Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    သတ္တိ

    အလုပ်ကြီးတစ်ခုပြီးစီးဖို့လိုသည်။ စီမံကိန်းကျယ်ကျယ်ပြန့်ပြန့်ရေးချ ရမည်။ လူမျိုးတကာကိုအိပ်ရာမှနိုးစေဖို့ အသံတစ်ခုကြိုလွှတ်ရမည်။ ယုံကြည် ခြင်းအားနည်းပြီး ယိမ်းယိုင်နေသောလူများသည် ဤသို့အရေးကြီးသောသေရေး ရှင်ရေးကာလ၌ အလုပ်ကိုရှေ့ဆက်သယ်ယူသွားနိုင်ကြသူများမဟုတ်ကြပါချေ။ ကျွန်ုပ်တို့သည် သူရဲကောင်းတို့၏သတ္တိမျိုးနှင့်အာဇာနည်များ၏ယုံကြည်ခြင်း ရှိဖို့လိုအပ်သည်။ (ChS 234.4)ChSBur 389.1

    ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ကိုယ်တော်၏ခွန်အားကို ကိုင်စွဲ လုပ်ဆောင်သောအခါ ပြောင်းလဲပေးတော်မူလိမ့်မည်။ မျှော်လင့်ခြင်းအကင်းမဲ့ဆုံး နှင့်စိတ်ပျက်စရာမြင်ကွင်းများကို အံ့သြဖွယ်ပြောင်းလဲစေခြင်းဖြစ်လာမည်။ ဤသို့ကိုယ်တော်ပြုသည်မှာ နာမတော်၊ ဘုန်းတော်ထင်ရှားစေဖို့ဖြစ်၏။ ဘုရား သခင်၌ ယုံကြည်သူ၊ သစ္စာခံသူတစ်ဦးချင်းစီတိုင်းသည် မယုံကြည်သူ၊ မျှော်လင့်ခြင်းကင်းမဲ့နေသူများအား သတ္တိမွေးဖို့ အားပေးပြောဆိုရန် ကိုယ်တော် ခေါ်ယူနေပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ အသက်ရှင်ခြင်းအားဖြင့် တစ်ဦးကိုတစ်ဦးအကူအညီပေးကြရန်နှင့် သက်သေခံနိုင်ရန် ဘုရားသခင်ကူညီ မစတော်မူပါစေသတည်း။ (ChS 234.5)ChSBur 389.2

    မျှော်လင့်ခြင်းနှင့်သတ္တိရှိခြင်းသည် ဘုရားသခင်အတွက် စုံလင်စွာ ဆောင်ရွက်သောအမှုတော်၌ လိုအပ်ချက်ဖြစ်သည်။ ဤအရာများသည် ယုံကြည် ခြင်း၏အသီးအနှံဖြစ်ပါ၏။ မျှော်လင့်ချက်ကင်းမဲ့ခံစားနေခြင်းသည် ဒုစရိုက် ဖြစ်၏။ အဓိပ္ပါယ်လည်းမရှိ။ (ChS 235.1)ChSBur 389.3

    သတ္တိ၊ စွမ်းအင်နှင့်စိတ်ရှည်မှုတို့ကိုရယူထားရမည်။ သိသိသာသာ ဖြစ်နိုင်ချေကင်းမဲ့ခြင်းသည် သူတို့၏လမ်းကို တားဆီးနေသည့်တိုင်ကျေးဇူး တော်အားဖြင့် သူတို့ရှေ့ဆက်ချီတက်ကြလိမ့်မည်။ အခက်အခဲများကြောင့် သူတို့အံ့သြတုန်လှုပ်နေကြရမည့်အစား သူတို့ကိုကျော်လွှားနိုင်ရန် ပန်ကြား ကြမည်။ သူတို့၌မည်သည့်အရာမျှ စိတ်ပျက်ရသည်မရှိစေဘဲ အရာရာ၌ မျှော်လင့်ခြင်းရှိစေရမည်။ ခရစ်တော်သည် အနှိုင်းမဲ့မေတ္တာတော်ရွှေကြိုးဖြင့် ဘုရားသခင်၏ပလ္လင်တော်၌ သူတို့ကိုချည်နှောင်ထားပါသည်။ တန်ခိုးတော် အရပ်ရပ်၏အရင်းအမြစ်မှစီးဆင်းလာသော စကြဝဠာအနှံ့အမြင့်ဆုံးလွှမ်းမိုး အုပ်စိုးခြင်းသည် ဘုရားသခင်၏အကြံအစည်တော်ဖြစ်၍ ထိုသူတို့အတွက် ဖြစ်လာရသည်။ စာတန်မာရ်နတ်ကိုတားဆီးနိုင်သောတန်ခိုးကို သူတို့လက်ခံ ရလိုက်၏။ မြေကြီးသော်လည်းကောင်း၊ သေခြင်းသော်လည်းကောင်း၊ ငရဲ သော်လည်းကောင်း သူတို့ကိုမနိုင်သောတန်ခိုးဖြစ်၏။ ခရစ်တော်သည် အောင်နိုင်သကဲ့သို့ သူတို့သည်လည်း အောင်နိုင်ရယူမည်ဖြစ်သောတန်ခိုးလည်း ဖြစ်၏။ (ChS 235.2)ChSBur 390.1

    Larger font
    Smaller font
    Copy
    Print
    Contents