂိုလ်ရေးစကားစမြည်ပြော ခြင်း၊ ကြိုးစားဆုတောင်းခြင်းတို့ဖြင့် ဝန်ဆောင်ခဲ့သည်။ ဆုတောင်းအစည်း အဝေးများကို သူပြုစုတည်ဆောက်ခဲ့သည်။ တနင်္ဂနွေဥပုသ်စာဖြေကျောင်း များကို စီစဉ်ဆောင်ရွက်ခြင်းနှင့် ဝေစာများ၊ အခြားဘာသာရေးစာစောင်များကို ထုတ်ဝေဖြန့်ဖြူးခဲ့သည်။ နောက်ဆုံးသူလဲလျောင်းရာသင်္ချိုင်းစာတိုင်ပေါ်တွင် သူ၏မျက်နှာထားအရိပ်၌ တာဝရအသက်အရိပ်ထိုးကျလျက်နှင့် သူထုတ် ပြောပြနိုင်ခဲ့ပါသည်။ “ဘုရားသခင်၏ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်။ ကျွန်ုပ်ပြုခဲ့သမျှသောတစ်စုံတစ်ရာကောင်းမှုကုသိုလ်ကြောင့် မဟုတ်ရပါ။ သို့သော် ကျွန်ုပ်၏လူပုဂ္ဂိုလ်တန်ဆာပလာအားဖြင့် အသက် ဝိညာဉ်တစ်ရာကျော်ကျော်သည် ဘုရားသခင်ဆီသို့ ပြောင်းလဲရောက်ရှိခဲ့သည် ကို ကျွန်ုပ်၌သက်သေရှိသည်ဟု ကျွန်ုပ်တွေးမိပါသည်။” (ChS 101.9)ChSBur 164.2

    ဤလောကကမ္ဘာသည် ခရစ်ယာန်များ၏ကောင်းကင်ဘုံမဟုတ်။ ဘုရားသခင်၏အလုပ်ရုံသက်သက်မျှသာဖြစ်၏။ ဤနေရာ၌ ကျွန်ုပ်တို့သည် သန့်ရှင်းသောကောင်းကင်ဘုံတစ်ခုဆီသို့ အပြစ်ကင်းသောကောင်းကင်တမန် များနှင့်ပေါင်းစည်းရန် အလို့ငှာ လိုက်ဖက်ညီစွာ နေထိုင်သွားဖို့ဖြစ်ပါသည်။ (ChS 102.1)ChSBur 165.1

    စိတ်နှလုံးအနှိမ့်ချဆုံးနှင့် အဆင်းရဲဆုံးသောယေရှုခရစ်၏တပည့်တော် များသည် အခြားသူများအား ကောင်းချီးမင်္ဂလာပေးနိုင်ကြသည်။ ထိုသူများ သည် သူတို့အထူးထူးအထွေထွေကောင်းမှုတစ်ခုပြုနေသည်ဟူ၍ အမှန်မသိ ကြသော်လည်း သူတို့သည် မသိမသာသြဇာလွှမ်းမိုးခြင်းအားဖြင့် ပို၍ကျယ်ပြန့် နက်ရှိုင်းသောကောင်းချီးများစွာတိုးပွားလာခြင်းကို သူတို့စတင်လုပ်ဆောင်ပေး နိုင်ကြသည်။ အကျိုးပေးလိမ့်မည်ဖြစ်သောနောက်ဆုံးနေ့မရောက်မချင်း သူတို့ သည် ကောင်းချီးပေးခြင်းရလဒ်ကို ဘယ်တော့မှသူတို့သိနိုင်ကြမည်မဟုတ်ပါ။ ကြီးသောအရာတစ်ခုခုသူတို့လုပ်ဆောင်နေကြပါသည်ဟူ၍လည်း သူတို့မခံစား မိ၊ မသိရှိကြပါ။ ထို့ပြင်သူတို့သည် အောင်မြင်ဖို့စိုးရိမ်စိတ်နှင့် သူတို့ကိုယ် သူတို့မောပန်းငြီးငွေ့ နေကြလိမ့်မည်လည်းမဟုတ်ပါ။ သူတို့သည် ရှေ့သို့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လုပ်ဆောင်ရန်သာ အလိုရှိ၏။ သူတို့သည် ဘုရားသခင်ထောက်ပံ့ပေးအပ်တော်မူသောတာဝန်အရ အမှုတော်ကိုသစ္စာရှိရှိ ဆောင်ရွက်နေကြသည်။ သူတို့၏ဘဝများသည် အချည်းနှီးမဖြစ်ရ။ သူတို့ ၏ဝိညာဉ်အသက်တာများသည် ခရစ်တော်နည်းတူ ပို၍ပို၍ ကြီးထွားလာပြီး ဤဘဝ၌ ဘုရားသခင်နှင့်အတူ လုပ်ဆောင်သူများဖြစ်ကြလေ၏။ ဤသို့ဖြင့် အမှုတော်ကို မြှင့်တင်ရွက်ဆောင်နိုင်ကြသည်နှင့်အမျှ သူတို့ဆီသို့ အရိပ်မထိုး သောဝမ်းမြောက်ခြင်းအသက်တာများသည် ရောက်လာပါလိမ့်မည်။ (ChS 102.2)ChSBur 165.2

