Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    သတိရအောက်မေ့ ရန်

    ကျွန်ုပ်တို့၏လူမှုဆက်ဆံရေးပုံစံမျိုးစုံထဲမှာ အခြားသူတို့၏အတွေ့ အကြုံဖြစ်ရပ်များစွာကို သေမျိုးလူ့အမြင်ဖြင့်သာ မှတ်ကျောက်တင်မြင်တွေ့ တတ်ကြပါသည်။ သို့ဖြစ်၍ ဝမ်းနည်းစရာလူ့သမိုင်းစဉ်များကို စာအုပ်များ အားဖြင့် သတိရစေနိုင်သည်မဟုတ်လော။ ထိုလူ့သမိုင်းဖြစ်ရပ်များကို သိလိုစိတ် ပြင်းသောမျက်လုံးများသည် ကြောက်ရွံ့လျက် ဖတ်ကြည့်ပါသည်။ ပတ်ဝန်းကျင် လူမှုဆက်ဆံရေးအခြေအနေများနှင့် ပြင်းထန်စွာတိုက်ပွဲဝင်ခဲ့ရသောမှတ်တမ်း များလည်းရှိပါ၏။ အိမ်တွင်းရေးဘဝနှင့် ပတ်သက်သောမတော်တဆဒုက္ခ များလည်း ပါဝင်ပါလိမ့်မည်။ ထိုဆင်းရဲဒုက္ခများသည် နေ့စဉ်နှင့်အမျှ ဖိစီး လာသောကြောင့် ရဲရင့်ခြင်း၊ စိတ်ချရခြင်းနှင့်ဘုရားတရားယုံကြည်ခြင်းတို့ သည် အားနည်းလာရ၏။ ထိုသို့သောဘဝတိုက်ပွဲကို ထစ်ထစ်ငေါ့ငေါ့ဆင်နွှဲ နေရသူတို့အား မေတ္တာပြအကျိုးဆောင်ပေးမှုအနည်းငယ်မျှနှင့် သူတို့တစ်တွေ ခွန်အားနှင့် သတ္တိပြန်ရရှိနိုင်ပါသည်။ ထိုကဲ့သို့ခွန်အားပေးတတ်သောမိတ်ဆွေစစ် တစ်ယောက်ဆုပ်ကိုင်ထားသောလက်သည် ရွှေ၊ ငွေထက်မက တန်ဖိုးရှိပါ သည်။ အကြင်နာမေတ္တာစကားများသည် အပြုံးနှင့်ဆီးကြိုနေသောကောင်းကင် တမန်များကဲ့သို့ဖြစ်ပါသည်။ (ChS 189.2)ChSBur 316.3

    လူမြောက်မြားစွာသည် ဆင်းရဲတွင်းနက်လျက် ရုန်းကန်နေကြပါ သည်။ အသက်ရှင်ရုံမျှအတွက်နှင့် အနည်းငယ်သောဝင်ငွေရရန် ပင်ပန်းစွာ ရှာဖွေစားသောက်နေကြရပါသည်။ ပင်ပန်းခြင်းနှင့်စွန့်ပယ်ခြင်းတို့ကိုခံရပြီး ဘဝအတွက် မျှော်လင့်ချက်မရှိခြင်းသည် သူတို့၏ထမ်းပိုးကို ပို၍လေးစေ ပါ၏။ ဖျားနာခြင်းနှင့်ရောဂါဝေဒနာများပေါင်းစပ်လိုက်ပါက သူတို့၏ထမ်းပိုး သည် မသယ်နိုင်လောက်အောင်သူတို့၌ ဝန်ပိလျက်ရှိပါ၏။ ပင်ပန်း၍ ဖိနှိပ် ခြင်းခံကြရသောကျန်လူများသည် သက်သာမှုကိုမရှာဖွေတတ်ဘဲ ရှိနေပါသည်။ သူတို့ရင်ဆိုင်နေရသောစုံစမ်းနှောင့်ယှက်မှုများ၊ ဝမ်းနည်းကြေကွဲမှုများနှင့် စိတ်ပျက်ခြင်းတို့ကို သူတို့နှင့်အတူ မျှဝေခံစားကြပါ။ ဤကဲ့သို့ကိုယ်ချင်း စာတရားလုပ်ရပ်များကြောင့် သင်သည် သူတို့အား ကူညီမစရန် လမ်းစပွင့် လာပါလိမ့်မည်။ ထိုသူတို့အား ထာဝရဘုရား၏ကတိတော်များကို ပြောပြ ပါ။ သူတို့နှင့်အတူ သူတို့အတွက် ဆုတောင်းပေးကြပါ။ သူတို့၌ မျှော်လင့် ချက်ရောင်ခြည်သန်းလာပါစေ။ (ChS 189.3)ChSBur 317.1

    အသက်ရှင်ရေးအတွက် ပင်ပန်းစွာကြိုးစားရုန်းကန်လှုပ်ရှားရသူတွေ များစွာရှိပါ၏။ ချို့တဲ့မှုကြောင့်ခံပြင်းပြီး ယုံကြည်မှုနှင့်ဝေးနေကြပါသည်။ သူတို့အနေနှင့်ကျေးဇူးတရားသိတတ်ဖို့မလိုဟု သဘောထားကြပါသည်။ အကြင်နာစကားများ၊ ကိုယ်ချင်းစာစိတ်နှင့် အကြည့်များ၊ နားလည်မှုပေး သောသဘောထားများသည် တစ်ကိုယ်တည်းရုန်းကန်နေရသူအဖို့ ရေငတ် နေသူအား သောက်ရေတစ်ခွက်ပေးသည်နှင့်အလားတူပါ၏။ စာနာထောက်ထား သောစကားတစ်ခွန်း၊ အကြင်နာပေးသောလုပ်ရပ်တစ်ချက်တို့သည် ဝန်လေး၍ ပင်ပန်းနေသူအား ဝန်ထုပ်ဝန်ပိုးများပေါ့ပါးသွားစေနိုင်ပါသည်။ ကိုယ်ကျိုး မဖက်သောကြင်နာမှုဖြင့် ပြောဆိုသောစကားအခွန်းတိုင်း (သို့မဟုတ်) ဆောင်ရွက် မှုတိုင်းသည် ပျောက်ဆုံးနေသောလူသားများအတွက် ခရစ်တော်၏မေတ္တာကို ဖော်ပြပေးနိုင်ခြင်းဖြစ်သည်။ (ChS 189.4)ChSBur 317.2

    Larger font
    Smaller font
    Copy
    Print
    Contents