Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်၏ထိန်းချုပ်ဝိညာဉ်တော်ဆုတ်ခွာသွားခြင်း

    ဘုရားသခင်၏ထိန်းချုပ်ဝိညာဉ်တော်သည် ယခုအခါ ဤကမ္ဘာမှ ဆုတ်ခွာသွားလျက်ရှိနေပါသည်။ ဟာရီကိန်းမုန်တိုင်းကြီးများ၊ မိုးသက်မုန်တိုင်း များ၊ လေပြင်းမုန်တိုင်းများ၊ မီးဘေးနှင့်ရေဘေးများ၊ ကုန်းပေါ်ရေပေါ်၌ ကြုံရ သည့်ဘေးဒုက္ခအဖြာဖြာသည် အလျင်အမြန်ဆက်တိုက်ရောက်လာနေပါသည်။ သိပ္ပံပညာသည် ဤအရာအားလုံးကို ရှင်းပြဖို့ကြိုးစားရှာဖွေနေသည်။ နိမိတ် လက္ခဏာများဖြင့် ကျွန်ုပ်တို့အနီးတစ်ဝိုက်တွင် အထပ်ထပ်ဖွင့်ပြလာသည်မှာ ဘုရားသခင်၏သားတော်ကြွလာတော်မူမည့် အချိန်နီးလျက်ရှိသည်ကို ကြားပြောနေသည်ဖြစ်၍ ထိုအကြောင်းကိုမှန်သောအမှုတစ်ခုခုမှတစ်ပါး မှတ်ယူ ထားကြရမည်။ ဘုရားသခင်၏လူများ၌ တံဆိပ်ခတ်ခြင်းအမှုမပြုမချင်း၊ ကင်းစောင့်ကောင်းကင်တမန်တို့သည် အရပ်လေးမျက်နှာ၏လေကို မတိုက် ခတ်ရလေအောင် ထိန်းချုပ်ထားခြင်းအမှုကို လူသည်ခွဲခြားမသိရနိုင်ကြပါ။ သို့ရာတွင် ဘုရားသခင်သည် ထိုလေးမျက်နှာအရပ်မှလေကို သူ၏ကောင်းကင် တမန်များအား လွှတ်စေတော်မူပါလျှင် အဘယ်ပန်းချီစုတ်ချက်အားဖြင့်မျှ ရေးမမီနိုင်သည့်ခိုက်ရန်ဖြစ်ခြင်းမြင်ကွင်းဆိုက်ရောက်လာပါလိမ့်မည်။ (ChS 52.1)ChSBur 80.3

    ကျွန်ုပ်တို့အသက်ရှင်ရသောနေ့ရက်များသည် လေးနက်၍အရေးကြီး လှပါသည်။ ထာဝရဘုရားသခင်၏ဝိညာဉ်တော်သည် တဖြည်းဖြည်းချင်းနှင့်အသေ အချာဆုတ်ခွာသွားနေပါပြီ။ ကာလနာဘေးများနှင့်တရားစီရင်ခြင်းတို့သည် ဘုရားကျေးဇူးတော်ကို တန်ဖိုးမထားသူတို့အပေါ်သို့ အသင့်ကျရောက်နေပါ ပြီ။ မြေပေါ်နှင့်ရေပေါ်မှာ ကျရောက်သောဘေးဒုက္ခများ၊ လူ့ဘောင်အဖွဲ့အစည်း မတည်ငြိမ်မှုများ၊ စစ်ပွဲနှိုးဆော်သံများသည် အတိတ်နိမိတ်ပြလာပါသည်။ ထိုအရာများသည် အကြီးမားဆုံးသောအရေးအကြောင်းဖြစ်ရပ်များရောက်လာ မည်ကို ကြိုတင်ဟောကိန်းထုတ်ပေးနေခြင်းဖြစ်သည်။ ဒုစရိုက်အဖွဲ့အစည်း များသည်လည်း သူတို့အင်အားများစုစည်းကာ၊ ခိုင်မာတောင့်တင်းအောင် လုပ်နေကြပြီ။ နောက်ဆုံးအကျပ်အတည်းကာလအတွက် သူတို့အားဖြည့်ယူနေ ကြသည်။ ပြောင်းလဲမှုဖြစ်ရပ်ကြီးများ ဤကမ္ဘာပေါ်တွင် မကြာမတင်နေရာ ယူလာပါလိမ့်မည်။ နောက်ဆုံးသောလှုပ်ခတ်မှုသည် အလျင်စလိုအမှုတစ်ခု ဖြစ်လိမ့်မည်။ (ChS 52.2)ChSBur 81.1

    ကမ္ဘာပေါ်တွင် ဝမ်းနည်းရခြင်းများမကြာမီဖြစ်လာရသောအခါ နောက်ဆုံးအချိန်ရောက်ပြီဖြစ်၍ ဤအနာကိုအဘယ်လူသားဖြေသိမ့်ပေးသူကမျှ မငြိမ်းစေနိုင်ပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရုပ်သိမ်းလျက်ရှိနေပါပြီ။ ရေဘေးဒုက္ခ၊ မြေဘေးဒုက္ခများသည် တစ်ခုပြီးတစ်ခုဆက်တိုက်အမြန်ရောက် လာလို့နေပါသည်။ မြေငလျင်လှုပ်ခတ်ခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်သွား ခြင်း၊ မီးလောင်ဆုံးရှုံးခြင်း၊ ရေလွှမ်းမိုးပျက်စီးခြင်းများကြောင့် အသက်အိုးအိမ် များဆုံးပါးခဲ့ကြရသည်ကို ကျွန်ုပ်တို့မကြာမကြာကြားနေရသည်။ ဤသို့အထင် အရှားဖြစ်လာသည့်ဘေးဆိုးကြီးများသည် လောကသဘာဝတရား၏ထိန်းမနိုင်၊ သိမ်းမနိုင်သောအပြောင်းအလဲမြန်လွန်းခြင်းဖြင့် ကျရောက်လာသည်ဖြစ်၍ လူတို့ ထိန်းချုပ်မှုထက် လုံးလုံးလျားလျားကျော်လွန်၏။ သို့သော် ထိုအရာများထဲ၌ ဘုရားသခင်၏အကြံအစည်တော်ကို သိရှိနိုင်သည်။ ထိုအရာများအားဖြင့်လည်း လူသားအပေါင်းတို့ကို သူတို့ကြုံရသည့်ဘေးဒုက္ခမှနိုးထလာစေဖို့ ကိုယ်တော် ပြုစုနေရသည့်ကိုယ်စားနိမိတ်များဖြစ်လေသည်။ (ChS 52.3)ChSBur 81.2