Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မိဘမဲ့ များအားစောင့် ရှောက်ရေး

    အောင်ခြင်း၌ သေခြင်းဝါးမျိုမခံရမီတိုင်အောင် မိဘမဲ့များကိုစောင့် ရှောက်ပေးသွားကြရမည်သာတည်း။ ကျွန်ုပ်တို့၏အသင်းတော်ထဲမှလူများသည် ကြင်နာသနားခြင်း၊ စာနာမေတ္တာထားခြင်းဖြင့် သူတို့ကိုယ်စားသူတို့ကိုလေ့ကျင့် စောင့်ရှောက်ပေးမသွားကြဘူးဆိုလျှင် သူတို့သည် နည်းလမ်းပေါင်းစုံနှင့်ဒုက္ခကြုံ ရ၊ ခံစားရဖို့သာရှိပါသည်။ “စွန့်ပစ်ထားသောဆင်းရဲသားများကို နေအိမ်သို့ ပြန်ခေါ်သွင်းခဲ့ကြ” ဟု ဘုရားသခင်မိန့်တော်မူပါ၏။ ခရစ်ယာန်ဘာသာ ဝင်များသည် အိုးအိမ်အခြေအနေမဲ့သူတစ်ဦးချင်းစီအတွက် အဖေများ၊ အမေများအဖြစ် နေရာယူပေးရကြမည်။ မုဆိုးမများနှင့်မိဘမဲ့များ အတွက် စာနာမေတ္တာထား၍ ဆုတောင်းခြင်းနှင့် လက်တွေ့ ကူညီ ခြင်းပြုသူများကို ဘုရားသခင့်မျက်မှောက်၌ ကိုယ်တော်အောက်မေ့ တော်မူသဖြင့် အကျိုးကိုတစ်မျိုးပြီးတစ်မျိုးရကြလိမ့်မည်။ (ChS 215.5)ChSBur 357.1

    ဆင်းရဲသားကိုကြည့်ရှုကူညီခြင်း၊ ဒုက္ခသည်နှင့်အဖိနှိပ်ခံရသူကို ကြင်နာသနားခြင်း၊ မိဘမဲ့သူနှင့်မိတ်ဆွေဖွဲ့ခြင်း၊ ဤသို့ဖြစ်လျှင် သင်သည် သခင်ယေရှုနှင့်နီးကပ်စွာဆက်ဆံနေသူဖြစ်၏။ (ChS 216.1)ChSBur 357.2