    ကိုယ်ကိုကိုယ်ခရစ်တော်အား အပ်နှံထားသူအများရှိကြသော်လည်း ကိုယ်တော်အတွက် ကြီးမြတ်သောအမှုတော်တစ်ရပ်ကို ဆောင်ရွက်ရန်၊ သို့မဟုတ် ကြီးမားစွာအနစ်နာခံ၍ လုပ်ဆောင်ရန် အခွင့်အရေးမရကြ၊ မသိ ကြသေးသောသူများရှိပါသည်။ ဘုရားသခင်လက်ခံတော်မူဆုံးသောမာတုရ အဖြစ် စွန့်လွှတ်အပ်နှံခြင်းမျိုးကို မလိုအပ်ဟူ၍လည်းကောင်း၊ ဤသည်မှာ လည်း ကောင်းကင်ဘုံမှတ်တမ်းထဲတွင် အမြင့်ဆုံးစံနှုန်းဖြစ်သောဘေးအန္တရာယ် နှင့်သေခြင်းကို နေ့စဉ်ရင်ဆိုင်နေကြရသည့် သာသနာပြုများမဟုတ်နိုင်ကြဟူ ၍လည်းကောင်း၊ ယင်းအတွေးများနှင့်သူတို့ကိုယ်သူတို့ သက်သောင့်သက်သာ ရှာနိုင်ကြပါသည်။ ခရစ်ယာန်တစ်ဦးသည် သီးသန့်နေထိုင်အသက်ရှင်ခြင်း၌ ကိုယ်ကိုကိုယ်နေ့စဉ်အပ်နှံခြင်းဖြင့်လည်းကောင်း၊ စစ်မှန်သောရည်မှန်းချက်နှင့် စင်ကြယ်သောအတွေးများဖြင့်လည်းကောင်း၊ အမျက်ဒေါသနှိုးဆွပေးလာသော အခါ နူးညံ့သိမ်မွေ့စွာရင်ဆိုင်ခြင်းဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း၊ ဘာသာ တရားကိုင်းရှိုင်းခြင်းဖြင့်လည်းကောင်း၊ သစ္စာတည်ကြည်ခြင်းအနည်းငယ် လောက်ကိုပြသခြင်းဖြင့်လည်းကောင်း နေအိမ်၌နေထိုင်မှုဘဝတွင် ခရစ်တော် ၏စရိုက်လက္ခဏာကို ပုံဆောင်တင်ဆက်ပြသူတစ်ယောက်ဖြစ်ရသည်။ ထိုသူ သည် ကမ္ဘာပေါ်တွင် ကျော်ကြားသောသာသာနာပြုသူဆရာ (သို့မဟုတ်) မာတုရတစ်ယောက်ထက် ဘုရားသခင်၏ရှေ့တော်မှောက်တွင် ပို၍အဖိုးထိုက် တန်သူတစ်ဦးဖြစ်ပါ၏။ (ChS 102.3)ChSBur 166.1

