အခန်း (၂၆)—အောင်မြင်ခြင်းစိတ်ချရမှ
ကောင်းကင်ဘုံရှင်၏အာမခံချက်
အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် တန်ဆာပလာ များအဖြစ် ဖြည့်ဆည်းပေးကြမည်ဆိုလျှင် ကိုယ်တော်သည် မစလုပ်ဆောင် ပေးတော်မူလိမ့်မည်။ (ChS 257.1)ChSBur 428.1
ဘုရားသခင်သည် စိတ်ပါလက်ပါအမှုဆောင်သည်ကို လက်ခံတော် မူမည်။ လျော့နည်းလစ်ဟာလျှင်လည်း ကိုယ်တော်တိုင်ဖြည့်ဆည်းပေးပါလိမ့် မည်။ (ChS 257.2)ChSBur 428.2
ဖြောင့်မတ်စွာပြုသောအမှုတိုင်းသည် ပြုသောသူက တစ်စုံတစ်ရာ တန်ဖိုးဖြင့် အမှတ်သားပြုခဲ့သည်ဟု သူ၌မခံစားမိသော်လည်း သူပြုသောအမှု ကိုမော်ကွန်းတင်ထိုးထားလိမ့်မည်။ (ChS 257.3)ChSBur 428.3
သင်သည် အမှန်တကယ်ဆက်ကပ်မြှုပ်နှံသူဖြစ်လျှင် ဘုရားသခင် သည် သင်၏တန်ဆာပလာအားဖြင့် အခြားသူများကို သမ္မာတရားလမ်းသို့ ပို့ပေးလိမ့်မည်။ ထိုသူများသည်လည်း အမှောင်ထဲ၌ စမ်းတဝါးဝါးလျှောက်လှမ်း နေကြသူများစွာကို အလင်းတရားသယ်ဆောင်သွားစေရန် လမ်းကြောင်းမကြီး များကဲ့သို့ ဘုရားသခင်အသုံးပြုမည်။ (ChS257.4)ChSBur 428.4
သမ္မာတရားသည် မကြာမီဝင့်ကြွားစွာအောင်ပွဲခံလိမ့်မည်။ ဘုရား သခင်နှင့်အတူတကွလုပ်ဆောင်ရန် ရွေးချယ်ကြသူယခုလူအားလုံးသည်လည်း ထိုသမ္မာတရားနှင့်အတူ အောင်ပွဲခံလိမ့်မည်။ (ChS 257.5)ChSBur 428.5
ဘုရားသခင်၏အမှုတော်အတွက် သူတို့ကိုယ်သူတို့ဆက်ကပ်ထားကြ သူအယောက်စီတိုင်းသည် ဘာတစ်ခုကိုမျှ ထိန်ချန်ထားခြင်းမရှိလျှင် အတိုင်း အဆမရှိအကျိုးပေးသောတန်ခိုးကို ပေးအပ်ခြင်းခံကြရမည်။ (ChS 257.6)ChSBur 428.6
ကျွန်ုပ်တို့၏အပေါင်းအသင်းဝင်လူများအား ကယ်တင်ခြင်းပေးနိုင် ရန် ကျွန်ုပ်တို့ဝီရိယစိုက်၍ လုပ်ဆောင်ကြသောအခါ ကျွန်ုပ်တို့၏ကြိုးပမ်းမှု ကို ဘုရားသခင်သည် အောင်မြင်စေလိမ့်မည်။ (ChS 257.7)ChSBur 429.1
ဘုရားသခင်သည် သူ၏အကြံအစည်တော်ကြီးထဲ၌ လူတိုင်း ကို နေရာတစ်နေရာပေးထားသည်။ မလိုလားအပ်သောပင်ကိုယ် အစွမ်းများကို အပ်နှင်းတော်မမူပါ။ ပင်ကိုယ်စွမ်းရည်နည်းသည်ဆိုပါစို့။ ထိုအတွက် ဘုရားသခင်သည် တစ်နေရာစာပြင်ဆင်ပေးထားသည်။ ယင်းပင်ကိုယ်စွမ်းရည်နည်းနည်းလေးကိုပင် ယုံကြည်ခြင်းအပြည့်နှင့်အသုံးချခဲ့ လျှင် ဘုရားသခင်ပုံစံချပေးခဲ့အလုပ်ကို ပြီးစီးသင့်သည်အထိ ပြီးစီးအောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။. (ChS 257.8)ChSBur 429.2
