Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိတ်ပျက်အားလျော့မှုကိုဘယ်လိုချေဖျက်မလဲ

    သခင်ဘုရား၏အစေခံများသည် စိတ်ပျက်စရာမျိုးစုံကို ရင်ဆိုင်ကြ ရမည်။ သူတို့သည် ရန်သူ၏အမျက်ဒေါသ၊ အထင်သေးခြင်းနှင့်ရက်စက် ခြင်းတို့ဖြင့် အစမ်းသပ်ခံကြရမည်။ ထိုထက်မက ပျင်းရိခြင်း၊ ရှေ့နောက် မညီဖြစ်ခြင်း၊ မတက်မကြွရှိခြင်းနှင့် မိတ်ဆွေများ၊ အကူအညီပေးသူများ၏ သစ္စာမဲ့လုပ်ရပ်များကိုလည်း ရင်ဆိုင်ကြရမည်။ အချို့ရှိသေးသည်။ ဘုရား အမှုတော်၌ အောင်မြင်စွာလုပ်ကိုင်လိုသောဆန္ဒရှိသူများထံမှ သူတို့၏အစီရင် ခံချက်များ၊ ကြားနာရခြင်းများ၌ တစ်ဝက်တစ်ပျက်ယုံကြည်ချက်နှင့်အသရေ ဖျက်ပြောဆိုခြင်း၊ ဝါကြွားပြောဆိုခြင်းတို့ကို ရန်သူတို့၏ခြိမ်းခြောက်မှုနှင့် အတူရောက်လာ၍ လက်တစ်ဆုပ်စာကိုယ်တော်၏အမှုတော်ဆောင်များကို အားလျော့စေနိုင်သေး၏။ ပုရောဖက်နေဟမိသည် စိတ်ပျက်စရာကြီးစွာဖြစ် နေစဉ် ဘုရားသခင်ကိုစိတ်ချယုံကြည်၍ ဆောင်ရွက်ခဲ့၏။ ဤအကြောင်းသည် ကျွန်ုပ်တို့၏အကွယ်အကာဖြစ်လာသည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်လုပ် ပေးခဲ့သည့်အကြောင်းအရာများကို အမှတ်ရခြင်းသည် ဘေးအန္တရာယ်အပေါင်း ကြုံလာရသောအခါ အထောက်အပံ့သက်သေဖြစ်လိမ့်မည်။ “မိမိသားတော် ရင်းကိုမနှမြောဘဲ ငါတို့ရှိသမျှအဖို့အလို့ငှာ စွန့်တော်မူသောသူသည် သားတော် နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အား မပေးဘဲ အဘယ်သို့နေတော် မူမည်နည်း။” (ရောမ ၈း၃၂)။ ထို့အပြင် “ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဘက်၌ နေနိုင်မည်နည်း။ စာတန်မာရ်နတ်၏လျှို့ဝှက်အကြံသည် မည်သို့ပင်ပရိယာယ်ကြွယ်ကြွယ် သူ့အပေါင်းအသင်းနတ်ဆိုးတို့ ခင်းချလိုက်သမျှကို ဘုရားသခင်သည် အကုန် အစင်သိသည်ဖြစ်သောကြောင့် သူတို့လုပ်ကြံပြောလာသောအရာအားလုံးသည် အချည်းနှီးဖြစ်ပါ၏။ (ChS 239.3)ChSBur 398.1

    အတိုက်အခိုက်ရှိသောရှေ့တန်း၌ ရောက်နေသောသူများသည် အထူး အမှုတော်တစ်ရပ်ကို လုပ်ဆောင်ရန် သန့်ရှင်းသောဝိညာဉ်တော်စေ့ဆော်ခြင်း ခံရသည်ဖြစ်၍ သူတို့၌ဖိအားဖယ်ထုတ်ခံရသောအခါ တုံ့ပြန်မှုတစ်ခုကို ခံစား ရလိမ့်မည်။ စိတ်မချမ်းမြေ့ခြင်းသည် အရဲရင့်ဆုံးသောယုံကြည်ခြင်းကို ကိုင်လှုပ် လိမ့်မည်။ အခိုင်မြဲဆုံးသောအလိုဆန္ဒကိုလည်း အားလျော့စေ၏။ သို့သော် ဘုရားသခင်သိပါသည်။ ကိုယ်တော်သည် သနားကြင်နာချစ်မေတ္တာထားရှိ ပါသည်။ ကိုယ်တော်သည် လှုပ်ရှားမှုကိုကြည့်၍ နှလုံးအကြံအစည်ကိုမြင် ပါသည်။ စိတ်ရှည်သည်းခံစောင့်ဆိုင်းရန်၊ အရာရာအမှောင်ဖုံးလွှမ်းသော်လည်း ယုံကြည်စိတ်ချရပ်တည်နိုင်ရန်ဆိုသည်မှာ ဘုရားအမှုတော်ဆောင်များလေ့လာ ရန် သင်ခန်းစာပင်တည်း။ သူတို့ဒုက္ခခံရသောနေ့ရက်များ၌ ကောင်းကင်ဘုံ သည် သူတို့အဖို့ မဆုံးရှုံးစေရပါ။ ဝိညာဉ်သည် နတ္တိဗလာခံစားမိသောအခါ ဘုရားသခင်အပေါ်ဝယ် လုံးလုံးလျားလျားမှီခိုရသည်ထက် သိသိသာသာပို၍ အကာအကွယ်မဲ့သောအရာ၊ သို့တိုင်ကျော်လွှား၍မရနိုင်သောအရာအမှန်ဘာမျှ မရှိပါချေ။ (ChS 240.1)ChSBur 399.1

    ဘုရားသခင်သည် အရှုံးမပေးတတ်၊ စိတ်အားမပျက်တတ်သော် လည်း အလုပ်ထဲတွင် မနှစ်မြို့စရာအင်္ဂါရပ်များအားလုံးနှင့် လက်ခံလုပ်ကိုင် လိုသူစစ်သည်တော်များကို ခေါ်ယူနေပါသည်။ ကျွန်ုပ်တို့၏ပုံစံကို ခရစ်တော် ပြုစုသမျှ အားလုံးဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့၌ရှိစေလိုတော်မူသည်။ (ChS 240.2)ChSBur 399.2

    ယနေ့ကာလ၌ လူကြိုက်မများသောသမ္မာတရားကို သွန်သင်နေကြ သူများသည် အကယ်၍ အချိန်နှင့်အမျှ မျက်နှာသာမပေးသောတုံ့ပြန်ခြင်း ခံရသည့်အပြင် ခရစ်ယာန်များဟု ပြောသောသူများထံမှလည်း အားပေးခြင်း မခံရဟုဆိုလျှင် တမန်တော်ပေါလုနှင့် သူ့နောက်လိုက်လုပ်ဖော်ကိုင်ဖက်များက သူတို့ဝန်ဆောင်ပေးနေသူများထံမှ ထိုကဲ့သို့ရင်ဆိုင်ရခြင်းထက် ပို၍စိတ်ပျက် အားလျှော့ရန် မလိုပါ။ လက်ဝါးကပ်တိုင်တရားသတင်းစကားပြောသူများသည် ဂရုစိုက်ကြည့်ရှုခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် သူတို့ကိုယ်ကိုတန်ဆာဆင် ထားရမည်။ ယုံကြည်ခြင်းနှင့်သတ္တိရှိခြင်းဖြင့် ရှေ့တိုးလှုပ်ရှားရမည်။ ယေရှု ၏နာမ၌ အမြဲတမ်းအမှုဆောင်နေကြရမည်။ (ChS 240.3)ChSBur 400.1