    လုပ်ငန်းဆောင်ရွက်ပြီးစီးမှုပမာဏအပေါ်၌မတည်၊ မျက်မြင်အကျိုး ရလဒ်များအပေါ်၌လည်းမတည်၊ သို့သော် အမှုတော်ကိုပြီးစီးစေသော စိတ်ဝိညာဉ်အပေါ်၌တည်၍ ဘုရားသခင်တန်ဖိုးထားတော်မူ၏။ (ChS 103.1)ChSBur 166.2

    ကြီးမားသောလုပ်ငန်းများဆောင်ရွက်ပြီးစီးခြင်းကြောင့် သခင်၏သဘော ကျမှုကို ခံယူကြရမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အရာများစွာကို အမြတ်ရခဲ့သော်လည်း အနည်းငယ်သောအမှု၌ သစ္စာတည်ကြည်ခြင်းကိုသာ လျှင် သခင်သဘောကျထောက်ခံသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ရလိုက် သောအကျိုးရလဒ်ကြီးများကြောင့်မဟုတ်ရဘဲ ဘုရားသခင်အလေးထားသော ကျွန်ုပ်တို့၏ပြုမူလုပ်ဆောင်ခြင်းမှ အကြောင်းရင်းများဖြစ်ရသည်။ ကိုယ်တော် သည် လုပ်ငန်းပြီးစီးမှုကြီးမားသည်ထက်ပို၍ ကောင်းမြတ်ခြင်းနှင့် သစ္စာစောင့် သိခြင်းကိုဆုချပေးတော်မူသည်။ (ChS 103.2)ChSBur 166.3

    ငယ်သောအမှုများကို မျက်စိကျော်၍ ကြီးကျယ်သောအမှုများကို မကြည့်မျှော်ပါနှင့်။ သင်သည် ငယ်သောအမှု၌ အောင်မြင်စွာလုပ်နိုင်ခဲ့မည် ဖြစ်သော်လည်း ကြီးသောအမှုတစ်ခုကို ကြိုးပမ်းလုပ်ကိုင်ရာတွင် လုံးလုံးလျား လျားကျရှုံးလေသော် စိတ်ပျက်အားလျော့ခြင်းသို့ရောက်၏။ သင်မြင်ရသမျှ ဆောင်ရွက်ရန်အမှု၌ အာရုံစိုက်ထားပါ။ သင်သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ကြီးမြတ်သူဖြစ်စေ၊ စိတ်နှိမ့်ချသူဖြစ်စေ၊ ဘုရားသခင် အတွက် တက်တက်ကြွကြွအမှုဆောင်ဖို့သင့်အား ကိုယ်တော်ခေါ်ယူနေတော် မူသည်။ သင်သည် ဘုရားသခင်၏အမှုတော်အတွက် သင့်စွမ်းရည်နှင့်ပါရမီ များကို တိုးတက်စေ၍ လက်တွေ့ ပြုလုပ်ရန် အမှုများကို သင့်ခွန်အားနှင့် တကွ လုပ်ဆောင်ရခြင်းဖြစ်လိမ့်မည်။ နေ့စဉ်ရသည့်အခွင့်အရေးများကို စွန့်ပစ် ထားခြင်းသည် သင့်ကိုအသီးမသီးစေဘဲ အပင်ညှိုးနွမ်းခြောက်သွေ့စေပါသည်။ ဤသည်မှာ ဘုရားသခင်၏ဥယျာဉ်တော်အတွင်း၌ အသီးမသီးသောအပင် များစွာရှိနေရခြင်းအကြောင်း ဖြစ်တော့သည်။ (ChS 103.3)ChSBur 167.1