    စောင့်ရှောက်ကူညီပေးရမည့်မိဘမဲ့များစွာရှိပါသည်။ သို့ရာတွင် လူတိုင်းက ထိုအလုပ်ကိုစွန့်စားလုပ်နေမည်တော့မဟုတ်ပါ။ ဂရုစိုက်လုပ်ရ သည်ထက် ပိုမိုလုပ်ဆောင်ပေးစရာတွေရှိသောကြောင့်လည်း သူတို့စွန့်ပစ်ထား ခဲ့သည်။ သို့သော် သူတို့ကိုယ်သူတို့ ပျော်စရာလုပ်ဖို့အချိန်နည်းနည်းတော့ ရှိပါ၏။ သခင်ဘုရားဘုရင်ကြွလာတော်မူသောအခါ စုံစမ်းစစ်ဆေးခြင်းရှိ လိမ့်မည်။ မိဘမဲ့များအတွက် ဘာမျှမလုပ်သူ၊ သဘောမကောင်းသူ၊ အတ္တဆန်သောဝိညာဉ်ဆိုးရှိသူများ လေ့ လာသိ မှတ် ရမည် မှာ ကောင်းကင်ဘုံသည် ခရစ်တော်အတွက် မိမိကိုယ်ကိုငြင်းပယ်၍ တကယ်အလုပ်လုပ်သူများအတွက် သာဖြစ်ကြောင်းပင်တည်း။ မိမိကိုယ်ဖို့နှင့်မိမိအတွက်သာလျှင် အထူးဂရုစိုက်ချစ်တတ်ပြီး ကိုယ်ကျိုးမျှော်၍ အမြဲလုပ်ကိုင်နေသူများအတွက် မစကူညီရန် လျာထားပေးမထားပါ။ ဤအမှု၌ သခင်ဘုရားဘုရင်သည် လက်ဝဲတော်ဘက်သို့ရောက်လာသူများအား ကြောက် ခမန်းလိလိပြစ်ဒဏ်ပေးမည်ဟု မာန်ပြင်တော်မူသည်မှာ ထိုသူတို့ပြုခဲ့သော ပြစ်မှုကြီးကြောင့် မဟုတ်ပါ။ ဤတွင် သူတို့လုပ်ခဲ့သောအပြစ်များအတွက် ပြစ်ဒဏ်ကျခံရသည်မဟုတ်ပါ။ သူတို့လုပ်သင့်လျက်နှင့် မလုပ်ခဲ့ကြ သည့်အတွက် ပြစ်ဒဏ်ခံကြရမည်ဖြစ်၏။ ကောင်းကင်ဘုံမှတာဝန် သတ်မှတ်ပေးသည့်အရာများကို သူတို့မလုပ်ခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ ထိုသူများသည် သူတို့ကိုယ်တိုင်အတွက်သာလျှင် ပျော်စရာရှာပြီး ကိုယ်တိုင် ပျော်စရာဖြစ်မည့်အပိုင်းကိုပဲ သူတို့ရွေးလုပ်တတ်ကြသည်။ (ChS 216.2)ChSBur 357.3

    ခရစ်တော်သည် သူ့နောက်လိုက်များကို မိန့်တော်မူသည်မှာ ဘုရား သခင်ထံမှ ယုံကြည်အပ်နှံတော်မူသောမိဘမဲ့များကို လက်ခံပါဟုဆိုသည်။ သူတို့လေးတွေသည် ညစ်ပတ်စုတ်ပြတ်မသပ်မရပ်နှင့် ရိုင်းရိုင်းစိုင်းစိုင်းဖြစ် နေပြီး ဘက်ပေါင်းစုံ၌ စိတ်ဝင်စားဖွယ်မရှိမြင်ရမည်။ သို့တိုင်သူတို့သည် ဘုရားပိုင်ပစ္စည်းများဖြစ်၏။ သူတို့ကိုတန်ဖိုးနှင့်ဝယ်ယူတော်မူခဲ့သည်ဖြစ်၍ ကိုယ်တော့်မျက်မှောက်၌ ကျွန်ုပ်တို့ကဲ့သို့ပင် အဖိုးတန်ရတနာများဖြစ်ကြ သည်။ ဘုရားသခင်၏မဟာအိမ်တော်သားများဖြစ်ကြသည်ဖြစ်၍ ဘဏ္ဍာတော် ထိန်းကဲ့သို့သောခရစ်ယာန်များသည် သူတို့အပေါ်၌ တာဝန်ရှိပါသည်။ “ထိုသို့ ကလေးတွေရဲ့ ဝိညာဉ်များသည် သင်တို့လက်ထဲမှာရှိဖို့ ငါအလိုတော်ရှိသည်” ဟု သခင်ဘုရားပြောနေပါသည်။ (ChS 216.3)ChSBur 358.1

