Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၅)—သန့်ရှင်းသောဝိညာဉ်တော်

    ကတိတော်

    ယနေ့ ကျွန်ုပ်တို့သည် ကနဦးတပည့်တော်များကို အမှန်အကန် ပြောဆိုခဲ့သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ကတိတော်နှင့်သက်ဆိုင် ပါသည်။ ပင်တေကုတ္တေပွဲနေ့ရက်တစ်ရက်က ကယ်တင်ခြင်းစကားကို ကြားခဲ့ကြသည့်သူများအား ဘုရားသခင်အပ်နှင်းထားတော်မူသည့်အတိုင်း ဘုရားသခင်သည် လူယောက်ျား၊ လူမိန်းမများအပေါ်သို့ အထက်အရပ်မှ တန်ခိုးနှင့်ယနေ့အပ်နှင်းလိမ့်မည်။ ထိုနာရီအချိန်အခါ၌ ဘုရားသခင်၏ဝိညာဉ် တော်နှင့်ကျေးဇူးတော်သည် အလိုရှိသူများအားလုံးအတွက်ဖြစ်၍ စကားသံတော် အားဖြင့် ဘုရားသခင်ကို ယူတင်လိမ့်မည်။ (ChS 250.1)ChSBur 417.1

    သန့်ရှင်းသောဝိညာဉ်တော်၏ကတိတော်သည် အသက်အရွယ်အလိုက်၊ လူမျိုးအလိုက်ကန့်သတ်၍ပေးထားသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသခင်၏ အုပ်စိုးခြင်းသည် ကပ်ကမ္ဘာကုန်သည့်တိုင် ကိုယ်တော်၏တပည့် တော်များနှင့်အတူရှိမည်ဟု ခရစ်တော်ကြေညာခဲ့သည်။ ပင်တေကုတ္တေပွဲနေ့ မှသည် ယနေ့ကာလတိုင်အောင် သခင်ဘုရားနှင့်အမှုတော်မြတ်ထဲ၌ သူတို့ ကိုယ်သူတို့အပြည့်အဝအပ်နှံကြသူများအားလုံးဆီသို့ သက်သာခြင်းပေးသော အရှင်ဥပဇ္ဈာယ်ဆရာတော်ကို စေလွှတ်ပေးတော်မူခဲ့ပါ၏။ (ChS 250.2)ChSBur 417.2

    ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးအားဖြင့် ကိုယ်တော့်လူများကို ပြန်လည်လန်းဆန်းစေလိုသည်။ မေတ္တာတော်အောက်၌ သူတို့ကိုလူသစ်အဖြစ် နှစ်ခြင်းပေးလိုသည်။ အသင်းတော်သည် သန့်ရှင်း သောဝိညာဉ်တော်ရှားပါးမှုကို မလိုချင်ပါ။ ခရစ်တော်တက်ကြွတော်မူပြီးသော အခါ သန့်ရှင်းသောဝိညာဉ်တော်သည် ဆုတောင်းခြင်းဖြင့် စောင့်နေကြကုန် သောယုံကြည်သူတပည့်တော်များအပေါ်သို့ တန်ခိုးဖြင့် အပြည့်အဝဆင်းသက် လာပြီး နှလုံးသားတိုင်းဆီသို့ ထိုးဖေါက်ရောက်ရှိခဲ့သည်။ အနာဂတ်ကာလ မြေကြီးသည် ဘုရားသခင်၏တန်ခိုးတော်ဖြင့် ထွန်းလင်းနေမည်။ ဘုရားသခင် ၏သြဇာလွှမ်းမိုးခြင်းသည် သမ္မာတရားအားဖြင့် စင်ကြယ်စေသောသူတို့မှ တစ်ဆင့် လောကကြီးအပေါ်သို့ သက်ရောက်နေမည်။ မြေကြီးသည်လည်း ကျေးဇူးတော်တရားနှင့်ဝိုင်းပတ်လည်နေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော် သည် လူသားတို့စိတ်နှလုံးအထဲ၌ အလုပ်လုပ်၍ ဘုရားသခင်၏အရာကို ယူထုတ်ပြီး လူသားများအပေါ်တွင် ပြသနေလိမ့်မည်။ (ChS 250.3) ပိုးနောက်ဆုံးအချိန်ကာလ၌ ဖြစ်ရပ်မှန်တစ်ခုမှာ ဘုရားသခင်၏အမှု တော်ပိတ်လုနီးချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုအောက်၌ChSBur 417.3

    ဆက်ကပ်မြှုပ်နှံခဲ့ကြသောယုံကြည်သူများ၏အပြင်းအထန်ကြိုးပမ်းလုပ်ဆောင် မှုသည် ဘုရားသခင်မျက်နှာသာပေးသောအထူးတိုကင်လက်မှတ်နှင့်အတူ ပါရှိလာလိမ့်မည်။ အစောပိုင်းနှင့်နောက်ပိုင်းစာရင်းအရ အရှေ့နယ်မြေစုံ၌ သီးနှံစိုက်ချိန်နှင့်ရိတ်သိမ်းချိန်တွင် ကျဆင်းသောမိုးရေသည် ဘုရားသခင်၏ အသင်းတော်အပေါ်သို့ ့ ထူးကဲသောအတိုင်းအဆနှင့် ဝိညာဉ်ကျေးဇူးတော် အပ်နှင်းရှိစေမည်ဖြစ်ကြောင်း ဟေဗြဲလူပုရောဖက်များက ကြိုတင်နိမိတ်ပေး ခဲ့ကြပါသည်။ တမန်တော်များနေ့ရက်များ၌ ဖျန်းချပေးခဲ့သောဝိညာဉ်တော် သည် ကနဦးအစပိုင်း၌ (သို့မဟုတ်) ကျပြီးသောရှေးယခင်မိုးရေကဲ့သို့ဖြစ်၏။ ဘုန်းတော်ထွန်းတောက်ခြင်းသည် အကျိုးထွက်ခဲ့သည်။ နောက်ဆုံးသော အချိန်၌ ဝိညာဉ်တော်ထင်ရှားခြင်းသည် မှန်သောအသင်းတော်နှင့်အတူရှိနေ မည်။ (ChS 250.4)ChSBur 418.1

    ၃ပါး သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းသည် တမန်တော်ကြီး များအချိန်၌ “ရှေးယခင်ကမိုးရေ” ဖြစ်ပြီး ဘုန်းတော်ထင်ရှားခြင်းအကျိုးထွက် ခဲ့သည်။ သို့သော်နောက်ပိုင်းမိုးရေသည် အလျှံပယ်ကြွယ်ဝစွာရှိပါလိမ့်မည်။ ထိုနေ့ရက်ကာလ၌ အသက်ရှင်နေထိုင်သူများအတွက် မည်သည့်ကတိတော် ရှိခဲ့လေသနည်း။ “အချုပ်ခံ၍ မျှော်လင့်သောသူတို့၊ ရဲတိုက်သို့ပြန်လာကြ လော့။ ငါသည် နှစ်ဆသောကျေးဇူးကိုပြုဦးမည်ဟု ယနေ့ပင်ပြောထား၏။” --- “နောက်မိုးရွာရာကာလတွင် မိုးရွာစေမည်အကြောင်း ထာဝရဘုရား ထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသခင်သည် လျှပ်စစ်ကိုပြင်ဆင် ၍ များစွာမိုးရွာသဖြင့် ခပ်သိမ်းသောလူတို့အဖို့ လယ်ပြင်၌အပင်ပေါက်စေ တော်မူမည်။” (ဇာခရိ ၉း၁၂။ ၁၀း၁) (ChS 251.1)ChSBur 418.2