Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လုပ်ငန်းပညာသင်ကြားရေး

    ဆင်းရဲသောမိသားစုများအမြောက်အမြားရှိနေသည်ဖြစ်ရာ သူတို့ အထဲသို့ သာသနာပြုလုပ်ငန်းကောင်းကောင်းတစ်ခု လုပ်ဆောင်ပြီးစီးဖို့ မလွယ် ကူသည်ဖြစ်၍ သူတို့ကိုမြေယာနေရာချထားပေးရန်နှင့် အသက်မွေးလုပ်ငန်း ဖြစ်ထွန်းအောင်လုပ်တတ်ကြရန်ကိုသာ အကူအညီပေးဖို့ရှိပါသည်။ ဤသို့ ကူညီခြင်း၊ လမ်းညွှန်ခြင်းအတွက် လိုအပ်ချက်သည် မြို့များအထဲ၌ ပိတ်လှောင် လုပ်ကိုင်နေကြရမည်မဟုတ်ပါ။ ကျေးလက်တောရွာများ၌ပင်လျှင် လူတွေ ဘဝကောင်းစားရေးအတွက် ဖြစ်နိုင်သမျှအားလုံးကို လုပ်ပေးကြရန်နှင့် ဆင်းရဲသားအမြောက်အမြားတို့သည်လည်း ကြီးစွာတောင့်တနေကြကုန်၏။ ယင်းဒေသလူနေရပ်ကွက်အုပ်စုတစ်ခုလုံးသည် သက်မွေးအလုပ်အကိုင်နှင့် ရေသန့်အတွက် ကျန်းမာရေးညီညွတ်စွာနေတတ်ရန် ပညာရေးကင်းမဲ့လျက် ရှိကြသည်။ မိသားစုများသည် တဲစုတ်တွေအထဲမှာနေ၍ သာမန်ကာလျှံကာ ပရိဘောဂနှင့် မစို့မပို့အဝတ်အစားတွေဝတ်ပြီး ပစ္စည်းကင်းမဲ့၊ စာအုပ်စာပေ မရှိနှင့် သက်သောင့်သက်သာနေမရခိုကိုးရာမဲ့ဘဝများ၌ ရှိနေကြကုန်သည်။ ယဉ်ကျေးမှုအဆင့်အတန်းလည်း နိမ့်ကျရ၏။ သရဲမရဲစီးနေသည့်ဝိညာဉ်တွေ၊ ခန္ဓာကိုယ်အားနည်းချက်များနှင့် ရုပ်ပျက်ဆင်းပျက်မြင်ရခြင်းများသည် နတ်ဆိုး ဇာတိပုံနှင့် မိစ္ဆာစရိုက်လက္ခဏာများဖွင့်ပြလာသည်ကဲ့သို့ဖြစ်၏။ ဤလူတွေ ကို အခြေခံအုတ်မြစ်ကအစ သွန်သင်ပေးဖို့လိုပါသည်။ သူတို့သည် ကလေ ကလွင့်၊ ပျင်းရိ၊ အကျင့်ပျက်အသက်ရှင်နေထိုင်လာခဲ့ကြသောကြောင့် စာရိတ္တ ပြုပြင်ရေးသင်တန်းပေး၍ သွန်သင်သွားကြရမည်။ (ChS 129.1)ChSBur 213.2

    စက်ရုံလုပ်ငန်းမျိုးစုံထူထောင်ထားရှိသည်ကို လူတွေအာရုံပြုမိစေရန် ပြုလုပ်ပေးရမည်။ သို့မှသာ ဆင်းရဲသားမိသားစုဝင်များအလုပ်ဝင်လုပ်နိုင်ကြ မည်။ လက်သမားဆရာများ၊ ပန်းပဲဆရာများစသည်ဖြင့် အသုံးကျသောအလုပ် မျိုးအချို့ကို အမှန်တကယ်တတ်ကျွမ်းသူတိုင်းသည် ကလေကလွင့်နေထိုင်ပြီး အလုပ်လက်မဲ့နေကြသူများကို သွန်သင်ပေးခြင်း၊ အကူအညီပေးခြင်း၌ သူတို့ တာဝန်ရှိကြောင်း ခံစားသင့်ကြသည်။ (ChS 129.2)ChSBur 214.1

    ခရစ်ယာန်လယ်သမားများသည် ဆင်းရဲသားများကို မြေယာရှာအိမ် ဆောက်နေထိုင်ကြရန် အကူအညီပေးနိုင်ကြသည်။ သူတို့ကိုမည်သို့မြေယာ ထွန်ယက်စိုက်ပျိုး၍ အကျိုးဖြစ်ထွန်းစေမည်ကို သွန်သင်ပေးနိုင်သည်။ သူတို့ ကိုဘယ်လိုစိုက်ပျိုးရေးအကောင်အထည်ဖေါ်ရမည်ကိုလည်းကောင်း၊ ရာသီ အလိုက်သီးနှံမျိုးစုံကို ဘယ်လိုစိုက်ပျိုးထွန်ယက်ရမည်ကိုလည်းကောင်း သစ်သီးခြံတစ်ခုကို ဘယ်လိုစိုက်ပျိုးပြုစုရမည်ကိုလည်းကောင်း သင်ကြားပေး ကြပါ။ (ChS 129.3)ChSBur 214.2

    သူဆင်းရဲတို့အတွက် သာသနာနယ်ထဲတွင် အမျိုးသား၊ အမျိုးသမီး တို့ဝင်ရောက်အမှုဆောင်ရန် နေရာကျယ်ကျယ်ပြန့်ပြန့်ရှိပါသည်။ ကျွမ်းကျင် သောချက်ပြုတ်သမား၊ အပ်ချုပ်စက်ချုပ်သမားများ၊ သူနာပြုများ၊ အထောက် အကူပေးနိုင်သူများအားလုံးကို လိုအပ်သည်။ ဆင်းရဲသားအိမ်ထောင်မိသားစု ဝင်များသည် မည်သို့ချက်ပြုတ်ရမည်ကိုလည်းကောင်း၊ ကိုယ်ပိုင်အဝတ်အစား များ မည်သို့ချုပ်လုပ်ဝတ်ဆင်ကြရမည်ကိုလည်းကောင်း၊ နေမကောင်းသူများ အားမည်သို့သူနာပြုစုပေးရမည်ကိုလည်းကောင်း သင်ယူကြရမည်။ လူငယ် ကျားမအားလုံးအတွက် ကုန်သွယ်သက်မွေးဝမ်းကျောင်းအလုပ်ကို ကျကျနန သွန်သင်ပေးကြပါစို့။ (ChS 129.4)ChSBur 214.3