    ခငှာမို့ ကထင် ထိုမိဘမဲ့များကို တာဝန်ယူတတ်ရန် အသင်းတော်ရှိ အသင်းသား တိုင်းကို ဘုရားသခင်ခေါ်ယူနေပါသည်။ သို့သော် တာဝန်ရှိလို့သာ လုပ်ကိုင် ပေးရသည်ဆိုပြီး မလုပ်ကြပါနှင့်။ သူတို့ကိုချစ်သောကြောင့်လည်းကောင်း၊ ခရစ်တော်သည် သူတို့ကိုကယ်တင်ခြင်းရစေဖို့ အသေခံတော်မူခဲ့သည်ကို လည်းကောင်း အမှုဆောင်သည့်အမြင်ရှိရမည်။ ခရစ်တော်သည် သူတို့၏ ဝိညာဉ်ကိုဝယ်ယူ၍ သင့်အားစောင့်ရှောက်ပေးရန် အပ်နှံထားခဲ့သည်။ သင့် အပြစ်နှင့်သင်ရိုင်းစိုင်းခဲ့သည်ကို ခွင့်လွှတ်၍ သင့်ကိုဘုရားသခင်ချစ်တော် မူသကဲ့သို့ သူတို့ကိုသင်ချစ်ရန် .. ကိုယ်တော်မျှော်လင့်ထားသည်။ (ChS 216.4)ChSBur 358.2

    ဘုရားသခင်၏လူများဆုတောင်းနေကြစဉ် မိဘမဲ့၊ ဖခင်မဲ့၊ ကိုယ်လက် သေမသန်စွမ်းသူများ၊ မျက်မမြင်နှင့်ဖျားနာသူများကို သူတို့အထဲမှဖယ်ထုတ် ထားပါက သူတို့၏ဆုတောင်းခြင်းများကို ကိုယ်တော်နားထောင်လိမ့်မည် မဟုတ်ပါ။ (ChS 217.1)ChSBur 359.1

    မဟာပညာဘွဲ့အတွက် စာတတ်သင်ယူနေကြသူတို့အဖို့ သူတို့ရှေ့မှာ ကွင်းကျယ်ကြီးတစ်ခုအဖြစ် ထိုသို့သောမိတ်ဆွေမဲ့ကလေးများ၊ လူငယ်များ ကိုစောင့်ရှောက်ရေးနှင့်သူတို့ကို ဘုရားသားသမီးများဖြစ်လာစေရန် အကျင့်စရိုက် ကောင်းကောင်းနှင့်အသွင်ပြောင်းလဲစေ၍ လူသူဝင်ဆန့်သောအဆင့်အတန်းထဲ၌ နေရာချထားပေးသွားကြရပါမည်။ သူတို့အထဲတွင် မေတ္တာငတ်၍ စိတ်ဓာတ် ကျမှိုင်တွေနေသောကလေးငယ်များရှိတတ်ပါသဖြင့် တစ်နည်းဆိုသော် အထီး ကျန်အပစ်ပယ်ခံဘဝနှင့် သူတို့ကြီးပြင်းလာရာ၌ ဒုစရိုက်ပြစ်မှုနယ်ထဲသို့ ဦးတည်ရောက်သွားကြသောကြောင့် သူတို့ကိုမျက်နှာသာပေးအလေးထားသည့် ဝန်းကျင်သို့ဆွဲယူပြီး ခရစ်တော်ထံသို့ ကယ်တင်ပို့ပေးနိုင်ရန် ခရစ်တော်နည်း တူသနားခြင်းမေတ္တာဖြင့် စောင့်ရှောက်သွားဖို့လိုပါလိမ့်မည်။ ဤသို့သူတစ်ပါး အတွက် အမှုတော်ဆောင်ခြင်းသည် ကြိုးစားမှု၊ မိမိကိုယ်မိမိငြင်းပယ်မှု၊ အနစ် နာခံလုပ်ဆောင်မှုရှိဖို့လိုအပ်သည်။ သို့တိုင် တစ်ပါးတည်းသောသားတော်ကို ပင်စွန့်လွှတ်ပေး၍ ကျွန်ုပ်တို့ရလိုက်သည့်ဘုရားသခင်၏ဆုလာဘ်ကြီးနှင့် နှိုင်းစာလျှင် ဤမျှလောက်သောအနစ်နာခံလုပ်ဆောင်မှုအနည်းအကျဉ်းကိုသာ ကျွန်ုပ်တို့လုပ်ဆောင်ပေးနိုင်ကြသည်မဟုတ်လော။ (ChS 217.2)ChSBur 359.2