    ကျွန်ုပ်တို့ရရှိထားသောဆုကျေးဇူးတိုင်းကို အသုံးချရန် ဘုရားသခင် အလိုတော်ရှိတော်မူသည်ဖြစ်၍ ကျွန်ုပ်တို့လိုက်နာပါက အသုံးချရန် ပိုကြီးသော ဆုကျေးဇူးများကို ပေးသနားတော်မူလိမ့်မည်။ ကျွန်ုပ်တို့၌ အရည်အချင်းမရှိ သည်များကို ဘုရားသခင်သည် သဘာဝလွန်ပေးကမ်းလာမည်မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့၌ရှိသည်များကို ကျွန်ုပ်တို့ထုတ်သုံးနေတတ်ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ဆင်ခြင်တုံဉာဏ်များတိုး၍ အားပြည့်လာစေရန် ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ လုပ်ဆောင်တော်မူလိမ့်မည်။ သခင့်အမှုတော်အတွက် အားတက် သရောနှင့် အလွန်စိတ်ပါလက်ပါ အနစ်နာခံလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ် တို့၏စွမ်းအင်များသည် တိုးလာပါလိမ့်မည်။ (ChS 103.4)ChSBur 167.2

    ခရစ်တော်၏စိတ်နှလုံးသည် လောကအာရုံများ၌ စိတ်မသာညည်းတွား ခြင်းရှိသူများကို သြဘာပေး၏။ မိမိအား လာရောက်စော်ကားသောသူများ အပေါ်၌ စိတ်နူးညံ့သိမ်မွေ့ခြင်းအမြင်ရှိထားသူများကို သြဘာပေး၏။ ဖြောင့်မတ် ခြင်းပါရမီကို မရောင့်ရဲနိုင်လောက်အောင် ဆာငတ်သူများကို သြဘာပေး၏။ ထိုသို့အစပြုရန် စွမ်းပကားများစွာအပေါ်၌ လူတို့ကိုချီးမွမ်းသြဘာပေးတော် မူပါသည်။ ကိုယ်တော်သည် အများသောသင်းအုပ်ဆရာများစိတ်ပျက်ရလောက် အောင် အကြောင်းတရားအခြေခံများကို ရှိသည်အတိုင်း ကြိုဆိုအားပေးတော် မူလေသည်။ (ChS 103.5)ChSBur 168.1

    ခရစ်တော်အတွက် အမှုတော်ဆောင်ရန် ကျွန်ုပ်တို့၏တာဝန်သည် ဤနေရာ၌ရှိသည်ဆိုပါလျှင် ကျွန်ုပ်တို့သည် ဘုရားတရားမရှိသူတို့၏နယ် ဒေသသို့သွားကြရမည်မဟုတ်။ နေအိမ်နယ်မြေဝန်းကျင်ငယ်လေးအထဲမှလည်း စွန့်ခွာထွက်မသွားကြရ။ နေအိမ်နယ်မြေဝန်းကျင်ငယ်လေးအထဲ၌လည်းကောင်း၊ အသင်းတော်အထဲ၌လည်းကောင်း၊ ကျွန်ုပ်တို့ပေါင်းသင်းဆက်ဆံကြသူများ အထဲ၌လည်းကောင်း၊ ကျွန်ုပ်တို့၏စီးပွားရေးလုပ်ကိုင်ဖက်များအထဲ၌လည်း ကောင်း ဤအမှုကိုကျွန်ုပ်တို့ပြုနိုင်ကြ၏။ (ChS 103.6)ChSBur 168.2

    အကယ်၍သာ ကျွန်ုပ်တို့သည် ခရစ်တော်၏သက်တော်စဉ်နှင့်ဩဝါဒ များကို သွန်သင်ပေးနေကြသည်ဆိုပါလျှင် အမှတ်မထင်ဖြစ်ရပ်တိုင်းသည် အလွန်စွဲမက်ဖွယ်ကောင်းသောစကားပြောများဖြင့် စာသားဖြည့်ဆည်းပေးပါ လိမ့်မည်။ (ChS 104.1)ChSBur 168.3