ခရစ်တော်နှင့်အတူ ပူးတွဲလုပ်ဆောင်သူ အနှိမ့်ချဆုံးသောအမှုတော် ဆောင်များသည် မြေကြီးစွန်းရောက်သည့်တိုင်အောင် တုန်ဟည်းသွားစေသည့် လက်ကွက်ကြိုးကိုတီးခတ်လိမ့်မည်။ ထာဝရကမ္ဘာရောက်သည့်တိုင်အောင်လည်း သံစဉ်မြည်နေလိမ့်မည်။ (ChS 257.9)ChSBur 429.3
အမှုတော်ဆောင်မျဉ်းကြောင်းတစ်ခု၌ မှန်ကန်သောအောင်မြင်မှုသည် အခွင့်အရေး (သို့မဟုတ်) မတော်တဆဖြစ်မှု (သို့မဟုတ်) အကြောင်းတိုက်ဆိုင် မှုတို့ကြောင့် ရလိုက်သောအကျိုးထွက်မဟုတ်ပါ။ ဘုရားသခင်စောင့်ရှောက် မစလုပ်ဆောင်တော်မူသောအမှုဖြစ်သည်။ ယုံကြည်မှုရှိခြင်းနှင့် လိမ္မာသိုသိပ် မှုရှိခြင်း၊ စင်ကြယ်သောအကျင့်ရှိခြင်းနှင့်သည်းခံခြင်းတို့၏အကျိုးပေးလည်း ဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာအရည်အသွေးကောင်းခြင်းနှင့် အဆင့်မြင့်ကိုယ်ကျင့် တရားစောင့်ထိန်းခြင်းတို့သည် မတော်တဆရလာသည်မဟုတ်ပါ။ ဘုရားသခင် အခွင့်အရေးပေးပါသည်။ အောင်မြင်မှုသည် ထိုအရာများကို ဆောက်တည် နိုင်ခြင်းအပေါ် မူတည်ပါသည်။ (ChS 257.10)ChSBur 429.4
အမှုတော်လုပ်ငန်းသို့ဝင်ရန် သဘောကျသောသူများတွင် ပြည်တွင်း ၌ဖြစ်စေ၊ နယ်ကျော်အဝေးရပ်သို့ဖြစ်စေ၊ သခင်ဘုရား၏ နာမဖြင့် ရှေ့ဆက် တက်လှမ်းကြသည်။ သူတို့သည် ကျေးဇူးတော်နှင့်ခွန်အားအတွက် ဘုရား သခင်အပေါ်၌မှီခိုလျှင် သူတို့အောင်မြင်ပါလိမ့်မည်။ အစပိုင်း၌ သူတို့ပြုသော အမှုသည် သေးငယ်နိုင်ပါသည်။ သို့သော် သူတို့သည် ဘုရားသခင်၏စီမံ ချက်များနောက်သို့လိုက်လျှင် ကျယ်ဝန်းလာလိမ့်မည်။ ဘုရားသခင်အသက် ရှင်နေပါသည်။ ကိုယ်ကျိုးမရှာ၊ ကိုယ်တိုင်စွန့်လွှတ်အနစ်နာခံလုပ်ဆောင်သူ တို့အတွက် ဘယ်သူဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရောက် ဘုရားသခင်သည် မစလုပ်ဆောင်ပေးတော်မူလိမ့်မည်။ (ChS 258.1)ChSBur 429.5