Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ဘု ရားသခင်ကွယ်ကာတော်မူခြင်း

    ပဋိပက္ခအငြင်းပွားမှုသည် မရပ်မနားရှိနေမည်ဖြစ်သော်လည်း ရုန်းကန် တိုက်ပွဲအထဲတွင် တစ်ယောက်တည်းသာကျန်ရစ်နေမည်မဟုတ်ပါ။ ဘုရား သခင်အရှေ့တွင် နှိမ့်ချစွာလျှောက်လှမ်းနေကြသူများအား ကောင်းကင်တမန် ကူညီကာကွယ်ပေးနေသည်။ ဘုရားသခင်၌ စိတ်ချအပ်နှံသူအယောက်စီတိုင်း အပေါ် ကိုယ်တော်သည် ကတိတော်ကို ဘယ်တော့မှဖျက်ပစ်လိမ့်မည် မဟုတ်။ ဘုရားသားသမီးများဖြစ်သောကြောင့် စာတန်မာရ်နတ်ရန်မှကာကွယ် ပေးရန် ကိုယ်တော်သည် သနားခြင်းမေတ္တာတော်နှင့် သူ့အနီးသို့ဆွဲယူပြီး ရန်သူကိုတိုက်ခိုက်ရန် စံနှုန်းတစ်ရပ်ဆီသို့ သူတို့ကိုတင်မြှောက်ထားတော် မူလိမ့်မည်။ “သူတို့ငါ့လူတွေဖြစ်တယ်၊ မထိကြနှင့်” ဟူ၍ ကိုယ်တော်အမိန့် ပေးနေသည်။ “ငါ့လက်ဝါးပေါ်မှာ သူတို့ကိုအသေအချာယူတင်ထား မည်။” (ChS 166.2)ChSBur 275.2

    ဖြောင့်မတ်ခြင်းတရားတော်အတွက် ဒုက္ခခံနေကြရသောသူတို့သည် ကောင်းကင်ဘုံနှင့်အလွန်နီးသူဖြစ်သည်။ ခရစ်တော်သည် သစ္စာခံတပည့်တော် များ၏အကျိုးနှင့်အတူ ကိုယ်တော့်အကျိုးကို ဖေါ်ဆောင်လုပ်ကိုင်တော်မူ၏။ ကိုယ်တော်သည် သူ၏သန့်ရှင်းသူတပည့်များကိုယ်စားခံစားရသည်။ တစ်ယောက်ယောက်က သူ့တပည့်ကိုထိလျှင် သူ့ကိုထိသကဲ့သို့ ခံစားရသည်။ ခန္ဓာကိုယ်ထိခိုက်နာကျင်ခြင်း၊ စိတ်သောကရောက်ရခြင်းများကို ကယ်လွှတ် နိုင်သောတန်ခိုးသည် ဘေးဒုက္ခကြီးမှလွတ်မြောက်နိုင်ရန်လည်း နီးစပ်သည်။ အခြေအနေအရပ်ရပ်အောက်တွင် လူ့ဂုဏ်သိက္ခာကိုစောင့်ထိန်းနိုင်ရန် ဘုရား သခင်၏အစေခံဖြစ်သူတို့အဖို့ အဖြစ်နိုင်ဆုံးဆောင်ရွက်နိုင်စွမ်းပင်တည်း။ (ChS 166.3)ChSBur 276.1

    သခင်ဘုရားသည် ကိုယ်တော်၏အသင်းတော်၌ ဘေးအန္တရာယ် ကြုံနေရခြင်း၊ ရန်သူတိုက်ခိုက်၍ အနာရလိုက်ခြင်းများကို မေ့လျော့နေတော် မူလေပြီဟု အချိန်အခါအလိုက်အထင်ရောက်နိုင်ကြသည်။ သို့သော် ကိုယ်တော် သည် မေ့လျော့နေတော်မမူ။ ဘုရားသခင်၏အသင်းတော်ကို ကိုယ်တော့် နှလုံးအထဲ ချစ်မြတ်နိုးတော်မူသည်မှာ တူသည့်အရာလောကတွင် ဘာမျှမရှိ လေပြီ။ “လောကမူဝါဒများအားဖြင့် အသင်းတော်မှတ်တမ်းကို မှားယွင်း စေလိမ့်မည်ဆိုသည်မှာ ဘုရားအလိုတော်မဟုတ်ပါ။” စာတန်၏ သွေးဆောင်ဖြားယောင်းခြင်းမှ ကျော်လွှားလွတ်မြောက်လာကြရန် ကြိုးပမ်းမှုတွင် ဘုရားသခင်သည် သူ့လူများကို မေ့ချန်ထားလိမ့်မည်မဟုတ်ပါ။ ဘုရားသခင် အကြောင်းအမှားတင်ဆက်သူများကို ကိုယ်တော်ပြစ်ဒဏ်ပေးလိမ့်မည်။ စိတ်ပါ လက်ပါနောင်တနှင့်ပြန်လာသူများအားလုံးအပေါ်တွင် ဘုရားသခင်ဘုန်းတော် ရောက်ခြည်ဖွင့်လှစ်ပေးပါလိမ့်မည်။ (ChS 166.4)ChSBur 276.2

    -o-

    Larger font
    Smaller font
    Copy
    Print
    Contents