    မြေကြီးပေါ်၌ ဘဝအသက်တာသည် ကောင်းကင်ဘုံ၌ အသက်တာ အစဖြစ်ပါသည်။ မြေကြီးပေါ်၌ပညာရေးသည် ကောင်းကင်ဘုံ၏အခြေခံ စည်းမျဉ်းထဲသို့ အစပြုခြင်းဖြစ်ပေသည်။ ဤနေရာ၌ အသက်ရှင်မှုအလုပ်များ သည် ထိုဘုံဒေသ၌ အသက်ဘဝအတွက် သွန်သင်ခံယူနေခြင်းဖြစ်သည်။ ပင်ကိုယ်လက္ခဏာနှင့် သန့်ရှင်းသောအမှုဆောင်ခြင်း၌ လက်ရှိကျွန်ုပ်တို့၏ ဘဝသည် နောင်ဖြစ်လာမည့်ဘဝ၏သေချာသောအတိတ်နိမိတ်ဖြစ်ပါ၏။ (ChS 104.2)ChSBur 168.4

    အမှုဆောင်ရာတွင် ခရစ်တော်နှင့်ဆက်ဆံခွင့်ရခြင်းအထူးအခွင့်အရေး ကို ငြင်းပယ်လိုက်သောသူသည် ဘုန်းတော်ထင်ရှားခြင်း၌ ကိုယ်တော်နှင့် ဝင်စားရခြင်းအတွက် လိုက်လျောညီထွေဖြစ်စေသောသွန်သင်မှုကို ပစ်ပယ် လိုက်ခြင်းဖြစ်ပေသည်။ (ChS 104.3)ChSBur 169.1

    တစ်ကိုယ်ကောင်းဆန်သောဘဝနှင့် နေထိုင်နိုင်သည်ဟုဆိုပြီး မိမိ အကျိုးစီးပွားကိုသာ ရှာနေကြသူများသည် သခင်ဘုရား၏ဝမ်းမြောက်ရာပွဲသို့ ဝင်ရလိမ့်မည်ဟု မထင်မှတ်လေနှင့်။ အတ္တကင်းသောမေတ္တာ၏ဝမ်းမြောက် ခြင်းထဲသို့ သူတို့ပါဝင်ဆင်နွှဲခွင့်မရနိုင်ပါ။ သူတို့သည် ကောင်းကင်ဘုံနန်း တော်အတွင်းသို့ဝင်ဖို့ ထိုက်တန်သူများမဟုတ်ပါ။ သူတို့သည် ကောင်းကင်ဘုံ သို့ထိုးဖေါက်ဝင်ရောက်နိုင်သောစင်ကြယ်သည့် မေတ္တာစရိုက်လက္ခဏာကို တန်ဖိုးမထားတတ်ခဲ့ကြပါ။ ကောင်းကင်တမန်များ၏စကားသံနှင့် ဂီတစောင်း သံများသည်လည်း သူတို့ကိုကျေနပ်နှစ်သိမ့်စေလိမ့်မည်မဟုတ်ပါ။ ကောင်းကင် သိပ္ပံပညာသည် သူတို့၏စိတ်ထဲတွင် ပဟေဠိဆန်နေလိမ့်မည်။ (ChS 104.4)ChSBur 169.2

    အပြစ်နွံတွင်းကျဆင်းနေသူများ၊ ကုန်းမြေအနှံ့ပြန့်ကျဲနေသူများ၊ တစ ပြင်ကမ်းခြေ၌ ဆိုက်ကပ်နေသောသင်္ဘောပျက်များအလား ဆုံးပါးခြင်းသို့ ရောက်နေကြရသည့်လူထောင်ပေါင်းများစွာအတွက် စိတ်ရှည်ရှည်နှင့် ဇွဲနပဲ ဖြင့် ဝန်ဆောင်ပေးကြရန် ကျွန်ုပ်တို့ကိုခရစ်တော်ခေါ်ယူနေပါသည်။ ခရစ်တော် ၏ဘုန်းတော်၌ မျှဝေခံစားနိုင်ကြသောသူများသည် ကိုယ်တော်၏သာသနာ ထဲ၌ အားနည်းသူများ၊ ဆင်းရဲငြိုငြင်နေသူများ၊ ဒုက္ခဆိုက်ရောက်နေသူများ ကိုလည်း ကူညီခြင်းဖြင့် ဝေမျှပေးကြရလိမ့်မည်။ (ChS 104.5)ChSBur 169.3

    သာမန်လူတို့သည် ဝန်ဆောင်သူများအဖြစ် သူတို့နေရာသူတို့ယူတတ် ကြရမည်။ သူတို့ကိုကယ်တင်တော်မူခဲ့သောအရှင်သည် လူသားများ၏ဝမ်းနည်း ခြင်းကို မျှဝေယူခဲ့သကဲ့သို့ သူတို့အပေါင်းအသင်းများ၏ဆင်းရဲခြင်းများကို မျှဝေယူခြင်းဖြင့် ကိုယ်တော်သည် သူတို့နှင့်အတူ လုပ်ဆောင်နေသည်ဟု ယုံကြည်ခြင်းဖြင့် မြင်ကြရလိမ့်မည်။ (ChS 104.6)ChSBur 169.4

    တပည့်တော်တိုင်း၏အပေါ်၌ ခရစ်တော်၏ရုပ်ပုံလွှာတော်တည်ရှိနေပါ သည်။ ဘုရားသခင်ခွဲခန့်မှတ်သားတော်မူခြင်းရှိသည့်လူတိုင်းသည် “သားတော် ၏ပုံသဏ္ဌာန်နှင့်တညီတည်းဖြစ်ကြ၏။” “လူတိုင်းအပေါ်၌ ခရစ်တော်၏ သည်းခံစောင့်မျှော်နေသည့်မေတ္တာတော်၊ ကိုယ်တော်၏သန့်ရှင်းတော်မူခြင်း၊ စိတ်နှိမ့်ချတော်မူခြင်း၊ စာနာသနားတော်မူခြင်း၊ သစ္စာတည်တော်မူခြင်းများကို ကမ္ဘာလောကသို့ ထင်ရှားစေရပါမည်။” (ChS 104.7)ChSBur 170.1

    အမှုတော်ဆောင်ခြင်းပလ္လင်ခုံပေါ်သို့ အရာအားလုံးတင်လှူကြပါရန် လူတစ်ဦးချင်းစီတိုင်းကို ခေါ်ယူနေပါ၏။ ကျွန်ုပ်တို့အားလုံးသည် ဧလိရှဲအစေ ခံခဲ့သလို အစေခံရန် အခေါ်ခံကြရမည်မဟုတ်။ ထို့အပြင် မိမိပိုင်ဆိုင်မှုများ အားလုံးကို ရောင်းပစ်ရန်လည်း သခင်ပြောနေမည်မဟုတ်ပါ။ သို့သော်လည်း ဘုရားသခင်သည် ကိုယ်တော့်အမှုတော်ကို ကျွန်ုပ်တို့၏နေ့စဉ်ဘဝ၏ပထမ နေရာမှာထားဖို့နှင့် မြေကြီးပေါ်၌ အမှုတော်ရှေ့တိုးရေးအတွက် တစ်စုံတစ်ခုခု မပြုစုဘဲ ကုန်ဆုံးသွားသောနေ့ဟူ၍ မရှိရလေအောင် အသက်ရှင်နေထိုင်ကြ ဖို့တောင်းဆိုနေသည်။ လူတိုင်းထံမှမျိုးတူအမှုဆောင်ခြင်းကို ကိုယ်တော်မျှော် လင့်နေသည်မဟုတ်ပါ။ တစ်စုံတစ်ယောက်ယောက်သည် ပြည်ပဒေသများ သို့သာသနာပြုသွားရန် စေလွှတ်ခြင်းခံရနိုင်သည်။ အခြားတစ်ယောက်ယောက် သည် သူ့ဥစ္စာများကို သာသနာလုပ်ငန်းထောက်ပံ့ရေးအတွက် ပေးလှူပါရန် တောင်းဆိုခြင်းခံရနိုင်သည်။ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ အပ်နှံမှုကို လက်ခံပါသည်။ ဤသည်မှာ အသက်တာအပ်နှံခြင်းနှင့် မရှိမဖြစ်လိုအပ်ချက်များ ဖြစ်သောအာရုံခံယူမှုအလုံးစုံပင်ဖြစ်သည်။ ဤကဲ့သို့အသက်တာအပ်နှံသူသည် ကောင်းကင်ဘုံမှခေါ်သံကိုကြား၍ နာခံခြင်းရှိလိမ့်မည်။ (ChS 105.1)ChSBur 170.2

    စီမံချက်များကို လေးလေးနက်နက်တွေး၍ စိတ်ထဲမှာအမြဲစီးပွားရေး ကိုသာ အာရုံထားသောလောကဆန်သည့် ပညာရှိသည် ထာဝရဖြစ်သော အကျိုးကိစ္စများ၌ ဉာဏ်ပညာတိုးလာရန် ရှာဖွေသင့်သည်။ အကယ်၍ ထိုသူ သည် လောကအကျိုးအမြတ်အတွက် စိတ်ချရလောက်အောင် သူဆောင်ရွက် ခဲ့သည့်အတိုင်း ကောင်းကင်ဘဏ္ဍာလုံခြုံစေရန်နှင့် ဘုရားသခင်၏အသက်တော် နှင့်ချိန်မှီသောသူ့ဘဝကို အားအင်ကြီးစွာဖြင့် ရှေ့တိုးလုပ်ဆောင်ခဲ့ပါသော် မပြီးစီးစေနိုင်သောအရာဘာရှိသေးသနည်း။ (ChS 105.2)ChSBur 170.3

    ဘုရားသခင်သည် မျက်မှောက်ထင်ရှားရှိနေသောသမ္မာတရားသတင်း စကားကို ကြွေးကြော်ရန် စိတ်နှိမ့်ချခြင်းအဆင့်မီသူများကို ရွေးချယ်တော် မူသည်။ ထိုသို့သောလူများစွာကို ဟိုနေရာဒီနေရာတို့တွင် ကပျာကယာ လုပ်ကိုင်နေခြင်း၊ အမှောင်အထဲရှိနေသူများကို အလင်းပေးနိုင်ရန် ဝိညာဉ်တော် အားဖြင့် မဖြစ်မနေလုပ်ဆောင်နေခြင်းများဖြင့် တွေ့မြင်ရလိမ့်မည်။ ပညာ မတတ်သူလူများစွာသည်လည်း ဘုရားသခင့်နှုတ်ကပတ်စကားများကို ကြေညာ ကြလိမ့်မည်။ ကလေးသူငယ်များသည်လည်း ကောင်းကင်ဘုံသတင်းစကားကို ကြွေးကြော်ဖို့ ရှေ့ထွက်လာကြရန် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တိုက်တွန်းခြင်းခံရလိမ့်မည်။ ဝိညာဉ်တော်သည် ချက်ချင်းတုံ့ပြန်လာနိုင်သော သူများအပေါ်သို့ သွန်းလောင်းပေးတော်မူလိမ့်မည်။ လူတို့ချည်နှောင်သော စည်းမျဉ်းများကို ဖြေလွှတ်ခြင်း၊ သတိဖြင့်လှုပ်ရှားနေထိုင်ခြင်းရှိသူတို့သည် ဘုရားသခင်၏တပ်တော်ထဲသို့ ဝင်ရောက်နိုင်ကြ၏။ (ChS 105.3)ChSBur 171.1